Tuesday 13 March 2012

ဧပြီလ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲ အတွက် ဒါရိုက်တာဝိုင်း ရဲ့တိုက်တွန်းချက် (ရုပ်/သံ)

ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ သန့်ရှင်းပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့နဲ့ ကိုယ်ပေးလိုက်တဲ့ မဲတစ်ပြားဟာ ကိုယ့်ရဲ့အနာဂတ်ကို ဖန်တီးမယ့် မဲတစ်ပြား ဖြစ်တယ်ဆိုတာကို
အလေးအနက်ထားဖို့ မဲဆန္ဒရှင် ပြည်သူတွေကို အနုပညာရှင်တွေက တိုက်တွန်း လိုက်ပါတယ်။
ဘားမားဗီဂျေ

ဝိုင်း =ဒါရိုက်တာ

ဧပြီလ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲ အတွက် သရုပ်ဆောင်လူမင်း ရဲ့တိုက်တွန်းချက် (ရုပ်/သံ)

ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ သန့်ရှင်းပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့နဲ့ ကိုယ်ပေးလိုက်တဲ့ မဲတစ်ပြားဟာ ကိုယ့်ရဲ့အနာဂတ်ကို ဖန်တီးမယ့် မဲတစ်ပြား ဖြစ်တယ်ဆိုတာကို
အလေးအနက်ထားဖို့ မဲဆန္ဒရှင် ပြည်သူတွေကို အနုပညာရှင်တွေက တိုက်တွန်း လိုက်ပါတယ်။
ဘားမားဗီဂျေ

ဒေါ်အောင်ဆန်းစုကြည် ၏ ဟောပြောချက် ပေါက်ကြား၍ NLD က ကန့်ကွက်စာတင်

ဒေါ်အောင်ဆန်းစုကြည် ၏ ဟောပြောချက် ပေါက်ကြား၍ NLD က ကန့်ကွက်စာတင်
မြန်မာ့ရုပ်မြင်သံကြားမှ  ဒေါ်အောင်ဆန်းစုကြည် က ဟောပြော ထုတ်လွှင့်မည့်    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ သဘောထား မူဝါဒများ ပေါက်ကြားမှုကြောင့် ကန့်ကွက်စာတင်ထားကြောင်း ယင်းပါတီ၏ ဗဟိုအောင်နိုင်ရေး ကော်မတီ အတွင်း ရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။

မတ်လ ၁၄ ရက်နှင့် ၂၂ ရက် တို့တွင် မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်မည့် ဒေါ်အောင်ဆန်းစုကြည်၏ဟောပြောချက် သည် ယနေ့မတ်လ ၁၃ ရက်နေ့က အွန်လိုင်းသတင်း စာမျက်နှာများတွင် ရုပ်သံနှင့် တစ်ကွကြိုတင် ထုတ်လွှင့်ခဲ့ သဖြင့် ယင်းကဲ့သို့ ကန့်ကွက်စာ တင်ရကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

‘‘ဒီသတင်းပေါက်ကြားမှုအတွက် ရေဒီယိုနဲ့ရုပ်မြင်သံကြားမှာ တာဝန်ရှိတယ် ၊ အခုပဲ အဲဒီဌာနမှာရှိတဲ့ တာဝန်ရှိသူ တွေထံ ကျွန်တော်ကိုယ်တိုင်  လတ်မှတ်ထိုးပြီး တိုင်တန်းထားပါတယ်’’ ဟု ယင်းကပြောသည်။

ရန်ကုန်တိုင်းမ်

ဂျီတော့မှာ ဗိုင်းရပ်တစ်မျိုး ယခု ရက်ပိုင်း ကြောက်မက်ဖွယ်ပျံ့နှံ့လို့ေ နပါ တယ်

ဂျီတော့မှာ ဗိုင်းရပ်တစ်မျိုး ယခု ရက်ပိုင်း ကြောက်မက်ဖွယ်ပျံ့နှံ့လို့ေ
နပါ တယ် ။ ဗိုင်းရပ်ရဲ့စာသားကတော့ OMG is this your picture? http://j.mp/x69ySs?d=a9a3a3 ဆိုပြီးဖြစ်ပါတယ် ။ သတိလက် လွတ် နှိပ်လိုက် ရင်တော့ ကိုယ့် စက်ထဲကို ဖိုင်တစ်ခု install လုပ်ဖို့ပြောပါတယ် ။ ကိုယ်က yes ကိုနှိပ်မိရင်တော့ အဲဒီစက်ကို လည်းကူးစက်သွားပြီး အဲဒီအကောင့်ကိုပါ ဗိုင်းရပ်ကူးသွားပါပြီ ။

ဗိုင်းရပ်က ဘာတွေလုပ်သလဲ ?

