Saturday 24 March 2012

Gtalk ပွားနည်းလေးပါ


ဒီနည်းလေး ကတော့ မိမိတို့ gtalk လေးကို သုံးလေး ခုဖွင့်လို့ ၇အောင် ပွားတဲ့ နည်းလေး ဖြစ်ပါတယ်--တော်တော်များများတော့ သိကြပါတယ်--မသိသေးတဲ့ သူများ အတွက်ဖြစ်ပါတယ်---မိမိတို့  gtalk လေး run ပြီးတဲ့ အခါ  ဖွင့်တဲ့ အချိန်မှာ သုံးလေး ခု ဖွင့်လို့ မ၇ပါဘူး---အဲချိန်မှာ အ၇င်ဆုံး gtalk shortcut လေးကို right click လေးထောက်ပြီး properties လေးကို သွားလိုက်ပါ --


 အဲမှာ Google\Google Talk\googletalk.exe" /startmenu ဆိုတဲ့ စာတန်းလေး ၇ှိပါတယ် ---အဲဒီစာတန်းလေးမှာ နောက်ဆုံးက startmenu ကိုဖျက်ပြိး startmenu နေ၇ာမှာ nomutex ထည့်ပေးလိုက်ပါ။
ပြီး၇င်Apply >>Ok ပေးလိုက်ပါ။ အဲဆို၇င်gtalk လေးကို သုံးလေးခု ဖွင့်
လို၇ပါပြီ-----

ဖတ်ကြည့်သင့်သောစာတပိုဒ်

ဒီစာလေး ဖတ်ပေးပါအုံး.... သိပ်ကောင်းတဲ့ စာလေးပါ....
သူငယ်ချင်းတစ်ယောက်ဆီကရတာပါ... ဒီစာလေးဖတ်ပြီ ဒဏ်ရာတွေများရှိနေလို့
ပျောက်ခဲ့မယ်ဆိုရင်..............
ဒီစာလေးကို ကျေးဇူးပြုပြီ ဆုံးအောင်ဖတ်ပေးပါ..........

 ဟိုးရှေးရှေးတုန်းက အင်မတန်မှ စိတ်တိုစိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက်
ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို
အိမ်ရိုက်သံတစ်ထုပ်ပေးလိုက်ပြီး ပြောပါတော့တယ်။ မင်း တစ်ခါစိတ်တိုတိုင်း
သံတစ်ချောင်းကို နောက်ဖေးက ၀င်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။

သူငယ်ချင်းတို့ေ၇...

အဖေက အဲ့ဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ
ဝင်းထရံတိုင်မှာ သံပေါင်း ၃၇ချောင်းရိုက်သွင်းဖြစ်သွားတယ်။ အဲဒီလိုနဲ့
သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ
သူစိတ်သူထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့
ကျဲလာခဲ့တယ်။ ဒီလိုနဲ့ကောင်လေးဟာ ၀င်းထရံမှာ သံပြေးရိုက်တာထက်စာရင်
ဒေါသဖြစ်နေတဲ့စိတ်ကို ထိန်းရတာပိုလွယ်လာမှန်း သဘောပေါက်လာတော့တယ်။

အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေနိုင်တဲ့နေကို ရောက်လာရော။
ကောင်လေးကပြေးပြီး သူအဖေကို သတင်းသွားပို့တယ်.. အဖေရေ.. သားတော့ စိတ်ကို
ထိန်းနိုင်သွားပြီဗျ..

အဲ့ဒီလိုကျတော့ သူအဖေက တစ်မျိုးခိုင်းပြန်ရော.. မင်းကိုယ်မင်း
ဒေါသမဖြစ်အောင် တစ်နေကုန်ထိန်းနိုင်ပြီဆိုတာနဲ့ အဲ့ဒီသံတွေကို
ပြန်နှုတ်ဦးကွာ။ တစ်နေ့ ထိန်း နိုင်ရင် ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့
နှုတ်နော်လို့ မှာလိုက်သတဲ့။ ရက်တွေကြာလာတော့ ကောင်လေးက သူအဖေကို
ပြောနိုင်သွားတယ်။ အဖေရေ.. သားရိုက်ခဲ့တဲ့ သံတွေအားလုံးကို နှုတ်ပြီး
သွားပြီ တစ်ချောင်းမှ မကျန်တော့ဘူး။

သည်အခါအဖေလုပ်တဲ့သူက သားရဲ့လက်ကိုဆွဲပြီး သားရိုက်ခဲ့တဲ့ဝင်းထရံဆီကို
ခေါ်သွားတယ်။ တော်တယ်ငါ့သား လို့လည်းဆိုတယ်။ ဒါပေမယ့် သား သေချာကြည့်စမ်း။
ဝင်းထရံတိုင်မှာ အပေါက်တွေဖြစ်ကျန်ခဲ့တယ်နော်။ ဒီဝင်းထရံတိုင်တွေက
အရင်တုန်းကလို ချောချောမွေ့မွေ့မဟုတ်တော့ဘူး ဆိုတာ သားမြင်တယ် မဟုတ်လား။
အေး.. သားကစိတ်တိုတိုနဲ့ ပါးစပ်ကပြောချလိုက်တဲ့အခါ
တစ်ဖက်သားဆိုတဲ့ဝင်းထရံတိုင်မှာ အခုလိုအမာရွတ်တွေထင်ကျန်ရစ်ခဲ့တတ်တယ်
သားရယ်။
အဲ့ဒီလိုပဲလူတစ်ယောက်ကို သားကဓါးနဲ့ထိုးလိုက်တယ်။
ပြီးရင်ဓါးပြန်နှုတ်ပြီး ရှိခိုးတောင်းပန်တယ်ဆိုပါစို့။
သားဘယ်နှစ်ခါပဲရှိခိုးတောင်းပန်ပါစေ။ ဒဏ်ရာနဲ့ အမာရွတ်ကတော့
မလွဲမသွေကျန်ခဲ့မှာပဲ ငါ့သားရယ်..တဲ့။
တကယ်တော့ မိတ်ဆွေသူငယ်ချင်းတွေဆိုတာ အဖိုးတန်တဲ့ရတနာတွေပါပဲ။ သူတို့ဟာ
ငါတို့တွေကို ပျော်ရွှင်ရယ်မောစေတယ်။ အားပေးကူညီတယ်။ ဒုက္ခ၊သုခတွေကိုလည်း
မျှဝေခံစားကြတယ်။ ရင်ဖွင့်သမျှကို ဂရုစိုက်နားထောင်ပေးတယ်။
ဒါကြောင့်တစ်ခုခုဆိုစိတ်လိုက်မာန်ပါမလုပ်နဲ့။ သူတို့ကိ
ုသံနှုတ်ရာကျန်ခဲ့တဲ့ ၀င်းထရံတွေအဖြစ်မရောက်ပါစေနဲ့။
ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေကို ကိုယ်က ဘယ်လောက်ဂရုစိုက်ကြောင်း
သူတို့ကိုလည်း သူတို့ရဲ့ မိတ်ဆွေတွေအပေါ်
ဂရုစိုက်လာအောင်လုပ်ပေးသင့်ကြောင်းပြောကြားပေးပါ။ ဒါကြောင့်ကိုယ်တိုင်က
သူငယ်ချင်းကောင်း မိတ်ဆွေကောင်းအဖြစ် သတ်မှတ်ထားတဲ့သူတွေဆီကို
ဒီပုံပြင်လေးကို လက်ဆင့်ကမ်းပါ။ ယုတ်စွဆုံး ဒီစာလေးကို ပို့လိုက်တဲ့သူဆီ
ဒီအတိုင်းပြန်ပို့နိုင်ပါသေးတယ်။ ကိုယ်ပို့လိုက်တဲ့စာ ကိုယ့်ဆီ
ပြန်ရောက်လာရင် ကိုယ့်မှာ မိတ်ဆွေကောင်းတွေရှိနေတာကို
အလိုလိုခံစားနိုင်မှာပါ။

