Sunday 4 March 2012

ဒေါ်စု အားလာရောက်အားပေးသည့် ရဲဘော်ကျော်ဇင်ဝင်း အရေးယူခံထားရကြောင်း ဒေသခံများအတည်ပြုပြောကြား

ဒေါ်အောင်ဆန်းစုကြည် ကို လာရောက်အားပေးနေသည့် ရဲဘော်ကျော်ဇင်ဝင်း
ရှမ်းပြည်နယ် ကလောမြို့အောင်နိုင်ရေးခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်လူထုတွေ့ဆုံပွဲပြုလုပ်သည့်နေ့က စကားပြောစင်မြင့်၏ လက်ယာဖက်တွင် စစ်ယူနီဖေါင်းနှင့်ရဲဘော်လေးတစ်ယောက်လာရောက်နားထောင်နေသည်ကိုတွေ့ခဲ့ရသည်။

ထိုရဲဘော်ကလေးက ဒေါ်အောင်ဆန်းစုကြည်အားလာရောက်နှုတ်ဆက်ခဲ့သည်ကို ရိုက်ကူးထားခဲ့သည့်ဓါတ်ပုံများသည် အင်တာနက် ဖေ့(စ)ဘွတ်စာမျက်နှာများတွင်ပြန့်နှံ့နေခဲ့ပြီး ထိုရဲဘော်လေးဖမ်းဆီးခံထားရသည်ဟူသည့်သတင်းများပြန့်နှံ့နေခဲ့သည်။

ရှမ်းပြည်နယ်ရှိ ခိုင်လုံသောသတင်းရပ်ကွက်မှ သတင်းများအရ ဒေသခံတစ်ယောက်က YPI သို့ဆက်သွယ်ပြောကြားရာတွင် ထိုနေ့တွင်လာရောက်နားထောင်ခဲ့သော ရဲဘော်လေးသည် ကလောမြို့မှတပ်မ၅၅လက်အောက်ခံတပ်သားကျော်ဇင်ဝင်းဖြစ်ပြီး အရက်သေစာသောက်စားမှု၊ တပ်စည်းကမ်းဖေါက်ဖျက်မှုစသည့်စွဲချက်တို့ဖြင့်တပ်ချုပ်ရုံးခန်းသို့ဆင့်ခေါ်ထားခံရသည်ဟုသိရှိရပါသည်။

