Wednesday 21 March 2012

ဒဂုံမြို့သစ် အရှေ့ပိုင်းက အသိမ်းခံ မြေကွက် တကွက် ၁၂၀၀၀ ကျပ်


၈၈ ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်တို့ ဒဂုံမြို့အရှေ့ပိုင်းမြို့နယ်က ပြည်သူတွေနဲ့ တွေ့ဆုံ
ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် ၁၂၆ ရပ်ကွက် နဝဒေးလမ်း စီမံချက် ဧရိယာမှာ ပါဝင်တဲ့ အနန္တမေတ္တာ ကျောင်းတိုက်မှာ မီဒီယာတွေနဲ့ ဒေသခံ ပြည်သူ
အယောက် ၂၀၀ ခန့် တွေ့ဆုံပြီး ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး ဦးဆောင်တဲ့ အဖွဲ့နဲ့ အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီမှ အလုံ
မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခိုင်မောင်ရည်တို့ ဦးဆောင်ကာ ဒဂုံမြို့သစ် အရှေ့ပိုင်းမှာရှိတဲ့ မြေကွက်တွေကို ပြည်သူတွေ
အကျိုးအတွက် ဆက်လက် ထားရှိပေးဖို့ တောင်းဆိုမှုတွေ ပြုလုပ် ခဲ့ပါတယ်။ အဲ့ဒီ စီမံချက် ဧရိယာတွေထဲ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် အင်းဝလမ်း
အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဝန်ထမ်းတွေ အတွက် ချပေးထားတဲ့ မြေတိုင်း ရပ်ကွက်တွေဖြစ်တဲ့ ၁၂၁၊ ၁၂၂၊ ၁၂၃၊ ၁၂၆၊ ၁၂၇၊ ၁၂၈၊ ၁၂၉၊ ၁၅၇၊ ၁၅၈၊ ၁၅၉၊
၁၆၀ စတဲ့ စုစုပေါင်း ရပ်ကွက် ၁၁ ခုမှ မြေကွက်တွေ ပါဝင်ခဲ့ပါတယ်။ အဲ့ဒီ ဝန်ထမ်းမြေကွက်တွေအတွက် မူလပေးသွင်းခဲ့တဲ့ မြေကွက် ဖိုးငွေ ကျပ် ၁၂၀၀၀
သာ ပြန်လည် ထုတ်ပေးမှာဖြစ်ပြီး နိုင်ငံပိုင် သတင်းစာကနေ ကြေညာလိုက်တဲ့ မတ်လ ၈ ရက်နေ့ ကနေ စတင်ပြီး မတ်လ ၃၁ ရက်နေ့ အထိသာ
လာရောက် ထုတ်ယူပိုင်ခွင့် ရှိတာ ဖြစ်ပါတယ်။ မြေကွက် ပြန်လည် သိမ်းဆည်းခံလိုက်ရတဲ့ ပြည်သူတွေကတော့ ကာလပေါက်ဈေး ကျပ် ၂၅ သိန်းကနေ
သိန်း ၃၀ အထိ တန်တဲ့ အဲ့ဒီ မြေကွက်တွေအတွက် လျော်ကြေးငွေ မလိုချင်ဘဲ သူတို့ရဲ့မြေကွက်တွေကိုသာ ပြန်ပေးဖို့နဲ့ တဆင့်ခံ ဝယ်ယူခဲ့တဲ့ သူတွေ
အနေနဲ့လဲ သူတို့ရဲ့အခက်အခဲတွေကို မီဒီယာတွေကို ပြောဆို ခဲ့ကြပါတယ်။

အမေရိကန်နဲ့ အီးယူကို ရွေးကောက်ပွဲစောင့်ကြည့်ဖို့ မြန်မာ ဖိတ်ကြား

လာမယ့် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲကို လေ့လာဖို့  နိုင်ငံတကာက ရွေးကောက် ပွဲ စောင့်ကြည့်ရေးအဖွဲ့တွေကို ဖိတ်ကြားလိုက်တာ အရေးကြီးတဲ့ အစပြုမှုဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ဒီဗွီဘီကို ပြောပါတယ်။
အာဆီယံ၊ အမေရိကန်နှင့် ဥရောပသမဂ္ဂ လေ့လာရေး အဖွဲ့တွေ ကို ကြားဖြတ်ရွေးကောက် ပွဲ စောင့်ကြည်ဖို့ မြန်မာ အစိုးရက ဖိတ်ကြား လိုက်တဲ့ အပေါ်မှာ အမေရိကန် သံရုံးက အရာရှိ တဦးက ပြောလိုက်တာပါ။
ခုလိုဖိတ်ကြားလိုက်တဲ့ အပေါ်မှာ အားတက်ရတဲ့ အကြောင်းနဲ့ ဒါဟာ မြန်မာပြည် ဒီမိုကရေစီ အသွင် ကူးပြောင်းရေးမှာ အရေးကြီးတဲ့ ခြေလှမ်း အဖြစ် ယူဆတဲ့အကြောင်း အမေရိကန် အရာရှိက ပြောပါတယ်။
ဒီဖိတ်ကြားချက်နဲ့ ပတ်သက်လို့ ၀ါရှင်တန်ကို အကြောင်းကြား ထားပြီး ရွေးကောက် ပွဲ စောင့်ကြည့်ရေး အဖွဲ့တွေကို စေလွှတ်ဖို့ အသေးစိတ် အစီအစဉ်တွေကိုတော့ အခု အချိန်မှာ မပြောနိုင်သေး လို့ အရာရှိက ပြောပါတယ်။
မြန်မာအစိုးရဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ အမေရိကန်နဲ့ အီးယူနိုင်ငံတွေ ကို စောင့်ကြည့်ရေး အဖွဲ့တွေကို ဖိတ်ကြားသလိုပဲ အာဆီယံအဖွဲ့ကိုလည်း ဖိတ်ကြားထား တယ်လို့ အာဆီယံက မနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
အဖွဲ့ဝင် ၅ ဦးပါတဲ့ အာဆီယံ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့၊ လွှတ်တော်အမတ်တွေနဲ့ သတင်းသမား ၂ ဒါဇင်ကျော်ကို စေလွှတ်ဖို့ မြန်မာအစိုးရက ဖိတ်ကြားတယ် လို့ အာဆီယံကြေညာချက်က ဆိုပါတယ်။
ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးကတော့ အစိုးရရဲ့ ဒီလိုခြေလှမ်းတွေနဲ့ ပတ်သက်လို့ အားတက်ရပေမယ့် တဖက်မှာလည်း အခုလောလောဆယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ တိုက်ခိုက်နေရတာ၊ အကျပ်ကိုင်ခံနေရတဲ့ သတင်းတွေ ကြားနေရတဲ့အတွက် စိုးရိမ်တယ်လို့ ဆိုပါတယ်။
ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အစိုးရက လိုအပ်တဲ့ လက်တွေ့ဆောင်ရွက်မှုတွေကို လုပ်ဆောင်ဖို့ဟာ အရေးကြီးတယ်လို့ အဲဒီ အရာရှိက ပြောပါတယ်။ 
ဒီဗွီဘီ