ဘာတွေလုပ်သလဲဆိုတော့ ကိုယ်မပြောပဲနဲ့ ကိုယ့် Contact ထဲက သူငယ်ချင်းတွေဆီကို အထက်ပါ OMG is this your picture? http://j.mp/x69ySs?d=a9a3a3 ဆိုတဲ့လင့်ကို ဆက်လက်ဖြန့်ပါတယ် ။ ပိုဆိုးတာက အရင်ဗိုင်းရပ်တွေနဲ့မတူတဲ့အချက်ကတော့ ဒီဗိုင်းရပ်က အဲဒီအကောင့်နဲ့လုပ်ထားတဲ့ အဲဒီအချိန်ဖေ့ ဘုတ်ဖွင့်ထား တဲ့ လူတွေသူငယ်ချင်းတွေဆီပါ အကုန်လုံး Chat message သို့မဟုတ် Message အဖြစ်လိုက်ပို့တာပါပဲ ။ သူငယ်ချင်းတို့ဆီ ရောက်လာခဲ့ရင်လည်း မဖွင့်ကြည့်ကြပါနဲ့ ။ မနှိပ်ကြပါနဲ့ ။ အခြားသူတွေကိုလည်း ဆက်လက်ဖြန့်ဝေပေးကြပါ ။ အကယ်၍ နှိပ်မိတယ်ဆိုရင်တော့စက်ကို restart အမြန်ချပြီး Activated Antivirus တစ်ခုခုနဲ့ အစအဆုံး Full scan ပြန်ဆွဲပေးဖို့လိုပါလိမ့်မယ် ။

မှတ်ထားရမှာက သူငယ်ချင်းက ကိုယ့်ကို မက်ဆေ့ပို့တာမဟုတ်ပါဘူး ဗိုင်းရပ်သာဖြစ်ပါတယ် ။ မနှိပ်မိ ဖို့ နှိပ်မိခဲ့ရင်လည်း ဗိုင်းရပ်ကို အမြန်စစ်ပြီး သတ်ဖို့လိုပါတယ် ။

ကျနော့်ဆီလည်း အစ်မ နတ်သမီးဆီက အဲဒီမက်ဆေ့ဝင်လာလို့ မေးကြည့်တော့ သူပို့တာမဟုတ် မှန်းသိရပါတယ် ဗိုင်းရပ်က အလိုအလျောက်ပို့နေခြင်းဖြစ်ပါတယ် ။ ဒါကြောင့် အစ်မ နတ်သမီး (white angel ) အကောင့်မှာရှိသမျှလူတွေကို ဒီလင့်လေး တွေပေးပါလိမ့်မယ်ဖေ့ဘုတ်မှာရော မနှိပ်ကြပါနဲ့ ဗိုင်းရပ်ဖြစ်ပါတယ် သူ့စက်ထဲ ဗိုင်းရပ်ဝင်သွားလို့ဖြစ်ပါတယ် တခြားသူတွေ မကူးကြစေဖို့ မျှဝေပေးကြပါခင်ဗျာ ။

မေမေ - သားချမ်းတယ် မေမေ

မေမေ - သားချမ်းတယ် မေမေ



မေမေ ---- သားကို မချစ်ဘူးလားဟင် -- အင်းပေါ့နော် မေမေ သားကို မချစ်လို့သာ ဒီလို အမှိုက်ပုံးထဲ ရက်ရက် စက်စက် ပစ်ထားရက်ခဲ့တာပေါ့နော်

မေမေ --- သား ချမ်းတယ်မေမေ နံစော်နေတဲ့ အမှိုက်တွေကြားမှာ သားဘာကြောင့်များ လူလာဖြစ် လာရ သလဲဟင် မေမေ --