ကိုယ်တော်ပျောက်၊ လက်တော်ရာစေတီတော်

  ဗုဒ္ဓရှင်တော်မြတ် ချမှတ်တော် မူခဲ့သော ပါဒစေတီယ စက်တော် ရာ နှစ်ဆူသည် မြန်မာနိုင်ငံ၌ရှိရာ ဘာသာရေး၊ သာသနာရေး အထူးကံ ကောင်းသောနိုင်ငံဟု ဆိုထိုက်ပါ သည်။ ထိုစက်တော်ရာ နှစ်ဆူကို အခြေခံ၍ မြန်မာနိုင်ငံ၌ ခြေတော်ရာ ထုလုပ်ကိုးကွယ်မှု အလွန်ပင် များလှ ပါသည်။ မြန်မာနိုင်ငံဒေသအနှံ့ ဖူးတွေ့နိုင်ပါသည်။ ဂေါတမ ဗုဒ္ဓမြတ်စွာ၏လက်တော်ရာကိုမူ မြန်မာနိုင်ငံအတွင်း တစ်နေရာတည်း၌သာ တစ်ဆူတည်း ထူးတင့် ကြည်ညိုဖွယ် ဖူး မြော်နိုင်ပါသည်။
            ဗုဒ္ဓ၏လက်တော်ရာမြတ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ တောကျောင်းလေးကျေးရွာတွင် ကိန်းဝပ်ပါသည်။ မုံရွာမြို့၏ တောင်ဘက် ၁၃ မိုင် အကွာတွင် အမြင့်မြို့ဟောင်းရှိပါသည်။ အမြင့်မြို့ ဟောင်း၏ အရှေ့ဘက် နှစ်မိုင်အကွာတွင် တောကျောင်း လေးရွာရှိပါသည်။ ချောင်းဦးမြို့မှဆိုလျှင် အနောက်ဘက် ခြောက်မိုင် အကွာတွင်ရှိပါသည်။ ချောင်းဦး -ပခုက္ကူ လမ်းမပေါ်ရှိ ဆင်ဖြူရှင်တံတားအရှေ့ဘက်ထိပ်၊ တော ကျောင်းကြီး စံပြကျေးရွာမှလည်း သမိုင်းဝင် ကမ်းနိမ့် ကိုးရွာ သုံးပန်လှရှေးဟောင်း ဘုရားပုထိုးနယ်မြေကို ဖြတ်၍လာနိုင်ပါသည်။
            ဘုရားသမိုင်းကို လေ့လာကြည့်ရာ စာအုပ်အဖြစ် မတွေ့ရသေးဘဲ ဓမ္မဒါနပြုမှတ်တမ်းစာစောင်ငယ် အဖြစ် သာတွေ့ရပါသည်။ လက်တော်ရာ ဘုရားဂေါပကအဖွဲ့မှ ဦးမျိုးမြင့်ဦး (မျိုးသုခ၊ ချောင်းဦး)က ၁၃ နှစ်ကြာမျှ ရှာဖွေစုဆောင်းမှတ်တမ်းတင်ထားပြီး အမှတ်-၁ ကြေးနီသတ္တုတွင်း အထွေထွေ မန်နေဂျာ ဦးဗိုလ်အောင်၊ ဒေါ်ရီရီဝင်းမိသားစုတို့က ဓမ္မဒါနပြုထားခြင်းဖြစ်ပါသည်။ ၄င်းမှတ်တမ်းစာစောင်ကို မှီငြမ်း၍ရေးသားခြင်းဖြစ် ပါသည်။
             ကဿပဘုရားရှင် ပွင့်တော်မူပြီး ဂေါတမဘုရားရှင် မပွင့်မီကြားကာလတွင် ဗာရာဏသီပြည်မှ ပစ္စေကဗုဒ္ဓ အလောင်းတော် ဓနုသီဟမင်းကြီးသည် ကကုဿန် ဘုရားရှင်၏ ညှပ်ရိုးတော်၊ ကောဏဂုံဘုရားရှင်၏ ရင် အုပ်တော်၊ ကဿပဘုရားရှင်၏နဖူးတော်နှင့် လည်ချောင်း တော်တို့ကိုဆောင်ယူ လျက်ရေတစ်သိန်း၊ ကြည်းတစ်သိန်း နောက်လိုက် အင်အားဖြင့် သာသနာတော် တည်တံ့ရာ အရပ်ကိုဖွေရှာလေသည်။ ချင်းတွင်းမြစ် အရှေ့ဘက် ကမ်းသို့တက်ကာ မြို့ခင်းကိုကြည့်သော် ဤအရပ်သည် သာသနာတော်ကို ပြုစုစောင့်ရှောက်ကြပြီး အရှည်တည်တံ့ နိုင်မည်ဟုမိန့်ကာ မြေကိုညှိ၍ ပန္နက်တင်မှုပြုလေသည်။ ထိုအခါ ၄င်းနယ်မြေကို စောင့်သော မဟာညောင်ချင်း နတ်မင်းကြီးက သူ့ထံအခွင့်မတောင်းခြင်းကြောင့် ကြိမ်း မောင်းလေသည်။ ဓနုသီဟမင်းကြီးသည် သက်သေရှိပြီ ဟုဆိုကာ အလွန်ဝမ်းမြောက်၍ သောတာပန်နတ်မင်း ကြီးအား ဘုရားတည်မည့်အကြောင်းပြောလေသည်။ ထို့ နောက် ဓနုသီဟမင်းကြီးသည် မြို့ခင်းကို ပြင်ဆင်ပြီးလျှငကကုဿန် ဘုရားအလောင်းတော် ရွှေဟင်္သာမင်းအစစ်ဖြစ်တော်မူရာ အရပ်၊ ကဿပဘုရားအလောင်းတော် ငါးရံမင်းအစစ်ဖြစ်တော်မူရာ အရပ်ကို နတ်တို့ပြ၍ အင်းကိုမြေဖို့ပြီး တင့် တယ်ကောင်းမွန်အောင် ဆောင်ရွက် လေသည်။ အောက်ဌာပနာတိုက် အတောင် ရှစ်ဆယ်တူးကာ ရွှေ ကျောက်ဖျာခင်း၍ မြကျောက်ဖျာ လေးချပ်ကိုကာလျက် ပတ္တမြား ပြာသာဒ် သုံးဆောင် ဆောက်လုပ်လေ သည်။ ဘုရားသုံးဆူတို့၏ ဓာတ် တော်မြတ်များကို ပြာသာဒ်အတွင်း ဌာပနာစေသည်။ ရွှေ၊ ငွေ၊ ရတနာ မိုးများရွာဖြိုး၍ မြကျောက်ဖျာအုပ်ကာ ရွှေအုတ်၊ ငွေအုတ်၊ မြေအုတ်တို့ဖြင့် မံလုပ်ပြီး ဖိနပ်တော် ၁၂ တောင်၊ ဉာဏ်တော် ၁၅ တောင်ရှိ စေတီကို တည်ထားလေသည်။ ဘုရားတည် စဉ် ၄င်းနေရာတွင် ဂူတစ်ခုမှာ ပေါ် လိုက်၊ ပျောက်လိုက် မြင်တွေ့ကြရ သဖြင့် ဂူတော်ပျောက်စေတီဟု ဘွဲ့ အမည်သမုတ်ခဲ့ကြပြီး နောင်တွင် ကိုယ်တော်ပျောက်စေတီဟု တွင်ခဲ့ ပါသည်။
