Friday 13 April 2012

ဗီယက်နာမ်တွေ အိမ်ပြန်ကြပြီ အမေ

(အားလပ်ရက်မြန်မာပြည်အလွမ်းပြေစကားလက်ဆုံကျနေကြသော မြန်မာအလုပ်သမားအချို့)
မလေးရှားနိုင်ငံတွင်လာရောက်အလုပ်လုပ်ကိုင်ကြသော မြောက်များစွာသော နိုင်ငံခြားသားအလုပ်သမားများ ထဲတွင် ဗီယက်နာမ် နိုင်ငံသားအလုပ်သမား များသည်လည်း အရေအတွက်အားဖြင့် မနည်းလှပေ။ သို့သော်လွန် ခဲ့သည်နှစ်မှစတင်ပြီး မလေးရောက်ဗီယက်နာမ်လူမျိုးအလုပ်သမားများမှာ တဖြည်းဖြည်းလျှော့နည်းလာသလို ယခုနှစ်တွင် မရှိသလောက်နီးပါးဖြစ်သွားတော့သည်။ အကြောင်းရင်းမှာ တစ်နေ့ထက်တစ်နေ့ တိုးတက်လာ သောဗီယက်နာမ်နိုင်ငံတွင် စက်ရုံများ၊ ကုမ္ပဏီများ အလုပ်အကိုင်အခွင့်အရေးသစ်များ ပေါ်ပေါက်လာသော ကြောင့် မလေးရှားနိုင်ငံ၏စက်မှုန်ဇုန်အခြေခံ လုပ်အားခအတိုင်း ဗီယက်နာမ်နိုင်ငံတွင် လုပ်အားခနှင့် အလုပ်အ ကိုင် ရရှိလာခြင်း အခြေခံလုပ်အားခသာရရှိသော မလေးရောက် ဗီယက်နာမ်လူမျိုးများကို သူတို့၏ မိခင်နိုင်ငံသို့ ဗီယက်နာမ်သံရုံးမှတစ်ဆင့် ပြန်လည်ပို့ဆောင်ပေးနေခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီး အခုနောက်ပိုင်း မလေးရှားရောက်မြန်မာနိုင်ငံသား အလုပ်သမားများအနေဖြင့် ဗီယက်နာမ် လူမျိုး ကဲ့သို့ အလုပ်အကိုင်နှင့်ဝမ်းရေးဖုံလုံသည့် ၀င်ငွေဖြင့် အမိမြေကို ပြန်နိုင်ခွင့် အခွင့်အရေးကိုစောင့်မျှော် အိပ်မက်မက်လျှက် ရှိနေကြသော်လည်း လက်ရှိ ဘာတစ်ခုမှ တာဝန်ယူဖြေရှင်းနိုင်ခြင်းမရှိသည့် မြန်မာ့သံရုံးမှ အားလုံးအခွန်ဆောင်ရေး၊ ရသမျ တောင်းစားရေး အောက်မှာ ပြားပြားဝပ်ရင်ဆိုင်နေကြရပါတော့သည်။

မွေးဖွါးစ ခလေးများစွန့်ပစ်ခံရမှုတိုးပွါးလာ


မလေးရှားနိုင်ငံအတွင်း မွေးဖွါးစ ကလေးများ စွန့်ပစ်ခံရမှုမှာ တစ်နေ့တစ်ခြားတိုးပွါးလျှက်ရှိသည်။ ကလေး ငယ်များကို အများပြည်သူများစွန့်ပစ်ရန်ထားရှိသည့် အမှိုက်ပုံးများတွင်