ဒီစာအုပ်နာမည်က နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င် ရွှင်လန်းတဲ့စိတ် ဖြစ်ပါတယ်။
ရေးတဲ့သူက ဆရာအတ္တကျော်ပါ။
အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျက်...

Computer Mouse Rught Click Background ထည့်နည်း

ကဲ.....ဒီတခါ သူငယ်ချင်းတို့ ကို Software နောက်တခု့  ပေးမယ် ။
သူငယ်ချင်းတို့  ကွန်ပျူတာမောက်စ်ကို  Desktop ပေါ်မှာပဲ ဖြစ်ဖြစ်  Folder တွေပေါ်မှာပဲ ဖြစ်ဖြစ်
Right Click့ နှိပ်ရင် ပေါ်လာတဲ့  Pop-up Menu  မှာ သူငယ်ချင်းတို့ ရဲ့ စိတ်ကြိုက်ပုံလေး
ထည့်ကြည့်ရအောင် ။အောက်မှာပြထားတဲ့ ပုံစံလေး ဖြစ်သွားအောင်လုပ်မှာပါ ။


အသုံးပြုပုံလေးပါ ရှင်းပြလိုက်မယ်နော် ။ အရင်ဆုံး ဆော့ဝဲလ်လေးကို  ဒေါင်းလိုက်ပါ။
ရလာတဲ့ ဆော့ဝဲလ် Icon လေးကို   Right click တချက်နှိပ်ပါ ။(မှတ်ချက် ။ Left click ၂ချက်မနှိပ်ပါနဲ့ ။အဲဒါဆို ဆော့ဝဲလ်က
အလုပ်မလုပ်ပါဘူး ။) ။ပီးရင်အဲဒီ Right click Pop-up Menu ထဲမှ ဒုတိယ အကြောင်း Run as administratorလေးကို ကလစ်လိုက်ပါ ။ဒါဆိုရင်
အောက်က ပုံမှာပြထားတဲ့ အတိုင်း Software boxလေးပေါ်လာပါမယ်။



။ပီးရင်အဲထဲမှ Install Dll ဆိုတာလေးကို ကလစ်ပါ ။ OKဆိုပီး  boxတခု ထပ်ပေါ်ပါမယ်။အောက်မှာပြထားသလိုပေါ်ပါလိမ့်မယ် ။
အိုကေပေးလိုက်ပါ။



။ပီးရင် အောက်က  Browse Image ဆိုတဲ့ အကွက်လေးကို ကလစ်ပါ ။ပုံထည့်ဖို့  box တခု ထပ်ပေါ်ပါမယ် ။
သူငယ်ချင်းတို့ ထည့်မဲ့ ပုံရွေးရမှာဖြစ်ပါတယ် ။အောက်ကပုံအတိုင်းလေးပေါ်ပါမယ် ။



။ပီးရင် အောက်က  Browse Image ဆိုတဲ့ အကွက်လေးကို ကလစ်ပါ ။ပုံထည့်ဖို့  box တခု ထပ်ပေါ်ပါမယ် ။
သူငယ်ချင်းတို့ ထည့်မဲ့ ပုံရွေးရမှာဖြစ်ပါတယ် ။အောက်ကပုံအတိုင်းလေးပေါ်ပါမယ် ။



ပုံထည့်ပါ။ပုံထည့်ပီးရင် အဲအကွတ်လေးမှာ သူငယ်ချင်းတို့ ထည့်တဲ့ ပုံပေါ်နေပါလမ့်မယ်။အနော်ကတော့  အနော့အတဲလေးပုံ
ထည့်ထားတယ်........:D ။အောက်ကပုံ အတိုင်းဖြစ်နေရပါမယ် ။


ပုံထည့်ပီးရင် Apply ဆိုတဲ့ အကွတ်လေးကို ကလစ်လိုက်ပါ ။အောက်ကပုံလို box လေးပေါ်လာရင်  okပေးလိုက်ပါ ။ဒါဆို ပီးပါပီ ။





ကပ်လျက်အောက်မှာရှိတဲ့  (About နဲ့  Restar Exploer)
ဆိုတဲ့ ၂ကွတ်ကတော့ နှိပ်ဖို့ မလို အပ်ပါဘူး ။နှိပ်လဲ ဘာမှ မဖြစ်ဘူး သိချင်ရင်တော့ စမ်းကြည့်ပေါ့ ။အားလုံးပီးရင် အပေါ် Menu
ကြက်ခြေခတ်လေးကနေ ဆော့ဝဲလ်ကို ပိတ်လိုက်လို့ ရပါပီ ။ပီးရင်  Folder လေးတခုပေါ် Right Clickထောက်ကြည့်လိုက်ရင်
သူငယ်ချင်းတို့ ထည့်ထားတဲ့ ပုံလေးကို မြင်နေရမှာပါ ။အောက်မှာ ကျနော်ထည့်ထားတဲ့ ပုံလေးကို Right Click လုပ်ရင်ပေါ်တဲ့
ပုံလေးပါ ။





ထည့်ထားတဲ့ ပုံမကြိုက်လို့  နောက်ထပ်ပုံပြောင်းချင်တယ်
ဆိုလဲ  ဆော့ဝဲလ်လေးကို အပေါ်ကပြောထားတဲ့ အတိုင်း  ပြန်ဖွင့်  Browse Image ကိုကလစ်ပီး စိတ်ကြိုက်ပုံပြောင်းထည့်
ပီးရင် Apply ပေးလိုက်ရုံပါပဲ ။ကဲ....ဒါဆို အားလုံး အိုကေသွားပါပီ ။ပုံထည့်ရင် အရောင်ဖြော့တဲ့ ပုံလေးတွေထည့်ရင် ပိုလှမှာပါ ။
ရှင်းတာ ရှင်းပြတာ ကိုယ့်ဘာကိုယ်လုပ်တတ်မယ်လို့ ထင်ပါတယ် ။ကျနော်ရှင်းပြတာမှ ပိုရှုပ်နေမလား မတိဝူး ..........:D ။
။ဒေါင်းဖို့ အောက်မှာ Link၂ခုပေးထားပါတယ် ။




