Monday 19 March 2012

Network အပိုဒ် ( ၁ )

ညီအကိုတွေအားလုံးပဲ မင်္ဂလာပါဗျာ။ ကိုကျော်ထွန်း ရဲ့Back Track ဆိုက်မှာ ကျွန်တော်သိတာလေးတွေ Share ပေးမယ် လို့
ကတိပေးပြီး မရေးဖြစ်တာ နည်းနည်းတော့ကြာသွားတယ်ဗျာ။ ကျွန်တော်ကိုယ်တိုင်ကလဲ Linuxs အကြောင်းလေ့လာနေတဲ့သူဆိုတော့
ဒီဆိုက်ကို ဝင်ကြည့်ဖြစ်တယ်။အရင်အချိန်ကတော့ တအားလွယ်တယ်ဗျာ။အင်တာနက်သုံးရတာ။ခုကျတော့ မြန်မာပြည်ပြန်ရောက်သွားတော့
ကွန်နက်ရှင်တွေ ကိစ္စနဲ့တင် အွန်လိုင်းဆိုတာဘာလဲလို့မေးရမလိုပြန်ဖြစ်နေပြန်ရော။ကိုယ်ကိုတိုင်ရေးထားတဲ့ ဆိုက်လေးတွေတောင်ဝင်လို့မရတော့ ငိုရမလိုဖြစ်နေပြန်ရော။
ဒါနဲ့ ကိုကျော်မင်းထွန်း နဲံဆုံဖြစ်တော့ ကျွန်တော်လဲလွယ်လွယ်နဲ့ကတိပေးလိုက်မိလေရော။ဘယ်တတ်နိုင်မလဲ ရေးရတော့မှာပေါ့။
စကားချီနေတာနဲ့လိုရင်းပျောက်သွားတယ်ထင်တယ်။ကျွန်တော်တတ်သိသလောက် Network အပိုင်းလေးတွေတင်မယ်လို့ ဆုံးဖြတ်လိုက်တယ်။
ရေးမယ်ဆိုတော့လဲ ဘာစရေးရမှန်းကိုမသိတာဗျ။
စိတ်ထဲရှိတာရေးမယ်ဗျာ။
တစ်ခါတစ်ခါ ကျွန်တော်တွေးကြည့်တယ် Network သမားတစ်ယောက်ဟာ အနုပညာ သမားတစ်ယောက်နဲ့တူတူပဲထင်တယ်။
ကိုလုပ်ချင်တဲ့အနုပညာကို စမ်းတစ်ဝါးလျောက်နေရသလိုပဲပေါ့။
ဒီနေ့လုပ်လို့ ဒီနေ့ အကျိုးရချင်မှရမယ်ပေါ့။ ဒါပေမယ့် အကျိုးတွေအများကြီးရမှာတော့အမှန်ပါပဲ။
ကဲ ကျွန်တော့် Network စာစုလေးတွေကိုအရင်ချပြကြည့်တာပေါ့။
မသိသေးသူများလဲ စိတ်ဝင်စားရင် ဖတ်ကြည့်ပေါ့ဗျာ။
Network ဆိုတာ ဘာလဲ ?
ဟိုးအရင်က Network တွေ intertnet တွေ မပေါ်တဲ့ အချိန်မှာ လူတွေ Network လို့မသိတဲ့ network တစ်မျိုးကိုသုံးခဲ့ကြတယ်။
ကို့ဆီက File တွေ Data တွေကို ခုခေတ် မသုံးတော့တဲ့ Floopy Disk တွေထဲထည့်ပြီးသုံးစွဲခဲ့ကြတာပေါ့။ အဲဒါက netrwork ပေါ့ဗျာ။
ဒါပေမယ့် တစ်ဦးချင်း ဆီမှာ သုံးဖို့အတွက်ပဲအဆင်ပြေတော့ နောက်ပိုင်းမှာ Network Technology ဖြစ်ပေါ်လာရတာပေါ့။
အခြေခံအားဖြင့် ယနေ့ခေတ်သုံးနေကြတဲ့ Network တွေကတော့
1.LAN(Local Area Network)
2.WAN(Wide Area Network)
3.MAN(metropolitan Area Network)
4.PAN(personal area network)
ဆိုပြီးတော့ရှိကြပါတယ်။
ကျွန်တော် တို့ အင်တာနက်ဆိုင်တွေ။ရုံးတွေ မှာသုံးကြတာကတော့ LAN ပေါ့ဗျာ။
1.LAN(Local Area Network)
ကွန်ပျုတာ တစ်လုံးနဲ့ တစ်လုံး ဒါမှ မဟုတ် ကွန်ပျုတာ အလုံးရေတော်တော်များများ ချိန်ဆက်ကြမယ်ဆိုရင် LAN ပေါ့ဗျာ။
ပထမဆုံး ကွန်ပျုတာတွေချိတ်ဆက်ချိန်တုန်းက ကွန်ပျုတာအလုံးရေ ၃၀ထက်မပိုခဲ့ပါဘူး။ ခုနောက်ပိုင်းတော့ အလုံးရေ တော်တော်များများချိတ်ဆက်လာနိုင်လာပါတယ်။
ကွန်ပျုတာ တစ်လုံးနဲ့တစ်လုံး ချိတ်ဆက်ပြီး ကို့ DATA တွေ FILE တွေကို Share ကြ နဲ့ ဆက်သွယ် မှုကို အဆင်ပြေလာစေတာပေါ့။ဒါဟာ Local Area Network ပေါ့ဗျာ။
(ဆက်လက်တင်ပြပါ့မယ်)

