Monday 19 March 2012

Backtrack3-final.iso Spoon Wep/Wep finder/SV 2k8 step (2)

သူငယ်ချင်းတို့  ဆက်ကြရအောင်နော် ကျွန်တော်လည်း ပြီးခဲ့ တဲ့ အပတ်က မရေးဖြစ်ဘူး။ ကျွန်တော်စိတ်တွေ တအားရှုပ်နေတယ် စိတ်တွေ ရှုပ်နေတဲ့ အချိန်မှာ ကျွန်တော့် နားက Phone လေးကတော့ ခေါင်းနဲ့ ကိုယ် အိုးစားကွဲ သွားတယ်။ နှမြောစရာလေးဗျာ အဲ့ ဒီဖုန်းလေးနဲ့ ဘဲ အလုပ်လုပ်ရင်း ချစ်သူကို လှမ်းလှမ်း ကလိနေတာ၊ ( လှမ်းကလိတယ်ဆိုတာ ဖုန်းခေါ်တာတို့  chatting ထိုင်တာတို့  ကိုပြောတာနော် ) အခုအဲ့ ဒီချစ်သူကြောင့် ဒီဖုန်းလေး ဘ၀ ပြောင်းတော့ မလို့ ။ ကျွန်တော့်မှာ မနည်း လက်ပူတိုက်လိုက်ရတယ် ( လက်ပူတိုက်တယ် ဆိုတာ သိသလောက် တတ်သလောက် လေးပြန်ပြင်တာကို ဆိုလိုတာပါ )။ ကျွန်တော့်မှာလဲ သူငယ်ချင်းတို့  နားလည်အောင် ရှင်းပြချင်တာက တမျိုး။ ချစ်သူကလဲ တဒုက္ခ၊ ညဘက် ညဘက် လက်တွေ့  စမ်းရတာလဲ တဒုက္ခ၊ ဒီကြားထဲ Gtalk ကနေ ဘာတွေ မေးမှန်းလဲ မသိဘူး အဲ့ ဒါကို မနည်းဖြေ ရှင်းချက်ထုတ်ပေးရတာလဲ တဒုက္ခ ၊ အားလုံးကို စွန့် ပစ်ပြီး အမိမြေပြန်ရင်ကော….. ( အဲ့ ဒါလဲ ဒုက္ခဘဲ ) ။ တခါတလေ စိတ်တအားကျဉ်းကျပ်လာရင် ကျွန်တော် သူငယ်ချင်းတွေနဲ့  ငါးကန်သွားပြီးတညလုံး ငါးမျှားနေလိုက်တယ်ဗျာ။ ကျွန်တော့်ရဲ့ စိတ်အပန်းဖြေ စိတ်ထွက်ပေါက်ရှာလိုက်တယ်။ ကဲ အလုပ်စမယ်….
အလုပ်လို့ ဘဲ သဘောထားနော်။ ကျွန်တော့်မှာ သူငယ်ချင်းတို့ ကို သိသင့်တာလေးတွေ ပေးဖို့ ရှိတယ်။ အခု ပေးလိုက်လို့ လဲ မဖြစ်သေးဘူး။ ပေးလိုက်ရင်လဲ သိတဲ့ သူတွေ ကတော့ သိပြီး မသိတဲ့ သူတွေ ကတော့ ထိုင်ကြည့်နေရုံကလွဲ ပြီး ဘာမှ လုပ်တတ်မှာလဲ မဟုတ်ဘူး။ ကျွန်တော်လည်း အရင်ကဒီလိုဘဲ သူမျာပေးတာယူပြီး ထိုင်ကြည့်နေဖူးတယ် ဘယ်ကနေဘယ်လို စလုပ်ရမှန်းမသိလို့ ။ အဲ့ ဒါနဲ့  ကျောင်းနေဘက် ထဲ က ဂျိုကာ တွေကို ဦးနှောက်စားရတာပေါ့။ ပြောလဲ ပြောဆဲလဲဆဲ ခံရတယ်ဗျာ။ လူမျိုးခြားပေမဲ့ လဲ သူငယ်ချင်းအရင်းကြီးလိုနေလာတော့ ပြောမနာဆို မနာဘူးဗျို့ ။ စပြီနော်.. အရင် အပတ်က ကျွန်တော်တို့  Shell konsole ထဲမှာ airodump-ng ရိုက်ပြီး ကိုယ့်ပတ်ဝန်းကျင်က wifi list ကို ရှာနေတဲ့ အပိုင်းရောက်နေပြီ။ အောက်ပုံ ကြည့်နော်။