            နောက်မင်း တစ်ဆယ့်ခြောက် ဆက် အုပ်စိုးစဉ်ကာလတွင် ၄င်းဒေသ သည် ဆိတ်သုဉ်း၍ တောခြုံအတိပြန် ဖြစ်သွားပြီး မြို့အရှေ့ဘက်အင်း၌ ဘီ လူးကိုးသောင်းနေထိုင်လေသည်။ ဂေါတမဘုရားရှင်သည် ကောသမ္ဗီပြည်၊ စန္ဒကူးကျောင်းတော်တွင် စံတော်မူ အပြီး ဒေသစာရီ ကြွချီတော်မူရာ နောင်တော် ဘုရားရှင်မြတ်တို့၏ ဓာတ် တော်မြတ်များကို ပူဇော်ကန်တော့ရန် ကိုယ်တော်ပျောက်စေတီသို့ ရောက် တော်မူခဲ့သည်။ ထိုအခါ ကိုးသောင်း သော ဘီလူးတို့အနက် ငါးသောင်း သောဘီလူးတို့သည် ထွက်ပြေးကြ လေသည်။ ကျန်ဘီလူး လေးသောင်း မှာ မြတ်စွာဘုရားအား ခရီးဦးကြိုကာ တရားရကြ၍ သောတာပန်တည်ကြ ကုန်၏။
             ဂေါတမ ဘုရားရှင်သည် သံဃာ တစ်ထောင်ခြံရံလျက် စေတီတော်ကို အရှေ့ဘက် ရင်ပြင်မှရပ်၍ ဖူးမြော် စဉ် ဘုရားရှင်သုံးဆူ၏ ဓာတ်တော် မြတ်များကို ဂေါတမဘုရားရှင်နှင့် တကွ သံဃာတော်အားလုံး ဖူးတွေ့ ကြရသည်။ ဂေါတမဘုရားရှင်နှင့် သံဃာတော်အပေါင်းတို့သည် မိမိတို့ ၏ ဒုကုဋ်သင်္ကန်းတော်များဖြင့် ဓာတ် တော်မြတ်တို့ကို ပူဇော်ကြလေသည်။ ဂေါတမရှင်တော်မြတ်သည် နောင်ပရိနိဗ္ဗာန်ပြုပြီးသောအခါ သီရိဓမ္မာ သောကမင်းကြီးသည် ငါ၏ လက်ျာ မောင်းတော်ကို ဤစေတီတွင် နောင် တော်သုံးပါးတို့၏ ဓာတ်တော်များနှင့် အတူ ဌာပနာလျက် စေတီတည်ထား လိမ့်မည်ဟု ဗျာဒိတ်တော်မြွက်ခဲ့လေ သည်။
            ဂေါတမ ဘုရားရှင်သည် ဓာတ်တော်များ ဖူးအပြီး မန္တလေးရွှေတောင် သို့ ကြွမည်ပြုစဉ် ရှင်အာနန္ဒာက ငါးသောင်းသော ဘီလူးတို့ပြေးရ သည့်အကြောင်း ရင်းကို မေးလျှောက် လေသည်။ မြတ်စွာဘုရားသည် စေတီ တော်၏ အရှေ့မြောက်ယွန်းတွင် ရပ်၍လက်ဝါးတော်ကို မြေတလင်း ထက်တွင် ပုတ်ကာ ကပ်၍ပါလာ သော မြေမှုန့်တို့ကို ပမာပြုလျက် ''ချစ်သားအာနန္ဒာ နှစ်သိန်းလေး သောင်းသော မြေကြီးပမာ ငါ၏ အဆုံးအမတရားကို မနာယူလိုသော သူသည်များ၏။ ငါ၏တရားတော်ကို နာယူသူ အရေအတွက်မှာ ယခု လက်ဝါးတွင် ကပ်၍ပါလာသော မြေ မှုန့်မျှသာတည်း''ဟု ဖြေကြားတော် မူပါသည်။ မြေကိုပုတ်စဉ် ထင်ကျန် ရစ်သောလက်ဝါးတော်ရာမှာ ကျောက်ဖြစ်သွားကာ နဂါးမင်းက အုပ်မိုး၍ စောင့်ရှောက်လေသည်။
            ဂေါတမဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီး သာသနာတော်နှစ် ၂၁၈ ခုနှစ်ရောက်သော် သီရိဓမ္မာသောက မင်းကြီးသည်ရွှေ လက်တော်ရာရှိသည့် နေရာ တွင်စေတီတည်၍ နဂါးပေါ်ထွက်ရာနေရာတွင် သိမ်သမုတ်ခဲ့ပါသည်။ ဓနုသီဟမင်းကြီး၏ ကောင်းမှုစေတီကိုလည်း အသစ်မွမ်းမံ၍ ရွှေထီး ငါးဆင့် တင်လှူခဲ့ပါသည်။ ထို့ပြင် အလောင်းစည်သူ မင်းကြီးသည် လည်း လက်တော်ရာဘုရားသို့ လာ ရောက်ဖူးမြော်၍ လယ်ယာကျွန်သား များ လှူဒါန်းခဲ့ပါသည်။
          ထို့နောက် ခေတ်အဆက်ဆက် ကုသိုလ်ရှင်များ၏ ပြုပြင်မွမ်းမံမှုများ ဖြင့် ယခုအခါ ကိုယ်တော်ပျောက် လက်တော်ရာ စေတီတော်အား တော ကျောင်းလေးကျေးရွာ လက်တော်ရာ ကျောင်းတိုက်အတွင်း၌ အထင် အရှား ကြည်ညိုသဒ္ဒါပွားနိုင်ကြပါ သည်။ ကိုယ်တော်ပျောက် လက် တော်ရာစေတီတော်၏ ဗုဒ္ဓပူဇနိယ ပွဲတော်ကိုလည်း နှစ်စဉ် ဝါဆိုလဆန်း ၁၄ ရက်နေ့တွင် စည်ကားသိုက် မြိုက်စွာ ကျင်းပလျက်ရှိကြောင်းသိရ ပါသည်။