မြန်မာတွေ ဘာကြောင့် မချမ်းသာကြသလဲ

မေတ္တာရှင် - ငါ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို တရားဟောကြွတော့ ဆစ်ဒနီက
ဗုဒ္ဓဘာသာ လူငယ်တွေက မြန်မာတစ်မျိုးသားလုံး သိသင့်တဲ့ မေးခွန်းတစ်ခု
မေးတယ်။ အဲဒီမေးခွန်းက -

မြန်မာတွေဟာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်ခွင့်ရတယ်။
ဒါနကုသိုလ်လည်း အများကြီးပြုကြတယ်။ အဲဒီနှစ်ချက်ကို ထောက်ကြည့်ရင်
မြန်မာတွေဟာ ကမ္ဘာမှာ အချမ်းသာဆုံး ဖြစ်သင့်တယ်။ ဒါပေမယ့် ထင်သလောက်
မချမ်းသာဘူး။ အဲဒါ ဘယ်အကြောင်းတွေကြောင့်လဲ တဲ့။

သန်း - ဟာ သိပ်ကောင်းတဲ့ မေးခွန်းပဲ ဘုရား။ ဆရာတော်က ဘယ်လိုဖြေလိုက်လဲ ဘုရား။

မေတ္တာရှင် - အကျဉ်းချုပ် ဖြေလိုက်တာက မြန်မာတွေဟာ ဗုဒ္ဓစကားကို
နားမထောင်ကြလို့ ဆင်းရဲနေကြတာလို့ ဖြေလိုက်တယ်။

သန်း - အဲဒီလောက် ကျဉ်းလွန်းအားကြီးတော့လည်း ဘယ်နားလည်ပါ့မလဲ ဘုရား။
နည်းနည်းအကျယ်ချဲ့ ဖြေဦးမှပေါ့ ဘုရား။

မေတ္တာရှင် - မြန်မာအများစု မကြီးပွါးခြင်း အကြောင်း ၁၁ ချက်ကို တွေ့ရတယ်။
အဲဒီ ၁၁ ချက်ကို ပြင်လိုက်လျှင်တော့ ကြီးပွါးချမ်းသာလာကြမှာ။ အဲဒီ ၁၁
ချက်က -


၁။ တကယ် လိုအပ်သော နေရတွင် မလှူဘဲ နာမည်ကြီးမည့် နေရတွင်သာ
စုပြုံလှူကြခြင်း။ ဥပမာအားဖြင့် စာသင်တိုက်တစ်တိုက်မှာ ကုဋီ (အိမ်သာ)
လိုနေတယ်။ ဒါပေမယ့် လှူမယ့်သူ မရှိဘူး။ ဘာကျတော့ လှူသလဲ ဆိုတော့
ဘုရားခန်းထဲမှာ ရုပ်ပွါးတော်တစ်ဆူ ရှိပြီးဖြစ်လျက်နဲ့ နောက်ထပ်
ရှစ်ဆူလောက် ထပ်လှူတော့ ဘုရားကိုးဆူဟာ ကျပ်ကျပ်တည်းတည်း
စံနေတော်မူကြရတယ်။

ဗုဒ္ဓဘာသာအများစုဟာ ဘုရားဒကာ၊ ဘုရားအမသာ အမည်ခံချင်ကြတာ။ အိမ်သာဒကာ၊
အိမ်သာအမ အမည်မခံချင်ကြဘူး။ လှူတယ်ဆိုတာ ကိုယ့်အတွက် မဟုတ်ပါဘူး။
အလှူခံအတွက်ပါ။ ဒါကြောင့် အလှူခံ လိုအပ်တာကို ရွေးချယ်ပြီး လှူသင့်တယ်။
ကိုယ်လှူချင်တာကို ရမ်းပြီး မလှူသင့်ဘူး။

၂။ မြတ်စွာဘုရားက အင်္ဂုတ္တိရ်ပါဠိတော် ဇဏုသောဏိသုတ်မှာ သမ္မဒါလေးပါးနဲ့
ပြည့်စုံရင် ကြီးပွါးချမ်းသာမယ်လို့ ဟောခဲ့တယ်။ ဗုဒ္ဓဘာသာအများစုဟာ
တစ်ပါးမှ မပြည့်စုံဘူး။

၃။ ဘာသာရေးအပေါ်မှာထားတဲ့ မေတ္တာ စေတနာမျိုးကို စီးပွါးရေးအပေါ်မှာ
မထားကြလို့လည်း မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွားကြဘူး။

၎။ ပျင်းရိခြင်း အကုသိုလ်ကို ရောင့်ရဲခြင်းကုသိုလ်လို့ အထင်မှား
ကျင့်သုံးနေတဲ့အတွက်လည်း မြန်မာတွေဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၅။ အတ္တသမာပဏီဓိ မင်္ဂလာချို့တဲ့လို့ တစ်နည်းအားဖြင့် မိမိကိုယ်မိမိ
ကောင်းတဲ့အလုပ်မှာ ဆောက်တည်နေနိုင်စွမ်း မရှိလို့လည်း မြန်မာအများစုဟာ
ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၆။ အချိန်တန်ဖိုးကို မသိကြတဲ့အတွက်လည်း ကြီးပွါးသင့်သလောက်
မကြီးပွါးကြဘူး။ အချိန်တန်ဖိုး သိတဲ့သူများဟာ ဥစ္စာစည်းစိမ်ကို ရခြင်း၊
ကုသိုလ်တရားကို ရခြင်း၊ ပညာဗဟုသုတကို ရခြင်း အမျိုးမျိုးနဲ့ အချိန်ကို
တန်ဖိုးရှိစွာ အသုံးချတယ်။ အချိန်တန်ဖိုး မသိတဲ့သူများကတော့
မြူးထူးပျော်ပါးကစားခြင်း၊ ငြင်းခုံခိုက်ရန် စကားများခြင်း အချိန်ကို
တန်ဖိုးမဲ့စွာ အသုံးချတယ်။

၇။ ကိုယ့်ထက်သာလျှင် မနာလိုဖြစ်ပြီး သူတစ်ပါးအကျိုး ပျက်စီးအောင်
ဖျက်ဆီးတတ်ကြတယ်။ ဒီအချက်ဟာလည်း မြန်မာအများစု မကြီးပွါးခြင်းရဲ့
အကြောင်းတစ်ခုပဲ။ ကိုယ့်ထက်သာလို့ ဝမ်းသာရင် မုဒိတာလို့ ခေါ်တဲ့
ကုသိုလ်တရားဖြစ်တယ်။ ကိုယ့်ထက်သာလို့ မနာလိုဖြစ်ရင် ဣဿာဆိုတဲ့
အကုသိုလ်တရား ဖြစ်တယ်။

