Friday 25 May 2012

ပြည်မြို့ လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒပြပွဲ တွင် ပါဝင်ဆန္ဒပြသူများအား မတရား ရိုက်နှက်ဖမ်းဆီးပုံ (ရုပ်/သံ)

ပြည်မြို့ လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒပြပွဲ တွင် ပါဝင်ဆန္ဒပြသူများအား မတရား ရိုက်နှက်ဖမ်းဆီးပုံ (ရုပ်/သံ)


ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ
ဆန္ဒပြပွဲ တွင် ပါဝင်ဆန္ဒပြသူများအား မတရား ရိုက်နှက်
ဖမ်းဆီးခေါ်ဆောင်သွားပါသည်..။

ယခု အင်းကျီ အစိမ်းနှင့် လက်ထိပ်ခတ်ပြီး အရိုက်ခံရသူမှာ ကိုဖိုးဖြူ(ခ)ကိုအောင်မိုးကျော်
ဖြစ်ပြီး ရဲတပ်ကြပ်ကြီးမှ ရင်ဘက်သို့ ဆောင့်တွန်းခံရသူမှာ
ငြိမ်းချမ်းစွာ ဆန္ဒပြပွဲဖြစ်ပေါ်ရေး ဦးဆောင်သူ ကိုကျော်ဆွေရဲ့ ဇနီး
မမိခေးဖြစ်ပါတယ်။

ကိုဖိုးဖြူက ကိုကျော်ဆွေကိုမတရားမလုပ်ပါနဲ့ဒါကျနော်ဦးလေး၊သူကလူ့အခွင့်အရေးအပိုဒ်
(19)၊အပိုဒ်(20)အရငြိမ်းချမ်းစွာဆန္ဒပြတာဖြစ်တယ်လို့ပြောသောကြောင့် မတရား
ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပါတယ်။

ကိုကျော်ဆွေ၏ဇနီးမမိခေးမှာ ကိုဖိုးဖြူ(ခကိုအောင်မိုးကျော်ကိုမတရားရိုက်နှက်ဖမ်းဆီး
ခေါ်သွား တာကိုလိုက်လံခေါ်တာကြောင့်မတရာဆောင့်တွန်းခံရခြင်းဖြစ်ပါတယ်။

အရပ်ဝတ်ရဲထဲက ဆိုင်ကယ်ဦးထုတ်အမဲ၊ဆိုင်ကယ်ဦးထုတ်နောက်တွင် တြိဂံပုံပါ၊
လယ်ကတုံးလက်ရှည်အဖြူရောင်၊ဘေးလွယ်အိတ်နှင့်ပုဆိုးအပြာကွက်နှင့်သူသည်
ရွှေဝါရောင်တော်လှန်ရေးတွင်ကျနော်(ဇော်ထွန်း-HRDP)ကိုဖမ်းဆီသောနယ်ထိန်း
အင်ချက်ဇော်မင်းနိုင် ဖြစ်ပါသည်။

(RFA အီးမေးကို ရောက်လာတဲ့ ဗီဒီယိုတခုပါ။)

No comments:

Post a Comment