Monday 12 March 2012

ညှင်းပန်းနှိပ်စက်ထားခြင်းအား စင်ကာပူဆိုင်ရာမြန်မာသံအမတ်ကြီး ထံတိုင်ကြားထားခြင်း

အသက် ၁၆ နှစ်ကျော်သာ ရှိသေးတဲ့ မြန်မာအိမ်ဖော်မလေး မတင်ဝါဝါခိုင်အား အိမ်ရှင်မှ လူမဆန်စွာ ညှင်းပန်းနှိတ်စက်ထားခြင်းအား စင်ကာပူဆိုင်၇ာ မြန်မာသံအမတ်ကြီး ထံတိုင်ကြားထားခြင်း စင်ကာပူနိုင်ငံမှာ ၁၆နှစ်ကျော်သာ ရှိသေးတဲ့ မြန်မာအိမ်ဖော် မိန်ကလေး မတင်ဝါဝါခိုင်အား စင်ကာပူအိမ်ရှင်မှ လူမဆန်စွာ နှိတ်စက် အနိုင်ကျင့် ခံရတဲ့ ကိစ္စအား SINGAPORE GENERAL HOAPITALျွှာ သူနာပြုဆရာမအဖြစ် အလုပ်လုပ်နေတဲ့ ဆရာမ ခိုင်ခိုင်စောမှ အသက်နဲ့ မမျှအနှိတ်စက် ခံထားရတဲ့ ကိစ္စအား စင်ကာပူဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဦးလွင်အား အဖြစ်ပျက်နဲ့ ဓာတ်ပုံများအား ပူးတွဲတိုင်ကြား ပေးပို့ခဲ့ပါတယ်..၊၊

ပတ်စပို့မှာ ဖော်ပြပါရှိတဲ့ အသက်(၂၄)နှစ် အမှန်တကယ် အသက် (၁၆)နှစ်သာ ရှိသေးပြီး သေးသွယ်ပိန်လှီလှတဲ့ မြန်မာအိမ်ဖော် မိန်ကလေး မဝါဝါခိုင်အား အိမ်ရှင်ရဲ့မတရား ရိုက်နှိပ် နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေကတော့ မျက်နှာနဲ့ တကိုယ်လုံးမှာ ကုတ်ဖဲ့ရာတွေ၊ ရိုက်ထားတဲ့ရာတွေ၊ မီးလောင်ဖုများ၊ တင်ပါးမှာ ရေနွေးနဲ့ ပတ်ထားတဲ့ ဒဏ်ရာများ၊ ၁၆နှစ်သာရှိသေးတဲ့ သူမဟာ ဖိနပ်နဲ့ ကန်ကျောက်တဲ့ ဒဏ်ရာတွေကြောင့် လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်တဲ့အပြင် ကော်ဖီမက်ခွက်နဲ့ရိုက်ထားတဲ့ ခေါင်းက ဒဏ်ရာတွေ ခံစားနေရတယ်လို့ ဆိုပါတယ်..၊၊

mentally နဲ့ physically တော်တော်လေးခံစား နေရတယ်ဆိုတာ မျက်နှာကိုကြည့်ရင်သိသာပါတယ်..၊၊ ကမလေးရဲ့  မခင်၊  ဖခင်တွေသာ မြင်တွေ့ရရင် ရင်ကျိုးရှာမှာပါ၊ တကိုယ်လုံးမှာလည်း ဒဏ်ရာဒဏ်ချက်တွေနဲ့ပါ..၊၊ ကျွန်တော်တို့ မြန်မာလူမျိုးတွေ မိဝေး၊ ဖဝေး သွားရောက် အလုပ်လုပ်ကိုင်ပြီး စင်ကာပူလို နိုင်ငံမျိုးမှာ အနှိပ်စက်ခံ၊ အညှင်းပန်းခံနေရတာ အင်မတန် ရင်နာဖို့ကောင်းပါတယ်..၊ သက်ဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး အနေနဲ့လည်း မိမိတို့ နိုင်ငံသားတွေကိုကာကွယ် စောင့်ရှောက်နိုင်ဖို့အတွက် အလျှင်အမြန် Acionယူ လုပ်ဆောင်ဖို့လည်း သူတပါးတိုင်းပြည်မှာ တိုင်းတပါသားရဲ့ အညှင်းပန်းဆဲခံခဲ့ရတဲ့ မတင်ဝါဝါခိုင် ကိုယ်စား အလေးနက် တိုက်တွန်း နှိုးဆော်အပ်ပါတယ်..၊၊
 

စိန်အမြောက်အများထွက်ရှိမည့် စိန်တွင်း မြန်မာနိုင်ငံတွင် တွေ့ရှိ

စိန်အမြောက်အများထွက်ရှိမည့် စိန်တွင်း မြန်မာနိုင်ငံတွင် တွေ့ရှိ
ကရင်ပြည်နယ် မြဝတီမြို့တောင် ဘက် မိုင် ၂ဝအကွာတွင် အဖိုးတန်စိန်အမြောက်အမြား ထွက်ရှိသော စိန်တွင်းတစ်တွင်းကို အမေရိကန်နိုင်ငံ နာဆာမှလွှတ်တင်ထားသော Land Sat7 ဂြိုလ်တုဖြင့် မကြာသေးခင်က  တွေ့ရှိခဲ့သည်ဟု ဒဂုံတက္ကသိုလ် ဘူမိဗေဒဌာနမှ အငြိမ်းစား ပါမောက္ခဦးစိုးသိန်းကပြောသည်။

အဆိုပါစိန်တွင်းရှိရာနေရာသို့ မြဝတီမြို့မှ ကားလမ်းဖြင့် တိုက်ရိုက်ရောက်ရှိနိုင်ပြီး ထိုင်းနိုင်ငံမှ အဆိုပါစိန်တွင်းကို တူးဖော်ခွင့်ရရှိရန် ဆောင်ရွက်နေ ကြောင်း သိရသည်။''ဩစတြေးလျနဲ့တရုတ်လဲ မကြာခင်က တူးကြသေးတယ်။ အောင်မြင်မှု ရှိမရှိတော့ မသိဘူး။ ဂြိုလ်တုက နေကြည့်တော့ စိန်အမြောက် အမြားထွက်နေတယ် ဆိုတာ သေချာတယ်'' ဟု ဦးစိုးသိန်းက ထပ်မံပြောသည်။

 'သတ္တုတွင်း ဝန်ကြီးဌာနအနေနဲ့ကတော့ စိန် တူးခွင့် လျှောက်ထား လာတဲ့ ကုမ္ပဏီတွေ ကိုသတ်မှတ်ချက် စည်းမျဉ်းစည်းကမ်း နဲ့ ညီမညီ အရင်ကြည့်တယ်။ သတ်မှတ်ချက်  စည်းမျဉ်းတွေနဲ့  ညီရင်တော့ လုပ်ပိုင်ခွင့် ပြုမိန့်တွေ ချထားပေးမှာပါ'' ဟု အမှတ်(၂) သတ္တုတွင်း ဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။''ဩစတြေးလျနဲ့တရုတ်လဲ မကြာခင်က တူးကြသေးတယ်။ အောင်မြင်မှု ရှိမရှိတော့ မသိဘူး။ ဂြိုလ်တုက နေကြည့်တော့ စိန်အမြောက် အမြားထွက်နေတယ် ဆိုတာ သေချာတယ်''

မြန်မာနိုင်ငံတွင် ကျောက်မျက်ရတနာ တန်းဝင်စိန်များကို ၁၉၆ဝပြည့်နှစ်တွင် မိုးမိတ်မြို့နယ်၊ မကျည်း ပင်ကျေးရွာနှင့် မိုးဟောက် ကျေးရွာပတ်ဝန်းကျင်တွင် စတင်တွေ့ရှိရပြီး ၁၉၇၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနတို့ ပူးပေါင်းရှာ ဖွေရာတွင် စိန်တွေ့ရှိရာ နယ်မြေ အသစ်များ နှစ်စဉ်နှင့်အမျှ တိုးပြီးတွေ့နေရ ကြောင်း သိရသည်။

မြန်မာနိုင်ငံ တနင်္သာရီတိုင်း သိန္ဓောဒေသရှိ စိန်တွင်းသည် တန်ဖိုးကြီး စိန် များနှင့် စိန်အမြောက်အမြားထွက်ရှိသော ဒေသတစ်ခုအဖြစ် ထင်ရှားသည်။ တောင်ငူဒေသ   တွင်လည်း မကြာသေးမီက စိန်တွင်း တစ်တွင်း တွေ့ရှိခဲ့ရာ ၁၄ရတီခန့်  အထိ ရှိသော တန်ဖိုးကြီးစိန်  တစ်ခုလည်း ပါဝင်လာခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းမ်

မတ်လ (၁၄)ရက်နေ့ တွင် အစိုးရပိုင် မီဒီယာများမှထုတ်လွှင့်မည့် ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း

မတ်လ (၁၄)ရက်နေ့ တွင် အစိုးရပိုင် မီဒီယာများမှထုတ်လွှင့်မည့် ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း
မြန်မာ့အသံ ရုပ်မြင်သံကြားနှင့် (MRTV)တို့ မှထုတ်လွှင့်မည့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ၏ မိန့် ခွန်း (ရုပ်/သံ )

ဆယ်ယူ၍မရရှိသော ဓမ္မစေတီခေါင်းလောင်းတော်ကြီး

ဒီတလော စဉ်းစားစရာ တခုပေါ်လာတယ် ဒါကလည်း မြန်မာနိုင်ငံအတွက်ရော မြန်မာပြည်သူပြည်သားများအတွက်ပါ  အရမ်းကိုတန်းဖိုးရှိပြီး မြန်မာ့သမိုင်းကိုပါ မှတ်တန်းတင်းနိုင်မဲ့ တခုဖြစ်နေတယ် ဒါကိုလည်းတော်တော် များများ ရယူဖို့ကြိုးစားကြတယ် မရကြဘူးဖြစ်နေတယ် ၊ ထင်တာနဲ့မြင်တာကိုပြောရရင်တော့ နိုင်ငံတော်ကိုအုပ်ချုပ်နေတဲ့ မင်းညစ်မင်းစိုးကြောင့်လား ဒါမှမဟုတ် အကျင့်တွေပျက်နေတဲ့ တိုင်းသူပြည်သားကြောင့်လား ဒါမှမဟုတ် မထိုက်တန်လိုလား စဉ်းစားမရဖြစ်လာတယ်၊ 
မြန်မာပြည်သူအပေါင်းတို့ တစ်စိုက်တမတ် ၊ တမ်းတမ်းတတ ၊ တမတ်တမော၊ ကြာရှည်လေးမြင့်စွာ စိတ်ဝင်စားခံသောအရာ  ထိုအရာသည် မြန်မာပြည်သုတို့၏ နလုံးသား နက်ရှိုင်းစွာ ၊ အသည်းခိုက်အောင် အမှတ်တရ ရှိနေပါတယ် ၊ တစ်ချို့သော်လူတွေ သိသလို မသိသေးတဲ့လူတွေလဲရှိပါတယ် ၊ဒါကတော့ ရန်ကုန်မြစ် နှင့် ငမိုးရိပ်ချောင်း အဆုံးနာတွင်ရှိသော် ဓမ္မစေတီခေါင်းလောင်းကြီးဖြစ်ပါတယ် ။

ဓမ္မစေတီခေါင်းလောင်းတော် ကို ခရစ်နှစ် ၁၄၇၆ ဓမ္မစေတီမင်းသွန်းလုပ်ခဲ့ပါတယ်။ အဝ ၁၈ တောင် ၊ အစောက် ၁၂ တောင်ရှိပြီး အလေးချိုန် ပိသာ ၁၈၀၀၀၀ ရှိပါတယ်၊ ခေါင်းလောင်းကြီးကို နိုင်ငံတကာစိတ်ဝင်းစားကြပြီး ဆယ်ယူရေးအတွက် သြစတြေးလျ ၊ အမေရိကန်မှ ကုမ်ပဏီများ ၊ ဂျပန် ဟောင်ကောင် နှင့် ထိုင်ဝမ် တို့မှ ချမ်းသာသော်လူများ ၊ ဘာသာရေးအဖွဲစည်းများ ၊ ရှပ်ရှင် မီဒီယာ ၊ ရှေးဟောင်းစိတ်ဝင်းစားသူများ ၊ ကမ္ဘာပေါ်ရှိ လူစွန့်စားများ က ခေါင်းလောင်းကြီးဆယ်ယူရေးအတွက် တော်တော် များများ ကြိုးပန်းကြတယ် ၊ဒါပေမဲ့ ငွေတွေသာ ကုန်သွားကြတယ် ခေါင်းလောင်းကြီးကို မရကြဘူး ဒါကဘယ်အတွက်ကြောင့်လဲ ၊ စိတ်ဝင်းစားတာကတော့ ဆယ်သူတော်တော် များများ ခေါင်းလောင်းကြီးကိုတွေ့ပြီး ခေတ်မှီ စက်ကြီးတွေနဲ့ ဆယ်တယ်မရကြဘူး ၊ ဆိုးတာက ဆရာချစ်စံဝင်းရဲ့ သားပါ ဒီခေါင်းလောင်းကြီး နဲ့ပတ်သက်ပြီး ဆုံးသွားတယ် ဒါကတော်တော် စိတ်ဝင်းစားဖို့ကောင်းတယ်၊ လူတွေပြောကြတာကတော့ ခေါင်းလောင်းကြီး နဲ့ ပတ်သက်ပြီး သိုက်တို့ ဥစ္စာစောင့် ကစောင့်ရှောက်တယ်လိုပြောကြတယ်၊ သိုက်က မြနန်းနွယ် တဲ့ ခေါင်းလောင်းဆယ်ယူတဲ့ သုတွေပြောကြတာ ကာတော့ ခေါင်းလောင်းမဆယ်ယူခင် သင်္ဘောအရင် ဆယ်ရမယ်တဲ့ ၊ ခေါင်းလောင်းကြီး ကို ငဇင်ကာ ကလက်နက်ခဲယမ်းလုပ်မယ်ဆိုပြီး သယ်ယူသွာတယ် ဒါပေမဲ့ ခေါင်းလောင်းကြီးက ရန်ကုန်မြစ် မှာဘဲ ကျသွားခဲ့တယ်၊ တချို့သော်လူကြီးတွေပြောကြတာတော့ ငဇင်ကာ တို့ဟာ ခေါင်းလောင်းအပြင် ဘုရားမှာရှိတဲ့ ရတနာတွေ တော်တော် များများ ပါရှိသွားတယ် လို့သိရတယ် ၊ ရန်ကုန်မြစ်ထဲမှာ ခေါင်းလောင်းကြီး နဲ့အတူ ရတနာ တွေဟာ မြစ်ထဲမှာရှိနေတယ် ၊