မေမေ့ကို သားမမုန်းပါဘူး မေမေကတော့ဘာလို့ သားကိုမုန်းတာလဲဟင်--မေမေ သား ဘာများမှားခဲ့လို့လဲ သားမေမေ့ဝမ်းဗိုက်ထဲမှာ နွေးထွေးလုံခြုံမှုအပြည့်နဲ့နေခဲ့တုန်းကပေါ့သားကိုယ်သား စစ်သူကြီးတစ်ယောက် လိုလို -- စည်းစိမ် အပြည့်နဲ့ ဘုရင်ကြီးတစ်ယောက်လိုလို ဘ၀င်တွေမြင့်ခဲ့သေးတယ် မေမေရယ် --မေမေ့ ၀မ်းကြာတိုက်က သားအတွက်တကယ့်ကို နွေးထွေးတဲ့ ဘုံဗိမ္မာန်ကြီးတစ်ခုပါပဲ မေမေ ---ဒါနဲ့များ သားကို ဘာကြောင့် ဒီလိုစွန့်ပစ်ရတာလဲဟင် မေမေ --မေမေ ဖြေပေးပါဦး သားကိုဖြေပါဦးမေမေ

သားကိုမလိုချင်တော့ဘူးလားဟင်-- သားကြီးလာရင်မေ့မေ့ကို ဒုက္ခမပေးပါဘူး မေမေ -- မေမေဟာ သား လူ့ဘ ၀ကြီးထဲ စရောက်လာ ကတည်းက ပထမဆုံးထိတွေ့ခွင့်ရတဲ့လူသားဟာမေမေပါ

မေမေရယ်---တဖြည်းဖြည်းအေးလာပြီ မေမေသား ဒီလိုနဲ့ လူ့ဘ၀ထဲကနေ ပြန်ထွက်ခွာရတော့မယ် ထင်ပါ ရဲ့မေမေ ---မေမေ ကျန်းမာပါစေနော်---တစ်ခုပဲတောင်းဆိုချင်ပါတယ်မေမေရယ် မေမေ သားတို့ကိုမချစ် ရင် နောက် ဆို သားတို့ကို လူ့ဘ၀ထဲကိုမခေါ်ပါနဲ့မေမေရယ်မေမေတို့ခေါ်လို့သားတို့လာရတာပါ ဘာကြောင့်များ အခုမှ မလို ချင်လို့ စွန့်ပစ်ရက်တာလဲဟင်

မေမေရယ်---သား သွားရတော့မယ်လေ သား နေချင်ပါသေးတယ် မေမေတို့နဲ့အတူ လူ့လောက ထဲ ပျော်ပျော်ကြီးနေချင်ပါသေးတယ်မေမေ အို----မေမေ--ဘေးနား မှာ ခွေးနက်ကြီးတွေရောက် လာ ကြပြီမေမေ ---သူတို့အစာကို အမှိုက်ပုံးထဲလာရှာရင်းနဲ့သားကိုတွေ့သွားကြတော့မယ်သူတို့ --သားကိုရော စားပစ်မှာ လား ဟင်မေမေ ---မေမေ သားကြောက်တယ်မေမေ ---သားအရမ်းကြောက်တယ် သားကို မေမေ လှည့်မ ကြည့်တော့ဘူးလားဟင်

သားနှုတ်ဆက်ခဲပါတယ်မေမေ နော်--မေမေလည်း နေကောင်းအောင်နေပါနော် ---
သားအရမ်းချစ်တယ် မေမေ့ကိုလေသား အရမ်းချစ်ပါတယ်
မေမေ----
ေ မ ေ မ - - --
ေ မ ေ မ -- - - - - - --

သက်တန့်ချို ခံစားရေးဖွဲ့သည် ။

ကျွန်တော်တို့ ဘာကြောင့်ခက်ခဲ ရှုပ်ထွေးတဲ့ ဘ၀မှာ နေနေကြမလဲ ?



ကျွန်တော်တို့ ဘာကြောင့်ခက်ခဲ ရှုပ်ထွေးတဲ့ ဘ၀မှာ နေနေကြမလဲ ?