Network အပိုဒ် ( ၂ )

Network  (၂)

2.WAN( Wide Area Network)
ကျွန်တော်တို့ ရုံးတွေ အင်တာနက်ဆိုင်တွေတစ်ခုထက်ပိုပြီ

း နှစ်ခု သုံးလေးခု နက်ဝေါ့ ချိန်ဆက်ကြမယ်ဆိုရင်တော့ Wanပေါ့ ။ကွန်ပျုတာ အရေအတွက်တွေလဲပိုများလာတာပေါ့။
ဆိုလိုတာက မြို့နယ်တစ်မြို့နယ် နဲ့တစ်မြို့နယ် တိုင်းပြည်တစ်ပြည်အတွင်းမှာပေါ့ ။ဒါဟာ Wide Area Network ပါ။
3.MAN (Metropolitan Area Network)
ကို့တိုင်းပြည် အတွင်းကနေကျော်ပြီး တစ်ခြားနိုင်ငံတွေနဲ့ဆက်သွယ်သုံးစွဲတာဟာ MAN ပါ။
3. PAN (Personal Area Network)
ကို့ကွန်ပျုတာတစ်လုံးစီပဲချိတ်ဆက် သုံးစွဲမယ်။ကို့အခန်းထဲမှာပဲ ကွန်ပျုတာ နှစ်လုံးသုံးစွဲမယ်ပေါ့။ဒါဟာ PANပါ။
ဒီလောက်ဆို နက်ဝေါ့ဆိုတာ အကြမ်းအားဖြင့်သိကြပြီပေါ့။
Network Design
နက်ဝေါ့များချိတ်ဆက်ရာတွင် Topology ဟုခေါ်သော ဝေါဟာရပါဝင်လာပါတယ်။
Topology ဆိုသည်မှာ ဆက်သွယ်မှု လမ်းခေါ်ဘာသာရပ်တစ်ခုဟုသတ်မှတ်ရပါမည်။ဥပမာ မျက်မမြင်တစ်ယောက်နဲ့ စကားမပြောတတ်သူတစ်ယောက်တို့ဆက်သွယ်ပြောဆိုရာတွင် လိုအပ်မည့် ဘာသာရပ်ခေါ် ကြားခံ တစ်ခု ဖြစ်ပါသည်။
ယင်းကို Topology ဟုခေါ်ပါသည်။Topology ၃မျိုးရှိပါသည်။ယင်းတို့မှာ အခြေခံ ကျဆုံးသော Topology များဖြစ်ကြပါသည်။
  1.Bus Topology
 2. Star Topology
  3. Ring Topology
(ဆက်လက်ရေးသားပါ့မည်)
(ကျွန်တော့် ကွန်ပျုတာရှေ့ကခွာပြီး လမ်းပေါ်ရောက်နေရာကနေတင်လိုက်ရလို့ အနည်းငယ်မျှသာရေးသားနိုင်ပါသည်။နားလည်ပေးကြပါကုန်)

Backtrack3-final.iso Spoon Wep/Wep finder/SV 2k8 step (2)