ဓမ္မစေတီ သမိုင်းအထာက်ထားအရ .....
   ငဇင်းကာသည်  ဓမ္မစေတီမင်းကြီးလှူခဲ့သော  ခေါင်းလောင်းကြီးကိုသန်လျင်မြို့သို့သယ်ဆောင်ရန် ရွှေတိဂုံ
စေတီတော်၏ အရှေ့မြောက်ဘက် ရွှေ့ထားခဲ့ကြောင်း ၊ ယင်းခေါင်းလောင်းကြီးသည် အလေးချိုန် ၁၈၀၀၀၀ ပိသာရှိကြောင်း အမြင့် ၁၂ တောင် အဝအကျယ် ၁၈ တောင်ရှိသည်။
ဓမ္မစေတီမင်းကြီးသည်အမှန်တကယ်ပင် ကြေးပိသာ၁၈၀၀၀၀ရှိသော ခေါင်းလောင်းကြီးကိုသွန်းလုပ်ပြီး   ရွှေတိဂုံစေတီတော်ပေါ်တွင် တည်ထားကိုးကွယ်ခဲ့သည်ဟူသော အချက် နှင့် ယင်းခေါင်းလောင်းကြီးကို ငဇင်းကာသည် သယ်ယူသွားခဲ့ရာ ဒေါပုံမြစ်ဝ၌ ရေတွင်းသို့ကျ၍ ပျောက်ဆုံးသွားခဲ့သည်ဟူသော အချက်နှစ်ချက်မှာ ယုံမှားသံသယ မရှိနိုင်သော အချက်နှစ် ရပ်ဖြစ် လက်ခံနိုင်သော အထောက်အထားများဖြစ်ပါသည် ။
 ဓမ္မစေတီခေါင်းလောင်းကြီးကို  ဆယ်ယူရပါက   ကမ္ဘာ အကြီးဆုံးခေါင်းလောင်းအဖြစ်  နိုင်ငံတကာတွင်
ပေါ်လွင် ထင်ရှားပါမည်။ ခေါင်းလောင်းကြီးကို မြန်မာ နိုင်ငံရှိ သမိုင်းသုတေသီများ ရှေ့ဟောင်းသုတေသီ များများက တော်တော် ကြိုးစားပြီး ရှာကြပါတယ် ၊ ခေါင်းလောင်းကြီးကို ရေငုတ်ပြီးရှာဖွေတွေ့ရှိခဲ့ပါတယ် သို့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဆယ်ယူလိုမရခဲ့ပါဘူး ခင်ဗျာ၊ 
ဓမ္မစေတီခေါင်းလောင်း ကြေးသတ္တုအလေးချိန် ပိသာ ၁၈၀၀၀၀ ပေါ်မူတည်၍ ခေါင်းလောင်းအရွယ်အစားကို တွက်ချက်ခြင်း........
မသွန်းလောင်းမှီ ကြေးသတ္တုအလေးချိန်                          =  ၁၈၀၀၀၀ ပိသာ
ကြေးသတ္တုတစ်တန်ရှိ ခန့်မန်းခြေပိသာ                           =  ၆၀၀         ပိသာ
ကြေးသတ္တု၏ တန်ချိန် (၁၈၀၀၀၀ / ၆၀၀)                       =  ၃၀၀          တန်
သွန်းလောင်းရာတွင် လေလွင့်ပျောက်ဆုံးမူ                     =  ၁၅ %
အမှန်တကယ်ခေါင်းလောင်းတွင် ကျန်ရှိမည့် အလေးချိန် ( အစိတ်အပိုင်းငယ်များအပါအဝင်) 
၃၀၀ * ၈၅ %           =   ၂၅၅ တန်

ခေါင်းလောင်းအစိတ်အပိုင်းများ 
ခေါင်းလောင်းဂွချိတ် ၊ သပ် ( သို့ ) ချိတ်တန်း ၊ ခေါင်းလောင်း ၊
ခွချိတ်နှင့် တန်းအတွက် ခန့်မှန်းအလေးချိန်မှာ ခေါင်းလောင်းအလေးချိန်၏ ၁၀ % ဖြစ်၏ ၊
ကြေးသတ္တု၏ သိပ်သည်းဆ ၁ ကုပဗေ = ၅၅၆ ပေါင် ခေါင်းလောင်းအလေးချိန် ၂၂၉ . ၅ တန်၏ ဒြန်ထု (၂၂၉ . ၅ * ၂၂၄၀ ) / ၅၅၆ = ၉၄၂ .၆ ကုဗပေ
ခေါင်းလောင်းဆလင်ဒါ ထုတည် ၁၂ ပေ (အချင်း) * ၁.၅ ပေ = ၃.၁၄ * ၁၂ * ၁၂ / ၄ *၁.၅ =၁၆၉.၆ ကူဗပေ
မျက်ကွင်း၏ ခန့်မှန်းထုထည်  = ရ၀ ကုဗပေ
ဆလင်ဒါ၏ ဟောင်းလောင်းပေါက်အတွင်းသား ထုထည် ၉၂၄.၆ - ၁၆၉.၅၆ - ၇၀ = ၆၈၅.၀၄ ကုဗပေ
ဆလင်ဒါကြေးသတ္တု၏ အပြည့်ထုထည် ၁၂ ပေ(အချင်း) * ၁၃.၅ ပေ = ၃.၁၄ *၁၂*၁၂ /၄ *၁၃.၅ =၁၅၂၆.၀၄ ကုဗပေ
အဓိကထုထည် = ၁၅၂၆.၀၄ - ၆၈၄.၅၄ = ၈၄၁ ကုဗပေ
အဓိကအချင်း = ၈၄၁*၄ / ၁၃.၅ *၃.၁၄ = ၈.၉ ပေ
ဓမ္မစေတီခေါင်းလောင်းတော်ကြီးသည် ကောဇာသက္ကရာဇ် ၈၅၂ ခုနှစ်က ရွှေတိဂုံရင်ပြင်တော်ပေးသို့ ဓမ္မစေတီမင်းက တင်လှူပူဇော်ခဲ့ပြီး  သက္ကရာဇ် ၉၄၇ ခုနှစ် တန်ဆောင်မှန်းလပြည့်နေ့ မွန်းတည့် ၁၂ နာရီ ပေါ်တီဂီနယ်ချဲ့ ဒီဘရစ် (ခေါ်) ငဇင်ကာက မတရား ဖြုတ်ယူပြီး သင်္ဘောနှစ်စီးဖြင့် တင်ဆောင်ခဲ့ရာ ရန်ကုန် နှင့် သံလျင်မြို့ကြား ပဲခူးမြစ် ရန်ကုန်မြစ် နှင့် ပုဇွန်တောင်ချောင်းဝဟူသော မြစ်သုံးဆိုင်အေ၇ာက် တွင် ၄င်းသင်္ဘော နှစ်စီးတိမ်းမှောက်ကာ ခေါင်းလောင်းကြီးလည်း နစ်မြုပ်ခဲ့ သဖြင့် ဓမ္မစေတီခေါင်းလောင်းတော်ကြီး ရေအောက်စံပျော်သက်မှာ နှစ်ပေါင်း  ၄၂၆ ခုနှစ် တိတိရှိနေပြီးဖြစ်ကြောင်းသိရပါသည်။
  
(ကိုးကား ဓမ္မစေတီခေါင်းလောင်း၏လျှို့ဝှက်ချက်)
မောင်ချစ်

ဆရာအင်အားမလုံလောက်မှုကြောင့် သင်္ဘောသားအရာရှိ စာမေးပွဲပုံမှန် မကျင်းပနိုင်ဟုဆို

သင်္ဘောသားအရာရှိဖြစ် စာမေးပွဲကို ဖြေဆိုလိုသည့် သင်္ဘောသားများပြားလာပြီး စာမေးပွဲ စစ် ဆေးပေးမည့် ဆရာနည်းပါးသဖြင့် စာမေးပွဲပုံမှန် မစစ်ဆေးပေးနိုင်ကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ရေကြောင်းဌာနခွဲ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

" သင်္ဘောသားတွေအရင်က တစ်ကြိမ်စာမေးပွဲစစ်ဆေးရင် ၃၀၀ လောက်ပဲဖြေတယ်။ အခုက တစ်ကြိမ်စစ်ဆေးရင် ၁၀၀၀ လောက်ကိုဖြေလာကြတယ်။ ဆရာကတော့ တိုးမလာဘူး" ဟု အထက်ပါပုဂ္ဂိုလ်က ရှင်းပြသည်။

သင်္ဘောသားအရာရှိ စာမေးပွဲကို ၂၀၀၉ ခုနှစ်မတိုင်ခင်က တစ်နှစ်လျှင် လေးကြိမ်ပုံမှန်စစ် ဆေးပေးပြီး တစ်ကြိမ်ဖြေဆိုလျှင် သင်္ဘောသား ၃၀၀၊ ၄၀၀ ခန့်သာရှိကြောင်း၊ ၂၀၀၉ နောက်ပိုင်းတွင် သင်္ဘော သားစာမေးပွဲ ဖြေဆိုသူများပြားလာသည့်အတွက် တစ်နှစ်လျှင် နှစ်ကြိမ်ခန့်သာ စစ်ဆေးပေးနိုင်ကြောင်း၊ သင်္ဘောသားအရာရှိ စာမေးပွဲအောင်ချက်ရာခိုင်နှုန်း ယခင်ထက်မြင့်တက်လာခြင်းကြောင့် စာမေးပွဲဖြေဆိုလို သည့် သင်္ဘောသားဦးရေလည်း တိုးလာခြင်းဖြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနထံမှ သိ ရသည်။

" စာမေးပွဲဖြေဆိုတဲ့ သင်္ဘောသားတွေများလာတော့ စာမေးပွဲတစ်ကြိမ်စစ်ဆေးရင် ငါးလ၊ ခြောက်လလောက်ကို အချိန်ကြာလာတယ်။ အဲဒီလိုဆိုတာ့ အရင်လေးကြိမ် စစ်ဆေးပေးတာ အခုနှစ်ကြိမ်ပဲ စစ် ဆေးနိုင်တော့တယ်" ဟု ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ရေကြောင်းဌာနခွဲ အကြီးတန်းအရာရှိ တစ်ဦးကဆိုသည်။

နိုင်ငံတော်ကသင်ကြားပေးသည့် သင်္ဘောအရာရှိသင်တန်းများကို ၂၀၁၁ ခုနှစ်တွင် ပုဂ္ဂလိက သင်တန်းကျောင်းများသို့ လွှဲပြောင်းရန်စီစဉ်ခဲ့သော်လည်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း မရှိသေး ကြောင်း၊ အဆင့်မီသော ပုဂ္ဂလိကသင်တန်းကျောင်းများ ပေါ်ပေါက်လာပါက စာမေးပွဲပုံမှန်စစ်ဆေး မပေးနိုင် သည့်ပြဿနာများလည်း လျော့နည်းသွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

Second Mate စာမေးပွဲတွင် ၂၀၁၂ ခုနှစ်ဧပြီလနောက်ပိုင်း ကျင်းပမည်ဖြစ်ပြီး Chief Mate စာမေးပွဲကို လာမည် မတ်လတွင် ကျင်းပပြုလုပ်ဖွယ်ရှိသည်ဟု ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံ မှ သိရှိရသည်။

လက်ရှိ ပုဂ္ဂလိကသင်တန်းကျောင်း တစ်ကျောင်းသာ သင်ကြားပေးလျက်ရှိပြီး ယင်းကဲ့သို့ နောက်ထပ်အဆင့်မီ သင်တန်းကျောင်းများ ထပ်မံပေါ်ပေါက်လာရန် လိုအပ်ကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ စုံစမ်းသိရသည်။

" ပုဂ္ဂလိကသင်တန်းကျောင်းမှာဆိုရင် ရေးဖြေကို စာမေးပွဲစစ်ဆေးပေးမယ့် ဆရာတွေရှိတယ်။ နှုတ်ဖြေလောက်ပဲ စစ်ဆေးပေးတာ။ အဲဒါကြောင့် သူတို့မှာ သင်တန်းတစ်ခါပြီးရင် တစ်ခါဖြေလို့ရတယ်" ဟု ယင်းဌာနအရာရှိတစ်ဦးက ဆိုသည်။

ရေကြောင်းသိပ္ပံက သင်ပေးသည့် သက်တန်းများဆိုလျှင် ယင်းသို့စစ်ဆေးပေးမည့်သူများမရှိ၍ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက စစ်ဆေးပေးနေရသဖြင့် ကြန့်ကြာခြင်းဖြစ်ကြောင်း၊ စာမေးပွဲ တစ်ကြိမ်စစ်ဆေးပေးမည်ဆိုလျှင် ယခင်ကအဆိုပါဌာန ဆုံးဖြတ်ချက်ဖြင့် စစ်ဆေးပေးပြီး ယခုအခါပို့ဆောင်ရေး ၀န်ကြီးဌာန၏ ခွင့်ပြုချက်ယူရသဖြင့် အချိန်ပိုကြာကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားရေးဦးစီးဌာနထံမှ သိရသည်။

၂၀၁၂-၂၀၁၃ စာသင်နှစ်အတွက် စင်ကာပူအစိုးရကျောင်းလခများ တိုးမြှင့်တော့မည်

စင်ကာပူအမျိုးသားတက္ကသိုလ်အပါအ၀င် အစိုးရတက္ကသိုလ် (၃) ကျောင်းနှင့် ပိုလီကျောင်းများ၊ ITE ကျောင်းများ၏ ၂၀၁၂-၂၀၁၃ စာသင်နှစ်အတွက် ကျောင်းလခများတိုးမြှင့်တော့မည်ဖြစ်ကြောင်း CROWN Education မှသိရသည်။ စင်ကာပူအမျိုးသားတက္ကသိုလ်မှ ကျောင်းလခများကို စင်ကာပူဒေါ်လာ ၇,၄၆၀ သို့ ၄ ရာခိုင်နှုန်းတိုးမြှင့်မည်ဖြစ်ပြီး အဆိုပါအစီအစဉ်မှာ နှစ်စဉ် ၁.၆ ရာခိုင်နှုန်းတက်မည့်အစီအစဉ်၏ အကျိုးရလဒ်ဖြစ်ကြောင်း သိရသည်။



သို့သော် Architecture, Business, Dentistry, Law, Music, Medicine, Nursing, နှင့် Pharmacy ပရိုဂရမ်သင်ယူမည့်အတွက် ၆ ရာခိုင်နှုန်းတိုးမြှင့်မည်ဖြစ်သည်။ ဥပဒေနှင့်ပတ်သက်သည့် ဘာသာရပ်များကို စင်ကာပူဒေါ်လာ ၁၀,၀၀၀ အဖြစ်လည်းကောင်း၊ ဆေးပညာနှင့်ပတ်သက်သည့် ဘာသာရပ်များကို စင်ကာပူဒေါ်လာ ၂၁,၇၄၀ နှင့် Lee Kuan Yew School of Public Policy မှကျောင်းလခများကို ၈ ရာခိုင်နှုန်းအထိလည်းကောင်း အသီးသီးတိုးမြှင့်သွားမည်ဖြစ်သည်။ “နှစ်စဉ်နည်းနည်းစီတက်နေကျပါ။ ဘာသာရပ်တစ်ခုချင်းစီအတွက် အသေးစိတ်မထုတ်ပြန်သေးပါဘူး။ ဒါပေမဲ့ ဒီနှစ်မှာထူးခြားတာက ထုတ်ပြန်လိုက်တဲ့ရာခိုင်နှုန်းတွေအရ စင်ကာပူနိုင်ငံသားတွေပေးရမယ့် ကျောင်းလခနဲ့ အမြဲနေထိုင်ခွင့်ရတဲ့သူ (PR) တွေ၊ နိုင်ငံတကာကျောင်းသားတွေ ပေးရမယ့်ကျောင်းလခက တော်တော်လေးကွာသွားတာ တွေ့ရပါတယ်။ အထူးသဖြင့် ပိုလီကျောင်းလခတွေတက်တာ ပိုများပါတယ်။ ကျွန်တော်တို့ဆီက ကလေးအများစုက ပိုလီကိုစိတ်ဝင်စားကြတာဆိုတော့ အတိုင်းအတာတစ်ခုအထိတော့ သက်ရောက်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီပလိုမာရဖို့ သုံးနှစ်တက်ရတဲ့ပိုလီကျောင်းရဲ့ ပထမတစ်နှစ်စာကျောင်းလခဟာ၊ တစ်နှစ်ထဲတက်ရမယ့်အပြင် ကျောင်းကဒီပလိုမာထက် ဈေးမြင့်လာနေလို့ပါ” ဟု CROWN Education မှပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းက သုံးသပ်ပြောကြားသည်။ ITE မှာ မြန်မာနိုင်ငံမှကျောင်းသားများအား လက်မခံတော့သည့်အတွက် ITE ဈေးနှုန်းနှင့်ပတ်သက်၍ အကျိုးသက်ရောက်မှုမရှိနိုင်ကြောင်း သိရသည်။ NUS မှ Nursing Graduate Research ဘာသာရပ်အတွက် ပြောင်းလဲမည်မဟုတ်ဘဲ ကျန် Graduate Research ဘာသာရပ်များအတွက် ၈ ရာခိုင်နှုန်း အသီးသီးတိုးမြှင့်သွားမည်ဖြစ်သည်။ ယခုကဲ့သို့တိုးမြှင့်လိုက်သည့်အတွက် အစိုးရကျောင်းများတွင်တက်ရောက်မည့် နိုင်ငံတကာကျောင်းသားများနှင့် အမြဲနေထိုင်ခွင့်ရသူများ (PR) များမှာ စင်ကာပူနိုင်ငံသားများထက် ၃၂ ရာခိုင်နှုန်းမှ ၈၄ ရာခိုင်နှုန်းအထိ များပြားသွားမည်ဖြစ်သည်။ စင်ကာပူအမျိုးသားတက္ကသိုလ်အနေဖြင့် ဘဏ္ဍာရေးလိုအပ်ချက်ရှိသူများကို ပိုမိုထောက်ပံ့ပေးနိုင်ရန်လည်းစီစဉ်ထားပြီး စင်ကာပူဒေါ်လာ ၄.၅ သန်းအထိ ထောက်ပံ့သွားမည်ဖြစ်ကာ စုစုပေါင်းအထောက်အပံ့ စင်ကာပူဒေါ်လာ ၉.၅ သန်းထောက်ပံ့ရန် စီစဉ်ထားကြောင်းဖော်ပြထားသည်။

