Friday 25 May 2012

မေးခွန်း(၃)ခု ကို ပြန်လည်ဖြေကြားပေးတဲ့ ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း (အသံဖိုင်)

မေလ(၂၅)ရက်နေ့  ညနေ ၆နာရီ အချိန်တွင် ကျောက်တံတားမြို့ နယ်ရှိ
NLD မြို့ နယ်ရုံးကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။

အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်အား မြို့ နယ်နေ ပြည်သူတို့ က
အောက်ပါ မေးခွန်းသုံးခုကို မေးမြန်းခဲ့သည်----

(၁) ပြီးခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီကြီးတစ်ခုမှ ၄င်းတို့ အနိုင်
ရရှိက လျှပ်စစ်မီး အချိန်ပြည့်ရရှိရေး ကူညီပေးမည်ဟု ပြောခဲ့ကြောင်း၊
 ယခုအခါ လျှပ်စစ်မီး မရရှိခြင်းမှာ ၄င်းတို့ အနိုင်မရ၍ မီးပြတ်ခြင်း ဖြစ်ရသည်မှာ ဟုတ်မဟုတ် ?

(၂)လမ်းဘေးဈေးသည်များအား မြို့တော်စည်ပင်ရဲများက အခွင့်အာဏာသုံး ဆက်ဆံမှုများပြုကာ တာဝန်ထက်ပို၍ နှိပ်ကွက်ခြင်းများ၊ ယင်းကို ဆင်းရဲသားပပျောက်ရေး လား၊ ဆင်းရဲသား ဖိနှိပ်ရေးလား?

(၃)ဒီမိုကရေစီနိုင်ငံ အသီးသီးတွင် သိက္ခာရှိ ၀န်ကြီးများသည် ၄င်းတို့ တာဝန် ယူထားသော ဌာနတွင် ပြည်သူအတွက် ထိခိုက်နစ်နာသည့် အဖြစ်မျိုးပြုလုပ်မိခဲ့လျှင် အမှားကို ၀န်ချတောင်းပန်ပြီး တာဝန်မှ နုတ်ထွက်ကြောင်း၊ မြန်မာနိုင်ငံတွင် ယင်းကဲ့သို့  ၀န်ကြီးမျိုးရှိပါသလား?

 စသည်ဖြင့် မေးခွန်းသုံးခုမေးမြန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ မေးခွန်း သုံးခုကို လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မှ ပြန်လည်
ဖြေကြားထားချက်အပြည့်အစုံကို အသံဖိုင် မှာ နားထောင်နိုင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ လျှပ်စစ်မီးအကြောင်း ကောက်နှုတ်ချက် (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ လျှပ်စစ်မီးအကြောင်း ကောက်နှုတ်ချက် (ရုပ်/သံ)
 ၂၂ မေ ၂၀၁၂။ ဒဂုံမြို့သစ် အရှေ့ပိုင်း အန်အယ်ဒီရုံးဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ လျှပ်စစ်မီးအကြောင်း ကောက်နှုတ်ချက်

ပြည်မြို့ လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒပြပွဲ တွင် ပါဝင်ဆန္ဒပြသူများအား မတရား ရိုက်နှက်ဖမ်းဆီးပုံ (ရုပ်/သံ)

ပြည်မြို့ လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒပြပွဲ တွင် ပါဝင်ဆန္ဒပြသူများအား မတရား ရိုက်နှက်ဖမ်းဆီးပုံ (ရုပ်/သံ)


ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ
ဆန္ဒပြပွဲ တွင် ပါဝင်ဆန္ဒပြသူများအား မတရား ရိုက်နှက်
ဖမ်းဆီးခေါ်ဆောင်သွားပါသည်..။

ယခု အင်းကျီ အစိမ်းနှင့် လက်ထိပ်ခတ်ပြီး အရိုက်ခံရသူမှာ ကိုဖိုးဖြူ(ခ)ကိုအောင်မိုးကျော်
ဖြစ်ပြီး ရဲတပ်ကြပ်ကြီးမှ ရင်ဘက်သို့ ဆောင့်တွန်းခံရသူမှာ
ငြိမ်းချမ်းစွာ ဆန္ဒပြပွဲဖြစ်ပေါ်ရေး ဦးဆောင်သူ ကိုကျော်ဆွေရဲ့ ဇနီး
မမိခေးဖြစ်ပါတယ်။

ကိုဖိုးဖြူက ကိုကျော်ဆွေကိုမတရားမလုပ်ပါနဲ့ဒါကျနော်ဦးလေး၊သူကလူ့အခွင့်အရေးအပိုဒ်
(19)၊အပိုဒ်(20)အရငြိမ်းချမ်းစွာဆန္ဒပြတာဖြစ်တယ်လို့ပြောသောကြောင့် မတရား
ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပါတယ်။

ကိုကျော်ဆွေ၏ဇနီးမမိခေးမှာ ကိုဖိုးဖြူ(ခကိုအောင်မိုးကျော်ကိုမတရားရိုက်နှက်ဖမ်းဆီး
ခေါ်သွား တာကိုလိုက်လံခေါ်တာကြောင့်မတရာဆောင့်တွန်းခံရခြင်းဖြစ်ပါတယ်။

အရပ်ဝတ်ရဲထဲက ဆိုင်ကယ်ဦးထုတ်အမဲ၊ဆိုင်ကယ်ဦးထုတ်နောက်တွင် တြိဂံပုံပါ၊
လယ်ကတုံးလက်ရှည်အဖြူရောင်၊ဘေးလွယ်အိတ်နှင့်ပုဆိုးအပြာကွက်နှင့်သူသည်
ရွှေဝါရောင်တော်လှန်ရေးတွင်ကျနော်(ဇော်ထွန်း-HRDP)ကိုဖမ်းဆီသောနယ်ထိန်း
အင်ချက်ဇော်မင်းနိုင် ဖြစ်ပါသည်။

(RFA အီးမေးကို ရောက်လာတဲ့ ဗီဒီယိုတခုပါ။)