ပညာရှိ ပညာမဲ့ဆိုတာ ဒီနေရာမှာ ကွဲသွားတာပဲ။ ပညာရှိက ကိုယ့်ထက်သာတဲ့
လူကိုတွေ့ရင် ဝမ်းမြောက်ခြင်းဆိုတဲ့ မုဒိတာကုသိုလ်ကို အရယူတယ်။ ပညာမဲ့က
ကိုယ့်ထက်သာတဲံသူကို တွေ့ရင် ဣဿာလို့ခေါ်တဲ့ အကုသိုလ်ကို အရယူတယ်။
ဒေါက်တာဘွဲ့ကြီး ရထားပါစေ၊ မနာလိုတတ်တဲ့သူဟာ ပညာမဲ့ပါပဲ။ ဘာအတန်းပညာမှ
မတတ်ရင် နေပါစေ၊ ကိုယ့်ထက်သာတဲ့ သူအပေါ်မှာ ဝမ်းမြောက်ရင် ပညာရှိပဲ။

ဣဿာဖြစ်နေသလား၊ မုဒိတာဖြစ်နေသလား ဆိုတာ သူ့ရဲ့နှုတ်က ထုတ်ဖော်
အစီရင်ခံပါလိမ့်မယ်။ တော်တာကို တော်ပါတယ်လို့ လှိုက်လှိုက်လှဲလှဲ
ချီးမွမ်းစကားပြောရင် သူ့သန္တာန်မှာ မုဒိတာတရား ဖြစ်နေတယ်လို့ သိနိုင်တယ်။
မချီးမွမ်းဘဲ နှုတ်ဆိတ်နေခြင်း၊ မပြောပလောက်တဲ့ အားနည်းချက်ကို
ထောက်ပြပြီး အပြစ်ပြောနေခြင်းဟာ သူ့သန္တာန်မှာ ဣဿာဖြစ်တယ်လို့ ပြတာပါပဲ။

ပညာမဲ့က သူ့သန္တာန်မှာ ဣဿာတရားဖြစ်နေတယ် ဆိုတာကို သူတစ်ပါးရဲ့ အပြစ်ကို
အတုံးလိုက် အတစ်လိုက်ပြပြီး ထင်ထင်ရှားရှား ပြတယ်။ ပညာတတ်တွေကျတော့
သူတို့သန္တာန်မှာ ဖြစ်နေတဲ့ ဣဿာကို ထင်ထင်ရှားရှား မပြဘူး။ မသိမသာဘဲ
ပြတယ်။ ပညာတတ်က သူတို့သန္တာန်မှာ ဣဿာဖြစ်နေတာကို သူတစ်ပါး
သိသွားမှာကိုလည်း စိုးရိမ်တယ်။ အဲဒီတော့ ပညာတတ်က အောင်မြင်နေတဲ့
လူတစ်ယောက်ရဲ့ မပြောပလောက်တဲ့ အပြစ်ကလေးကို ခပ်ပါးပါး ထောက်ပြပြီး
အမှတ်ယူတတ်တယ်။ အပေါ်ယံ ကြည့်ရင်တော့ အောင်မြင်နေတဲ့ လူရော၊
သူ့နောက်လိုက်တပည့်တွေကိုပါ မှားမှာစိုးလို့ သတိပေးတဲ့ ပုံစံမျိုးပေါ့။
အမှန်က မိမိရဲ့ဣဿာကို သူတစ်ပါး မသိအောင် ခပ်ပါးပါး လှစ်ပြတာပါပဲ။

၈။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ နံပါတ်ရှစ် အကြောင်းကတော့ စာပေဗဟုသုတ
မရှိတာပါပဲ။

၉။ နံပါတ် ၉ အကြောင်းကတော့ ဒေသန္တရဗဟုသုတ မရှိတာပါပဲ။ ဒါကြောင့်
စာပေဗဟုသုတရှိအောင် စာမျိုးစုံ ဖတ်သင့်ပြီး တစ်နှစ် တစ်ကြိမ်
ဒေသန္တရဗဟုသုတခရီးကို သွားသင့်ပါတယ်။

၁၀။ နံပါတ်တစ်ဆယ် အကြောင်းကတော့ ခေါင်းဆောင်စိတ် နည်းပါးတာပါပဲ။
ကောင်းတဲ့ အလုပ်ဆိုရင် မခိုင်းဘဲ လုပ်တာ။ အလုပ်ကို အများကြီး လုပ်ပြီး
အခွင့်အရေးကို နည်းနည်းယူတာတွေဟာ ခေါင်းဆောင်စိတ်ပါပဲ။
ဆန့်ကျင်ဘက်အားဖြင့် ခိုင်းမှ လုပ်တတ်တာ။ အလုပ်ကို နည်းနည်းလုပ်ပြီး
အခွင့်အရေး အများကြီးယူတာဟာ နောက်လိုက်စိတ် ခေါ် ကျွန်စိတ်ပါပဲ။

၁၁။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ ၁၁ ခုမြောက် အကြောင်းကတော့
ကိုယ့်အားကိုယ်ကိုးလိုစိတ် နည်းပါးတာပါပဲ။ အနောက်တိုင်းနိုင်ငံ အများစုက
အရှေ့တိုင်းနိုင်ငံ အများစုထက် ချမ်းသာကြွယ်ဝနေရခြင်းရဲ့ အဓိကအကြောင်းဟာ
၁၈ နှစ်ပြည့်တာနဲ့ ကိုယ့်အားကိုယ်ကိုးပြီး စီးပွါးရေး အလုပ်လုပ်ကြလို့ပဲ။
အနောက်နိုင်ငံက လူငယ်တွေဟာ ၁၈ နှစ်ပြည့်ပြီးတာနဲ့ လူကြီးဖြစ်ပြီလို့
သတ်မှတ်ပြီး စီးပွါးရေးလုပ်ငန်း၊ တစ်နည်း ငွေဝင်တဲ့ လုပ်ငန်းတစ်ခုခုကို
မဖြစ်မနေ လုပ်ကြတော့တာပဲ။

မြန်မာအမျိုးသမီးတစ်ဦး နယူးဇီလန်နိုင်ငံကို ပညာတော်သင် ရောက်သွားတယ်။
တစ်နေ့ ကိစ္စတစ်ခုရှိလို့ တက္ကစီ ငှားစီးသွားတယ်။ ကားမောင်းသမားလေးက အသက်
ငယ်ရွယ်သူလေး ဖြစ်နေလို့ ကျောင်းမတက်ဘူးလားလို့ မေးကြည့်တဲ့အခါ
ဆေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားဖြစ်နေတယ်။ မြန်မာအမျိုးသမီးဆိုတော့
မြန်မာပြည်ရဲ့ အလေ့အထအတိုင်း မိဘက မတတ်နိုင်လို့ တက္ကစီမောင်းနေရတာလို့
ထင်သွားတာပေါ့။