- တစုံတယောက်ကို သတိရနေသလား ( သူ့ကို ဖုန်း ခေါ်လိုက်ပါ )

- တစုံတယောက်ကိုတွေ့ချင်သလား (သူ့ကို ဖိတ်ခေါ်လိုက်ပါ )

- သူနားလည်ရခက်နေသလား ( ရှင်းပြလိုက်ပါ )

- သင့်မှာမေးခွန်းတွေရှိနေသလား ( မေးလိုက်ပါ )

- သင်ဒါကို မကြိုက်ဘူးလား ( ငြင်းပယ်လိုက်ပါ )

- သင်ဒါကို ကြိုက်သလား ( မှတ်သားထားလိုက်ပါ )

- တခုခုကို လိုချင်သလား ( ရနိုင်မရနိုင်မေးလိုက်ပါ )

ဘယ်သူကမှ သင့်စိတ်ထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာ တိတိကျကျမသိကြပါဘူး ။တစုံတခု ကို မျှော်လင့်ရ တာထက် အဲဒီအကြောင်းအရာကို ထုတ် ဖော်ပြလိုက်တာ ပိုပြီးကောင်းမွန်ပါတယ် ။သင့်မှာ “ ငြင်းပယ်ခြင်း ” ဟာ အရင်ကတည်းကရှိနေခဲ့မယ်ဆိုရင်--“ လက်ခံခြင်း” ရဲ့ အကျိုးအပစ်တွေကိုလည်း သင်နားလည်နိုင်ပါစေYes နဲ့ No ဆို တာ စာလုံး တစ်လုံးသာ ကွာပေမယ့် အဓိပ္ပါယ်ကတော့ မိုးနဲ့မြေလိုကွာခြားလွန်းပါတယ်

ကျွန်တော်တို့တွေဟာ လူတစ်ဦး တစ်ဘ၀သာ ပိုင်ဆိုင်ခွင့်ရကြတယ် ။ ဘာကြောင့်များ ရှုပ်ထွေး တဲ့ဘ၀ကို ဖြတ် သန်းမလဲ ?

ရတဲ့ဘ၀လေးကို တန်ဖိုးထားပြီး ရိုးရှင်းစွာ ဖြတ်သန်းလိုက်ပါ ။ ပြုံးလိုက်ပါ ။ ဘ၀ဟာ တန်ဖိုးရှိလှပါတယ် ။

သက်တန့်ချို

ဟာသလေးပါ

၁။ အစားထိုးရောင်းပါဆိုလို့ပါ

ဆိုင်မန်နေဂျာက အသစ်ရောက်လာသော အရောင်းစာရေးမလေးအား သင်ပေးနေသည်။

မန်နေဂျာ။ ဈေးဝယ်က မေးတဲ့ပစ္စည်းမရှိရင် အခြားတခုကို အစားထိုးရောင်းပါ။

အရောင်းစာရေး။ ဟုတ်ကဲ့ပါ။

မန်နေဂျာ။ ဟော......ပြောရင်းဆိုရင် ဟိုမှာ ဈေးဝယ်လာနေပြီ မှတ်ထားနော် မရှိရင်အစားထိုးရောင်း။

မန်နေဂျာပြောပြောဆိုဆိုနဲ့ အနားကထွက်သွားပြီး အရောင်းစာရေးမလေးအား အဝေးက လှမ်းအကဲခတ်ကြည့်နေသည်။

ဈေးဝယ်။ အိမ်သာသုံး စက္ကူရှိလား။

အရောင်းစာရေးမ။ (ကောင်တာကိုကြည့်ရင်း) မရှိဘူးရှင့်။ သံစားကော်ပတ်တော့ ရှိတယ်။ အိမ်သာသုံး စက္ကူအစား သံစားကော်ပတ်ယူသွားပါလားဟင်။



၂။ ဘိုင်အို ဆရာပဲ ဒီလောက်တော့ ရှိမှာပေါ့

သမိုင်းဆရာ နေမကောင်းပါ

ဒါကြောင့် ဘိုင်အိုဆရာကို မေးခွန်းအတွက်အကူညီတောင်းပါတယ်

ဘိုင်အိုဆရာရဲ့မေးခွန်းကိုဖတ်ပြီး ကျောင်းသားတိုင်း တုန်လှုပ်သွားကြပါတယ်

မင်းတုန်းမင်းအကြောင်းကို အသေးစိတ်ဖော်ပြပြီး

သေသပ်သော Diagram တစ်ခုကို ရေးဆွဲပါ ၊ အစိတ်အပိုင်းများကို Label ထိုးပေးပါ။



၃။ သိရဲ့သားနဲ့ ...

အမေ     - ဟဲ့သမီးဗွီဒီယိုရုံကနီးနီးလေးဟာပြန်လာတာဘာလို့ ကြာနေတာလည်း။

သမီး    - ဟုတ်တယ်အမေလမ်းမှာအမူးသမားတွေနဲ့ တွေ့ နေလို့ သူတို့ကသီချင်းဆိုပြရမယ်တဲ့ မဆိုပြရင်ဖက်နမ်းမယ်လို့ ပြောတယ်အမေ

အမေ    - ဒါဆိုသမီးကဆိုပြလိုက်တယ်လား?