သူငယ်ချင်းတို့  ဆက်ကြရအောင်နော် ကျွန်တော်လည်း ပြီးခဲ့ တဲ့ အပတ်က မရေးဖြစ်ဘူး။ ကျွန်တော်စိတ်တွေ တအားရှုပ်နေတယ် စိတ်တွေ ရှုပ်နေတဲ့ အချိန်မှာ ကျွန်တော့် နားက Phone လေးကတော့ ခေါင်းနဲ့ ကိုယ် အိုးစားကွဲ သွားတယ်။ နှမြောစရာလေးဗျာ အဲ့ ဒီဖုန်းလေးနဲ့ ဘဲ အလုပ်လုပ်ရင်း ချစ်သူကို လှမ်းလှမ်း ကလိနေတာ၊ ( လှမ်းကလိတယ်ဆိုတာ ဖုန်းခေါ်တာတို့  chatting ထိုင်တာတို့  ကိုပြောတာနော် ) အခုအဲ့ ဒီချစ်သူကြောင့် ဒီဖုန်းလေး ဘ၀ ပြောင်းတော့ မလို့ ။ ကျွန်တော့်မှာ မနည်း လက်ပူတိုက်လိုက်ရတယ် ( လက်ပူတိုက်တယ် ဆိုတာ သိသလောက် တတ်သလောက် လေးပြန်ပြင်တာကို ဆိုလိုတာပါ )။ ကျွန်တော့်မှာလဲ သူငယ်ချင်းတို့  နားလည်အောင် ရှင်းပြချင်တာက တမျိုး။ ချစ်သူကလဲ တဒုက္ခ၊ ညဘက် ညဘက် လက်တွေ့  စမ်းရတာလဲ တဒုက္ခ၊ ဒီကြားထဲ Gtalk ကနေ ဘာတွေ မေးမှန်းလဲ မသိဘူး အဲ့ ဒါကို မနည်းဖြေ ရှင်းချက်ထုတ်ပေးရတာလဲ တဒုက္ခ ၊ အားလုံးကို စွန့် ပစ်ပြီး အမိမြေပြန်ရင်ကော….. ( အဲ့ ဒါလဲ ဒုက္ခဘဲ ) ။ တခါတလေ စိတ်တအားကျဉ်းကျပ်လာရင် ကျွန်တော် သူငယ်ချင်းတွေနဲ့  ငါးကန်သွားပြီးတညလုံး ငါးမျှားနေလိုက်တယ်ဗျာ။ ကျွန်တော့်ရဲ့ စိတ်အပန်းဖြေ စိတ်ထွက်ပေါက်ရှာလိုက်တယ်။ ကဲ အလုပ်စမယ်….
အလုပ်လို့ ဘဲ သဘောထားနော်။ ကျွန်တော့်မှာ သူငယ်ချင်းတို့ ကို သိသင့်တာလေးတွေ ပေးဖို့ ရှိတယ်။ အခု ပေးလိုက်လို့ လဲ မဖြစ်သေးဘူး။ ပေးလိုက်ရင်လဲ သိတဲ့ သူတွေ ကတော့ သိပြီး မသိတဲ့ သူတွေ ကတော့ ထိုင်ကြည့်နေရုံကလွဲ ပြီး ဘာမှ လုပ်တတ်မှာလဲ မဟုတ်ဘူး။ ကျွန်တော်လည်း အရင်ကဒီလိုဘဲ သူမျာပေးတာယူပြီး ထိုင်ကြည့်နေဖူးတယ် ဘယ်ကနေဘယ်လို စလုပ်ရမှန်းမသိလို့ ။ အဲ့ ဒါနဲ့  ကျောင်းနေဘက် ထဲ က ဂျိုကာ တွေကို ဦးနှောက်စားရတာပေါ့။ ပြောလဲ ပြောဆဲလဲဆဲ ခံရတယ်ဗျာ။ လူမျိုးခြားပေမဲ့ လဲ သူငယ်ချင်းအရင်းကြီးလိုနေလာတော့ ပြောမနာဆို မနာဘူးဗျို့ ။ စပြီနော်.. အရင် အပတ်က ကျွန်တော်တို့  Shell konsole ထဲမှာ airodump-ng ရိုက်ပြီး ကိုယ့်ပတ်ဝန်းကျင်က wifi list ကို ရှာနေတဲ့ အပိုင်းရောက်နေပြီ။ အောက်ပုံ ကြည့်နော်။


ဒီအတိုင်းပေါ်လာပြီဆိုရင် ခဏတော့ စောင့်ပေးရမယ် ကိုယ့်ပတ်ဝန်းကျင်က wifi list တွေ ပေါ်လာမယ်၊ ပြီးရင် ဘယ်သူကတော့ loading သုံးနေလဲ ( Upload or Download )၊ Data ဘယ်လောက်ရှိလဲ၊ Packets ဘယ်လောက်ရှိလဲ၊ Security type WEP လား WPA လား။ BSSID မှာရော address အမှန်ပေါ်လား ဒါမှ မဟုတ် not associated လား။ ( လားနဲ့ လဲ) ပေါင်းများစွာ ကို စောင့်ကြည့်ရမယ်။ ENC column က Security-type WEP ကိုစောင့်ကြည့် ရမယ်နော်။ စောင့်ကြည့်နေရင်းနဲ့  Data က တခြားသူတွေထက် တက်တာ မြန်နေတဲ့  address တခုခု တွေ့ ပြီဆို ရင် သေချာပြီ အဲ့ ဒီ address ပိုင်ရှင် ကတော့Loading  သုံးနေပြီ ဟိုဗွီဒီယိုတွေ ကြည့်နေပြီ ( ဥပမာ- အက်ရှင်ဇတ်ကြမ်း Video )။ အဲ့ ဒါကို အခွင့်ကောင်းယူပြီး အပီဖဲ့ ရအောင် ၊ ကီးဘုတ်မှာ Ctrl+c နှိပ်ပြီး Network interface list ကို ရပ်လိုက်ပါ။ ပုံထဲကို ကြည့်ပါ