သန်း - အဲဒီအတိုင်း ဟုတ်ပါသလား ဘုရား။

မေတ္တာရှင် - ဘယ်ဟုတ်ရမှာလဲ။ မေးလိုက်တဲ့အခါ ဟိုက ဘယ်လို ပြောသလဲဆိုတော့
ကျွန်တော်တို့ နိုင်ငံရဲ့ အလေ့အထက အနောက်တိုင်းဆန်ပါတယ်။ ဒါကြောင့် ၁၈
နှစ် ပြည့်ပြီးတာနဲ့ မိဘကို အားကိုးပြီး မနေကြပါဘူး။ ကိုယ်ပိုင်လုပ်ငန်း
တစ်ခုခုလုပ်ပြီး ငွေရှာပါတယ်။ အဲဒီငွေနဲ့ ကျောင်းတက်ပါတယ်။ ၁၈ နှစ်
ပြည့်ပြီးရင် လူကြီးဖြစ်ပြီလို့ သတ်မှတ်ပါတယ်။ လူကြီးဘဝ ရောက်နေပြီ
ဖြစ်ရက်နဲ့ မိဘလုပ်စာ ထိုင်စားရမှာ မိဘလုပ်စာနဲ့ ကျောင်းတက်ရမှာကို
အင်မတန် ရှက်ကြပါတယ်။

၁၈ နှစ်ပြည့်ပြီး သူငယ်ချင်းတွေ တွေ့ကြတဲ့အခါ ဘယအလုပ် လုပ်သလဲလို့
မေးမြန်းနှုတ်ဆက်တတ်ပါတယ်။ ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရက်နဲ့ စီးပွါးရေး
အလုပ်တစ်ခုမှ မလုပ်တဲ့သူကို လူရာမဝင်သူလို့ သတ်မှတ်ပြီး ဘယ်သူမှ
အပေါင်းအသင်း မလုပ်ကြပါဘူးလို့ အားရပါးရ ပြန်ပြောတယ်။

သန်း - တပည့်တော်တို့ မြန်မာလူငယ်တွေနဲ့ ကွာလိုက်တာ ဘုရား။ ဒီမှာတော့
ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာပြီး ကျောင်းတက်တဲ့လူကို ဆင်းရဲသားဆိုပြီး
ဝိုင်းအထင်သေးကြတယ်။ မိဘလုပ်စာစား၊ မိဘအိမ်က ကားနဲ့ စတိုင်ကျကျ
ကျောင်းတက်နိုင်သူကိုမှ သူဌေးဆိုပြီး အထင်ကြီးကြတယ်။