သမီး    - အမေကလည်း..သမီးသီချင်းမဆိုတတ်တာအမေလည်းသိရဲ့သားနဲ့ ။



၎။ ၀မ်းသာဝမ်းနည်း

ဆရာဝန်    - ခင်ဗျားကိုဝမ်းသာစရာနဲ့ ဝမ်းနည်းစရာပြောစရာရှိတယ်

လူနာရှင်    - ဟုတ်ပြောပါဆရာ

ဆရာဝန်    - ခင်ဗျားမိန်းမဗိုက်ထဲကအလုံးကိုအောင်မြင်စွာနဲ့ ခွဲထုတ်နိုင်ခဲ့ပါတယ် ဒါပေမယ့်အဲဒီအကြောင်းခင်ဗျားမိန်းမသိသွားရှာဘူး။



၅။ ဘူလေးလဲ

တစ်ခါက တာဝန်နဲ့ ရပ်ဝေးကိုရောက်နေတဲ့စစ်သားတစ်ဦဆီကို သူ့မိန်းမ ပို့လိုက်တဲ့ စာရောက်လာတယ်။

“မောင်ရေ။ မောင်နဲ့မတို့ အရမ်းတောင့်တနေတဲ့ရင်သွေးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီသိလား။ မောင်သိပ်လိုချင်တဲ့ သားသားပေါ့ မောင်ရဲ့။ မောင်အရမ်းပျော်သွားပြီမဟုတ်လား။ ဒါပေမယ့်မောင်ရယ် မကနို့မထွက်တော့ နီဂရိုးမတစ်ယောက်ရဲ့နို့ကို တိုက်လိုက်ရတယ်သိလား။ ဒါကြောင့်ထင်ပါတယ် မောင်ရယ် ကလေးက အသားမည်းတယ်”



... စစ်သားက စာဖတ်ပြီးတော့ သူ့အမေဆီကို စာပို့တယ်။

“အမေ။ အမေမြေးချီရပြီသိလား။ အမေ့ချွေးမက အမေ့အတွက် မြေးလေးမွေးပေးတယ်။ ဒါပေမယ့် အမေ့ချွေးမက နို့မထွက်တာနဲ့ နီဂရိုးမတစ်ယောက်ရဲ့နို့ကို တိုက်လိုက်ရလို့ အမေ့မြေးလေးက အသားမည်းသွားရှာတယ်”



သူ့အမေက သူ့သားပို့တဲ့စာဖတ်ပြီး သူ့သားဆီစာပြန်တယ်။

“ငါ့သား မင်းမွေးတုန်းက အမေလည်း နို့မထွက်ဘူး သားရဲ့။ ဒါနဲ့ ငါ့သားကို နွားနို့ပဲ တိုက်ခဲ့ရတယ်။ ငါ့သားအခု နင့်ဖင်နင်စမ်းကြည့်စမ်း။ အမြှီးပေါက်ပြီလားလို့”



၆။ အထင်နဲ့ အမြင်

ပါတီပွဲတစ်ခုမှာ ရုပ်ဖြောင့်ဖြောင့် ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ဆီကိုလာပြီး

"ခင်ဗျား အခုကတော့မှာလား" လို့မေးတယ်။ ကောင်မလေးလဲ ဝမ်းသာပြီး အင်း လို့ခေါင်းညိတ်လိုက်တယ်။

 အဲဒီတော့ သူကပြန်ပြောတယ်။

"ကောင်းလိုက်တာ။ ကမယ်ဆိုရင် ခင်ဗျားအခုထိုင်နေတဲ့ ထိုင်ခုံလေး ပေးခဲ့လို့ရမလား"   

How to insert facebook like button at blog comment



facebook လည်းတော်တော်ဝင်ဖြစ်တော့...ဒီ like button လေးကိုထားချင်စိတ်ပေါ်မိလို့ပါ
ကျွန်တော့်ရဲ့ ပုံလေးအတိုင်းပေါ့။မသိသေးတဲ့သူတွေအတွက်ပါ..။နောက်ပိုင်းလည်း facebook ကလူသုံးများလာတော့..။