ဒီအတိုင်းပေါ်လာပြီဆိုရင် ခဏတော့ စောင့်ပေးရမယ် ကိုယ့်ပတ်ဝန်းကျင်က wifi list တွေ ပေါ်လာမယ်၊ ပြီးရင် ဘယ်သူကတော့ loading သုံးနေလဲ ( Upload or Download )၊ Data ဘယ်လောက်ရှိလဲ၊ Packets ဘယ်လောက်ရှိလဲ၊ Security type WEP လား WPA လား။ BSSID မှာရော address အမှန်ပေါ်လား ဒါမှ မဟုတ် not associated လား။ ( လားနဲ့ လဲ) ပေါင်းများစွာ ကို စောင့်ကြည့်ရမယ်။ ENC column က Security-type WEP ကိုစောင့်ကြည့် ရမယ်နော်။ စောင့်ကြည့်နေရင်းနဲ့  Data က တခြားသူတွေထက် တက်တာ မြန်နေတဲ့  address တခုခု တွေ့ ပြီဆို ရင် သေချာပြီ အဲ့ ဒီ address ပိုင်ရှင် ကတော့Loading  သုံးနေပြီ ဟိုဗွီဒီယိုတွေ ကြည့်နေပြီ ( ဥပမာ- အက်ရှင်ဇတ်ကြမ်း Video )။ အဲ့ ဒါကို အခွင့်ကောင်းယူပြီး အပီဖဲ့ ရအောင် ၊ ကီးဘုတ်မှာ Ctrl+c နှိပ်ပြီး Network interface list ကို ရပ်လိုက်ပါ။ ပုံထဲကို ကြည့်ပါ

Network name (GRAND_GULSOY_STREET) Data -30 Security type WEP. အခု ကျွန်တော်တို့  ဖော်ထုတ်မဲ့  Network name ရဲ့ (BSSID- 00:12:CF:6E:A9:77 ) နဲ့  ( STATION- 00:12:FD:AC:F7:90 ) အဲ့ ဒီ ၂ခု ကို Spoon WEP key finder ထဲမှာသွားဖြည့် ရမယ်နော်။ အောက်ပုံကို ကြည့်ပါ။


Victim Mac ထဲမှာ BSSID address ကို ဖြည့်ပေးရမယ်၊ Clientless Attack ထဲမှာ STATION address ကိုဖြည့်ပေးရမယ်နော်။ NET CARD ကတော့ သူငယ်ချင်းတို့ ခေါ်ထားတဲ့  Interface ကို ထည့်ပေးရမှာဖြစ်ပြီး Client အကွက်လေးနဲ့  Ath အကွက်လေးကို အမှတ်ခြစ်ပေးလိုက်။ Channel ဘယ်လောက်ရှိတယ်ဆိုတာ List ထဲက ကြည့်ပြီးချိန်ပေးလိုက်။ Inj Rate ကတော့ ကျွန်တော် အရင် ကပြောဖူးတဲ့ အတိုင်းပေါ့ ၁၀၀၀ မှာထားလိုက်ပေါ့။ ပြီးရင် ( fragmentation & forget attack) နဲ့  ( unknow key length cracking at 20000ivs ) ရွေးပြီး LAUNCH ကို click လိုက်ပါ။ ဒီထက် ပို ရှင်းအောင် အောက်က ပုံကို ဆက်ကြည့်ပါ။