ပါတီကြီးအချို့ ပြိုင်ဆိုင်မှုပြင်းထန်နိုင်

ကြားဖြတ်ရွေးကောက်ပွဲတွင် မဲမသမာမှုများ လျော့နည်းနိုင်သော်လည်း ပါတီကြီးအချို့တို့ ပြိုင် ဆိုင်မှုပြင်းထန်လာနိုင်ကြောင်း မြန်မာအမျိုးသားကွန်ဂရက်ပါတီဥက္ကဋ္ဌ ဦးကောင်းမြင့်ထွဋ်က ပြောသည်။

“ ကျွန်တော်တို့ပါတီလေးတွေကတော့ ကိုယ့်ဒေသလောက်ကိုပဲ အာရုံစိုက်မှာ။ ပါတီကြီးတွေ က တော့ လစ်လပ်နေရာအကုန်လုံးကို ပြိုင်ကြမှာဆိုတော့ ပြိုင်ဆိုင်မှုက ပြင်းထန်လာနိုင်လိမ့်မယ်” ဟု ယင်းက ဆိုသည်။

လက်ရှိမြန်မာတစ်နိုင်ငံလုံးအနှံ့ မဲဆွယ်စည်းရုံးနေသည့် အန်အယ်လ်ဒီပါတီမှာလည်း လစ်လပ် နေရာအပြည့် ၀င်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရေး ကြိုးပမ်းနေသလို အစိုးရအဖွဲ့နေရာများအဖြစ်သို့ ရောက်ရှိ သွားသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအမတ်များနေရာသို့ ကိုယ်စားဝင်ရွေးချယ်ခံမည်ဖြစ်သည့်အတွက် ထိပ်တိုက် တွေ့ဆုံမည့်ပွဲလည်း ဖြစ်ခြင်းကြောင့် ယင်းက သုံးသပ်ပြောခြင်းလည်း ဖြစ်သည်။

“မဲရေတွက်ချိန်မှာတော့ အငြင်းပွားမှုတွေဖြစ်လာနိုင်တယ်။ မဲရုံမှူးတွေဘက်က သမာသမတ် ကျဖို့ အရေးကြီးပါတယ်” ဟု ယင်းကဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးရန် နှစ်ရက်ခွင့်ပြုထား

လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးရန် နှစ်ရက်ခွင့်ပြုထားကြောင်း ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

ရပ်ကွက်နှင့် ကျေးရွာကော်မရှင်အဖွဲ့ခွဲတွင် ကြိုတင်မဲပေးရမည့်သူများမှာ ရွေးကောက်ပွဲ မကျင်းပမီ မတ် ၃၀ နှင့် ၃၁ ရက်များတွင် နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း မဲပေးရမည်ဖြစ်ကြောင်း သိရ သည်။

မဲဆန္ဒနယ်ပြင်ပ ရောက်ရှိနေသော်လည်း ကြိုတင်မဲပေးပိုင်ခွင့်ရှိသူများတွင် တပ်မတော်သား များ၊ ကျောင်းသားများ၊ သင်တန်းသားများ၊ အချုပ်ခံနေရသူများ၊ ဆေးရုံတက်ရောက်ကုသနေသူများ၊ ရက်ပေါင်း ၁၈၀ ထက်မနည်း မဲဆန္ဒနယ်ပြင်ပရောက်နေသူများနှင့် အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေသူများ ပါဝင်သည်။

ရက်ပေါင်း ၁၈၀ ထက်မနည်း မဲဆန္ဒနယ်ပြင်ပရောက်နေသူများမှအပ ကျန်ပုဂ္ဂိုလ်များသည် မြို့ နယ်ကော်မရှင်အဖွဲ့ခွဲထံတွင် မဲပေးရမည်ဖြစ်ကြောင်း သိရသည်။ ကြိုတင်မဲပေးရန် ပုံစံ(၁၅)ဖြင့် ကြိုတင်မဲ တောင်းခံရမည်ဖြစ်ပြီး တပ်မတော်သားနှင့် ရက်ပေါင်း ၁၈၀ ထက်မနည်း မဲဆန္ဒနယ်ပြင်ပရောက်နေသူများမှာ ပုံ စံ(၁၅) မလိုကြောင်း သိရသည်။

မဲဆန္ဒနယ်အတွင်းရှိသော်လည်း ကြိုတင်မဲပေးပိုင်ခွင့် ရှိသူများတွင် ခရီးဝေးသွားရန်ရှိသူများ၊ အနာကြီးရောဂါရှိသူများ၊ ရောဂါပြင်းထန်စွာ ခံစားနေရသူများ၊ အချုပ်ကျနေသူများ၊ အတွင်းလူနာအဖြစ် ဆေးကုသံခံနေသူများနှင့် ယာယီတာဝန်ဖြင့် မဲစာရင်းပါရှိရာဒေသကိုကျော်လွန်၍ တာဝန်ထမ်းဆောင်ရသည့် နိုင်ငံ့ဝန်ထမ်း (သို့မဟုတ်) တပ်မတော်သား (သို့မဟုတ်) ရဲတပ်ဖွဲ့ဝင်တို့ ပါဝင်သည်။

iPay Card ဖြင့် ယာဉ်စီးခပေးချေသည့် စနစ်ကို ယခုလအတွင်း အဓိပတိအပြာ၊ ၄၈ စသောအထူးယာဉ်လိုင်း များတွင် စတင်အသုံးပြုမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော ခရီးသည်တင်ယာဉ်လိုင်းများတွင် iPay Card ဖြင့် ယာဉ်စီးခပေးချေသည့် စနစ်ကို ယခုလအတွင်း အဓိပတိအပြာ၊ ၄၈ စသော အထူးယာဉ်လိုင်းများ တွင် စတင်အသုံးပြုသွားမည်ဖြစ်ောကာင်း ယင်းစနစ်ကို ပြုလုပ်နေသည့် KISPA NADI EXPRESS LIMITED မှ Project Mamnager ကိုအောင်ကျော်၏ ပြောကြားချက်အရ သိရှိရသည်။

iPay Card ဖြင့် ယာဉ်စီးခပေးချေသည့် စနစ်အတွက် ဆော့ဖ်ဝဲအပိုင်းရရှိထားပြီး ဖြစ်ပြီး လိုအပ်သည့် စက်များအား အိန္ဒိယနိုင်င့မှ တင်သွင်းထားပြီးဖြစ်ကာ iPay Station များတည်ဆောက်ရန် မြေနေ ရာအချို့လည်း ရရှိထားပြီဖြစ်ကြောင်း သိရသည်။ ယခုလ ၁၅ ရက်နေ့တွင် ခရီးသည်တင်ယာဉ်လိုင်းများရှိ ယာဉ်လုပ်သားများ iPay Card စနစ်အသုံးပြုတက်စေရန် သင်တန်းပေးခြင်း၊ ခရီးသွားပြည်သူများအသုံးပြုတက် စေရန် လူစည်ကားသည့် နေရာများတွင် ကြော်ငြာ်လက်ကမ်းများ ဖြန့်ဝေမှုများကို စတင်ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရှိရသည်။

“iPay Cardf နဲ့ ယာဉ်စီးခပေးချေသည့် စနစ်လုပ်ဖို့က ပြီးသလောက်နီးပါးရှိနေပါပြီ။ ဒီလထဲမှာ စတင်အသုံးပြုနိုင်အောင် လုပ်သွားမှာပါ။ လက်ရှိယာဉ်စီးခကို ငွေနဲ့ ပေးချေရာကနေ ကတ်စနစ်နဲ့သွားမှာဆို တော့ စနစ်တစ်ခုလုံးပြောင်းရမှာပါ။ အဲဒီအတွက် ပြောင်းမယ့်စနစ်ကို သုံးစွဲတဲ့သူတွေ အကျွမ်းတ၀င်ဖြစ်ဖို့ အ ရေးကြီးဆုံးပါပဲ။ အဲဒီအတွက် ပြောင်းမယ့်စနစ်ကို သုံးစွဲတဲ့သူတွေ အကျွမ်းတ၀င်ဖြစ်ဖို့ အရေးကြီးဆုံးပါပဲ။ ဒါ ကြောင့် ဒီလ ၁၅ ရက်နေ့ကစပြီး ယာဉ်လိုင်းတွေက ယာဉ်လုပ်သားတွေကို သင်တန်းပေးတာတွေ လုပ်မယ်။ လူစည်ကားတဲ့နေရာမျိုးတွေမှာ အများပြည်သူတွေကို ကြော်ငြာကမ်းတာ တွေလုပ်မယ်။ ဒါပြီးရင်တော့ စသုံး ရပါပြီ။ နောက်ပိုင်းတဖြည်းဖြည်း မ.ထသလက်အောက်က ယာဉ်လိုင်းတွေမှာလည်း ဒီစနစ်လုပ်သွားမှာဖြစ်ပါ တယ်” ဟု KISFPA NADI EXPRESS LTD မှ ကိုအောင်ကျော်က ပြောပြခဲ့သည်။

iPay Card စနစ်အား အဓိကငွေအကြွေပြဿနာပြေလည်စေရန်နှင့် ခရီးသွားပြည်သူအကြား ယင်းစနစ်ကို အကျွမ်းတ၀င် အသုံးပြုလာတက်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်လိုင်းများတွင် iPay Card ဖြင့် ငွေပေးချေသည့်စနစ်အတွက် စက်တပ်ဆင်ရမည်ဖြစ်ပြီး ယင်းစက်တန်ဖိုးမှာ ကျပ် ၄ သိန်းခွဲဖြစ်ကာ စနစ်စတင်သည့် အချိန်မှ နှစ်လအတွင်း တပ်ဆင်လိုသူများအား အခမဲ့တပ်ဆင်ပေးသွားမည်ဖြစ်ပြီး ယင်းနောက်ပိုင်းတပ်ဆင်လိုသူများကိုမူ ချပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

ပိုင်ဆိုင်မှုအထောက်အထား ခိုင်လုံစွာတင်ပြနိုင်မှ ပြည်ပအလုပ်အကိုင်အေးဂျင့် လုပ်ကိုင်ခွင့်ရမည်

ပိုင်ဆိုင်မှုအထောက်အထား ခိုင်လုံစွာတင်ပြနိုင်မှ ပြည်ပအလုပ်အကိုင်အေးဂျင့် လုပ်ကိုင်ခွင့်ရမည်


ပိုင်ဆိုင်မှုအထောက်အထား ခိုင်မာစွာတင်ပြနိုင်မှ ပြည်ပအလုပ်အကိုင် အေးဂျင့်လုပ်ကိုင်ခွင့် လိုင်စင်ချထားပေးမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန(ပြည်ပအလုပ်အကိုင် အေးဂျင့်)မှ တာဝန်ရှိသူတစ် ဦးက ပြောသည်။

“ ကုမ္ပဏီမှတ်ပုံတင်ရှိရမယ်။ တစ်ဖက်နိုင်ငံက အသိအမှတ်ပြုပြီး တောင်းခံတဲ့ ဂျော့အော်ဖာ ဟာ အစစ်အမှန်ဖြစ်တယ်ဆိုတာ သက်သေပြရမယ်။ ကုမ္ပဏီနာမည်ပျက်မရှိရဘူး။ လုပ်ငန်းအတွေ့အကြုံလဲ ရှိဖို့ လိုအပ်တယ်စသည်ဖြင့်ပေါ့” ဟု ယင်းကထပ်မံပြောသည်။

ယခုအခါ ပြည်ပအလုပ်အကိုင် ရှာဖွေရေးလုပ်ကိုင်လိုသော ကုမ္ပဏီများမှာ ပိုမိုများပြားလားပြီး လျှောက်ထားမှုများမှာလည်း ယခင်ထက်ပိုလာောကာင်း ယင်းကထပ်မံပြောသည်။

“ ဒီကုမ္ပဏီဟာ အမှန်အကန်လုပ်မှာလား။ တကယ်ရောပိုင်ဆိုင်မှုရှိရဲ့လား။ ပိုင်ဆိုင်မှုတွေက ရောတကယ် အစစ်အမှန်လား။ အရင်ကရော နာမည်ပျက်ရှိခဲ့လား စသည်ဖြင့် သေချာစိစစ်ပြီးမှ အေးဂျင့်အ တွက် လိုင်စင်ချထားပေးမှာပါ။

တချိုကကုမ္ပဏီတွေက ပိုင်ဆိုင်မှုလဲ သူများဆီက ယူပြတယ်။ ခိုင်ခိုင်မာမာရပ်တည်နိုင်မှုလဲ မရှိဘူး။ ဂျော့အော်ဖာကလဲ အစစ်အမှန်မဟုတ်ဘူး။ ဘယ်နိုင်ငံမှာပိုက်ဆံ ဘယ်လောက်နဲ့ အလုပ်ဘယ်လိုရ မယ်ဆိုပြီး လိမ်တဲ့အေးဂျင့်တွေလဲ ရှိတယ်။ အဲဒါကြောင့် အခုလို တကယ်ပိုင်ဆိုင်မှုတွေ အထောက်အထားတွေ ပြခိုင်းတာဖြစ်ပါတယ်။ နောက်ဆို တရားဝင်အေးဂျင့်တွေ ဒီ့ထက်မက ပိုရှိလာမှာပါ” ဟုယင်းက ထပ်လောင်း ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေးဂျင့်အများစုမှာ မိမိတို့၏ အေးဂျင့်တရားဝင်လိုင်စင်နံပါတ်ရှိသည်ကို အများမြင်သာအောင် ဖော်ပြထားသကဲ့သို့ တရားဝင်လိုင်စင်မရှိဘဲ ပြည်ပသို့ပို့ဆောင်နေသည့် အေးဂျင့်များလည်းရှိကြောင်း သိရသည်။