Network name (GRAND_GULSOY_STREET) Data -30 Security type WEP. အခု ကျွန်တော်တို့  ဖော်ထုတ်မဲ့  Network name ရဲ့ (BSSID- 00:12:CF:6E:A9:77 ) နဲ့  ( STATION- 00:12:FD:AC:F7:90 ) အဲ့ ဒီ ၂ခု ကို Spoon WEP key finder ထဲမှာသွားဖြည့် ရမယ်နော်။ အောက်ပုံကို ကြည့်ပါ။


Victim Mac ထဲမှာ BSSID address ကို ဖြည့်ပေးရမယ်၊ Clientless Attack ထဲမှာ STATION address ကိုဖြည့်ပေးရမယ်နော်။ NET CARD ကတော့ သူငယ်ချင်းတို့ ခေါ်ထားတဲ့  Interface ကို ထည့်ပေးရမှာဖြစ်ပြီး Client အကွက်လေးနဲ့  Ath အကွက်လေးကို အမှတ်ခြစ်ပေးလိုက်။ Channel ဘယ်လောက်ရှိတယ်ဆိုတာ List ထဲက ကြည့်ပြီးချိန်ပေးလိုက်။ Inj Rate ကတော့ ကျွန်တော် အရင် ကပြောဖူးတဲ့ အတိုင်းပေါ့ ၁၀၀၀ မှာထားလိုက်ပေါ့။ ပြီးရင် ( fragmentation & forget attack) နဲ့  ( unknow key length cracking at 20000ivs ) ရွေးပြီး LAUNCH ကို click လိုက်ပါ။ ဒီထက် ပို ရှင်းအောင် အောက်က ပုံကို ဆက်ကြည့်ပါ။

အပေါ်ကပုံအတိုင်းအားလုံး setting ချိန်ပြီး Launch ကို click ပြီးပြီ ဆိုရင် လုပ်စရာရှိတာ ဆက်လုပ်နေလိုက်တော့။ address ပိုင်ရှင် က loading တခုခု သုံးနေရင်တော့ Data အတက်မြန်မယ် password ရတာမြန်မယ်။ ဒီလောက်ဘဲ မှတ်ထားလိုက်ပေါ့နော်။ အခု ကျွန်တော် ရေးနေတဲ့ အထိကို သူငယ်ချင်းများ စိတ်ဝင်စားလားတော့ မသိဘူး။ အများဆုံးလာကြည့်တဲ့  နိုင်ငံကတော့ မြန်မာပြည်ကပါ။ ဒါပေမဲ့  မြန်မာ ပြည်မှာ WiFi ကို လူတိုင်းမသုံးနိုင်သေးတာကို တော့ ကျွန်တော် အလွန်ဘဲဝမ်းနည်းမိပါတယ်။ တနေ့ နေ့  တချိန်ချိန်မှာတော့ လူတိုင်း သုံးနိုင်လာလိမ့်မယ်လို့ လဲ မျှော်လင့်ပါတယ်။ ကျွန်တော် လက်ရှိနေတဲ့  နိုင်ငံက ဖုန်း company တခုမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်း တယောက်ကတော့ ပြောဖူးတယ်။ ဂျွန်လ ကုန်ရင် သူတို့  company က မြန်မာပြည်မှာ သွားထိုင်မဲ့ အကြောင်းပါ။ ဒါပေမဲ့  အဖြေကတော့ ဘာမှ မသိရသေးဘူး။ ထိုင်ဖြစ်တော့ မလို၊ မထိုင်ဖြစ်တော့ မလိုနဲ့ ၊ ကျွန်တော်တို့ က အိမ်ရှင် ဆိုတော့ ကျွန်တော် တို့ ကြိုဆို မှ သူတို့ က လာလို့ ရမှာလေ။ ကျွန်တော့် အနေနဲ့  အများအတွက် ကြိုဆိုသင့်တယ်လို့ ယူဆတယ်။ လက်ရှိ မြန်မာပြည်ရဲ့  connection အခြေအနေနဲ့ Back Track ကို Download ချဖို့  အခက်အခဲ ရှိနေတဲ့ သူငယ်ချင်းများ တောင်းဆိုတဲ့ အတွက် အပိုင်းလိုက်ခွဲ ပြီး တင်ပေးသွားဖို့  အစီအစဉ် ရှိပါတယ်။ ကျွန်တော် အတွက် အချိန်က တအားနည်းနေတယ် အဲ့ ဒီ အတွက် အထူးဘဲ တောင်းပန်ချင်ပါတယ်။ ကျွန်တော်ရဲ့  ကိုပိုင် အချိန် လေးထဲက နေ ကျွန်တော်၇အောင် တင်ပေးသွားပါ့မယ်။  ကံကောင်းပါစေ၊
                                                  