၂၈ ဇန် ၂၀၁၂ စနေ။ ချောင်းဦး အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဆိုင်းဘုတ်တင်ပွဲ။ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ နယ် ဆိုင်းဘုတ်တင်ပွဲကို အင်အား ၃၀၀၀ ကျော် တက်ရောက်လာပါတယ်။


အမေစု စစ်ကိုင်းခရီးစဉ် ပြည်သူတွေ သိန်းနှင့်ချီကြိုဆို (ဓါတ်ပုံ)

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ဇေယျာရွှေမြေစစ်ကိုင်းခရီးစဉ် (ဓါတ်ပုံ-Eleven- EMG)
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်းမြို့ ပါတီစည်းရုံးရေးခရီးစဉ်မှာ စစ်ကိုင်းပြည်သူလူထု သိန်းနှင့်ချီ ကြိုဆိုနှုတ်ဆက်ကြပြီး၊ ဇေယျာရွှေမြေစစ်ကိုင်း သဲသောင်ပြင်လူထုဟောပြောပွဲကိုလည်း သိန်းနှင့်ချီတဲ့လူထု တက်ရောက်နား ထောင်ခဲ့ပါတယ်။

ဒါတ်ပုံ  Eleven နှင့် 7Day

ချောင်းဦးမြို့နယ်တွင် ကြက်ကောင်ရေ ၆၀ ခန့်သေဆုံးခဲ့သဖြင့် ကြက်ဥကြက်သား ရောင်းချတင်သွင်းခွင့်များ ပိတ်ပင်ထား

ချောင်းဦးမြို့တွင် ကြက်ကောင်ရေ ၆၀ ခန့် သေဆုံးခဲ့သဖြင့် ဖေဖော်ဝါရီလ ၂၅ ရက်မှစ၍ ကြက်ဥ၊ ကြက်သားရောင်းချခွင့်၊ တင်သွင်းခွင့်များ ပိတ်ပင်လိုက်ကြောင်း သိရသည်။ ''ချောင်းဦးမြို့ မြောက်ဘက်အထွက်မှာ ကြက်ခြံတွေရှိပြီး ကြက်ခြံ တစ်ခြံကနေ ကြက်ကောင်ရေ ၆၀ လောက် သေဆုံးရာကနေပြီး မသင်္ကာလို့ မန္တလေးမြို့ကိုပို့ပြီး ဓာတ်ခွဲစမ်းသပ်နေတယ်လို့ သိရတယ်။ ဖေဖော်ဝါရီ ၂၅ ရက်ကစပြီး ချောင်းဦးမြို့ပေါ်မှာ ကြက်ဥ၊ ကြက်သားတင်သွင်းခွင့် ရောင်းချခွင့်တွေ ပိတ်ထားတယ်။ သက်ဆိုင်ရာက လာစစ်တော့ အနီးနားက ကြက်ခြံတစ်ခြံမှာလည်း ကြက်တစ်ကောင် သေဆုံးတာကို တွေ့ရတယ်လို့ သိရပါတယ်” ဟု မုံရွာခရိုင် ချောင်းဦးမြို့မှ ဒေသခံတစ်ဦးက ပြောပြခဲ့သည်။ ယခုအခါတွင် ချောင်းဦးမြို့သို့ အ၀င်အထွက်ရှိသော ဆိုင်ကယ်များ၊ ကားများအား ဇီဝလုံခြုံရေးအတွက် ဆေးဖြန်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ ထို့အပြင် မြို့မဈေး အပါအ၀င် ချောင်းဦးမြို့ တစ်မြို့လုံး၌ ကြက်ဥ၊ ကြက်သား ရောင်းချခြင်းကိုလည်း သက်ဆိုင်ရာမှ တရားဝင် ပိတ်ပင်ထားကြောင်း သိရသည်။ ထို့အပြင် မုံရွာမြို့ အရှေ့မြောက်ဘက်ရှိ ငုံး/ကြက် မွေးမြူရေး အထူးဇုန်၌လည်း ဇီဝလုံခြုံရေးစနစ်များ တိုးမြှင့် ဆောင်ရွက်လျက်ရှိပြီး မုံရွာမြို့နယ်ရှိ ကြက်ခြံများတွင် ကြက်များ အသစ်မွေးမြူမည်၊ ထုတ်ရောင်းမည်ဆိုပါက မြို့နယ် တိ/မွေးကု၌ ထောက်ခံချက် ရယူရမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဟာသ အတိုအစလေးများ

မိန်းကလေး သူငယ်ချင်းတစ်စု..ကမ်းခြေတစ်ခုကိုသွားကြတယ်.
နောက်တစ်ပတ်ကြာတော့....ယောက်ျားတစ်ယောက်က ကမ်းခြေကိုရောက်လာပြီး.
အဲဒီမိန်းမတွေ တည်းတဲ့ဟိုတယ်မှာပဲတည်းတယ်.
ဟိုတယ်က ၀န်ထမ်းကို ဓာတ်ပုံတစ်ပုံထုတ်ပြတယ်.
ဟိုတစ်ပတ်ကလာတည်းသွာတဲ့အမျီုးသမီးတွေပုံ.ခင်ဗျားသိလားဆိုတော့.
ဝန်ထမ်းက သိတယ်တဲ့.
သူတို့တော်တော်ပျော်ကြလားလို့မေးတော့.
ပျော်တာထက်...တော်တော်ကဲကြတယ်ကွာလို့ပြောတယ်.
ဒါနဲ့..အဲဒီထဲက မိန်းမတစ်ယောက်ပုံကို လက်ညှိုးထိုးပီး
ဒီမိန်းမကရော..တော်တော်ကဲသလားလို့မေးတော့
ဝန်ထမ်းက မကဲဘူး အဲဒီမိန်းမက အငြိမ်ဆုံးပဲတဲ့
ယောက်ျားက အရမ်းပျော်သွားပြီး...
အဲဒါ ကျွန်တော့်မိန်းမလေဆိုတော့..
ဟင်.ဒါဆို ဟိုတစ်ပတ်က ပါလာတဲ့ ယောက်ျားက သူ့ယောက်ျားမဟုတ်ဘူပေါ့တဲ့.............