မေတ္တာရှင် - အေး ဟုတ်တယ်။ မြန်မာ အများစုဟာ ဂုဏ်မယူသင့်တာတွေကို
ဂုဏ်ယူပြီး ဂုဏ်ယူသင့်တာကို ဂုဏ်မယူတဲ့အတွက် ကြီးပွါးသင့်သလောက်
မကြီးပွါးကြတာဘဲ။

~~~
မေတ္တာရှင်(ရွှေပြည်သာ)၏ လူငယ်များအတွက် ဂမ္ဘီရဝိပဿနာ -
ဆောင်းပါးမှကူးယူဖော်ပြပါသည်။

အမေ

နွေအခါမှာပိတောက်

မိုးရောက်တော့ပိဒုမ္မာ

ဆောင်းမှာတော့သဇင်မင်း

...ရာသီတွေင်းကြိုင်လှိုင်

အလှချင်းပြိုင်ကြတာအခါခါပေါ့...

*အမေရဲ.မေတ္တာတရား

နွေမှာပဲပူနေနေ

မိုးစွေလို့ပဲအေးအေး

သဇင်လေးတွေပွင့်တဲ့ရာသီ

ဆောင်းမပီတပီမှာပဲဆိုဆို

အပိုလိုမရှိ

ပကတိမေတ္တာတရား

ယိုစီးကျသွားတာက

အတူတူပါပဲနော်။။

ဘယ်ရင်ခွင်ဘယ်လောက်အေးအေး

ဘယ်ရေအေးဘယ်လောက်စင်စင်

ဘယ်သခင်ဘယ်လိုစောင့်ရှောက်စောင့်ရှောက်

ဘယ်စကားဘယ်လိုချိုချို။

အမေ့ကိုတော့မမှီနှိင်

နို့ရေအိုင်ထဲကအမေ့သား

ဒါကြောင့်များ

အားရှိတယ်ထင်ရဲ.။

*အမေလို့

ခေါ်ရတဲ့အရသာ

ရင်ခွင်မှာလျှံဖိတ်

ကြည်နူးပီတိစိတ်တွေနဲ့

အိပ်ရတာပျော်တယ်အမေ။

*အမဆိုတာအင်အား

အမေဆိုတာဥာဏ်ပညာ

အမေဆိုတာမေတ္တာပင်လယ်

ကျယ်ပြောတဲ့သည်စကား

အမေဆိုတဲ့အားတစ်ခုတည်းနဲ့ပဲ

မမေားနှိင်အောင်

ပြေခဲ့တဲ့ခရီး

ဟောခုတော့

တော်တော်ကြီးတောင်

ရောက်ခဲ့ပါပြီအမေ။

*အမေ့ကိုသတိရ

ရွာပြန်လို့လွမ်းကြတဲ့အခါ

ရွာဝပိတောက်ပင်ကြီး

ဆီးလို့သာပြုံးပြ

မောရာကပျော်တယ်အမေ။

*သည်ပြေသည်ရေ

သည်ယာမြေ စပါးတေားမှာ

ပျော်မေားခဲ့တဲ့အမေ့မေတ္တာတရား

ဟောခုထိ

သင်းသင်းလေးတောင်ရှိသေးတာပါလား။

ကျောင်းကြီးရယ်အို

ဆည်းလည်းသံတချိုချိုနှင့်

ကပိုကယိုပွေဖက်

မမေ့ရက်နှိင်တဲ့အမေ့ရွာ

မေ့မေတ္တာတွေလွှမ်းလို့လေ။

*ပြောလို့မကုန်တာ

အမေ့စကား

စီးဆင်းမကုန်တာ

မေ့မေတ္တာတရား...

သားစားချင်တယ်ဆိုလို့

ရွာလယ်ကြားကသင်္ဘောပင်

လူမမြင်ခင်ရုတ်တရက်

ခိုးဝှက်ထွက်ပြေး

*ဟေးသူခိုး*ဆိုပြီးဝိုင်းရိုက်

ခိုက်ဆိုက်လဲနေတဲ့

အမေ့ရင်ခွင်

သားစားချင်ရှာတဲ့

သင်္ဘောသီးလေးတစ်လုံးပေါ့

*ရိုက်သူကသား

ရင်ခွင်ကြားမှာဝှက်ထားတဲ့

သင်္ဘောသီးနဲ့အမေ

ဘယ်လောက်

ကြေကွဲနေလိုက်ရှာမလဲ

သားရင်ထဲနင့်တယ်အမေ

သည်ဇာတ်လမ်းလေးကြားဖူး

မေတ္တာလူးတဲ့အမေ့ကို

သား...ဦးမချဘဲမနေနှိင်ပါဘူးမေမေ....

ခံစားချက်


တကယ်ဆိုရင်ေ0း နေကြတာပဲ

ဘာအတွက်နဲ့ လွမ်းနေရတာလည်း

အကြောင်းပြချက်မရှိပဲ လွမ်းနေတရ်

နှလုံးသားချင်းနီးပေမဲ့

လူချင်းေ0းနေတရ်တဲ့

တကယ်တော့ နှလုံသားချင်းေ0း နေပြီး

လူချင်း နီးနေတာကရော ဘယ်လိုလည်း

သွေးအေးအေးနဲ့ ရက်စက်ခဲ့တဲ့ ချစ်သူ

မင်းအလှည့်ကျရင် ဒီထက် သွေးအေးနေပါစေ

မင်းတို့အလှည့်ကျ မိုးရွာထား တဲ့

ငါကတော့ အဲ့လိုမဟုတ်ဘူး

မင်းတို့ အလှည်ကျ Block ပဲ Block တက်တာ

ငါ့အလှည့်က Connect ပါဖြုတ်မှာ မှတ်ထား

အလွမ်းနေ့ရက်ရှည်တဲ့

သူတို့က နေ့ရက်ပဲရှည်တာ

ကျွန်တော်ကတော့ နှစ်နဲ့ချီပြီး အလွမ်းနှစ်ရှည်ဖြစ်နေပြီ

အချစ်အကြောင်းနားမလည်ခဲ့တဲ့ ငါ

အလွမ်းတွေကို မသိခဲ့တဲ့ ငါ

အမုန်းတွေကို မသင်ခဲ့ဘူးတဲ့ ငါ

တမ်းတခြင်းဆိုတာ ဘ၀မှာမရှိတဲ့ ငါ

ဒါတွေကို မင်းက ငါ့ကို သင်ကြားပေးခဲ့တရ် ချစ်သူ

ဒါတွေ အတွက် မင်းကို ကျေးဇူးတင်တရ် ....

ငါ့ကို လှည့်စားဖို့ သင်ပေးခဲ့တဲ့ အတွက် ပါ .......

လင်ယောက်ျားအရောင်းဆိုင်

လင်ယောက်ျားအရောင်ဆိုင်တစ်ဆိုင် နယူးယောက်မြို့ပေါ်မှာ ဖွင့်လှစ်လိုက်ပါတယ်…။ အမျိုးသမီးတွေအနေနဲ့

အဲဒီဆိုင်မှာ ကိုယ့်စိတ်ကြိုက် ယောက်ျားမျိုးကို ရွေးပြီးဝယ်နိုင်ပါတယ်။ စတိုးဆိုင်ရဲ့အလုပ်လုပ်ပုံကို အ၀င်အထွက်မှာ လမ်းညွှန်ဆိုင်းဘုတ်တွေနဲ့ ရေးပေးထားတယ်။ အဆောက်အအုံရဲ့ အ၀င်ဝမှာတော့ သတိပေးစာရေးထားတာက

``သင်တစ်ကြိမ်သာ လာရောက်ခွင့်ရှိသည်´´ တဲ့။

စတိုးဆိုင်က အထပ်ခြောက်ထပ်ရှိပါတယ်။ အထပ်မြင့်သွားလေလေ ရောင်းကုန်ယောက်ျားလေးတွေရဲ့ အရည်အသွေးက မြင့်လေလေပေါ့။ဆုံးဖြတ်ချက်ချပြီးပြီဆိုရင်တော့အထပ်တစ်ထပ်က ယောက်ျားတစ်ယောက်ကို

ရွေးချယ်ဝယ်ယူနိုင်သလို မကြိုက်သေးရင်တော့ နောက်တစ်ထပ်တက်ပြီး လေ့လာနိုင်တာပေါ့။

ဒါပေမယ့် သတိထားရမှာက အထပ်တစ်ထပ်တက်ပြီးသွားတာနဲ့ အောက်ထပ်က ရောင်းကုန်ယောက်ျားလေးကို
ရွေးပိုင်ခွင့်မရှိတော့ဘူး။ စတိုးဆိုင်ထဲက ပြန်ထွက်မှဆိုမှပဲ အောက်ဆင်းပိုင်ခွင့်ရှိတော့တယ်။ ဒါတွေက ဒီစတိုးဆိုင်ရဲ့ စည်းမျဉ်းစည်းကမ်းတွေပေါ့။