 ကျေးဇူးတင်စကား......
 ကျွန်တော့် ဆိုဒ်ထဲမှာ မအားလတ်တဲ့  ကြားက ၀င်ရောက် ကူညီအားဖြည့်ပေးတဲ့  သူငယ်ချင်း      (ကိုမြင့်ထွန်း နဲ့  asypont ) တို့ကို အထူးဘဲ ကျေးဇူးရှိတင်ပါတယ်။ ၀င်ရောက် ကူညီ အားဖြည့် ပေးမဲ့  သူငယ်ချင်းများကို လည်းကြို ဆို ပါတယ်။

GRIM WEPA v1.10 ALPHA 6

 သူငယ်ချင်းတို့  အတွက် အခု မျှဝေပေးမဲ့  Software ကတော့ Grim WEPA  ပါ။  ဒီ software ကို Backtrack 4/5  မှာ install လုပ်ပြီး သုံးလို့ ရတယ် ။ သူ့ ရဲ့ အားသာ ချက် က Program တခုထဲမှာ WEP နဲ့  WPA ၂မျိုး  ပေါင်းစပ် ထားတာဘဲ။  ok, အရင် ဆုံး Floder အသစ် တခုဖွင့်ပါ။ သူငယ်ချင်းဖွင့်ထားတဲ့  Floder ကို မှတ်ရလွယ် အောင် နာမည် တခု ပေးပါ။ ကျွန်တော်က မှတ်မိလွယ် အောင် ကောင်မလေး ၁ ယောက် ရဲ့ နာမည် ကို ပေးမယ် နော်။ ကျွန်တော်ကတော့ မှတ်မိလွယ်အောင် ကျွန်တော့် floder ရဲ့  နာမည်ကို yadanar လို့ နာမည် ပေး လိုက် မယ်။ Grim WEPA ကို  Download ( size 319kb ) ချပါ၊ ပြီးရင် floder (yadanar) ထဲ မှာ Save လုပ်ပြီး( D: ) ( E: ) ( F: ) တနေရာရာမှာ သွားသိမ်းလိုက်ပါ။ ကျွန်တော် ကတော့ ( F: ) Pendrive ထဲ မှာ သိမ်းလိုက်မယ်။
Backtrack ကို နှိုးလိုက် ပါ။ အောက် ပါ အတိုင်း တဆင့်ချင်းဆီ သွားပါ။ 
( ၁ ) File manager Konqueror ကို Click ပေးပါ
(၂ ) Storage Media သို့  သွားပြီး Click ပါ
(၃)  မိမိသိမ်းထားခဲ့ သော Storage Media ကို Click  ပါ
အဲ့ ဒီ Storage Media ထဲ ကနေ  ခုနက သူငယ် ချင်းတို့  သိမ်းထားခဲ့ တဲ့  ဖိုင် ကို ရှာလိုက်၊ တွေ့  ပြီ ဆို ရင် Click နှိပ်ပြီး ဖွင့် လိုက်။ အဲ့ ဒီ အထဲ မှာ ခုနက ဒေါင်းလုတ်ချထားတဲ့  Grim WEPA java software ကို Right Click\ Open with\ Sun java 6 runtime နဲ့  Run လိုက် ပါ။ အောက် က ပုံ အတိုင်းပေါ်လာ ပါမယ်။





ပုံ ၂ က wireless device ကို Select ပေးရမယ် နော် ဥပမာ ( Wlan1\ Wlan0\ mon0\ Eth1 ) စသဖြင့်
Ok နှိပ်လိုက်ပါ။ အောက် က ပုံ(၃) အတိုင်း Wireless name ပေါ်လာ လိမ့်မယ်။ မပေါ်လာ ရင် refresh လုပ်ရမယ်။