၅ + ၅ ဗီဇာ သက်တမ်းတိုးပေးတော့မည်

မလေးရှားနိုင်ငံအတွင်း လာရောက်အလုပ်ကိုင်ကြသည့် နိုင်ငံခြားသား အလုပ်သမားများကို မလေးရှားအစိုးရမှ ယခင် ခွင့်ပြုထားသည့် ၅ နှစ်သက်တမ်းကို နောက်ထပ် ၅ ငါးနှစ်ထပ်ပေါင်းကာအလုပ်လုပ်ခွင့် ပြုတော့ မည်ဖြစ်သည်။ ယခင် နိုင်ငံခြားသားအလုပ်သမားများ အနေဖြင့် မလေးရှားနိုင်ငံအတွင်းသို့လာရောက်အလုပ်
လုပ်ကိုင်ပြီး လုပ်သက် ၅ နှစ်ပြည့်သွားပါက မိခင်နိုင်ငံသို့ ပြန်လည်ထွက်ခွါရသည်။ ယခု အခါ နိုင်ငံခြားသား အလုပ်သမားများအနေဖြင့် လုပ်သက် ၅ နှစ် ပြည့်သွားသော်လည်း မိခင်နိုင်ငံသို့ ပြန်လည် ထွက်ခွါစရာမလို တော့ပေ။ ကျွမ်းကျင် လုပ်သားအဖြစ် မလေးအစိုးရမှ နောက်ထပ် ၅ နှစ် အလုပ်လုပ်ခွင့် သက်တမ်း တိုးပေးမည့် အစီအစဉ်ဖြစ်သည်။ လက်ရှိအခြေအနေတွင် စိုက်ပျိုးရေးလုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်နေသည့် နိုင်ငံ ခြားသားအလုပ်သမားများကို စတင်ဆောင်ရွက်ပေးနေပြီဖြစ်သည်။

UNHCR ကဒ် ကိုင်ဆောင်သူမြန်မာအားတရားဝင်လင်ယောင်္ကျားအဖြစ်ရွေးချယ်မည့် မလေးနိုင်ငံသူ

UNHCR ကဒ်ကိုင်ဆောင်ပြီး မလေးရှားမှာ အလုပ်လုပ်ကိုင်နေထိုင်သည့် မြန်မာတစ်ဦးအား မလေးနိုင်ငံ သူတစ်ယောက်မှ တရားဝင်လက်ထပ်ခွင့်ရရှိရန် မလေးအာဏာပိုင်များထံသို့တင်ပြအစီရင်ခံလျှက်ရှိရာ ရှေ့ဆက်ပြီး ဖြစ်လာမည့် အခြေအနေကိုသေချာ မသိရသေးသော်လည်း ယခင်ထုတ်ပြန်ထားသည့် ဥပဒေ တွင် UNHCR ကဒ် ကိုင်ဆောင်ထားသူ များအနေဖြင့် မလေးနိုင်ငံသူများကို တရားဝင်လက်ထပ်ခွင့်မရှိဟု သိရှိရသည်။

6p အစီအစဉ်ပြီးနောက် မလေးအစိုးရ အဖမ်း အဆီးစတင်


အထောက်အထားမဲ့ နိုင်ငံခြားသားအလုပ်သမားများကို 6p အစီအစဉ်ဖြင့် သက်တမ်းနှစ်ကြိမ် တိုးပေးခဲ့ပြီးနောက်

မြန်မာနှစ်သစ် အတာသင်္ကြန်

နှစ်သစ်အတာသင်္ကြန် ရောက်လာပြန်ပြီတဲ့။ facebookမှာ တက်လာတဲ့သင်္ကြန်ပုံနဲ့ သတင်းတွေကို ကြည့်ရင်း  မြန်မာပြည်ကို လွမ်းမိပြန်တယ်။

ကျွန်မဘဝမှာ ထူးထူးဆန်းဆန်းသင်္ကြန်ရယ်လို့ ကြီးကြီးကျယ်ကျယ် မရှိခဲ့ပေမယ့် မေ့မရတဲ့သင်္ကြန် အမှတ်တရဖြစ်ခဲ့ရတဲ့သင်္ကြန်တွေကတော့