ဦးခင်ညွန့်ကို ဇေကမ္ဘာ ဦးခင်ရွှေ ကျေးဇူးဆပ်

ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်ကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ၎င်း၏ လူမှုရေး လုပ်ငန်းများ၌ ကူညီဆောင်ရွက် ပေးသွားမည် ဟု ဇေကမ္ဘာ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်ရွှေ က ပြောသည်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်(ဓာတ်ပုံ -Reuters)
 
“သူကလည်း လူမှုရေး ၀ါသနာပါတယ်၊ သူ့မှာ ဘာမှမရှိတော့ဘူး၊ အကုန်အသိမ်းခံလိုက်ရတယ်၊ သူအကျဉ်းကျနေတုန်းက သစ်ခွ စိုက်ပြီးတော့ ရုန်းကန်ခဲ့ရတယ်၊ ဒီလို ပုဂ္ဂိုလ် တယောက်က ဒီလိုမျိုး ရုန်းကန်နေရတာ မသင့်တော်ဘူးဆိုပြီး ကူညီနိုင် သလောက် ကူညီပေးဖို့ သဘောပါ”ဟု ဦးခင်ရွှေ က ဧရာဝတီကို ပြောဆိုသည်။
ဦးခင်ညွှန့်အား ယခုကဲ့သို့ လုပ်ဆောင်ပေးခြင်းသည် ၎င်းအပေါ် ကျေးဇူးရှိခဲ့၍ မဟုတ်ကြောင်း၊ ဦးခင်ညွှန့် သည် နိုင်ငံအတွက် တတ်နိုင်သည့် အတိုင်းအတာတခုအထိ ဆောင်ရွက်ခဲ့သူဖြစ်၍ ကျေးဇူးပြန် ဆပ်ရခြင်းဖြစ်သည်ဟု ဦးခင်ရွှေ က ဆိုသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေ တည်ထောင်ထားသည့် မြရိပ်ညို ဖောင်ဒေးရှင်း၌ ကူညီဆောင်ရွက်ပေးရန် ဦးခင်ညွှန့်အား ကမ်းလှမ်းခဲ့ရာ လက်ခံကြောင်း၊ ဦးခင်ညွှန့်ကိုယ်တိုင် လည်း ရွှေမှော်ဝန်း အမည်ရှိလူမှုရေးအဖွဲ့တခု တည်ထောင်၍ ဆောင်ရွက်နေကြောင်း သိရသည်။
“ဒီလိုကူညီပေးတဲ့ အတွက် လစာဘယ်လောက်ဆိုတာမျိုး ကန့်သတ်ထားတာ မရှိပါဘူး၊ သူလို အပ်တာ မှန်သမျှကို ၀ိုင်း လုပ်ပေး သွားဖို့ ရှိတယ်၊ ဆရာသမား တယောက်ကို ပြန် ကျေးဇူးပြုတာပါ၊ ဗမာ့ ထုံးတမ်း အရပေါ့လေ၊ အတိုင်းအတာနဲ့ ပြောလို့မရပါဘူး”ဟု ဦးခင်ရွှေက ဆက်ပြောသည်။

ဦးခင်ညွှန့်ကို မြရိပ်ညိုဖောင်ဒေးရှင်း၌ နာယက အဖြစ် ခန့်အပ်၍ တလလျှင် အမေရိကန် ဒေါ်လာ ၅၀၀၀ ချီးမြှင့်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့ခြင်းမှာ မဟုတ်မှန်ကြောင်းလည်း ဦးခင်ရွှေ က ငြင်းဆိုသည်။

ဦးခင်ညွှန့် တည်ထောင်ထားသည့် ရွှေမှော်ဝန်း လူမှုရေး ဖောင်ဒေးရှင်း၌ အလှုငွေ ကျပ်သိန်း ၅၀၀ ပါဝင် ထည့်ပေးထားပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် မြရိပ်ညိုဖောင်ဒေးရှင်း အတွက် ကျပ် သိန်း တသောင်း မ တည် ထားကြောင်း၊ ၎င်းသည် တနှစ်လျှင် ကျပ် သိန်းပေါင်း၂ သောင်းမှ ၃ သောင်းအထိ လှူဒါန်းနေပြီး ဘုရားအဆူ၂၀၀ကျော် တည်ထားပြီးကြောင်းလည်း ဦးခင်ရွှေက ပြောသည်။

ဗိုလ်ချုပ်ကြီးဟောင်းနှင့် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွှန့်သည် အမိန့်မနာခံမှု၊ အဂတိ လိုက်စားမှုများဖြင့် ၂၀၀၄ ခုနှစ်တွင် ထောင်ဒဏ် ၄၄ နှစ်အပြစ်ပေးခံခဲ့ရပြီး နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရသည်။
၎င်းဖမ်းဆီးခံရပြီးနောက် ထောက်လှမ်းရေးအဖွဲအား ဖျက်သိမ်းခဲ့ပြီး ထောက်လှမ်းရေး အဖွဲ့ဝင် အများအပြား နှစ်ရှည်ထောင်ဒဏ် အပြစ်ပေးခံခဲ့ရသည်။
ဦးခင်ညွန့်သည် ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန် ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန် လည်လွတ်မြောက်ခဲ့ခြင်း ဖြစ် သည်။ လွတ်မြောက်သည့်နေ့တွင် ပြည်တွင်း ပြည်ပ မီဒီယာသမား များနှင့်တွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့စဉ်ကလည်း လူမှုရေး လုပ်ငန်းများ လုပ်ဆောင်သွား မည်ဟု ပြောဆိုခဲ့သည်။
“နိုင်ငံရေးတော့ လုပ်ဖို့ မရှိသေးဘူး၊ လူမှုရေးတွေပဲ လုပ်သွားမယ်”ဟု ဦးခင်ညွှန့် က ဆိုသည်။
ဦးခင်ညွှန့်နှင့် ထောက်လှမ်းရေးအဖွဲ့သည် တာဝန်ယူစဉ်ကာလ၌ တန်ခိုးသြဇာ ကြီးထွားခဲ့ပြီး နိုင်ငံရေး လှုပ်ရှားသူများ၊ ကျောင်း သား ကျောင်းသူ အများအပြားကို ဖမ်းဆီး၍ နှစ်ရှည် ထောင်ဒဏ်ချမှတ် အပြစ်ပေးခဲ့မှုများ ပြုလုပ်ခဲ့သည်။
ဦးခင်ရွှေသည် ဦးခင်ညွန့် အပါအ၀င် ယခင် န၀တ၊ နအဖ စစ်အစိုးရ အဖွဲ့၏ ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်သည့် စီးပွားရေး လုပ် ငန်းရှင်တဦးဖြစ်ပြီး ဗိုလ်ချုပ်ကြီးဟောင်းနှင့် လက်ရှိ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နှင့်လည်း ခမည်း၊ ခမက် တော် စပ်သည်။
ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေသည် ဆောက်လုပ်ရေး လုပ်ငန်း၊ ဟိုတယ် လုပ်ငန်း၊ ခရီးသွား လုပ်ငန်း စသည့် စီပွားရေး လုပ်ငန်းများ လုပ်ကိုင်နေပြီး စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်ရန်အတွက် လယ်ယာမြေ သိမ်းယူမှု များကို ရန်ကုန်တိုင်းနှင့်မွန်ပြည်နယ်များတွင် လုပ်ဆောင်နေရာ ဒေသခံပြည်သူများက မကျေနပ် ၍ သက်ဆိုင်ရာ တာဝန်ရှိသူများထံ တိုင်ကြားမှုများနှင့် လည်း ရင်ဆိုင်နေရသည်။
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် အတွင်းမှ လယ်မြေ ဧက ၁၀၀၀ ကို ဇေကမ္ဘာ ကုမ္ပဏီက သိမ်းယူထားသည့် အတွက် မိမိတို့ လယ်မြေများ ပြန်လည် ရရှိရေး အတွက်ဟုဆိုကာ လယ်သမား ၇၀ ၀န်းကျင်က တရားစွဲ ဆိုရန် ပြင်ဆင်ထားကြောင်းလည်း ဧရာဝတီ ကို ပြောဆိုထားသည်။

အာရှ စီးပွားရေးမျက်နှာစာ မြန်မာ ရောက်နိုင်

မြန်မာနိုင်ငံသည် လာမည့် နှစ်အနည်းငယ် အတွင်း အာရှတိုက်၏ စီးပွားရေး မျက်နှာစာတွင် ရောက်ရှိ လာ နိုင်ကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Payap University ကစီးပွားရေး ပညာရှင် ဒေါက်တာ သိန်းဆွေ က ပြောကြားလိုက်သည်။

ဒေါက်တာ သိန်းဆွေ (ဓာတ်ပုံ - ဧရာဝတီ)
 
“မြန်မာနိုင်ငံမှာ စီးပွားရေးဖွံ့ဖြိုးရေးဆိုင်ရာ စွမ်းဆောင်ရည်တွေရှိပြီး အာရှမှာ မြန်မာဟာ နောက်ထပ် ထိပ်တန်း စီးပွားရေးမျက်နှာစာကို ရောက်လာနိုင်တယ်”ဟု ဒေါက်တာသိန်းဆွေက ဆိုသည်။
ယမန်နေ့ နေ့လယ်ပိုင်းက မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုများနှင့်ပတ်သက်သည့် ဆွေးနွေးပွဲကို ချင်းမိုင် တက္ကသိုလ်တွင်ကျင်းပ ရာ ဦးဆောင်ဆွေးနွေးသူ တဦးဖြစ်သည့် ဒေါက်တာ သိန်းဆွေက ထို့ကဲ့ သို့ ပြောခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် သယံဇာတ ပေါကြွယ်ဝသည့်နိုင်ငံဖြစ်ကြောင်း၊ လူကြောင့်သာ ဆင်းရဲနေကြောင်းနှင့် သယံဇာတကျိန်စာသင့် နေသည်ဟု ဆိုသော ယခင်အစိုးရအဆက်ဆက် သယံဇာတကိုသာရောင်းချပြီး တိုင်းပြည်ဝင်ငွေရရေး အားကိုးခဲ့ပုံ၊ ရင်းနှီးမြုပ်နှံမှုအခြေအနေ၊ မြန်မာနှင့် အာဆီယံ ဒေသတွင်း တရုတ်နိုင်ငံ၏ အခန်းကဏ္ဍ စသဖြင့် နိုင်ငံရေး၊ စီးပွားရေး ပြောင်းလဲမှုအခြေ အနေများကိုလည်း ထည့်သွင်းဆွေးနွေးသည်။
တရုတ်၊ ထိုင်းနှင့် စင်္ကာပူတို့သည် အဓိက မြန်မာတွင် ရင်းနှီးမြုပ်နှံသူများ ဖြစ်ပြီး အဓိကအားဖြင့် ရေနံ၊ သဘာဝ ဓာတ် ငွေ့၊ ရေအား လျှပ်စစ်၊ အထည်ချုပ်၊ သတ္တုမိုင်းလုပ်ငန်းနှင့် နိုင်ငံခြား ခရီးသွား လုပ်ငန်းများ လုပ်ကိုင်ကြောင်း၊ ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်လာမှုကြောင့်လည်း ရင်းနှီးမြုပ်နှံလိုသူများ တိုးပွား လာကြောင်း ဒေါက်တာ သိန်းဆွေက ဆိုသည်။
သို့သော် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အားကောင်းခိုင်မာသည့် ဥပဒေများ ပြန်ဌာန်းသွားရန် လုပ်ဆောင် ရမည် ဖြစ်ပြီး တရား ဥပဒေစိုးမိုးရေး ဖြစ်စဉ် အရေးကြီးကြောင်း၊ ရုပ်ပိုင်း အခြေခံ အဆောက်အအုံ ကျယ်ပြန့် စွာတည်ဆောက် ရေး၊ ဘဏ်စနစ် ခိုင်မာမှု ပါဝင်သည့်၊ ဘဏ္ဍာငွေကြေးဆိုင်ရာ အာမခံနိုင်သည့် အခင်း အကျင်းများသည် အရေးကြီးကြောင်း သူက ပြောသည်။
မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေးနှင့်ပတ်သက်၍ လက်ရှိ စနစ်တွင် လိုအပ်ချက်များရှိနေသေးပြီး လာဘ်ပေးလာဘ်ယူ မှုများ တိုက်ဖျက်ခြင်း၊ နိုင်ငံခြားငွေ လဲလှယ်နှုန်းထား ကိစ္စ၊ အခွန်ဆိုင်ရာကိစ္စ စသည်တို့သည် စိန်ခေါ်မှုများအဖြစ် ရှိနေသေးကြောင်း ဒေါက်တာ သိန်းဆွေက ထောက်ပြသည်။

မတ်လ ၁ ရက်က အစိုးရသက်တမ်း တနှစ်ပြည့် ပြောကြားသော သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းတွင် “ကျနော်တို့အစိုးရ လက် ထက် မှာ နိုင်ငံတော် အခြေအနေနဲ့ ကိုက်ညီတဲ့ ဈေးကွက်စီးပွားရေးစနစ် ပီပီပြင်ပြင် ဖြစ်ပေါ်လာအောင် မက်ခရို စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ရေတိုရေရှည် လုပ်ငန်းစဉ်တွေ ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက် နေတာပဲ ဖြစ်ပါတယ်”ဟု ထည့်သွင်း ပြောဆိုထားသည်။

အစိုးရသစ်က ယခင် အမေရိကန် ၁ ဒေါ်လာ ၆ ကျပ် ပြား ၄၀ နှင့် နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့ သည့် နိုင်ငံခြားငွေ လဲလှယ်မှု နှုန်း ထားကို လာမည့် ဧပြီ ၁ ရက်နေ့မှ စတင်ကာ နှုန်းရှင်အဖြစ် သတ်မှတ်ပြောင်းလဲမည်ဖြစ်ကြောင်း၊ အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၈၀၀ ၀န်းကျင် ထိန်းသိမ်း ထားနိုင်ရန် နည်းလမ်းများ ရှာဖွေနေကြောင်း သတင်းများတွင် ဖော်ပြသည်။
ထိုသို့ စီးပွားရေး တိုးတက်ပြောင်းလဲနိုင်ရန် နိုင်ငံ တည်ငြိမ်အေးချမ်းမှုရှိရန်လိုအပ်ကြောင်း လေ့လာသူ များကလည်းပြောဆိုကြ သည်။

ဆွေးနွေးပွဲ၌ ဦးဆောင်ဆွေးနွေးသူ တဦးဖြစ်သည့် Burma Partnership အဖွဲ့မှ မခင်ဥမ္မာက ပြုပြင်ပြောင်း လဲမှုများသည် အောက်ခြေအဆင့်အထိ သက်ရောက်မှု မရှိသေးကြောင်း၊ တိုင်းရင်းသား ဒေသများတွင် ယခုအထိ လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေပုံနှင့် စစ်ပွဲများဖြစ်နေကြောင်း၊ လက်တွေ့ အပြောင်းအလဲ တခုလုံးအတွက် လိုအပ်နေသည့် အဓိက အချက် ၃ ချက် ကို ထောက်ပြ ပြောဆိုသည်။
“ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို အသိအမှတ်ပြုပြီး ခြွင်းချက်မဲ့ လွှတ်ပေးဖို့လို တယ်။ နိုင်ငံလုံး ဆိုင်ရာ ကျယ်ကျယ်ပြန့်ပြန် ငြိမ်းချမ်းရေး ရဖို့ အတွက် လုပ်ဆောင်ဖို့လိုတယ်။ အဓိပ္ပာယ်ပြည့်ဝပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုကို လွှတ်တော်ပြင်ပက လုပ်ဆောင်ဖို့လို တယ်”ဟု သူက ဆိုသည်။
ထိုင်းနိုင်ငံအခြေဆိုက် ဗဟု အဖွဲ့မှ ဦးအောင်နိုင်ဦးကလည်း ၁ နှစ်တာ အတွင်း မြန်မာ့ ပြောင်းလဲမှု သည် မြန်ဆန်ကြောင်း၊ အပေါ်ယံဟု မယူဆကြောင်း ပြောဆိုသည်။
“ကျနော်တို့မှာ ဥပဒေချမှတ်လိုက်ပေမယ့် ချက်ချင်း အလုပ်မဖြစ်တာတွေ ရှိတယ်။ ဖွဲ့စည်းပုံက ပေးထားပေ မယ့် ဖွဲ့ စည်းပုံက ဟာကို လုပ်ရမှန်းမသိတာတို့၊ မလုပ်တတ်တာတို့ မလုပ်ရဲတာတို့ စတဲ့အရင်က စနစ်တွေ က ရှိနေသေးတယ် လေ။ ကျနော်တို့ နိုင်ငံ ပြောင်းလဲဖို့က အနည်းဆုံး အနှစ် ၂၀ လောက်ကြာမယ်”ဟု ဦးအောင်နိုင်ဦးက ဆိုသည်။