ပုံ(၃) အတိုင်းပေါ်လာ ပြီဆို ရင် လိုချင်တဲ့ Network name ပေါ်ကို Boule click နှိပ်လိုက် ပြီးရင်
( use client in attack ) မှာ အမှတ်ခြစ် Targering bssid address ရေးထည့်။ ပြီးရင် ( deauth )
ကို click လိုက်။ (attack method ) မှာ Forget attack ကို select ပေး ပြီး၇င် test injection ကို Click လိုက်။
အားလုံးပြီးသွားရင် ကျွန်တော် ပြောနေကျ အတိုင်း လုပ် စရာ ရှိဆက် လုပ် တော့ ပေါ့။ အော်တို မစ်တစ် Crack လုပ် သွားပါလိမ့်မယ်။  Wpa လည်း ထိုနည်း အတိုင်း ပါဘဲ။ သဘောတရားချင်း အတူတူ ပါဘဲ။ ကိုယ် တိုင် ကြိုးစားကြည့်ပါ။ အဆင် ပြေပါလိမ့်မယ်။  ဆက်ကြည့်၇အောင်


ပုံထဲ (၄) က အနီရောင် ဘောင် ခတ်ထားတာကတော့ Wep ရဲ့  password ပါ။ သူငယ်ချင်းတို့  အဆင် ပြေမယ် လို့  မျှော်လင့်ပါတယ်။ နောက်လာမဲ့  ပိုစ့်တွေ ကတော့ java software တွေ မပါတော့ဘူး.။ Shellkonsole ထဲ ကနေ wep\wpa password Hack နည်း ပြောပြမယ်။ မြန်တာတော့ တအားမြန်တယ်။ Password Dictionary  တောင်းထားတဲ့  သူငယ် ချင်းတွေ အတွက် လဲ Password Dictionary တင်ပေးမယ်နော်။ နည်း၂ တော့ သီးခံ ကြပါ။ ကျွန်တော့် ကို အပီချုပ်ကိုင် ထားတာ က အချိန် ဖြစ်နေတယ် ဗျာ။ နားလည် ပေးပါ။ မြန်မာ ပြည်က ပရိသတ်တွေ ပုံ မမြင် ၇တာ ကို မြင်ရအောင် အရင် လုပ် ပေးမယ်။ ပြီးမှ ကျန်တာတွေ ဆက် လုပ်မယ်။ Ok, နော် ကံကောင်းပါစေ။ ကွန်ပြူတာအခြေံတော့နည်းနည်းရှိရင်တော့လုပ်ရတာအဆင်ပြေမှာပေါ...

Backtrack 3 With Spoon WEP/WPA jar

ဒီကောင်ကတော့ Backtrack 3 Spoon WEP/WPA jar program ပါတဲ့  အတွက် သူငယ် ချင်းများ ကြိုက် ကြ မယ် လို့  မျှော်လင့် ပါတယ်.. ကျနော် လ ည်း ဒီကောင်လေး ကို သဘော ကျတယ် ဘာဖြစ် လို့  လဲ ဆို တော့ ကွန့်မန်း ဘာညာ သာရကာ ပေးစရာ မလိုဘဲ Spoon WEP/WPA jar program ကနေ တိုက် ရိုက် ရှာဖွေ လို့ ရပါတယ်။ OK.. အောက် မှာ လုပ် ပုံလုပ် နည်း ကို ပုံနဲ့  ပြ ထားတယ်။ အဲ့  အတိုင်းသာ လုပ် ကြ ပေါ့။ ကဲ သူငယ် ချင်းတို့  ဒေါင်းလုတ်အရင် ချ လိုက် ပါ။

Multiupload
                      
                                                        (၁)   




အသုံးပြု နည်းကိုတော့ ကျွန်တော် အားရင်တင်တော့တင်ပေးပါ့မယ်...... အရင် ပို့ စ်တွေ ကို ရှာ ဖတ် လိုက် ပါ။  ဒေါင်းလုတ် ဆွဲ လို့  မရဘူးလို့  တော့ မအော် ကြ နဲ့  နော်.. မြန်မာ ပြည်က ဒုတိယ အများဆုံး ဆွဲထားတာ ကျွန်တော် သိတယ်.. ဟားဟား။ တခုတော့ ပြောချင် တယ် ဗျာ..တကယ် လို့  သူငယ်ချင်း တယောက်ယောက် က အဆင် ပြေ ခဲ့ တယ်ဆို ၇င် တခြား သူငယ် ချင်းတွေ ကိုလည်း ကူးယူပြီး မျှဝေပေး လိုက် ပါ လို့ မေတ္တာ ရပ်ခံပါတယ်ဗျာ.ဟိုတလော က ရောင်းစားနေတယ် လို့  ကျွန်တော်သတင်း ကြားရပါတယ် မလုပ် သင့်ပါဘူး။ ကျွန်တော် လည်း အလကားရတာ ပါ။ ဘယ် တော့ မှ ရောင်းစားဖို အစီအစဉ်မရှိပါဘူး။ မျှဝေပေးဖို့  ဘဲ အစီအစဉ် ၇ှိပါတယ်။  အဆင် ပြေ ပါ စေဗျာ။