ည၀တ်အင်္ကျီ

အဘွားအိုတစ်ဦးဟာ မင်္ဂလာဆောင်ပြီး မကြာသေးတဲ့ ချွေးမကို ကြည့်ဖို့ သားအိမ်ကို ရောက်သွားခဲ့တယ်။ လူခေါ်ဘဲလ်တီးပြီး တံခါးဖွင့်လာတော့ ဘာအ၀တ်အစားမှ ၀တ်မထားတဲ့ ချွေးမကို တွေ့လိုက်တယ်။ ချွေးမကို ကြည့်ပြီး အဘွားအိုက အလန့်တကြား မေးတယ်။

" ဒါ ဘာလုပ်တာလဲ"
"ယောက်ျားအပြန်ကို စောင့်နေတာလေ"
"ဘာမှ မ၀တ်ဘဲ စောင့်နေရသလား"
"ဒါကို ည၀တ်အိပ် အချစ်အင်္ကျီလို့ ခေါ်တယ်"
"လုံးဝ ၀တ်မထားတာကို ဘာ ည၀တ်အင်္ကျီလို့ ခေါ်တာလဲ"
"ဒါပေမယ့် ကျွန်မ ယောက်ျားက ဒီည၀တ်အင်္ကျီကို ကြိုက်တယ်ရှင့်"

ချွေးမကို ဘာမှ ဆက်မပြောတော့ဘဲ အဘွားအို လှည့်ပြန်လာခဲ့တယ်။
အိမ်ရောက်တာနဲ့ အဘွားအိုဟာ ရေမိုးချိုး၊ အမွှေးအကြိုင်တွေ ဆွတ်ပြီး ဘာအ၀တ်အစားမှ မ၀တ်ဘဲ တံခါးဝမှာ သွားရပ်နေခဲ့တယ်။

တအောင့်ကြာတော့ အဘိုးအို ပြန်ရောက်လာတယ်။ အ၀တ်ဗလာနဲ့ ရပ်နေတဲ့ အဘွားအိုကို မြင်တော့ လန့်ပြီး "ဒါ ဘာလုပ်တာလဲ" လို့ အော်လိုက်တယ်။

"ဒါ ည၀တ် အချစ်အင်္ကျီလေ" လို့ ပြန်ဖြေလိုက်တော့ အဘိုးအိုက " ဟာ မင်းည၀တ်အင်္ကျီကလည်း မီးပူထိုးသင့်နေပြီ။ ကြည့်စမ်း ဟိုကြယ်သီးနှစ်လုံးကလဲ ပြုတ်ထွက်တော့မယ်" လို့ ပြန်ပြောလိုက်သတဲ့။

အသည်းကွဲသူ

တစ်နေ့မှာ အသည်းကွဲသူတစ်ဦးဟာ ပန်းခြံမှာထိုင်ပြီး ငိုနေခဲ့တယ်။ ဒါကို "ဆိုကရေးတီး"ကတွေ့တော့ "ဘာဖြစ်လို့ ဒီလောက် ၀မ်းနည်းပက်လက် ငိုကြွေးနေသလဲ" လို့ မေးလိုက်တယ်။

အသည်းကွဲသူက "ကျွန်တော့်ချစ်သူ ကျွန်တော့်ကိုထားသွားလို့ အရမ်းခံစားရနေတယ်" လို့ ပြန်ဖြေတယ်။ သူ့အဖြေကို ကြားတာနဲ့ ဆိုကရေးတီးက တဟားဟား အော်ရယ်ပြီး "မင်း တော်တော်တုံးတယ်" လို့ ပြန်ပြောလိုက်တယ်။

အသည်းကွဲသူက ကိုယ့်အဖြစ်ကို လှောင်ရယ်နေတဲ့ ဆိုကရေးတီးကို ဒေါသဖြစ်ပြီး "ခင်ဗျား ဘာရီတာလဲ.. ကျွန်တော်ဒီလောက်ခံစားနေရတာကို မနှစ်သိမ့်တဲ့အပြင် ရီနေရသလား" လို့ ပြောတော့ "မင်းတော်တော်တုံးတယ်။ ဒါကို မင်းဝမ်းနည်းနေစရာ မလိုဘူး။ ၀မ်းနည်းရမှာက မင်းကို ထားသွားခဲ့တဲ့လူကွ.. မင်းကို မချစ်တဲ့ လူတစ်ယောက်ကိုပဲ မင်းဆုံးရှုံးသွားတာ.. သူက သူ့ကိုချစ်တဲ့ လူတစ်ယောက်ကို ဆုံးရှုံးတဲ့အပြင် လူတစ်ယောက်ကိုချစ်တဲ့ စွမ်းရည်တွေပါ ကျသွားတာ" လို့ ဆိုကရေးတီးက ပြန်ဖြေခဲ့တယ်။ ။ ကဲ သင်ရော အသည်းကွဲနေသလား?

ကွန်ပျူတာ screen ပေါ်မှာ ဓာတ်ပုံနှင့် video record လုပ်မယ်။

ကွန်ပျူတာ screen ပေါ်မှာ ရှိသမျှပုံတွေကို ဓာတ်ပုံအဖြစ် လိုအပ်သလိုရိုက်ယူဖို ဒီဆော့ဝဲကို တင်ပေးလိုက်ပါတယ်။ဓာတ်ပုံသာမကပဲ ဗွီဒီယိုဖိုင်အဖြစ်ပါ recording ရက်ကော့ဒင်းလုပ်ပေးနိုင်ပါတယ်။ လိုအပ်ရင်တော့ အောက်မှာဒေါင်းယူပါ ။ 1.66 MB ပဲရှိပါတယ်။

http://www.mediafire.com/?9qeqp5m7vczpd6s

ဒေါင်းလို့ အဆင်မပြေဘူးဆိုရင် နောက်တနေရာ Ifile ကနေဒေါင်းယူပါ http://ifile.it/ya5pfdq