The Nation သတင်းစာမှ Mr. Supalak ကလည်း မခင်ဥမ္မာ ဆွေးနွေးချက်များကို ထောက်ခံလိုက်ပြီး ၄င်း၏ မြန်မာ ခရီးစဉ် အသစ်တွင်ပြောင်းလဲမှုဆိုင်ရာ တချို့ကို သတိထားမိခဲ့ပုံနှင့် ထိုင်းနိုင်ငံနှင့် ဒေသ တွင်းနိုင်ငံများ၏ ပြုပြင်ပြောင်းလဲမှုဆိုင်ရာများကို လေ့လာ သင်္ခန်းစာယူနိုင်ရေး ဆွေးနွေးတင်ပြသွားသည်။
အဆိုပါ Burma Now Assessing the Reforms အမည်ရ ဆွေးနွေးပွဲတွင် Reforms in Burma: Overview of New Political and Economic Dynamics ခေါင်းစဉ်ဖြင့် ဒေါက်တာ သိန်းဆွေ က ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ကျန်လူများ ဖြစ်သော ဦးအောင်နိုင်ဦးက An Exile’s Personal Interpretation of Burma’s Reforms Upon Returning Home ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မခင်ဥမ္မာက Examining Changes in Burma from an Activist’s Perspective ခေါင်းစဉ် ဖြင့် လည်းကောင်း၊ The Nation သတင်းစာမှ Mr Supalak Ganjanakhundee Implications of Burma’s Reforms for Thailand and the Region ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးသွားခဲ့ကြသည်။
ဆွေးနွေးပွဲသို့ တက်ရောက်သူ ၈၀ ခန့်ရှိပြီး အများစုမှာ အနောက်နိုင်ငံများနှင့် ထိုင်းနိုင်ငံတို့မှ စိတ်ဝင်စားသူ များဖြစ်သည်။

ယမမင်းနှင့် ငရဲခွေးရှာပုံတော် (ကေမြူး)

ယမမင်းနှင့် ငရဲခွေးရှာပုံတော်

၁။
မိမိဇာတိ ငါးလုံးတင် ရွာမှာ မုံရွာ ခရိုင် ချောင်းဦးမြို့နယ် အတွင်း ပါဝင်ပြီး မန္တလေး-မုံရွာ ကားလမ်းပေါ်ရှိ ချောင်းဦးမြို့လေး၏ တောင်ဘက် ၁၀ မိုင်ခန့် အကွာနှင့် ချင်းတွင်း မြစ်ကမ်းရှိ အမြင့် ရှေးဟောင်းမြို့၏ အရှေ့ဘက် ၉ မိုင်ခန့် အကွာတွင် ရှိပါသည်။
ယခု အခါ ချောင်းဦး-ပခုက္ကူ မော်တော်ကား လမ်းနှင့် မီးရထား လမ်းပေါ်တွင် တည် ရှိနေ၍ ချောင်းဦး၊ မုံရွာ၊ မြင်းမူ၊ စစ်ကိုင်းနှင့် မန္တလေးမြို့ များသို့ ဥပဒဟို သွားလာနိုင်ပြီ ဖြစ်ပါသည်။ ၀ါဆိုဝါခေါင် ရေဖောင်ဖောင် အချိန်ရောက်လျှင် ချင်းတွင်းမြစ်ရေ နှစ်စဉ် လျှံလေ့ ရှိသဖြင့် ရွာ၏ အနောက်ဘက် ခြံစည်းရိုး အထိ မြစ်ရေများ ရောက်ရှိလာ တတ်ပါသည်။

ရွာ၏ အနောက်ဘက် ခြံစည်းရိုးမှ လျှံတက် ရေပြင်ကို ကျော်၍ မျှော်ကြည့်လျှင် အနောက်မြောက် ယွန်းယွန်း၌ ထူးနီ၊ ကျီကုန်းစသည့် ရွာများကို မှုန်ဝါးဝါး တွေ့ရပြီး အနောက်ဘက်ဆီ၌ အမြင့်၊ ငခဲ၊ ရွှေဂူ၊ သောတာပန်စသည့် ချင်းတွင်း မြစ်ကမ်းရှိ ရွာများကို ခပ်ရေးရေး မြင်ရပါသည်။ ဆက်၍ အနောက်တောင် စူးစူးသို့ ငေးမောလျှင်မူ အနိမ့်၊ တော ကျောင်းကြီး၊ တောကျောင်းလေးနှင့် ပရိမ္မစသည့် ချင်းတွင်း မြစ်ဝှမ်းမှ ရွာများကို မှုန်ပျပျ မြင်ရပါသည်။ ရွာ၏ အနောက်ဘက် ခြံစည်းရိုးမှ လျှံတက်ရေပြင်ကို ကျော်၍ မျှော်ကြည့်ရသမျှ မြင်ကွင်းများတွင် အနောက် တောင်စူးစူးရှိ သုံးပန်လှ စေတီတော်ကြီးကို သပ္ပာယ်ကြည်ညို ဖွယ်အထင်ရှားဆုံး ဖူးမြင်နေရပါသည်။

နှစ်စဉ် သီတင်းကျွတ် လဆန်းရက် များတွင် လျှံတက်လာသော ချင်းတွင်း မြစ်ရေများမှာ တဖြည်းဖြည်းစတင် ဆုတ်ခွာ ကျဆင်းလေ့ ရှိပြီး သီတင်းကျွတ် လကုန်ရက်များတွင် လျှံတက်ရေများ ကုန်သွားပါသည်။ လျှံတက်ရေများ ကုန်ဆုံး သွားသည်နှင့် ရွာသူရွာ သားများသည် ရေလွှမ်းသွားသည့် လယ်ယာမြေများကို ထွန်ယက်စိုက်ပျိုး ရန်ပြင်ဆင်ကြပါသည်။ ရွာ၏ အရှေ့ဘက်ရှိ ရေလွှမ်းမိုးမှု မရှိ၍ မိုးရေကိုသာ အားထား စိုက်ပျိုးရသည့် ယာမြေများထက် ရွာ၏ အနောက်ဘက်ရှိ နှစ်စဉ် ချင်းတွင်းမြစ် ရေလွှမ်းမိုးသည့် လယ်မြေများက သီးနှံထွက် ပိုကောင်းသဖြင့် ရွာသူ ရွာသားများက လယ်မြေများကို ပို၍ အားထားကြသည်။ ရွာနှင့် အလှမ်းဝေးသည့် လယ်မြေများကို ထွန်ယက်စိုက်ပျိုးရန်ရှိ သည့် ရွာသူရွာသားများသည် သွားလာရေး အခက်အခဲကြောင့် လယ်မြေများတွင် ယာယီတဲထိုး နေထိုင်ထွန်ယက် စိုက်ပျိုးကြသည်။ မိမိသည် ငယ်စဉ် ကျောင်းပိတ်ရက်များတွင် ဖခင်နှင့် အစ်ကိုတို့ ယာယီ စခန်းချ ထွန်ယက် စိုက်ပျိုးရာ နတ်ထိန်ပင်ကွင်းသို့ လိုက်ပါနေ ထိုင်ခွင့် ရလေ့ရှိပါသည်။

ဖခင်မှာ ၁၈၉၇ ခုနှစ်တွင် မွေး ဖွားခဲ့ပြီး ဗြိတိသျှ အစိုးရလက်ထက် ကျေးလက်၌ ဘုန်းတော်ကြီးသင် ပညာရေးသာ ထွန်းကားခဲ့၍ သင်ပုန်းကြီး မင်္ဂလသုတ်၊ ရတနာရွှေချိုင့်၊ နမက္ကာရနှင့် ပရိတ်ကြီးစသည့် သင်ရိုးကို သင်ကြား ခွင့်ရခဲ့ပြီး ဇိနတ္တ ဓမ္မပဒနှင့် ငါးရာ့ငါး ဆယ်ဇာတ်တော် စသည်တို့ကို ဖတ်ခဲ့ ရပါသည်။ လွတ်လပ်ရေးရပြီး ကာလ ၁၉၅၀ ပြည့်လွန် နှစ်များတွင် မိမိတို့ ကျောင်းနေစ အရွယ်မှ ရွာ၌ မူလတန်း ကျောင်းဖွင့်လှစ်ခဲ့၍ အစ်ကိုများမှာလည်း ဘုန်းတော်ကြီး ကျောင်း၌သာ ပညာသင်ကြား နိုင်ခဲ့ပါသည်။ ထို့ပြင် အဖေသည် စာဖတ် ၀ါသနာ ထုံသည့် အလျောက် ခေတ်အဆက်ဆက် ထုတ်ဝေသည့် လက်လှမ်းမီရာ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် စာအုပ် စာတမ်းများကိုလည်း ဖတ်ရှုလေ့ ရှိပါသည်။ အခါအား လျော်စွာ သူကြီး အပါအ၀င် ရွာလူကြီးများ၊ ရွာကျောင်းမှ ဆရာတော်များ၊ ကျောင်းဆရာများနှင့် မုံရွာ၊ ချောင်းဦး၊ အမြင့် စသည့်မြို့မှ မိတ်ဆွေများနှင့် တွေ့ဆုံ၍ ဖတ်ရှု ရသမျှနှင့် ဖြစ်ပေါ်နေသော နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး စသည့် ကြားသိသမျှကိုလည်း မေးမြန်းဆွေးနွေး မှတ်သားလေ့ ရှိပါသည်။

ထို့ကြောင့် အဖေသည် ကျန်ရွာသူ ရွာသားများထက် ဗဟုသုတ ကြွယ်ဝပြီး လူမှုရေးတွင် ကျယ်ပြန့်စွာ ၀င်ဆံ့ပါသည်။ ညအခါ အလုပ် နားချိန်များတွင် နတ်ထိန်ပင်ကွင်း၌ ယာယီတဲထိုး စခန်းချ နေထိုင်သူများသည် ဖခင်၏တဲသို့ စုဝေး လာကြပြီး ထွေရာလေးပါး ပြောဆိုကြလေ့ ရှိပါသည်။ အစ်ကိုကြီးက ရေနွေး ကြမ်းအိုးကို မပြတ်အောင် တည်ပေး ထားကြပြီး အဆင်ပြေရာ ယူဆောင်လာ ကြသည့် ငှက်ပျောသီး၊ သင်္ဘောသီး၊ ကန်စွန်းဥ၊ ထန်းပင်မြစ်၊ မြေပဲတောင့်၊ ငါးအမျိုးမျိုး၊ လယ်ကြွက်စသည့် နတ်ထိန်ပင် ကွင်းထွက် ပစ္စည်းများကို ခွဲစိတ်ခြင်း၊ ပြုတ်ခြင်း၊ ကြော်ခြင်း၊ ကင်ခြင်း သင့်သလိုလုပ်၍ ၀ိုင်းဖွဲ့စားကြသည်။

အသက်အရွယ်၊ အတွေ့အကြုံ ရင့်ကျက်ပြီး စာဖတ် အားကောင်းသည့် အဖေသည် ထွေရာလေးပါး စကားဝိုင်းကို ဦးဆောင်ပြောလေ့ ရှိသည်။ ဗြိတိသျှခေတ်၊ ဂျပန်ခေတ်၊ ဒုတိယ ကမ္ဘာစစ် ကာလ၊ ပါ လီမန်ခေတ်၊ တော်လှန်ရေး ကောင်စီနှင့် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ် စသည်တို့တွင် ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများ၊ သွားလာရောက်ရှိ နေထိုင်ရာ ဒေသ၏ အကြောင်းချင်းရာ များနှင့် ထင်ရှားသော ရဟန်းတော်နှင့် လူပုဂ်္ဂိုလ်များ အကြောင်းတို့ကို အများဆုံး ပြောလေ့ရှိသည်။ အဖေ ပြောဖန်များ သဖြင့် ကြားသိရသည်များ အနက် အမြင့် ရှေးဟောင်း မြိ့ကြီးနှင့် မိမိတို့ ဒေသမှ ထူးချွန် ထင်ရှားခဲ့ကြသော မင်းလက်ဝါး၊ ဆရာတော် ဦးဝိစာရ၊ သခင်လေးမောင်၊ တိုင်းမင်းကြီး ဦးစိုးတင့်၊ အိုးဝေဦးညို မြနှင့် အရီးတောင်း ဦးကျော်သိန်းတို့ကို ကြီးမားစွာ စိတ်ဝင်စားခဲ့ မိပါသည်။


၂။
အဖေသည် အလုပ် အားလပ်၍ လှည်းလမ်းများ ကောင်းမွန်လျှင် အခါ အားလျော်စွာ စခန်းချရာ နတ်ထိန်ပင် ကွင်းအနီးရှိ ရွာများမှ မိတ်ဆွေများထံသို့ သွားရောက် လည်ပတ်လေ့ ရှိသည်။ ထိုသို့ သွားရောက်လျှင် တစ်ခါတစ်ရံ မိမိအား လိုက်ပါ ခွင့်ပေးပြီး ထိုရွာရှိ စေတီဘုရား၊ ဘုန်းတော်ကြီး ကျောင်းနှင့် ထူးခြားသော နေရာများကို လိုက်လံပြသ တတ်ပါသည်။ ထိုသို့ ဖခင်နှင့် လိုက်ပါခွင့် ရရှိရာမှ ငယ်စဉ်ကပင် မိမိကြီး မားစွာ စိတ်ဝင်စားခဲ့သည့် ရှေးဟောင်း အမြင့် မြို့ကြီးသို့ သုံးကြိမ်တိုင် ရောက်ဖူးခဲ့ပါသည်။ အမြင့်မြို့ကြီးမှာ မျက်မှောက် ကာလတွင် ကျေးရွာကြီး တစ်ရွာသာ ဖြစ်သော်လည်း သာသနာ သက္ကရာဇ် ၂၁၆ ခုနှစ်တွင် သီရိဓမ္မာ သောက မင်းကြီးက စတင် တည်ထောင်ခဲ့သည်ဟု ဆို ကြပါသည်။ ပုဂံခေတ်က ပုဂံ နေပြည်တော်နှင့် အပြိုင် စေတီ ပုထိုးနှင့် ရှေးဟောင်း အဆောက်အအုံ များစွာ တို့နှင့် အတူ ကျုံးမြို့ရိုးနှင့် နန်းတော်စသည် တို့ပါ တည်ရှိခဲ့၍ ဒုတိယ ပုဂံဟုပင် သမုတ်ခဲ့ကြကြောင်း သိရှိရပါသည်။