အမျိုးသမီးတစ်ယောက် ဆိုင်ထဲဝင်လာတယ်။ သူ့အတွက် လိုက်ဖက်ညီမယ့်ခင်ပွန်းလောင်း လင်ယောက်ျားတစ်ယောက်ဝယ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။



ပထမထပ်ရဲ့ အ၀င်တံခါးမှာ ချိတ်ထားတဲ့ ဆိုင်းဘုတ်ကို ဖတ်ကြည့်လိုက်တယ်။

(၁) လွှာ - - - - အလုပ်အကိုင်ရှိ၍ ဘာသာရေးကိုင်းရှိုင်းသော အမျိုးသားများ။



ဒုတိယထပ်ရဲ့ဆိုင်းဘုတ်က

(၂) လွှာ - - - - အလုပ်အကိုင်ရှိ၍ ဘာသာရေးကိုင်းရှိုင်းသည့်အပြင် ကလေးလည်းချစ်တတ်သော အမျိုးသားများ။



တတိယထပ်ရဲ့ ဆိုင်းဘုတ်က...

(၃) လွှာ - - - - အလုပ်အကိုင်ရှိ၍ ဘာသာရေးကိုင်းရှင်းသည့်အပြင် ကလေးလည်းချစ်တတ်ပြီး ရုပ်ရည်သန့်ပြန့်သော အမျိုးသားများ။

ဆိုင်းဘုတ်ဖတ်ပြီး အမျိုးသမီးမှာ ``၀ိုး……. ဆိုတဲ့ အာမေဋိတ်သံ ထွက်လာပေမယ့် နောက်တစ်ထပ် ဆက်တက်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။



(၄) လွှာ - - - - အလုပ်အကိုင်ရှိ၍ ဘာသာရေးကိုင်းရှိုင်းသည့်အပြင် ကလေးလည်းချစ်တတ်ပြီး ကြွေလောက်အောင် သန့်ပြန့်ရုံမက အိမ်မှုကိစ္စများကိုပါ ၀ိုင်းကူလုပ်ပေးတတ်သော အမျိုးသားများ။

``ဟိုက်ရှားပါ…. ကြွေစမ်း။ ငါခြေထောက်တွေ မခိုင်တော့ပါလား´´ လို့ ရေရွတ်နေမိတယ်။



(၅) လွှာ - - - - အလုပ်အကိုင်ရှိ၍ ဘာသာရေးကိုင်းရှိုင်းသည့်အပြင် ကလေးလည်းချစ်တတ်ပြီး ကြွေလောက်အောင်

သန့်ပြန့်ရုံမက အိမ်မှုကိစ္စများကိုပါ ၀ိုင်းကူလုပ်ပေးတတ်သလို အင်မတန်ချစ်တတ်၊ ကြင်နာတတ်သော အမျိုးသားများ၊



ဒီထက်ကောင်းတယ်ဆိုတာတောင် ဒီလောက်ကောင်းတော့မယ်မထင်။ သူ့ရဲအာရုံတွေက ဒီအလွှာမှာပဲ တစ်ဝဲလည်လည်ဖြစ်နေတော့တယ်။ ဒါပေမယ့် သူရဲ့ခြေလှမ်းတွေက နောက်တစ်ထပ်တက်ဖို့ လှေကားဘက်ကိုပဲ ဆက်ပြီးချီတက်နေတော့တယ်။ ဆဋ္ဌမထပ်က ရွေးချယ်မှုပိုကောင်းနိုင်သေးတာပေါ့။

ဒီလိုနဲ့ ဆဋ္ဌမထပ်ကိုဆက်တက်ဖို့ဆုံးဖြတ်ချက်ချပြီး တက်လိုက်ပါတော့တယ်။



ဆဋ္ဌမထပ်ရဲ့ ဆိုင်းဘုတ်ကတော့…….

(၆) လွှာ - - - - သင်ဟာ ဒီအထပ်ကို ရောက်လာတဲ့ (458757)ယောက်မြောက် ဧည့်သည်ပါ။ ဒီအလွှာမှာ ဘယ်အမျိုးသားမှ မရှိပါဘူး။ မရောင့်ရဲနိုင်တဲ့ အမျိုးသမီးတွေအတွက် အထီးကျန်မှုတွေပဲ ရှိပါတယ်။



လင်ယောက်ျားစတိုးဆိုင်ကို ဈေးဝယ်လာတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ ဆိုင်ကနေထွက်တော့မယ်ဆိုရင် ပစ္စည်းများ မေ့မကျန်ရစ်အောင် အထူးသတိပြုပေးပါ။ အစစအရာရာ အဆင်ပြေပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

အလွမ်းသ မားလေး မှ

အဆိပ်တက်အလွမ်း

တရေးနိုးသော်အကြံပေါ်
ပေါ်တဲ့အကြံ တစ်ထောင်တန်
ငယ်ငယ်ကအမေဆိုပြခဲ့တာ ကြားဘူးတာပဲ

အခုတော့တရေးနိုးပြီ
အလွမ်းတွေကလည်း တစ်ထောင်မတန်လိုက်တာ

အိပ်မက်မှာ ငိုဘူးတော့
နှလုံးသားက ရူးသလိုလို

အလင်းမဲ့အိပ်မက်မှာ
အဖော်ဆိုလို့ အရိပ်တောင်မရှိ

တိတ်ဆိတ်တဲ့ ခြေလှမ်းတွေနဲ့
နှလုံးသားကို ကုတ်ခြစ်သွားလိုက်တာ
အလွမ်းတွေက တစက်စက်

ကျိုးပဲ့နေတဲ့အိပ်မက်မှာ
ဒဏ်ရာတွေပြည့်နှက်နေလို့
အိပ်မက်ထဲက အလွမ်း
ကြမ်းသလား နုသလား
မမှတ်မိတော့ဘူး

နှလုံးသားလည်း အဆိပ်တက်
အိပ်မက်မှာလည်း အလွမ်းတွေနဲ့
အိပ်မရလို့ ထထိုင် ငိုင်နေတာတောင်
သူ့ ကို သတိရနေတုန်း ..။

အလွမ်းတွေနှိပ်စက် အိပ်ပျက်တဲ့ညတွေမှာ
မနေနိုင်လို့  ကလောင်ကိုင်
ရေးမိတာက အချစ်အကြောင်း

မျက်ကွင်းလည်းညို
လူလည် အိုပြီ ..။

ဘယ်လောက်ပင် နှိပ်စက်
စိတ်မပျက်တဲ့ ငါ…။

တွေးနေရင်း ငေးနေရင်း
မိုးမလင်းခင် အရှိန်သတ်
အလွမ်းတွေကို
ရပ်ပစ်လိုက်တော့မည်။
 

သူနဲ့ပတ်သက်ရ်ျနောက်ဆုံးရင်ဖွင့်ခွင့်ပြုပါအမေ..............

အမေ.. ကျနော် ပျော်ပါတယ်….ဘာပဲဖြစ်ဖြစ် ကျနော်အရမ်းပျော်ပါတယ် အမေ
ခုချိန်မှာ ကျနော် နေတတ်အောင်ကြိုးစားနေပါပီ…..။
သူနဲ့ပတ်သတ်သမျှ အရားအားလုံးကို နားလည်လက်ခံတတ်ပါပီ…။
သူပေးအပ်သမျှ အရာအားလုံး၊ ခံစားချက်ပေါင်းစုံကို ကျနော် အမြတ်တနိုးသိမ်းဆည်းထားတတ်ပါပီ….။
တခါတလေ သူ့ဆီက နွေးထွေးအားပေးမှုတွေရရင် အရမ်းပျော်သလို
ဥပေက္ခာ နဲ့ အမုန်းတရားတွေပေးလည်း လက်ခံနိုင်ပါပီ…။
သူ့ရဲ့ နှုတ်ဆက်ခြင်း စကားလုံးတွေကိုလည်း မြတ်နိုးတယ်…။
သူ့ရဲ့ လျစ်လျူရှုမှု တွေကိုလည်း မြတ်နိုးတယ်…။
သူ့ရဲ့ အော်ငေါက်မှုတွေကိုလည်း အပြုံးမပျက် လက်ခံနိုင်ပီ …. အမေ။