ဆော့ဝဲကို Rar ဖိုင်နဲ့  တင်လို့ ရတာကြောင့် ဒေါင်းလုလုပ်ပြီးရင် WinRAR နဲ့  ဖြေမှရမှာပါ။ ဆော့ဝဲဖိုင်ကို ထုတ်ယူပြီးရင် RUN ရမ်းစရာမလိုပါဘူး ။ Portable ဖိုင်ဖြစ်တာကြောင့် memory မန်မိုရီစတစ်ထဲမှာ ထည့်ယူသွားလို့ ရပါတယ်။ ဆော့ဝဲဖိုင်ကိုဖွင့်လိုက်ရင် အစိမ်းရောင်နှင့်အနီရောင်ကြက်ခြေခတ်ပုံ FSCapture ဆိုတာကို double click နှစ်ချက် ကလစ်လုပ်လိုက်ပါ ။ စက်ခရင်ပေါ်မှာ အောက်ပါပုံအတိုင်းပေါ်လာမယ်။




အထက်ပါပုံအတိုင်းကြည့်ပါ

- အဖြူရောင် မျှားနံပါတ်(၁) ကို ကလစ်လုပ်လိုက်ရင် စက်ခရင်ပေါ်မှာဖွင့်ထားတဲ့ ဝင်းဒိုးဘောက်ကို ဓာတ်ပုံရိုက်ပြီးသားရပါလိမ့်မယ်။

- အဝါရောင် မျှားနံပါတ်(၂)ကို ကလစ်လုပ်လိုက်ရင် မိမိလိုချင်တဲ့ ဝင်ဒိုးဘောက်ကို ဓာတ်ပုံရိုက်ပြီးသားရပါလိမ့်မယ်။

- အနီရောင် မျှားနံပါတ်(၃)ကို ကလစ်လုပ်လိုက်ရက် စက်ခရင်ပေါ်က မိမိအလိုရှိရာ နေရာက စပြီးတော့ ကြိုက်သလိုဆွဲယူပြီး ဓာတ်ပုံရိုက်ယူနိုင်ပါတယ်။ ( ဒီနည်းကို အသုံးများပါတယ် )

- အပြာရောင် မျှားနံပါတ်(၄)ကို ကလစ်လုပ်လိုက်ရင် စက်ခရင်တခုလုံးကို ဓာတ်ပုံရိုက်ပြီးသားရပါလိမ့်မယ်။

- အစိမ်းရောင် မျှားနံပါတ်(၅)ကို ကလစ်လုပ်လိုက်ရင် Firefox မှာဖွင့်ထားတဲ့ ဘလော့စာမျက်နှာတခုလုံးကို

Scroll bar ဆွဲစရာမလိုပဲ အောက်ဆုံးထိဓာတ်ပုံရိုက်ပြီးသားရပါလိမ့်မယ်။


- ခရမ်းရောင် မျှားနံပါတ်(၆)ကတော့ ဗီဒီယိုဖိုင် ရီကောဒင်းဖြစ်ပါတယ်။ VZO / skype / Video chat စက်ခရင်ပေါ်မှာ ဗွီဒီယို -chat အားလုံးကို ဖမ်းယူနိုင်ပါတယ်။ မှတ်တမ်းတင်ချင်တဲ့ မောင်- များအတွက်

အကြိုက်ပေါ့ဗျာ ။ ဒီဆော့ဝဲနဲ့  မှတ်တမ်းတင်လို့ ရတယ်ဆိုတာလဲ မော်ဒယ်လေးများ သိကြပါကုန်.......။

အဲဒီမျှားနံပါတ် (၆)ကို နှိပ်လိုက်ရင် အောက်ပါပုံအတိုင်းပေါ်လာမယ်။



မိမိလိုချင်တဲ့ နေရာကိုပဲရွေးပြီး မှတ်တမ်းတင်ချင်လို့  Rectangular Area ကိုပဲ ရွေးထားပါတယ်။

အနီရောင်နဲ့  Record ဆိုတာကို နှိပ်ပြီး ကြိုက်တဲ့နေရာကိုရွေးပါ။ Start ဆိုတာလုပ်လိုက်ရင် မှတ်တမ်းတင်နေပြီပေါ့ဗျာ။ ပြီးတော့မယ်ဆိုရင်တော့ Stop ဘေးမှာ အနက်ရောင်အကွက်လေးကို နှိပ်လိုက်ရုံပဲ။ အဲတာဆိုရင် ဘေးမသီရန်မခပဲ ဗွီဒီယိုဖိုင်တခု မှတ်တမ်းတင်ပြီးသွားဘီပေါ့ဗျာ။ ဒါပေမဲ့ ရလာတဲ့ ဖိုင်ဆိုဒ်က ကြီးနေသေးတယ်မလား။ ဖိုင်ဆိုဒ်ကို ပြန်ချုံ့ ပြီး ဘလော့ပေါ် တင်ချင်တယ် ဆိုပါတော့....။

Crooner တင်ထားတဲ့ ဒီဘလော့မှာဝင်ဖတ်ပြီး http://forverfriends.ning.com/profiles/blogs/cd-or-dvd-format ဒေါင်းယူလိုက်ရင်အဆင်ပြေပါပြီ။ အဲဒီဆော့ဝဲက အားလုံးကို ဖောမတ်ပြောင်းပေးလို့ ရတယ်။



- အပြာနုရောင် မျှားနံပါတ်(၇)ကတော့ တခြားမဟုတ်ပါဘူး။ အပေါ်က ဓာတ်ပုံရိုက်တာတွေကို ဘယ်လိုဖိုင်နဲ့  သိမ်းထားချင်လည်း ဆိုတာရွေးခိုင်းတာပါ။ To Editor ကိုရွေးပြီး SAVE ဆေ့လုပ်လိုက်တာ အလွယ်ကူဆုံးပေါ့ဗျာ။

- ကျန်တာတွေကတော့ ဥာဏ်ရှိသလို သုံးလော့ ............