ထို့ပြင် ကုန်းဘောင်ခေတ်၏ အစည်ကားဆုံး မြို့ကြီး ၁၂ မြို့ အနက်မှ တစ်မြို့ အဖြစ်လည်း ကျော်စော ထင်ရှား ခဲ့ပြီး ပုဂံခေတ်မှ ကုန်းဘောင်ခေတ် သီပေါမင်း ပါတော်မူသည် အထိ အမြင့် မြို့အား မြန်မာဘုရင် အဆက်ဆက်က မြို့စားများ ခန့်ထား အုပ်ချုပ်ခဲ့သည်။ အမြင့်မြို့၏ နောက်ဆုံး မြို့စားမှာ မွန် တိုင်းရင်းသား မင်းကြီး သူရမဟာမင်းခေါင် သမိန်ဗရမ်း ဖြစ်ပြီး မင်းလက်ဝါးဟု လူသိများ ထင်ရှားပါသည်။ မင်းတုန်းမင်းနှင့် သီပေါမင်း လက်ထက်တွင် နှစ်ပေါင်း ၃၀ ခန့် အမှုထမ်းခွင့် ရခဲ့ပြီး အင်္ဂလိပ်- မြန်မာ တတိယ စစ်ပွဲတွင် မင်းလှခံတပ်မှ ရွပ်ရွပ်ချွံချွံ ခုခံ တိုက်ခိုက်ခဲ့သည့် သူရဲကောင်း ဖြစ်သည်။ သီပေါမင်း ပါတော်မူပြီးနောက် ဗြိတိ သျှအစိုးရက အမှုတော် ထမ်းရန် ကမ်းလှမ်းချက်ကို ငြင်းပယ်ကာ အမြင့်မြို့မှာပင် နေထိုင်ခေါင်းချ သွားခဲ့သည်။

အဖေသည် အမြင့်ကို သွားတိုင်း မြန်မာ ဆေးဆရာ ဦးကြူ၏ အိမ်မှာပင် တည်းခိုပြီး အမြင့်၊ သောတာပန်စသည့် ရွာနီးချင်း မိတ်ဆွေတို့နှင့် တွေ့ဆုံလေ့ ရှိသည်။ ဦးကြူသည် အဖေ့အား လေးစား ချစ်ခင်ပြီး အစ်ကိုကြီးဟု ခေါ်ကာ မိမိတို့ ရွာသို့ ဆေးဝါး ကုသရန် လာတတ်သည်။ မှတ်မှတ်ရရ ဆယ်တန်း ဖြေပြီးစက အမြင့်ရွာသို့ မိမိနောက်ဆုံး ရောက်ရှိခဲ့သလို ဦးကြူနှင့်လည်း နောက်ဆုံး တွေ့ခဲ့ရခြင်း ဖြစ်သည်။


ထိုစဉ်က ဦးကြူက အမြင့်မှ ရှေးဟောင်းစေတီ ပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်း များကို လိုက်လံပြသရင်း အမြင့်ဒေသ အကြောင်း သိမှတ် ဖွယ်ရာများကို ရှင်းလင်း ပြောပြခဲ့သည်။ ဦးကြူ၏ ပြောပြချက်များ အနက်မှ “ကျန်စစ်သားသည် အနော်ရထာ အမျက်သင့်၍ မိဖုရားပဉ္စ ကလျာဏီကို အမြင့်အနီး ချင်းတွင်းမြစ် ကမ်းရှိ ပရိမ္မရွာသို့ ပို့ထားစဉ်က မွေးဖွား ခဲ့သလို မဏိစန္ဒာ မင်းသမီးနှင့် ယိုးစွပ်၍ အနော်ရထာ အမျက် သင့်စဉ်က အမြင့်မြို့ နှင့် ပတ်ဝန်းကျင်၌ တိမ်းရှောင်ခဲ့ကြောင်း၊ ဗြိတိသျှ နယ်ချဲ့ ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်၍ ထောင်ဒဏ် သုံးကြိမ်ကျ ခံခဲ့ရပြီး ထောင်အာဏာပိုင် များက ထောင်တွင်း သင်္ကန်းရုံခွင့်နှင့် သိမ်ဝင်ခွင့်ကို ငြင်းပယ်၍ ၁၆၆ ရက် ကြာ အစာငတ်ခံ ဆန့်ကျင်ရင်း ပျံလွန်တော် မူခဲ့သည့် ဆရာတော် ဦးဝိစာရမှာ အမြင့်နှင့် ပရိမ္မကြားရှိ အနိမ့်ရွာ သားဖြစ်ကြောင်း၊ ဗြိတိသျှ နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေး ကြိုးပမ်းမှုတွင် အဓိက အခန်းမှ ပါဝင်သည့် တို့ဗမာ အစည်းအရုံး၏ ရှေ့တန်းခေါင်းဆောင် ဂျပန်ခေတ် ဒေါက်တာ ဘမော်အစိုးရ လက်ထက် ကူးသန်း ရောင်းဝယ်ရေးဝန် ကြီး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ကွန်ဂရက် ဒုတိယဥက္ကဋ္ဌ စာနယ်ဇင်း ဆရာနှင့် အမျိုးသား စာပေဆုရ စာရေးဆရာ သခင်လေးမောင်နှင့် တို့ဗမာ အစည်းအရုံး လက်ရုံး တပ်ဖွဲ့ဝင် ဗမာ့ လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) တပ်ဖွဲ့ဝင်နှင့် ဂျပန်ခေတ် ပထမအသုတ် ဗိုလ်သင်တန်း သားအဖြစ် လှုပ်ရှားခဲ့သူ မန္တလေး အရီးတောင်း လက်ဖက် လုပ်ငန်းရှင် ဦးကျော်သိန်းတို့မှာ အမြင့် ရွာသားများ ဖြစ်ကြောင်း ပြောသည်ကို ယနေ့ထက်တိုင် မှတ်မိနေဆဲ ရှိသည်။


ထို့နောက် သောတာပန် ရွာဘက်ဆီသို့ လက်ညှိုး ညွှန်၍ ဦးကြူ က “အိုးဝေ ကိုညိုမြလို့ လူသိများသော ဦးသိန်းတင်မှာ သောတာပန် ရွာသားနှင့် တိုင်း မင်းကြီး ဦးစိုးတင့်၏ ညီတော် စပ်ကြောင်းနှင့် ညီအစ်ကိုနှစ် ယောက်စလုံး ထူးချွန်ကြကြောင်း”တို့ ကို ပြောပါသည်။ အဖေက ကိုသိန်းတင်ဟု ခေါ်သော အိုးဝေ ဦးညိုမြသည် တစ်ခါတစ်ရံ မြန်မာနိုင်ငံ အထက်ပိုင်းသို့ လာရောက်လေ့ ရှိပြီး ဦးညိုမြက ဆက်သွယ် အကြောင်း ကြားလာလျှင် အဖေသည် ချိန်းဆိုသည့် အမြင့်၊ မုံရွာနှင့် ချောင်းဦး တစ်နေရာရာသို့ သွားရောက် တွေ့ဆုံလေ့ ရှိပါသည်။


ထိုသို့ တွေ့ဆုံလျှင် တစ်ခါတစ်ရံ နေ့ချင်း ပြန်လာကာ အများ အားဖြင့် နှစ်ရက်၊ သုံးရက် ကြာလေ့ရှိပြီး အဖေ ပြန်လာပါက ဦးညိုမြ၏ လက်ဆောင် စာအုပ်များလည်း ပါလာတတ်ပါသည်။ ထို့ကြောင့် မိမိမှာ ငယ်စဉ်က ပင် အိုးဝေသတင်းစာ၊ အိုးဝေ ဂျာနယ်နှင့် ဦးညိုမြ ရေးသားသည့် စာအုပ် အချို့နှင့် ပွန်းတီးခွင့် ရခဲ့သည်။ ရွာတွင် မူလတန်း ကျောင်းသာရှိ၍ ပညာ ဆက်လက်ဆည်း ပူးရန် ချောင်းဦးနှင့် ရန်ကုန်မြို့များသို့ သွားရောက် နေထိုင်ရမှုနှင့် နိုင်ငံ့ဝန်ထမ်း အဖြစ် ဒေသ အချို့သို့ လှည့်လည် အမှုထမ်းရမှုကြောင့် ဇာတိရွာ၊ ကလေး ဘ၀က ပျော်ရွှင်ရာ နတ်ထိန်ပင်ကွင်း ၀န်းကျင်ကျေးရွာများနှင့် ထိုစာအုပ်များမှာ မိမိနှင့် ကင်းကွာ သွားခဲ့ရသည်။

၃။
ဗြိတိသျှ အစိုးရသည် အိန္ဒိယနိုင်ငံ ကာလကတ္တား တက္ကသိုလ်၏ လက်အောက်ခံ အဖြစ် ရန်ကုန် ကောလိပ်နှင့် ယုဒသန် ကောလိပ်တို့ကို ထားရှိပြီး မြန်မာ ကျောင်းသားတို့အား ပညာ သင်ကြားနေ၍ မြန်မာ တိုင်းရင်းသားများက မြန်မာနိုင်ငံ အတွက် သီးသန့် တက္ကသိုလ် တည်ထောင်ပေးရန် အစဉ်တစိုက် တောင်းဆိုခဲ့ကြသည်။ ဗြိတိသျှ အစိုးရသည် မြန်မာတို့၏ တောင်းဆိုမှုကို ရှောင်လွှဲ မရနိုင်တော့၍ ရန်ကုန်ကော လိပ်နှင့် ယုဒသန် ကောလိပ်ကို ပေါင်းပြီး ရန်ကုန် တက္ကသိုလ် အဖြစ် တည်ထောင်ရေး အတွက် ၁၉၂၀ ပြည့်နှစ် ဇွန်လတွင် ရန်ကုန် တက္ကသိုလ် ဥပဒေ မူကြမ်းကို ပြည်သူတို့ ဝေဖန်နိုင်ရန် ထုတ်ပြန် ကြေညာသည်။

မြန်မာတို့သည် တက္ကသိုလ် တည်ထောင်မှုကို လိုလား သော်လည်း ဥပဒေပါ ကန့်သတ်ချက် များကို လက်ခံနိုင်ခြင်း မရှိကြချေ။ အထူးသဖြင့် တက္ကသိုလ်၏ အုပ်ချုပ်ရေးနှင့် သင်ကြားရေးတွင် ဗြိတိသျှ အရာရှိများက ချုပ်ကိုင်ထားမည့် အချက်နှင့် ငွေကြေး ချမ်းသာသူများ နှင့် ဗြိတိသျှ အစိုးရအရာရှိကြီးများ၏ သားသမီးများသာ တက္ကသိုလ်ပညာ သင်ကြားနိုင်ရန် ရည်ရွယ်ထားသော ကျောင်းအိပ်ကျောင်းစား စနစ်သတ် မှတ်ချက်တို့ကို မနှစ်မြို့ကြသဖြင့် လူထု အစည်းအဝေးများ အပါအ၀င် နည်းအမျိုးမျိုးဖြင့် ပြင်ဆင်ပေးရန် တောင်းဆိုကြသည်။ တောင်းဆိုမှုကို အလေး မထားဘဲ အစိုးရသည် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်၍ ရန်ကုန် တက္ကသိုလ်ဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

ထို့ကြောင့် ဒီဇင်ဘာလ ၅ ရက် နေ့တွင် ရန်ကုန် ကောလိပ်နှင့် ယုဒသန် ကောလိပ်မှ ကျောင်းသားများက ရန်ကုန် တက္ကသိုလ် ဥပဒေကို ကန့်ကွက် သပိတ် မှောက်ကြသည်။ ကျောင်းသား သပိတ်သည် နိုင်ငံ တစ်ဝန်းရှိ ကျောင်း များသို့ ပျံ့နှံ့သွားကာ ဂျီစီဘီအေ အသင်းကြီး၏ ၀ံသာနု လှုပ်ရှားမှုများနှင့် ဆက်စပ်ပြီး ဗြိတိသျှ အစိုးရ၏ ကိုလိုနီ ပညာရေး စနစ်အစား အမျိုးသား ပညာရေး စနစ်ကို ဖော်ဆောင်ရေးနှင့် ဗြိတိသျှ နယ်ချဲ့ ဆန့်ကျင်ရေးကို ဦးတည်ခဲ့သည်။ ဗြိတိသျှ အစိုးရသည် အကျပ်အတည်း ဖြစ်ခဲ့ရပြီး နောင်တွင် လိုက်လျောရသည့် အပြင် နိုင်ငံ တစ်ဝန်းလုံး၌ အမျိုးသား ကျောင်းများ ပေါ်ထွန်းကာ နိုင်ငံ့ ခေါင်းဆောင်များနှင့် နိုင်ငံ့ သားကောင်းများကို မွေးထုတ်နိုင်ခဲ့သည်။

ရန်ကုန် တက္ကသိုလ်၏ ၁၉၃၅-၃၆ ပညာသင်နှစ်တွင် တက္ကသိုလ် အာဏာပိုင်များသည် ကျောင်းသားများ ဖြစ်သည့် ကိုစိုးမြင့်ကို တာဝန် ရှိသူများနှင့် ဆက်ဆံရာ၌ ဆာ (Sir) မထူးမှု၊ ကိုအောင်မြင့် ကိုကျောက်သင်ပုန်းတွင် ကပ်ထားသည့် ကြော်ငြာ စက္ကူကို ခွာမှု၊ ကိုနုအား စကား ရည်လုပွဲ အမှာစကား၌ တက္ကသိုလ် အာဏာပိုင်များအား ထိပါးပြောဆိုမှုနှင့် နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်မှုတို့ဖြင့် ကျောင်းမှ ထုတ်ပယ်ခဲ့သည်။

ထို့ပြင် ထိုစဉ်က ကျောင်းသားများသည် ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမဂ္ဂဇင်းကို အိုးဝေ မဂ္ဂဇင်းဟု ပြောင်းလဲ ထုတ်ဝေရန် ရှိရာ၌ ပြန်ကြား ရေးမှူး ကိုအောင်ဆန်းနှင့် ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ကိုသိန်းတင်တို့က စီစဉ်စိုင်းပြင်း နေကြသည်။ အိုးဝေ မဂ္ဂဇင်း၏ တာဝန်ခံ အယ်ဒီတာမှာ ကိုအောင်ဆန်း ဖြစ်ပြီး၊ ကိုသိန်းတင်သည် အထက်တန်း ကျောင်းသား ဘ၀တွင် မန္တလေးမြို့မှ အငြိမ့် မင်းသမီး ဒေါင်းယာဉ်ပျံက သီချင်းတစ်ပုဒ် သီဆိုရာ၌ အိုးဝေကို ၇ သံပြောင်း သီဆို သည်ကို စွဲလမ်းပြီး မဂ္ဂဇင်း အမည်ကို အိုးဝေဟု ပြင်ဆင် ပေးခဲ့သည်။ ကိုအောင်ဆန်းနှင့် ကိုသိန်းတင်တို့သည် ရန်ပုံငွေ မလောက်မငဖြင့် ၁၉၃၆ ခုနှစ် အိုးဝေ မဂ္ဂဇင်းကို အချိန်မီအောင် ကြိုးပမ်း ထုတ်ဝေခဲ့ကြသည်။

ပြန်ကြားရေးမှူး ကိုအောင်ဆန်းသည် ဂန္ထလောက မဂ္ဂဇင်းနှင့် ရန်ကုန် တက္ကသိုလ်မဂ္ဂဇင်း တို့တွင် ညိုမြ ကလောင် အမည်ဖြင့် ကလောင် သွေးနေသည့် အိုင်အေ အထက်တန်း ကျောင်းသား ကိုသိန်းတင်၏ အင်္ဂလိပ်-မြန်မာစာပေ လက်ရာများ ကိုနှစ်သက် သဘော ကျနေသူ ဖြစ်သည်။ ကိုအောင်ဆန်းနှင့် ကိုသိန်းတင်တို့သည် မဂ္ဂဇင်း၏ အမည်ကို အိုးဝေ (သို့မဟုတ်) ဥဒေါင်း၏အသံ (OWAY OR VOICE OF THE PEACOCK) ဟု သုံးစွဲခဲ့ကြသည်။