သူ ဘာပြောပြော ဘာလုပ်လုပ် အနာကျင်ရက်ဘူး အမေ..။
အမုန်းနိုင် မမေ့နိုင်ဘူး………..။
သူ စိတ်ညစ်နေတဲ့အချိန်တွေဆို ကျနော်လေ သူ စကားမပြောချင်မှန်းသိသိနဲ့ လှမ်းခေါ်မိတတ်တယ် အမေ…။ ကျနော့် စိတ်ထဲမှာ သူ့စိတ်ညစ်မှုတွေ ပြေလိုပြေငြား၊ ကျနော့်ကို သူ့စိတ်ထွက်ပေါက်အနေနဲ့ပဲ ဖြစ်ဖြစ် အသုံးပြုစေလိုတယ် အမေ..။
ဘာပဲဖြစ်ဖြစ် သူ ကျနော့်ကို ဘယ်လိုစကားလုံးတွေပဲပြောပြော သူ့စိတ်နည်းနည်းလေးဖြစ်ဖြစ် ပြေသွားရင် ကျနော် အရမ်းဝမ်းသာတယ် အမေ..။
ကျနော်လေ သူပျော်ရွှင်နေတယ်ဆို တိတ်တိတ်လေး နေနိုင်ပေမယ့် သူ စိတ်ရှုပ်ထွေး
စိတ်ညစ်နေရင် မခေါ်ပဲ မနေနိုင်ဘူး အမေ..။
ကျနော့် သူ့ဆီက ရရှိလာမယ့် စကားလုံးတွေကို မျှော်လင့်နေတတ်ပီ အမေ..။
ဝမ်းနည်းဖွယ် စကားလုံး။ မုန်းတီးဖွယ်စကားလုံး ဘာတွေပဲ သူပြောပြော
ကျနော် ကျေနပ်နေတာပဲ အမေ..။
သူ ကျနော့်ကို ဘယ်လောက်ပဲ နာကျည်းအောင် / နာကျင်အောင် ပြောပြော
ကျနော် မနာကျင်၊ မနာကျည်းမိဘူး အမေ……။
ဝမ်းနည်းတဲ့စိတ်တော့ ဖြစ်မိပါတယ်…..။
သူပေးအပ်သမျှ အရာအားလုံးဟာ ကျနော့်အတွက်တော့ ကြီးမြတ်တဲ့ ဆုလဘ်မွန်တွေပါပဲ အမေ…။
ကျနော် ကျေနပ်တယ် အမေ…။
သူ့ ဆီက ရရှိတဲ့ စကားလုံးတိုင်းကို ကျနော် မြတ်နိုးတယ်..။ အမြဲသိမ်းဆည်းထားပါတယ်…။
ရင်ထဲမှာ ကျေနပ်ဝမ်းမြောက်မှုတွေ အမြဲကိန်းအောင်းနေပါတယ် … အမေ။
ကျနော့်ကို သူ ဘာမှမပြောပဲ ဥပေက္ခာ ပြုထားတာထက်စာရင် ဆိုးဆိုးရွားရွားစကားလုံးတွေ၊ နာကျင်တဲ့စကားလုံးတွေ…။ မုန်းတီးတဲ့ စကားလုံးတွေ ပြောနေစေချင်တယ် …။
သူ့စိတ်ထဲမှာ ကျနော့်ကို သူ ဒုက္ခပေးနေတယ်၊ နှောက်ယှက်နေတယ် ထင်နေတယ်အမေ..။
အမှန်က သူ့ဒုက္ခပေးမှု၊ သူ့စိတ်ညစ်မှု သူ့စိတ်ရှုပ်ထွေးမှု၊ သူ့အပြုအမူမှန်သမျှ တွေနဲ့
သူဆိုတဲ့ အသိစိတ်နဲ့ ကျနော် အသက်ဆက်ရှင်နေတာကို သူမသိဘူး အမေ…။
လောကကြီးမှာ သူရှိနေတယ်ဆိုတဲ့ အသိတစ်ခုနဲ့တင် ကျနော့်ဘ၀ ပြည့်စုံ အသက်ရှင်နေတာပါ အမေ..။
သူ သာယာအေးချမ်းတဲ့ဘ၀၊ ငြိမ်းချမ်းတဲ့ဘ၀တစ်ခု ပိုင်ဆိုင်ပီဆိုရင် ကျနော် သေပျော်ပီ အမေ..။ သူ့ကို လုံးဝ မဆက်သွယ်ပဲ လျစ်လျူရှုနေနိုင်ပီ အမေ..။
ကျနော် လည်းအေးချမ်းပါပီ။
ခုချိန်မှာတော့ သူ့ဆီက ရောက်ရှိလာမယ့် စကာလုးံကြမ်းကြမ်းတွေ။ ဆတ်ဆတ်ခါနာကျင်စေမယ့် စကားလုံးတွေကို ကျနော် အရမ်းမျှော်လင့်မိနေပီ အမေ..။
“ အချစ်” ဆိုတဲ့စကားလုံးက ကျနော့်အတွက်တော့ ပေါ့သွမ်းလွန်းပါတယ် အမေ။
လူတိုင်းပြောဆိုနေကျတဲ့ “အချစ်” ဆိုတာ ဘယ်လိုမျိုးလဲ
ကျနော် နားမလည်ဘူး အမေ..။
ဒါပေမယ့် ကျနော့်အသက်ကိုပေးရလို့ သူအမှန်တကယ် ပျော်ရွှင်ငြိမ်းချမ်းမယ်ဆိုရင် ကျနော့် အသက်နဲ့ သူ့ပျော်ရွှင်မှု လဲပေးလိုက်ချင်တယ် အမေ…။
ကျနော် ဟာ လူညံ့တစ်ယောက်၊ လူပိန်းတစ်ယောက် ခပ်ထုံထုံ ခပ်ပိန်းပိန်း လူတစ်ယောက်ပါ အမေ ။ ကျနော့်မှာ လတ်တလေ ပိုင်ဆိုင်တာဆိုလို့ ကျနော့်အသက်ပဲရှိပါတယ်…အမေ။
သူငြိမ်းချမ်းဖို့အတွက် ကျနော့်မှာ ပေးအပ်စရာဆိုလို့ အသက်ပဲရှိပါတယ် …. အမေ။
အမေ မွေးပေးတဲ့ အသက်နဲ့ အမေ မွေးပေးခဲ့တဲ့ စိတ်တွေအားလုံး သူ့အတွက်ဖြစ်သွားတဲ့အတွက် ကျနော့်ကို ခွင့်မလွှတ်ပါနဲ့ အမေ…။
ဘ၀ ဆက်ဆက် ဒီကြွေးတွေကိုကျနော် ကျေအောင်ဆပ်ပါ့မယ် အမေ..။
အမေ….
တစ်ခါတလေ ကျနော် စဉ်းစားလို့မရဘူး အမေ..။
သူ ဘာလို့ ကျနော့်အပေါ် ရန်သူလိုဖြစ်သွားရတာလဲ…။ မိတ်ဆွေသူငယ်ချင်း မောင်နှမ သားချင်းတစ်ယာက်လိုတောင် ဘာလို့ သဘောမထားနိုင်ရတာလဲ..။
ဘာကြောင့် ကျနော်ပေးအပ်လိုက်သမျှ သူ့အတွက် နာကျင်မှုတွေ။ အမုန်းတွေ ဖြစ်ဖြစ်သွားရတာလဲ..။
သူ ဘာကြောင့်အရမ်းမုန်းသွားရတာလဲ ဗျာ……..။
ကျနော်ပဲ ကံဆိုးနေတာနေမှာပါ…….။
ကျနော့်ဘက်က အကောင်းဆုံးအရာလို့ထင်ထားသမျှ သူ့အတွက် အဆိုးဆုံးဖြစ်ဖြစ်သွားတယ်…။
ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ်…. သူဟာ ကျနော့် ကောင်းကင်တစ်ခုပါ။
ကျနော်သူ့ကို အမြဲထာဝရ လေးစားတယ်။ တန်းဖိုးထားတယ်။ ယုံကြည်တယ်…….။
အမေ …
ကျနော့် ခံစားချက်တွေကို နောက်ဆုံးရင်ဖွင့်ခြင်းပါ အမေ..။
သူအနေမကျဉ်းကျပ်အောင် စိတ်ချမ်းသာအောင် ကျနော် တိတ်တိတ်လေးပဲ နေသွားတော့မယ် အမေ…။
ခံစားချက်မှန်သမျှ အတွက် ကျနော် ကျေနပ်ဝမ်းမြောက်နေတယ်ဆိုတာ သူ
သိနိုင်ပါစေ၊ မြင်နိုင်ပါစေ ၊ ကြားနိုင်ရပါစေ...........

Post- အလွမ်းသမားလေး