Wednesday 11 April 2012

မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီနဲ့ ရေပေးဝေရေးဋ္ဌာနတို့ရဲ့ယုတ်မာတဲ့လုပ်ရပ်

ဒီနေ့ဟာမြန်မာလူမျိုးတို့ရဲ့ နှစ်သစ်ကူးအတာသင်္ကြန်ရက်မြတ် ( အကြိုနေ့)ပါ။
ဒါပေမဲ့ သင်္ကြန်မှာရေပတ်ဖို့နေနေသာသာ

အငှားကျွန်လုပ်ငန်း တိုးချဲ့မည့်သတင်းနှင့်ပတ်သတ်၍ နိုင်ငံတော်သမ္မတသို့ မေတ္တာရပ်ခံခြင်း

(နိုင်ငံတော်သမ္မတကြီးနဲ့တကွ တာဝန်ရှိသူများ သိနိုင်ဖို့ဆိုတာ စာဖတ်သူများရဲ့ ထပ်မံ ဖြန့်ဝေပေးကြမှုအပေါ်မှာ မူတည်ပါတယ်)

လေးစားအပ်ပါသော နိုင်ငံတော်သမ္မတကြီးခင်ဗျား………..

လွန့်ခဲ့သည့် ရက်အနည်းငယ်ခန့်က မလေးရှားဝန်ကြီးချုပ် နာဂျစ်မှ နိုင်ငံတော်သမ္မကြီးထံသို့ လာရောက်တွေ့ဆုံ၍ နှစ်နိုင်ငံ ကူသန်းရောင်းဝယ်ရေး၊ စီးပွားရေးလုပ်ငန်းကိစ္စများ တွေ့ဆုံဆွေးနွေးရာတွင် မလေးရှားနိုင်ငံသို့ မြန်မာအမျိုးသမီးငယ်များအား အိမ်ဖော်အဖြစ် တင်ပို့ပေးရန် လုပ်ငန်းကိစ္စတခုလည်း ပါဝင်ကြောင်း သိရှိရပါသည်။ ထိုလုပ်ငန်းနှင့်ပတ်သတ်၍ မလေးရှားရောက် မြန်မာပြည်သားတဦးမှ သမ္မတကြီးအား မေတ္တာရပ်ခံ ပန်ကြားလိုသည်မှာ..

ကောသလမင်းကြီး အိပ်မက် ၁၆ချက်


ဘုရားရှင် လက်ထက်တော်မှာ ကောသလမင်းကြီးက အိပ်မက် ၁၆ချက် မက်တော့ ဘုရားရှင်ထံ မေးမြန်းရာ
မြတ်စွာဘုရားရှင်က

သင်္ကြန်မှာ သီချင်းဆိုခွင့် အပိတ်ခံရသူများ – info from Facebook

ဧပြီ ၁၁၊ ၂၀၁၂ သံသာဝင်း/Facebook
Facebook တွင် တွေ့ရသည့် အဆိုတော်များ – ကဗျာဘွဲ့မှူး၊ သံသာဝင်း၊ သျှီ
NLD အား ထောက်ခံကြသည့် အဆိုတော်များ ဖြစ်သည်

မီးမီးခဲနဲ့ ဘရိတ်ကီက မအူပင် NLD အောင်နိုင်ရေးမှာ ပါဝင် ဖျော်ဖြေ ခဲ့လို့ ဖြစ်တယ်လို့သာ သိရပါတယ် တိကျတဲ့အကြောင်းပြချက် မသိရပါဘူး ..။

သီချင်းလည်းတိုက်ပြီး အားလုံးအဆင်သင့် ဖြစ်ပြီး ဒီနေ့ညနေမှ Ban လုပ်လိုက်တယ် လို့ ကဗျာဘွဲ့မှူးဆီက သိရပါတယ်။
…. လင်းလင်း ကိုလည်း အားလုံး သေချာပြီးမှ ဒေါ်စုကို ဝန်းရံ တဲ့ အတွက် ခေါ်လို့မရဘူး ဆိုပြီး cancel ပြန်လုပ်သွားတယ် လို့ သိရပါတယ် ..။
ဖျော်ဖြေ ရေးမဏ္ဍပ် တွေကို ဖိအားပေး ထားပုံရပါတယ်.. ထလော့မြန်မာ သီချင်းကို ဆိုတဲ့ နေဇော် ကို လည်း စရံ ပေး ပြီးမှ ပြန်ဖျက်သွား တယ်လို့ ဆိုပါတယ်.. ။
သျှီ ကိုလည်းထိုနည်းတူ..
ထူးအယ်လင်းကတော့ သူ ဖျော်ဖြေခွင့်မရဘူး ဆိုတာကိုဒီနေ့ ညနေ DVB ကနေ ပြောသွားတာ ကြားလိုက်ရပါတယ်… ။
ကဗျာဘွဲ့မှူး ကတော့ ခရီးသွားမှာ မို့မသိပါဘူး..
အနဂ္ဂရယ် ကျမ [သံသာဝင်း] ရယ်ကတော့ မဆို ဖြစ်ပါဘူး.. ဆိုရင်လည်း ပိတ်မှာတော့ သေချာသလောက်ပါပဲ ..။
main targets တွေလေ :P
၂၀၁၀ တုန်းက မဖြူဖြူသင်း ရဲ့ တောင်ဒဂုံက ဝေဒနာသည်တွေ ကို သွားအားပေးလို့ ဆိုပီး လူမှုရေးလုပ်တာတောင် ပိတ်သေးတာပဲ ..။
လူတွေသိပ်မသိလိုက် ပေမဲ့ (‘၈၈ တော်လှန်ရေးနှင့် စွန့်လွှတ်ခြင်း’ ‘ခွပ်ဒေါင်းဝိဥာဉ်’ စတဲ့ သီချင်းများကြောင့် ) ဟိုးအရင် စစ်အစိုးရလက်ထက် ကတည်းကလည်း ကျမက ပိတ်ခံနေကြပါပဲ မဆန်းတော့ပါဘူး….
အခုချိန်မှာတော့ ကိုယ်ယုံကြည်ရာကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရသင့်ပြီ လို့ ထင်ပါတယ် ဒါပေမဲ့……………….

(ယနေ့ နံနက် ၁း၀၀ နာရီခန့်က သံသာဝင်း၏ Facebook တွင် ဖော်ပြထားသော အချက်အလက်များ ဖြစ်သည်)