နှစ်သိန်းတန်ဖုန်းအား ၀ယ်ယူလိုသူအချို့ အယုံအကြည်မရှိသေး

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့မှာ ကျပ်နှစ်သိန်းတန် မိုဘိုင်းဖုန်းများကို မတ်လ ၁၄ ရက်နေ့ကစတင်ပြီး ရောင်းချပေးနေပါတယ်။
ဖုန်းဝယ်ယူလိုသူ အချို့ကတော့ အဆိုပါ နှစ်သိန်းတန်ဖုန်းကို အယုံအကြည်မရှိသေးဘဲ လိုင်းအားအခြေအနေကို ဆက်လက်စောင့်ကြည့်ဦးမယ်လို့ ဆိုကြပါတယ်။
"စလာချပေးတဲ့နေ့က ကျနော် သွားဝယ်မလို့ သွားမေးသေးတယ်” အခုရောင်းချပေးနေတဲ့ CDMA နှစ်သိန်းတန်ဖုန်းကို “ပြည်နယ်တွေကို ပိုဦးစားပေးတယ်တဲ့ ဒါပေမဲ့ လှိုင်းက ဒီလွိုင်ကော်ကပဲ ဆိုတော့ အဝေး(ဒီးမော့ဆိုနဲ့ဖရူဆိုဘက်)ဆို သုံးမရဘူးလေ။ လှိုင်းကိုတော့ နောက်လမှ ထပ်ချဲ့ပေးမယ်လို့ပြောတာပဲ။ ဖုန်းကိုတော့ အရင်လာရောင်းပြီ။ လှိုင်းကို နောက်မှ လာချဲ့မယ်ဆိုတော့ သိပ့်မယုံဘူးလေ။ တော်ကြာ ပိုက်ဆံက သူတို့ လက်ထဲ ရောက်သွားရင် မချဲ့ရင် ဘာမှလည်း သုံးလို့ရမှာ မဟုတ်တဲ့အတွက် မဝယ်ဖြစ်ဘူး"
စတင်ရောင်းချပေးတဲ့နေ့မှာ လွိုင်ကော်မြို့ကို တက်လာတဲ့ ကရင်နီပြည်နယ်ဖရှုဆို မြို့နယ်မှ ဖုန်းဝယ်ယူလိုသူ ဒေသခံတဦးက ပြောပြသွားတာဖြစ်ပါတယ်။
မတ်လ ၁၃ ရက်နေ့မှ စတင်၍ ကျပ်ငါးသိန်းတန် CDMA 800 MHz ဖုန်းများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ နယ်မြို့များ၌ပါ ရောင်းချပေးမှု ခေတ္တရပ်ဆိုင်းပြီး အဆိုပါ CDMA 800 MHz ဖုန်းအား ကျပ်နှစ်သိန်းခွဲ၊ CDMA 450 MHz ဖုန်းအား ကျပ်နှစ်သိန်းဖြင့် မတ်လ ၁၄ ရက်နေ့မှ စတင်၍ ဈေးနှုန်း လျော့ချသတ်မှတ်ပေးမည်လို့ Elite Tech Service မှ ကြေညာခဲ့ပြီးနောက် ယခုလို လွိုင်ကော်မြို့မှာ ကျန်နှစ်သိန်းတန် မိုဘိုင်းဖုန်းများ စတင်ရောင်းချလာတာကို တွေ့ရပါတယ်။