အိုးဝေ မဂ္ဂဇင်း ဖြန့်ချိလျှင် တက္ကသိုလ် အာဏာပိုင်များသည် မဂ္ဂဇင်း၏ အင်္ဂလိပ်စာ အခန်း ပေးစာ ကဏ္ဍမှ The HELL-HOUND AT LARGE ခေါင်းစဉ်ပါ ဆောင်းပါးကို ဖတ်ရှုပြီး အချို့ မခံချိ မခံသာ ဖြစ်ကြပြီး အချို့ဒေါသ ပွားကြသည်။ ထို့ပြင် ဆောင်းပါးရေးသူ YAMAMIN သည့် ကျောင်းသားဖြစ်သည်ကိုလည်း သိရှိလို၍ နည်းအမျိုးမျိုးဖြင့် စုံစမ်းကြသည်။ ထိုဆောင်းပါးကို ကိုသိန်းတင်မှ တစ်ဆင့် ကိုအောင်ဆန်းက လက်ခံရရှိ ဖော်ပြလိုက်ခြင်း ဖြစ်၍ ရေးသူ အစစ်အမှန်ကို ကိုအောင်ဆန်းနှင့် ကိုသိန်းတင်တို့သာလျှင် သိရှိကြသည်။ အင်္ဂ လိပ်ဘာသာဖြင့် ရေးသား ဖော်ပြရာ၌ စာရေးဆရာ ယမမင်း၏ ငရဲခွေးကြီး လွတ်ပြေးနေသည် ဆောင်းပါးတွင် အ၀ီစိအာဏာပိုင် (ယမမင်း)၏ ထုတ်ပြန် ကြေညာချက် တစ်ရပ်အဖြစ် နယ်ချဲ့ လက်ကိုင်တုတ် အဖြစ်နှင့် အ၀ီစိကို ကျရောက်လာသော ခွေးနက်ကြီး တစ်ကောင်သည် ငရဲပြည်က လွတ်ပြေး သွားပါသဖြင့် သတိပြုကြရန် လိုအပ် နေပါသည်။

အထူးသဖြင့် တက္ကသိုလ် နယ်မြေတွင် သောင်းကျန်း နေပါသည်။ ထိုငရဲခွေးကြီးကို တွေ့ရှိလျှင် ငရဲပြည်သို့ ဖမ်းဆီးပြန်ပို့ပေးကြရန် ဖြစ်ပါသည်ဟု ဖော်ပြ ထားပါသည်။ ရန်ကုန် တက္ကသိုလ် ကျောင်းအုပ်ကြီး မစ္စတာစလော့က တာဝန်ခံ အယ်ဒီတာ ကိုအောင်ဆန်းကို ခေါ်ယူ၍ ဆောင်းပါးရေးသူ ယမမင်း မည်သည့်ကျောင်းသား ဖြစ်သည်ကို ဖွင့်ပြောရန် တောင်းဆိုသည်။ ကိုအောင်ဆန်းက “စာနယ်ဇင်း အယ်ဒီတာတို့၏ စောင့်စည်းရမည့် ကျင့်ဝတ်အရ ယမမင်း မည်သူ ဆိုသည်ကို ဖွင့်ပြောရန် ငြင်းဆို ပြီး လိုအပ်လျှင် တာဝန်ခံ အယ်ဒီတာကိုသာ အရေးယူရန် တုံ့ပြန် ပြောဆိုခဲ့သည်။

ကိုအောင်ဆန်း၏ ရဲဝံ့ ပြတ်သားသော တုံ့ပြန် ပြောဆိုမှု အတွက် ကျောင်းအုပ်ကြီး မစ္စတာစလော့ အမျက်ရှကာ ကိုအောင်ဆန်းကို ကျောင်းထုတ်ရန် ဆုံးဖြတ် စီစဉ်သည်။ ကျောင်းသားထုက ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက် နေ့တွင် ရန်ကုန် တက္ကသိုလ် အာဏာပိုင် တို့၏ ဖိနှိပ် ချုပ်ချယ်မှုများကို ကန့်ကွက်သည့် ရန်ကုန် တက္ကသိုလ် ဒုတိယ ကျောင်းသား သပိတ်ကို စတင်ခဲ့ကြသည်။ ရန်ကုန် တက္ကသိုလ် ကျောင်းသား သပိတ်မှာ နိုင်ငံတစ်ဝန်း ပျံ့နှံ့ သွားပြီး ရန်ကုန် တက္ကသိုလ်ပထမ ကျောင်းသား သပိတ်၏ ရည်မှန်းချက်နှင့် တောင်းဆိုချက်များ အပြင် အမျိုးသား ပညာရေးစနစ် ဖော်ဆောင်ရေးကို ဆက်လက်တွန်း အားပေးခြင်း၊ တို့ဗမာ အစည်းအရုံး၏ ဗြိတိသျှ နယ်ချဲ့ ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေး ကြိုးပမ်းမှုကို တစ်တပ်တစ်အား အထောက်အကူ ပေးခြင်းနှင့် မြန်မာ နိုင်ငံရေးတွင် မျိုးဆက်သစ် ခေါင်းဆောင်များ အားသစ်လောင်း ပေါ်ထွန်းလာခြင်း စသည့် အကျိုးဆက်များ ဖြစ်ထွန်းခဲ့သည်။

၁၉၃၆ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ထုတ်ပယ်ခံခဲ့ရသည့် ကျောင်းသားကိုနုသည် ဖဆပလနှင့် ပထစ ဥက္ကဋ္ဌနှင့် ၀န်ကြီးချုပ် အဖြစ်တို့မှ အနားယူချိန် ၁၉၆၈ ခုနှစ် အောက်တို ဘာလ ၅ ရက်နေ့တွင် အိုးဝေဂျာနယ် ၁၉၆၉ သို့ အမှတ်တရစာ (သ၀ဏ်လွှာ) ပေးပို့ရာ၌ ညီလေးညိုမြဟု အစချီ၍ “စာနယ်ဇင်းလုပ်ငန်းဟာ မင်းကို သိပ် အကျိုးပေးတယ်။ ကျောင်းသား ဘ၀က (The Hell Hound at Large) ဆိုတဲ့ ဆောင်းပါးတိုကလေး တစ်ခုတည်းနဲ့ တက္ကသိုလ် လောကမှာ အညတရ ဘ၀ ကနေ ကျော်စော ထင်ရှားတဲ့ ဘ၀ကို မင်းရောက်ခဲ့ရတယ်။ သတင်းစာထောင် ပြန်တော့လည်း မရပ်မနား ရိုက်နေတဲ့ စက်တွေဟာ ကျိုးရတဲ့အထိ မင်း သတင်းစာဟာ လူကြိုက် များခဲ့ရတယ်။

အခု ဂျာနယ်ထုတ်ပြန်တော့လည်း နှိပ်သမျှ ရောင်းမလောက်ဘူးလို့ ကြားရတယ်။ အများကြီး ၀မ်းသာတယ်”ဟု ထည့်သွင်း ရေးသားခဲ့သည်။ ဗြိတိသျှ နယ်ချဲ့ ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် မော်ကွန်းဝင် ခဲ့သည့် ငရဲခွေးကြီး လွတ်ပြေးနေသည် ဆောင်းပါးရေးသူ ယမမင်းမှာ စာနယ် ဇင်းများတွင် ညိုမြ ကလောင် အမည်ဖြင့် ကလောင်သွေးနေသော ရန်ကုန် တက္ကသိုလ် အိုင်အေ အထက်တန်း ကျောင်းသား ကိုသိန်းတင် ဖြစ်ကြောင်းကို ထပ်လောင်း အတည်ပြု ပေးလိုက် ခြင်းဖြစ်သည်။


၎။
သတင်းစာဆရာ၊ စာရေးဆရာ ဦးညိုမြက ညိုမြကလောင် အမည်ဖြင့် ၁၉၇၁ ခုနှစ် နိုဝင်ဘာလထုတ် အိုးဝေ၏ ရွှေရတုသဘင် လက်ရွေးစင် စာအုပ်တွင် ကျွန်တော် ငရဲခွေး ဆောင်းပါးရေး စဉ်က ဆောင်းပါးကို ရေးသားဖော်ပြ၍ ငရဲခွေးကြီး လွတ်ပြေးနေသည် ဆောင်းပါး ရေးသား ဖြစ်ပုံကို အကျယ်တ၀င့် ဖော်ပြထားပါသည်။ ထိုသို့ ရေးသားခဲ့သည့် အနက်မှ “---ပြန်ကြားရေး အဖွဲ့မှာ ကျွန်တော်က ကလောင်ကိုင် (အတွင်း ရေးမှူး)ဖြစ်နေတော့ ရေးစရာ ရှိရင် ကိုယ့်တာဝန်ပဲပေါ့။

ဘယ်သူ့ကိုမှ လွှဲချလို့ မရဘူး။ နှာစေးနေလို့ မဖြစ်ဘူး။ ---အလိုတော်ရိ ကျောင်းသားများကို အခွင့်အရေး ပေးပြီး ရိုးရိုးမှန်မှန် နေသူများ အနှိမ်ခံရ၊ ဒဏ်ရိုက်ခံရ ဆိုတဲ့ ကိစ္စမျိုးတွေက မခံချင်စရာ မကြာခဏပေါ် ပေါက်နေတယ်။ ---ကျောင်းမှာ ခပ်အေးအေး စာကျက်ဖို့၊ စာသင်ဖို့ စိတ်ရင်းကောင်းနဲ့ လာသူတွေဟာ ဆရာ ၀တ်၊ တပည့်ဝတ် ကျေပွန်ကြတဲ့ ရင်းရင်းနှီးနှီး မေတ္တာ စေတနာလောကမျိုး မတွေ့ရဘဲ သခင်နှင့်ကျွန် ဆက်ဆံရေးတွေ၊ မမျှော်လင့်ဘဲ ကသိကအောက် တွေသာ ကြုံတွေ့နေတယ်။ အာဏာပိုင် အဖွဲ့မှာ ပါဝင်တဲ့မြန်မာများကလည်း ပြေလည်ရေးကို အားမပေးဘဲ ကိုယ့် အမျိုးသား တပည့် လူငယ်များကို ရန် လုပ်ဖို့၊ အရေးယူဖို့၊ ချောက်တွန်းဖို့ စိတ်ထားမျိုးသာ အံ့သြစရာ ကြုံတွေ့နေရ တယ်။ တက္ကသိုလ် နယ်မြေဟာ (တက္က သီလာအေးရိပ်သာ) ဒေသမျိုး မဟုတ်တော့ဘဲ ဖုတ်၊ ပြိတ္တာများ ကြီးစိုးရာ တစ္ဆေရွာ၊ ကျတ်ရွာ ဖြစ်လာတယ်။ “နတ်ဒေ၀ါများက သူတို့ အလိုမရှိသူ များကို ဖျက်ဆီးချင်သော အခါ ပထမ အဆင့် အနေဖြင့် ထိုသူများကို ရူးအောင် လုပ်၏”တဲ့။

တက္ကသိုလ် အာဏာပိုင်များကို တန်ပြန် တိုက်ပွဲဆင်ဖို့ ဆုံးဖြတ်မိ ချိန်မှာ ကျွန်တော်ဟာ အထက်ပါ ထိုး နှက်နည်းကို သတိရမိတယ်။ အာဏာ ပိုင်များဒေါသထွက်ပြီး အလွဲလွဲ အချော်ချော်တွေ လုပ်မိကုန်အောင်၊ အိုးနင်းခွက်နင်း ဖြစ်ကုန်အောင် ခပ်ရိုင်းရိုင်း စာပေမျိုး အိုးဝေ မဂ္ဂဇင်းမှာ ရေးပြီး အုပ်ထည့် လိုက်မှပဲလို့ သဘော ပိုက်မိတယ်။ ခါတိုင်း ကျွန်တော်ရေးသမျှ စာတိုပေစကို နီးစပ်ရာ ဆရာသမားများ၊ မိတ်ဆွေ များ၊ သူငယ်ချင်းများကို ပြသတိုင်ပင် လေ့ရှိသော်လည်း ငရဲခွေးကြီး ဆောင်း ပါးကိုတော့ ဘယ်သူ့မှ မတိုင်ပင်တော့၊ မပြောတော့ဘူး။ သန်းခေါင်ကျော်မှာ အခန်းတံခါး ပိတ်ပြီး ရေးတယ်။

နောက် တစ်နေ့မှာ စာပုံနှိပ်တိုက်ကို ပို့လိုက် တယ်။ ကိုအောင်ဆန်းလည်း ပုံနှိပ်တိုက် ရောက်လာပြီး အဲဒီစာကို အလွယ်တကူ ခွင့်ပြု လိုက်တယ်။ ---ကိုနုက သူ့ကို ကျောင်းထုတ်တော့ ဘယ်သူ့ကိုမှ ကယ်ပါ၊ ယူပါလို့ အကူအညီ မတောင်း ခဲ့ပါဘူး။ ---ကျွန်တော်က ငရဲခွေး ဆောင်းပါးနှင့် အာဏာပိုင်များ၏ ပျော့ကွက်ကို ရှာပြီး ပြန်လည် ထိုးနှက်တော့လည်း ဘယ်သူ့ကိုမှ သေဖော်မညှိပါ ဘူး။ ဒီကိစ္စက အန္တရာယ်ရှိပြီး ကျောင်း ထုတ်ခံရဖို့ များလို့ အယ်ဒီတာ ကိုအောင် ဆန်းကလွဲလို့ ဘယ်သူ့ကိုမှ အသိမပေး ဘဲ ရေးထည့်ခြင်း ဖြစ်တယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုအောင်ဆန်းက “ကိုယ့် လူ အေးအေးနေပါ”လို့ ကျွန်တော့်ကို တစ်ခွန်းတည်း ပြောခဲ့ဖူးတယ်။ ကျောင်း အုပ်ကြီးနဲ့ ရင်ဆိုင်စရာတွေကို သူ့ဘာသာသူ တစ်ယောက်တည်း ကြည့်လုပ် သွားတယ်။ --ငရဲခွေးကြီး စာတို ကလေးဟာ အတော်ပဲ ကြမ်းပါတယ်။ ကြမ်းတာကလည်း အထက်ပါ ဆရာကြီး ယူဒီပီးရီး(ရှေးခေတ် ဂရိတ် ပြည်မှ ပြဇာတ် စာရေးဆရာကြီး)ရဲ့ ဆောင်ပုဒ်ကို မှတ်ဖွယ်စာပေ အဖြစ် သာမက စစ်ပရိယာယ်တစ်ခု အနေနဲ့ အသုံး ပြုလိုက်ရခြင်းကြောင့် ဖြစ်ပါတယ်။

ဒီ ဆောင်းပါးဟာ ညစ်ညမ်းချက်ပါစေ ကာမူ လက်ရှိ အခြေအနေနှင့် ကိုက်ညီတယ်။ ရေးတာ နည်းသေးတယ်လို့ အင်းလျားဆောင် ကျောင်းသူများက မှတ်ချက်ချခဲ့တယ်။ အဲဒီ ဆောင်းပါး တိုကလေးကို ရန်ကုန်နှင့် မန္တလေး ကျောင်းသားများက ဟိုတုန်းက အန္တရာယ်ကင်း ဂါထာ တစ်ခုလို အရ ကျက်မှတ် ရွတ်ဆိုသူများ ရှိခဲ့တယ်။