မိုလ်ဘိုင်းဖုန်းများအတွက်အင်္ဂလိပ်-မြန်မာ အဘိဓာန် ဆော့ဝဲလေး

Ornagai Mobile Dictionary Version 2

မိုလ်ဘိုင်းဖုန်းများအတွက် Ornagai Mobile Dictionary Version 2 အင်္ဂလိပ်-မြန်မာ အဘိဓာန် ဆော့ဝဲလေးက mz_dictionary ရဲ့ ဒုတိယ vesion လို့ပြောလည်းရပါတယ်။ mz_dictionary ထက် စလုံးရေနဲ့ လုပ်ဆောင်ချက် ပိုများလာတယ်။ Ornagai Mobile Dictionary Version 2 ကို www.Ornagai.com က မြန်မာပညာရှင်တွေ ရေးသားပြီး အားလုံးအတွက် အခမဲ့ ထုတ်ဝေပြီး သုံးဆွဲစေတာပါ။ အခမဲ့ ဆိုတော့ အလကားပေါ့။ အလကားဆိုတော့ အမြဲသုံးလို့ရတာပေါ့။ install လုပ်ထားပြီးရင် ဖျက်မပြစ်မချင်း သုံးလို့ရပြီပေါ့။ ကျေးဇူးပါပဲ www.Ornagai.com ရေ..။ ဆော့ဝဲလေးကို ဖုန်း Model အစုံမှာ သုံးလို့ရအောင် version ၃-မျိုးခွဲထားပါတယ်။
* Normal Version * (for most users)
Normal Version ကတော့ အထွေအထူးမပြောတော့ပါဘူး။ ပုံမှန်အားဖြင့် Java ပါတဲ့ Phone အားလုံးမှာ အလုပ်လုပ်ပါမယ်။
* Limited Version * (if the normal version doesn’t work)
ဒါကတော့ သိပ်ပြီး high end မဖြစ်တဲ့ ဖုန်းတွေအတွက်ပါ။ Animation တွေ ဘာတွေလျော့ထားပါတယ်။ တစ်ချို့ feature တွေ၊ ဥပမာ external dictionary file loading မပါပါ။
Program နှင့်တွဲလျက် Dictionary တစ်ခုသာပါပါတယ်။
* Signed Version * (more features, for advanced users)
ဒါကတော့ Security Certificate ပါတဲ့ Version ဖြစ်ပါတယ်။ External dictionary တွေပါ ခေါ်သုံးနိုင်ပြီး ။ အလုံးစုံသော Animation များနှင့် Resource များများလိုသော အစားဖြစ်ပါတယ်။…တဲ့
ကိုယ်ကိုင်တဲ့ ဖုန်းနဲ့ လိုက်ဖက်မယ့် version ကို ရွေးချယ်သုံးပြီး အဆင်ပြေကြပါစေဗျာ။
ဒေါင်းရန် ။ ။
ornagai_mobile_v2 အတွက် MediaFire , MultiUpload
ornagai_mobile_v2_limited အတွက် MediaFire , MultiUpload
ornagai_mobile_v2_signed အတွက် MediaFire , MultiUpload

Gtalk passwort အမဲရောင်လေးတွေသိချင်ပါတလား.....


passwordအမဲရောင်အလုံးလေးများအားသိချင်လျှင်.....password-viewer.zip  ဤနေရာမှကူးယူပါ။

passwordအမဲရောင်အလုံးလေးများအားသိလိုပါကနမူနာအားဖြင့်မိမိဂျီတော့တွင်usernammeနှင့်password
အရင်ရိုက်ပါenterခလုတ်မနှိပ်ပါနှင့်ဦး။ထို့နောက်ဒေါင်းလုပ်ဆွဲပြီးသားpasswordviewer.exeဖိုင်အားကလစ်နီပ်ပါ
အပေါ်တွင်တင်ပြထားသောပုံပေါ်လာပါမည်။ထိုအခါလက်ပုံကလေးကိုကလစ်နှင့်ဆွဲပြီးမိမိဖွင့်ထားသောမိမိpassword
အမဲရောင်အလုံးများမှတလုံးအပေါ်တွင်လက်ပုံအထက်မှအ၀ိုင်းနှင့်ထပ်တူကြအောင်လုပ်ပြီးလက်ပုံဘေးမှpwd(  password)
ရေးထားသောအကွက်အားကြည့်လိုက်ပါက..တွေ့ရပါလိမ့်မည်။

ချစ်သူနှစ်ဦးကြားက ဝေးကွာခြင်းရဲ့  ခံနိုင်ရည်.....