အပေါ်ကပုံအတိုင်းအားလုံး setting ချိန်ပြီး Launch ကို click ပြီးပြီ ဆိုရင် လုပ်စရာရှိတာ ဆက်လုပ်နေလိုက်တော့။ address ပိုင်ရှင် က loading တခုခု သုံးနေရင်တော့ Data အတက်မြန်မယ် password ရတာမြန်မယ်။ ဒီလောက်ဘဲ မှတ်ထားလိုက်ပေါ့နော်။ အခု ကျွန်တော် ရေးနေတဲ့ အထိကို သူငယ်ချင်းများ စိတ်ဝင်စားလားတော့ မသိဘူး။ အများဆုံးလာကြည့်တဲ့  နိုင်ငံကတော့ မြန်မာပြည်ကပါ။ ဒါပေမဲ့  မြန်မာ ပြည်မှာ WiFi ကို လူတိုင်းမသုံးနိုင်သေးတာကို တော့ ကျွန်တော် အလွန်ဘဲဝမ်းနည်းမိပါတယ်။ တနေ့ နေ့  တချိန်ချိန်မှာတော့ လူတိုင်း သုံးနိုင်လာလိမ့်မယ်လို့ လဲ မျှော်လင့်ပါတယ်။ ကျွန်တော် လက်ရှိနေတဲ့  နိုင်ငံက ဖုန်း company တခုမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်း တယောက်ကတော့ ပြောဖူးတယ်။ ဂျွန်လ ကုန်ရင် သူတို့  company က မြန်မာပြည်မှာ သွားထိုင်မဲ့ အကြောင်းပါ။ ဒါပေမဲ့  အဖြေကတော့ ဘာမှ မသိရသေးဘူး။ ထိုင်ဖြစ်တော့ မလို၊ မထိုင်ဖြစ်တော့ မလိုနဲ့ ၊ ကျွန်တော်တို့ က အိမ်ရှင် ဆိုတော့ ကျွန်တော် တို့ ကြိုဆို မှ သူတို့ က လာလို့ ရမှာလေ။ ကျွန်တော့် အနေနဲ့  အများအတွက် ကြိုဆိုသင့်တယ်လို့ ယူဆတယ်။ လက်ရှိ မြန်မာပြည်ရဲ့  connection အခြေအနေနဲ့ Back Track ကို Download ချဖို့  အခက်အခဲ ရှိနေတဲ့ သူငယ်ချင်းများ တောင်းဆိုတဲ့ အတွက် အပိုင်းလိုက်ခွဲ ပြီး တင်ပေးသွားဖို့  အစီအစဉ် ရှိပါတယ်။ ကျွန်တော် အတွက် အချိန်က တအားနည်းနေတယ် အဲ့ ဒီ အတွက် အထူးဘဲ တောင်းပန်ချင်ပါတယ်။ ကျွန်တော်ရဲ့  ကိုပိုင် အချိန် လေးထဲက နေ ကျွန်တော်၇အောင် တင်ပေးသွားပါ့မယ်။  ကံကောင်းပါစေ၊
                                                  
 ကျေးဇူးတင်စကား......
 ကျွန်တော့် ဆိုဒ်ထဲမှာ မအားလတ်တဲ့  ကြားက ၀င်ရောက် ကူညီအားဖြည့်ပေးတဲ့  သူငယ်ချင်း      (ကိုမြင့်ထွန်း နဲ့  asypont ) တို့ကို အထူးဘဲ ကျေးဇူးရှိတင်ပါတယ်။ ၀င်ရောက် ကူညီ အားဖြည့် ပေးမဲ့  သူငယ်ချင်းများကို လည်းကြို ဆို ပါတယ်။

No comments:

Post a Comment