---တစ်နေ့ ပခုက္ကူ အမတ်ဟောင်း ဦးညွန့်က အဲဒီကျွန်တော့် လက်ရာကို အိုးဝေ ဂျာနယ်မှာ ထပ်မံ ပုံနှိပ်ပေးပါလို့ အမှာစာ ပေးပို့တယ်။ ကျွန်တော်က မလိုက် လျောလိုပါ။ တစ်ချိန်က မလွှဲမရှောင် သာလို့ ရေးခဲ့ရတဲ့ အကြမ်းစာပေ ဖြစ်ပါတယ်။ အနုစာပေ မဟုတ်တော့ပါ။ ဆူးနဲ့ မာလာ ဆိုသလို ပဒိုင်းသီး စာပေမျိုး ဖြစ်ပါတယ်”ဟု ပြန်ပြောင်းဖွင့်ဟသုံး သပ်ပြထားပုံကို တွေ့ရသည်။

ဦးညိုမြသည် ငရဲ ခွေးကြီး လွတ်ပြေးနေသည် ဆောင်းပါး တောင်းဆိုမှု အတွက် ပခုက္ကူ အမတ်ဟောင်း ဦးညွန့်နည်းတူ အဖေ့တောင်းဆိုမှု ကိုလည်း ငြင်းပယ်ခဲ့ဖူးကြောင်း အဖေက ပြောပြဖူးပါသည်။ အဖေ့ပြောပြ ချက်အရ “အဖေ၏ မိဘများ (မိမိတို့၏ အဘိုးအဘွားများ)နှင့် ဦးညိုမြ၏ မိဘများမှာ ထဲထဲဝင်ဝင် ဆက်ဆံဝင် ထွက်သွားလာခဲ့ကြ၍ ငယ်စဉ်ကလေး ဘ၀ကပင် အဖေနှင့် ဦးညိုမြတို့သည် ဆွေရင်းမျိုးချာပမာ ချစ်ခင်ခဲ့ကြ ကြောင်း၊ ငရဲခွေးကြီး လွတ်ပြေးနေသည် ဆောင်းပါးမှာ သမိုင်းဝင်စာတစ် ပုဒ်ဖြစ်၍ ကိုယ်တိုင် အင်္ဂလိပ်စာမဖတ် တတ်သော်လည်း မြင်ဖူး တွေ့ဖူးလိုကြောင်း၊ သားသမီးနှင့် မြေးများကိုလည်း ပြသလိုပြီး အင်္ဂလိပ်စာတတ် လျှင် ဖတ်ကြစေလိုကြောင်း၊ စကားစပ် မိ၍ တောင်းဆိုတိုင်း ဦးညိုမြက ဒုတိယ ကမ္ဘာစစ် မဖြစ်မီက ထုတ်ဝေသည့် ငရဲခွေးကြီး လွတ်ပြေးနေသည် ဆောင်း ပါးပါဝင်သည့် အိုးဝေ မဂ္ဂဇင်း လက်ဝယ် မရှိတော့ဟုသာ ဖြေဆိုလေ့ရှိ ကြောင်း”တို့ကို သိခွင့် ရထားပါသည်။ ညိုမြ၏ ကျွန်တော် ငရဲခွေး ဆောင်းပါး ရေးစဉ်က ဆောင်းပါးကို ဖတ်မိလျှင် ပခုက္ကူ အမတ်ဟောင်း ဦးညွန့်နှင့် အဖေတို့၏ တောင်းဆိုမှု အပေါ် ဦးညို မြ၏ ငြင်းပယ်မှုကို မိမိ နားလည်မိပါသည်။

သို့သော် အဖေသည် ငရဲခွေး ကြီး လွတ်ပြေးနေသည် ဆောင်းပါးရရှိ ရေးတွင် ဇွဲမလျှော့သေးဘဲ မိမိနှင့် တစ်ခါတစ်ရံ တွေ့ဆုံတိုင်းပင် မူရင်း သို့မဟုတ် ပြန်လည် ဖော်ပြသည့် စာအုပ်နှင့် စာနယ်ဇင်း တွေ့လျှင် ၀ယ်ပို့ပေးရန် မှာကြားလေ့ ရှိသည်။

၅။
မိမိသည် စာပေ၀ါသနာ ထုံသည့် အလျောက် အားလပ်ချိန်ရသည်နှင့် လက်လှမ်းမီရာ စာအုပ်ဆိုင်များ၌ အပတ်စဉ်ထုတ် ဂျာနယ်များ၊ လစဉ်ထုတ် မဂ္ဂဇင်းများနှင့် လတ်တလော ထုတ်ဝေသည့် သုတရသ စာအုပ်များကို ကြည့်ရှု လေ့လာလေ့ ရှိပါသည်။ ထို့ပြင် ပန်းဆိုးတန်း၊ ကုန်သည်လမ်း၊ ဗိုလ်ချုပ်လမ်းနှင့် လမ်း ၃၀ ၀န်းကျင် စာအုပ် အဟောင်းဆိုင် များသို့လည်း အခါ အားလျော်စွာ ငေးမောမွှေနှောက်လေ့ ရှိပါသည်။ ထိုသို့ စာအုပ်ဆိုင်များသို့ ရောက်တိုင်းလိုပင် အဖေနှင့် တွေ့တိုင်း အတန်တန် မှာကြားလေ့ ရှိသော ငရဲ ခွေးကြီး လွတ်ပြေးနေသည် ဆောင်းပါးကို သတိတရ စူးစမ်းရှာဖွေမိသော် လည်း စာအုပ်ဟောင်းများတွင်ရော၊ စာအုပ်သစ်များတွင်ပါ မတွေ့ဘဲ ရှိခဲ့သည်။

အရွယ် ရလာသည်နှင့် အမျှ ဇာတိ ငါးလုံးတင်ရွာတွင် အလယ်တန်းနှင့် အထက်တန်းကျောင်း သားဘ၀ ဖြတ်သန်းခဲ့ရာ ချောင်းဦးမြို့လေးတို့တွင် ငယ်စဉ်က သွားလာ လှုပ်ရှားခဲ့ပုံများကို ပို၍ သတိရနေမိသည်။ အထူး သဖြင့် နတ်ထိန်ပင်ကွင်းတွင် ယာယီ စခန်းချစဉ် အတွင်း အမြင့်၊ ငခဲ၊ ရွှေဂူ၊ သောတာပန် စသော ရွာများသို့ အဖေနှင့် အတူ သွားရောက် လည်ပတ်ရပုံများကို တွေးမိလျှင် ယခုတိုင် ပျော်ရွှင်နေဆဲရှိသည်။ ထို့ကြောင့် လာမည့် သင်္ကြန်ရက်ရှည် အားလပ်ရက်များတွင် သွားရောက် လည်ပတ်ရန်လည်း ကြံစည် အားခဲနေမိသည်။ ထိုသို့ ကြံစည်အားခဲနေစဉ်အတွင်း ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ကုန်သည်လမ်း ပလက်ဖောင်း စာအုပ် အဟောင်းဆိုင် တစ်ဆိုင်မှ ပါတော်မူ ရာပြည့်နှင့် စာမော်ကွန်း(၁၉၈၆ ဧပြီလ)စာစောင်ကို ၀ယ်ယူ ဖြစ်ခဲ့သည်။

ထိုစာစောင်မှ ပါတော်မူနေ့နှင့် စပ်လျဉ်းသည့် ဆောင်းပါးများ ဖတ်ပြီးချိန်တွင် ညိုမြ၏ ကျွန်တော် ငရဲခွေး ဆောင်းပါး ရေးသားစဉ်က ဆောင်းပါး ပြန်လည်ဆန်းသစ် ဖော်ပြထား၍ ကျေနပ်အားရစွာပင် ဖတ်ရှုဖြစ်ခဲ့သည်။ တစ် ဆက်တည်း ဆယ်စုနှစ်ပေါင်းများစွာ မိမိရှာဖွေနေသော အိုးဝေမဂ္ဂဇင်း(၁၉၃၆) အင်္ဂလိပ်စာ ကဏ္ဍမှ The Hell-Hound At Large ဆောင်းပါးကိုလည်း မမျှော်လင့်ဘဲ ပြန်လည် ဖော်ပြထားသည်ကို တအံ့တသြ တွေ့လိုက်ရပြီး ထိုဆောင်းပါးကို အတန်တန် မှာလေ့ရှိသော အဖေ့ကို ချက်ချင်း သတိရလိုက်သည်။

သို့သော် ဆောင်းပါးရှင် ယမ မင်း(ညိုမြ)မှာ ၁၉၈၅ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့ အသက် ၇၂ နှစ်အရွယ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည့် နည်းတူ အဖေသည်လည်း ၁၉၉၇ ခုနှစ် အောက်တိုဘာ လ ၂၀ ရက်နေ့ အသက် ၁၀၁ နှစ်အရွယ်တွင် ငါးလုံးတင် ရွာ၌ ကွယ်လွန်ခဲ့ပြီး ဖြစ်ပါသည်။ The Hell-Hound At Large ဆောင်းပါးအား အဖေ့ကို မပြနိုင်တော့သော်လည်း အဖေ ရည်ရွယ်သည့် အတိုင်း သား၊ သမီးနှင့် မြေးများကို သာမက မြစ်များနှင့် မျိုးဆက်သစ်များကိုပါ ပြသနိုင်ပါလိမ့် မည်။
ကေမြူး
ညှိနှိုင်းကိုးကားမှု
၁။ ညိုမြ၏ ကျွန်တော် ငရဲခွေး ဆောင်းပါးရေးစဉ်က (အိုးဝေရွှေရတု သဘင် လက်ရွေးစင်စာအုပ်)
၂။ မောင်မြဟန်(မဟာဝိဇ္ဇာ) ကိုလိုနီခေတ် မြန်မာ့ သမိုင်းအဘိဓာန်
၃။ မောင်မောင်ချစ်ဦး(မုံရွာ) ရှေးဟောင်းအမြင့်မြို့
၎။ ရာပြည့်ဦးစိုးညွန့်
၂၀ ရာစုမြန်မာစာရေးဆရာ ၁၀၀
၅။The Hell-Hound At Large (အိုးဝေမဂ္ဂဇင်း ၁၉၃၆)

ကေမြူး
---------------------

ညိုမြ(၁၉၁၄-၁၉၈၅)
မုံရွာခရိုင် ချောင်းဦးမြို့နယ်သော တာပန်ရွာ၌ မင်းတိုင်ပင် အမတ် အမိန့်တော်ရ ရှေ့နေ ဦးသာဇံနှင့် ဒေါ်အံ့တို့က ၁၉၁၄ ခုနှစ်တွင် မွေးဖွား၍ ငယ်နာမည် မောင်သိန်းတင် ဖြစ်သည်။ ရွှေဂူရွာ ဆရာလှိုင်ကျောင်း၊ ကြက်သွန်ဈေးရွာ ဆရာတော် ဦးဉာဏ ကျောင်း၊ မုံရွာ ဗုဒ္ဓဘာသာ အထက်တန်းကျောင်းနှင့် မန္တလေး ကယ်လီ ကျောင်းတို့တွင် ပညာ သင်ကြားခဲ့ပြီး ၁၉၃၂ ခုနှစ်တွင် မုံရွာ ဗုဒ္ဓဘာသာ ကျောင်းမှ ဆယ်တန်းအောင်သည်။

၁၉၃၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ တက်ရောက်ခဲ့ရာ ၁၉၃၈ ခုနှစ်တွင် ၀ိဇ္ဇာ(အင်္ဂလိပ်စာ ဂုဏ်ထူးတန်း)ဘွဲ့ရပြီးနောက် အမေရိ ကန်ပြည်ထောင်စု အီဗာဆင်မြို့ နော့သ်ဝက်စ်တင်း တက္ကသိုလ်၌ ဆက်လက် ပညာ သင်ယူခဲ့ရာ ၁၉၄၃ ခုနှစ်တွင် မဟာသိပံ္ပ (သတင်းစာပညာ) ဘွဲ့ရသည်။

၁၉၃၃ ခုနှစ်မှ စတင်၍ ညိုမြကလောင် အမည်ဖြင့် ရန်ကုန် တက္ကသိုလ် မဂ္ဂဇင်း၊ အိုးဝေ မဂ္ဂဇင်းနှင့် ဂန္ထလောက မဂ္ဂဇင်းတို့တွင် ၀တ္ထု၊ ကဗျာ၊ စာတမ်း၊ ဆောင်းပါးတို့ကို အင်္ဂလိပ်၊ မြန်မာနှစ် ဘာသာသုံးစွဲရေးသားခဲ့သည်။ ၁၉၃၅-၃၈ ခုနှစ်တွင် အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ တာဝန်ယူခဲ့သည်။ အမေရိကန် နိုင်ငံ၌ ၁၉၄၂ မှ ၁၉၄၄ ခုနှစ်အထိ ယေးတက္ကသိုလ် မြန်မာစာနည်းပြဆရာ၊ မြန်မာဘာသာစစ်သတင်းကြေညာသူ၊ မြန်မာ့ သတင်းစဉ်ထုတ် ဝေသူနှင့် ၀ါရှင်တန်ဒီစီ မြန်မာ့ရေးရာ အကြံပေး ပုဂ္ဂိုလ်အဖြစ် လည်းကောင်း၊ အိန္ဒိယနိုင်ငံ၌ ၁၉၄၄ မှ ၁၉၄၅ ခုနှစ် အထိ လီဒိုမြို့ရှိ မြန်မာနိုင်ငံ ဆိုင်ရာ စိတ်ဓာတ်စစ်ဆင်ရေး ဌာနမှူး အဖြစ်လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့ကာ နုတ်ထွက်ပြီး မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။

၁၉၄၆ ခုနှစ်တွင် အိုးဝေ သတင်းစာနှင့် ၁၉၆၈ ခုနှစ်တွင် အိုးဝေဂျာနယ်တို့ကို တည်း ဖြတ်ထုတ်ဝေပြီး ၁၉၄၆ ခုနှစ်မှစတင်၍ ညိုမြအပြင် ဘုန်းကြီး ကျောင်းသား မောင်သုမန ကလောင်အမည်ပါ ခံယူရေးသားခဲ့ သည်။ ၁၉၅၇-၅၈ ခုနှစ်တွင် မြန်မာနိုင်ငံသတင်းစာဆရာ အသင်းဥက္ကဋ္ဌနှင့် ၁၉၆၀ ပြည့်နှစ်တွင် မုံရွာမြို့နယ် ပါလီမန် အမတ်တာဝန်တို့ကို ထမ်းဆောင်ခဲ့သည်။ စာနယ်ဇင်းလုပ်ငန်း အပါအ၀င် တာဝန် အမျိုးမျိုးဖြင့် အာရှနှင့် ဥရောပတိုက်မှ နိုင်ငံ ၂၀ ခန့်သို့ သွားရောက်ခဲ့သည်။

နန်းကြာညို၊ ညိုမြစာစု၊ တရုတ်နှင့် ရုရှား အကွဲတော်ပုံ၊ တကိုယ်တော်၊ ဘိန်းဋီကာ၊ ရွှေလမ်းငွေလမ်း မြန်မာ-အမေရိ ကန် ဆက်ဆံမှုမှတ်တမ်း၊ ကုန်းဘောင်ရှာပုံတော်၊ ဤမိုးဤမြေ ၁ နှင့် ၂ စာအုပ်တို့မှာ ထင်ရှားသည်။ ၁၉၄၇ ခုနှစ်တွင် ဒေါ်ခင်သန်းနွယ်နှင့်လက်ထပ်ခဲ့ပြီး ၁၉၈၀ ပြည့်နှစ်တွင် နိုင်ငံ့ ဂုဏ်ရည်ဘွဲ့ (ဒုတိယဆင့်) ချီးမြှင့်ခံရသည်။ ၁၉၈၅ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့ အသက် ၇၂ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်သည်အထိ ကလောင်အမည် (ဦး)ညိုမြက နာမည်ရင်း (ဦး)သိန်းတင်ကို ထူးခြားစွာ ဖုံးလွှမ်းသွားသည်။