     ဝေးကွာခြင်းဆိုတာ ချစ်သူတွေကြားမှာ မကြာခဏ တွေ့ ရတတ်တဲ့ နတ်ဆိုးလေးပါပဲ...။

ချစ်သူခြင်း ချစ်လျှက်နှင့် ဝေးကွာရသည် ရှိသလို မချစ်တော့၍လည်း ဝေးကွာအောင်နေကြတယ်....။

ရှင်လျှက်နှင့်ဝေးကွာသလို သေလျှက်နှင့်လဲ ဝေးကွာခဲ့ကြရတယ်...။

ဝေးကွာတယ်ဆိုတဲ့ စကားလုံးက ချစ်သူတွေကြားမှာ မစိမ်းတဲ့ စကားလုံးမို့  ငါ့အတွက်လဲ  မစိမ်းတော့ပါဘူး...။

ဒီစကားလုံးလေးရဲ့  ရက်စက်မှုအောက်မှာ ခံနိုင်ရည်ရှိဖို့ ကိုပဲ ငါကြိုးစားတော့မယ်......။

နင်နဲ့  ငါရဲ့  အကြားက ဝေးကွာခြင်းက မချစ်လို့ မဟုတ်ဘူးနော်...။

ချစ်လွန်းလို့  ငါတို့ ရဲ့  အနာဂတ်တွေ လှပဖို့  တခဏတာ ငါတို့  ခွဲရမှာ.....။

မိုင်းပေါင်းများစွာ မိုင်ချီကွာဝေးနေပေမဲ့ မိုးကောင်းကင် တစ်ခုထဲအောက်မှာ ငါတို့  ရပ်နေကြတယ်....။

ရေမြေတွေ ခြားနေပေမဲ့ ကမ္ဘာမြေရဲ့  တစ်နေရာစီကို ငါတို့  ထိတွေ့ ခွင့်ရနေသေးတယ်....။

လေလှိုင်းကြားကနေ နင့်ကို ချစ်တယ်လို့  နင်ကြားအောင် ပြောနေခွင့်ရနေသေးတယ်...။

မကြာခင်ကြရောက်လာတော့မယ့် ငါတို့ ရဲ့  ဝေးကွာခြင်းနတ်ဆိုးကို နင်ကြောက်ရွံ့ နေစရာမလိုဘူးနော်....။

ဒီနေ့ ရဲ့  ဝေးကွာခြင်းဟာ မနက်ဖြန်ဆိုတဲ့ ငါတို့ ရဲ့  အနာဂတ်တစ်ခု လှပဖို့  လှေခါးထစ်တွေပါ...။

ဒီဝေးကွာခြင်းအတွက် နင်လဲ ဝမ်းမနည်းနဲ့  ငါလဲ မငိုဘူး....။

ခု ငါတို့ နှစ်ယောက်ပိုင်ဆိုင်နေတဲ့ အချိန်လေးတစ်ခုကို ဆွေးမြေ့ ခြင်းကင်းစွာနဲ့  ပျော်ပျော်ကြီးဖြတ်သန်းသွားကြရအောင်နော်...။

နင် ငါ့ကိုပေးတဲ့ ချစ်ခြင်းနဲ့  အနစ်နာခံမှုတစ်ချို့ ကို ငါ ယူငင်စားသုံးရင်း ငါ့ဆီက အကြင်နာတွေနဲ့  ဂရုစိုက်မှုတွေကို နင့်ကို လှိုင်လှိုင်ကြီးပေးပါ့မယ် ချစ်သူ...။

ကာလ အပိုင်းခြားတစ်ခုရဲ့  ဝေးကွာခြင်းမှာ နင် ငါ့ကို စိတ်ချပါ...။

ငါ့ရင်ထဲက အချစ်တွေကို မြင်ပါ.....။

ငါ့ရဲ့  နင့်အပေါ်ထားတဲ့ သစ္စာတရားကို ယုံပါ....။

နင့်ကို ခွဲရတော့မယ်လို့  သိလိုက်စဉ်က ကျခဲ့တဲ့ မျက်ရည် ငါ့ခန္ဓာမှာ ခမ်းခြောက်ကုန်ပြီး...

အနာဂတ်အတွက် အားသစ်တွေအဖြစ် ရှင်သန်ထမြောက်ကုန်တာလေ....

တစ်နေ့  နင်နဲ့  ပြန်လည် ဆုံစည်းရမယ် ဆိုတဲ့ ယုံကြည်မှု တစ်ခုရဲ့  အာဟာရ မြေဩဇာကြောင့် ငါ့ရဲ့  လွမ်းချင်းတွေ လန်းဆန်းနေလေရဲ့ ...။

ချစ်သူနှစ်ဦးကြားက ဝေးကွာခြင်းဆိုတာ မလှပပေမဲ့ နင့်နဲ့  ငါ့ တို့ ရဲ့ ကြားက ဝေးကွာခြင်းက အနာဂတ်အတွက် လေးနက်တဲ့ မျှော်လင့်ချက်တစ်ခုနှင့်မို့ 
ရင်ခုန်မှုတွေ လှိုင်းထနေတဲ့ ဒီရင်ဘတ်က ကြည်နူးမှုတွေနဲ့  ဝေးကွာခြင်းဆိုတဲ့ ဒဏ်ကို သတ္တိရှိရှိ ငါ ခံနိုင်ရည်ရှိပါတယ်...။

စိတ်ချလက်ချ ရှေ့ ကို ဆက်သွားပါ ချစ်သူ...။

မမြင်ရတဲ့ နေ့ ကျောပြင်ကို မှန်းဆတွေးမျှော်ရင်း နင်ချန်ခဲ့တဲ့ ခြေရာတွေကို အလွမ်းပြေ ငါငေးကြည့်နေမှာပါ...။

ချစ်သူနှစ်ဦးကြားက ဝေးကွာခြင်းနတ်ဆိုးကို အနိုင်တိုက်ထုတ်နိုင်တဲ့ ကျေနပ်ပီတိပြုံးနဲ့  ငါ ကျန်ရစ်ခဲ့မှာပါ...။

နင်လဲ ဝေးကွာခြင်းတစ်ခုရဲ့  ဒဏ်ကို ခံနိုင်ရည်ရှိပြီး ဘဝတိုက်ပွဲကို ပြုံးပြုံးလေးနဲ့  အနိုင်တိုက်လိုက်စမ်းပါ မောင့်...ချစ်သူ....။