ပထမဦးဆုံး
၁။Design

၂။Edit Html

၃။Expand Widget Templates ကိုမှန်ခြစ်ပေးလိုက်ပါ။

၎။အောက်က Code ကိုရှာပါ။


<data:postCommentMsg/>

Contr + F နဲ့ရှာပါ။
ဒါမှ မဟုတ်
<h4 id='comment-post-message'><data:postCommentMsg/></h4>

ဒီ code လေးကိုရှာကြည့်ပါ...template ပြောင်းထားသူတွေအတါက်ရှာမရရင် အပေါ်က
<data:postCommentMsg/>
အောက်မှာဘဲ ဒီ code လေးကို ထည့်ပြီး save တာနဲ့အပေါ်ကပုံလို
Like လေးပေးလိုရသွားမှာဖြစ်ပါတယ်..။

<iframe allowTransparency='true' expr:src='&quot;http://www.facebook.com/plugins/like.php?href=&quot; + data:post.url + &quot;&amp;layout=standard&amp;show_faces=false&amp;width=100&amp;action=like&amp;font=arial&amp;colorscheme=light&quot;' frameborder='0' scrolling='no' style='border:none; overflow:hidden; width:450px; height:40px;'/>

စာလုံးကလေးတွေကို ညွှန်းကြည့်ရအောင် ..

စာလုံးကလေးတွေကို ညွှန်းကြည့်ရအောင် ..

ကိုယ့် ဘလောဂ့် မှာ စာလုံး ကလေးတွေ ကို ရေးပြတဲ့ အခါ မှာ ကိုယ် က သတိ ထားစေချင်တဲ့ စာလုံးကလေးတွေ ကို ဖော်ပြချင်တဲ့အခါ မှာ စာလုံးကို Bold တင်တာတို့ Italic ထားတာတို့ ဘာတို့ကို သုံးပြီးတော့ ရေးကြတာပေါ့ .. အခု ကတော့ စာလုံးလေးတွေ ကို ခုန်နေအောင်လုပ်တာတို့ .. နောက် က background ကလေးနဲ့ ထားတာတို့ကို ပါ .. Html ကို အတော် အသင့် သိ ထားတဲ့ လူတွေ အတွက်ကတော့ လွယ်လွယ် လေးပါ .. မသိသေးသောသူများအတွက် ရည်ရွယ်ပါတယ်ခင်ဗျာ .. သိသောသူများ အတွက် တော့ ကျော်ပြီးတော့ ဖတ်သွားပေးကြပါ .. .Bold တင်တာ underline တားတာ Italic ထားတာတွေ ကတော့ သိကြမှာပါ .. ရေးလို့ ရတာကလေးတွေ ကို အောက် မှာရေးလိုက်ပါတယ်ခင်ဗျာ... (၆) မျိုးရေးထားလိုက်ပါတယ် ခင်ဗျာ ..

အခုအောက်က တော့ ကိုယ်ရေးတဲ့ စာလုံး ကို ဘေးက နေပြီးတော့ ဘောင်ခတ်တာကလေးပါ .. နမူနာပုံစံ ကလေးကို ကြည့်ကြည့်ပါဦး ...

နမူနာပုံစံကလေးပါ

အဲဒီ့ လိုကလေးရေးမယ်ဆိုရင်တော့ အောက်ကကုဒ်ကလေးနဲ့ ရေးလို့ရပါတယ် ..
<span style="border: 2px solid rgb(30, 0, 255);">သင်ရေးချင်သောစာ</span>


နောက်တစ်မျိုးကတော့ ကိုယ်ရေးထားတဲ့ စာကို မဟုတ်ဘူးတို့ဘာတို့ ပြောချင်တဲ့ အခါမှာသုံးတာပါ ..

နမူနာပုံစံကလေးပါ

ရေးမယ်ဆိုရင်တော့

<s>သင်ထည့်ချင်သောစာ</s>


နောက်တစ်မျိုးကတော့ ကိုယ်ထင်ရှားစေချင်တဲ့ စာလုံးရဲ့နောက်မှာ နောက်ခံအရောင်ထည့်တာပါ ..

နမူနာပုံစံကလေးပါ

ရေးမယ်ဆိုရင် ...

<span style="background:#60f450">သင်ရေးချင်သောစာ</span>

နောက်ခံ background အရောင်ကတော့ကိုယ်ကြိုက်သလို ပြောင်းလို့ရပါတယ် ...