GSM ဖုန်း
CDMA 800 နဲ့ 450 MHz ဖုန်းများအတွက် တည်ဆောက်ထားတဲ့ လိုင်းအင်အား ပြည့်နေပြီဖြစ်တဲ့အတွက် ကျပ်ငါးသိန်းနဲ့ ချောင်းချမှုကို ခေတ္တရပ်ဆိုင်းထားခြင်းလည်း ဖြစ်တယ်လို့သိရပါတယ်။
 “အရင်က သူတို့ချပေးတာက ၅ သိန်း နှစ်သောင်းနဲ့ ဝယ်ခဲ့ရတဲ့ ဖုန်းတွေတောင်မှ လှိုင်းတွေက မကောင်းဘူး။ အခု ၂ သိန်းကိုလျော့ချရောင်းတာထက် လှိုင်းတွေကောင်းအောင် အရင်လုပ်သင့်တယ်။ လှိုင်းကမကောင်းရင် အခုရောင်းပေးနေတဲ့ ဖုန်းတွေလဲ ဘာမှအဓိပ္ပါယ် ရှိမှာမဟုတ်ဘူး။”
လွိုင်ကော်မြို့မှ အဝေးပြေးကားဆွဲနေတဲ့လုပ်ငန်းရှင်တစ်ဦးက ပြောပြသွားတာပါ။
ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်နယ်နှစ်ခုမှာ စတင်ရောင်းချပေးနေတဲ့ ဖုန်းအလုံးရေ နစ်သောင်းကျော်အနက် လွိုင်ကော်မြို့မှာ အလုံးပေါင်း တထောင်ကျော်ချရောင်းနေတယ်လို့ သိရပါတယ်။
အခု ကျပ်နှစ်သိန်းနဲ့ချောင်းချနေတဲ့ ဖုန်းတွေကို ဝယ်ယူလိုသူတို့အနေနဲ့ လျှောက်လွှာကို အရင်ကြိုတင်ဖြည့်ခိုင်းထားကြောင်း၊ မိမိ pass port ဓါတ်ပုံနှစ်ပုံ၊ မှတ်ပုံတင်မူရင်းနဲ့ မိတ္တူအပါဝင်ယူဆောင်လာရပြီး နေရပ်လိပ်စာ အတိကျဖြည့်ပေးရတယ်လို့ ဆိုပါတယ်။
“ညနေ လေးနာရီ ချိန်လောက်မှ ကျနော် ရောက်သွားတော့ လူတွေက တယောက် နစ်ယောက်ပဲ ရှိတော့တယ် ဒါပေမဲ့ အရင်လျှောက်လွှာ ဖြည့်ထားတာကတော့ အထပ်ကြီးကိုတော့ တွေ့ရပါတယ်" လို့ ဖုန်းလာရောက်ဝယ်လိုတဲ့ လွိုင်ကော်မြို့ခံတဦးက ပြောပါတယ်။

ပေးရင်ယူလိုက် ဒါပေမယ့် အန်အယ်ဒီကိုပဲ မဲထည့်ပါ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် လားရှိုးမြို့မဲဆွယ်စည်းရုံးရေး ခရီးစဉ်
လာမယ့် ကြားဖြတ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည့်ဟာ မက်လ ၁၇ ရက်နေ့က ရှမ်းပြည် မြောက်ပိုင်းမှာရှိတဲ့ လားရှိုးမြို့ကို
မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် သွားရောက် ခဲ့ပါတယ်။ ဒီခရီးစဉ်အတွင်း သောင်းနဲ့ချီတဲ့ ဒေသခံ ပြည်သူတွေက ကြိုဆိုခဲ့ကြသလို ဒေါ်အောင်ဆန်းစုကြည်ကလည်း ရန်တိုင်းအောင် စေတီရှေ့
ကွင်းပြင်မှာ သောင်းနဲ့ချီတဲ့ ဒေသခံ ပြည်သူတွေကို မိန့်ခွန်း ပြောသွားပါတယ် ။ တစ်ခါ သိန္နီမြို့ဘုန်းတော်ကြီးကျောင်း ရှေ့မှာလည်း မိနစ် ၄၀ လောက် လူထုကို မိန့်ခွန်း ပြောခဲ့ပါတယ်။ ဒါ့အပြင်
လားရှိုးမြို့ နည်းပညာ တက္ကသိုလ်က ဆရာဆရာမတွေ ကျောင်းသား ကျောင်းသူ တွေနဲ့လည်း တွေ့ဆုံ ခဲ့ပါတယ်။

မန္တလေးမှာပေါက်ကွဲမှုဖြစ်၊ ၂ ဦးသေ


မန္တလေး စက်မှုဇုန် သခင်ဖိုးလှကြီးလမ်း၊ ၆၈ နဲ့ ၆၉ လမ်းကြား သံရည်ကျိုစက်ရုံမှာ ဒီမနက် ပေါက်ကွဲမှု ဖြစ်လို့ ၂ ဦး သေဆုံးတယ် လို့ သိရပါတယ်။
ပေါက်ကွဲတဲ့နေရာမှာ ဒုတိယကမ္ဘာစစ်ကျန် ဗုံးတွေ တွေ့ရတယ်လို့ ဆိုပါတယ်။


လောကပါလနာမှုကူညီရေးအသင်းက ရုပ်အလောင်းများ သယ်ဆောင်နေစဉ်။


ရှာဖွေရာမှ ထပ်မံတွေ့ရှိရသော ဗုံးနှင့် ကျည်အချို့...။

အချက်အလက်နဲ့ ဓာတ်ပုံများ - သူရိန် - http://facebook.com/yebawthuyein