အခု ဟာကတော့ စာလုံးကလေးကို ခုန်နေအောင်လုပ်တာကလေးပါ .....

နမူနာပုံစံကလေးပါ

ရေးမယ်ဆိုရင် ...

<blink>သင်ရေးချင်သောစာ</blink>


ဒါကတော့ သချာင်္ဂဏန်း တွေမှာလိုပေါ့ ထပ်ညွှန်းတင်တဲ့ ပုံစံသဘောမျိုးပါ ..

နမူနာပုံစံကလေးပါ

ရေးမယ်ဆိုရင် ....

သင်ရေးချင်သောစာ<sup>အပေါ်သို့တင်လိုသောစာ</sup>


ဒါကတော့ သချာင်္ဂဏန်း တွေမှာ ဘေ့စ်မှာချတဲ့ ပုံစံသဘောမျိုးပါ ..

နမူနာပုံစံကလေးပါ

ရေးမယ်ဆိုရင်....

သင်ရေးချင်သောစာ<sub>အောက်သို့ချလိုသောစာ</sub>


စာလုံးကလေးတွေကို ဖော်ညွှန်းပြရင်း ပျော်ရွှင်ကြပါစေခင်ဗျာ ...

Gmail Password ပြောင်းနည်း။

ကျွန်တော်ကိုနားပူတဲ့ ikatanchunlee မှကိုဆန်ဝင်းအောင်အတွက်ပါ။ကိုကတော့
လွယ်ပေးမယ်။သူတို.တွေအတွက်ကတော့ခက်မယ်ဆိုတာသိပါတယ်။ဒါကြောင့်
Gmail Password
ပြောင်းနည်းကိုတင်ပြပေးလိုက်ပါတယ်။
Gmail Password ပြောင်းဖို.ကတော့အရင်ပြောချင်တာကမူလ Password
ကိုသိဖို.လိုပါလိမ့်မယ်။သိမှသာPassword ပြောင်းလို.ရမှာပါ။ပြီးတော့Gmail Mail
မှာ Password ပြောင်းရင် Gtalk မှာ Password လိုက်ပြောင်းတယ်ဆိုတာမမေ့ပါနဲ.။
Password ပြောင်းရင် အနည်းဆုံး ၈ လုံးရှိရပါလိမ့်မယ်။စလိုက်ရအောင်

အရင်ဦးဆုံးမိမိ Gmail ကိုဝင်လိုက်ပါ။Settings ကိုရှာပါ။တွေ.ပါက ကလစ်နှိပ်ပါ။
အပေါ်ပုံမှာပြထားသညကိုတွေ.ရပါလိမ့်မယ်။Settings ဟုရေးထားသောအောက်တွင်
General,Accounts,Labels,Filters,Forwarding and POP/IMAP,Web Clips
တွေ.ပါလိမ့်မည်။အဲဒီထဲမှ
Accounts ကိုနှိပ်ပါ။ Google Account settings ကိုနှိပ်ပါ။
Webpage တခုတက်လာပါလိမ့်မည်။

ထို Webpage ရှိ Change password ကိုကလစ်နှိပ်ပါ။ပေးထာသောမေးခွန်တွေကို
ဖြည့်ပေးပါ။ Current Password တွင်မိမိလက်ရှိအသုံးပြုသော Password ကိုရိုက်ပေးပါ။
ဒုတိယမေးခွန်ကိုဖြေပေးစရာမလိုပါဘူး။ New Password တွင်Password အသစ်ကိုပေးပါ။
အနည်းဆုံး ၈ လုံးရှိရပါလိမ့်မယ်။ Password ရိုက်ပါကဘေးတွင်ရှိသောPassword
strenght တန်းတွင်အစိမ်းရောင်ဖြစ်နေရပါမည်။မဖြစ်ရင်တခြား Password ပြောင်း
ရိုက်ပါ။Confirm new password တွင်New Password တွင်ရိုက်ထားသောPassword
ကိုပြန်ရိုက်ပေးပါ။ Save ကိုနှိပ်ပါ။လက်ရှိ Page ပြောင်းသွာပြီးမူလ Page ရောက်ပါက
Password ပြောင်းလဲခြင်းအောင်မြင်သွားပါပြီ။

Ok ကိုနှိပ်ပါ။ Gmail ကိုအစကနေပြန်ဝင်ကြည့်ပါ။