Tuesday 6 March 2012

ဥပမာ … ငါ

  • မကြိုက်တတ်ရင် အမြစ်မတွယ်ခင် ဖယ်ပစ်ဖို့ကောင်းတယ်
    ရောယှက်ပြီးကာမှ “သရက်” နဲ့ “တမာ” လို
    လူမျိုးရေးခွဲခြားခံရတာ ရင်နာတယ် …။
  • အစကတည်းက ရေငန်မှန်းသိဖို့ကောင်းတယ်
    ပါးစပ်ထဲအ၀င်ခံပြီးမှ ထွေးထုတ်လိုက်တာက
    ငှက်ဖြစ်တဲ့ဘ၀ ကားကြိတ်ခံရတာထက် နာတယ် … ။
  • လွှတ်ပေးလိုက်တဲ့ “ကိုတံငါ” ကို
    ရွှေငါးလေးက ပြုံးတယ်
    “အ” လိုက် လေချင်းပေါ့လေ …။
  • လက်ကမ်းပေးရင် ကဖို့ပြင်တတ်တဲ့  ငါ …
    ကြိုးဝိုင်းရဲ့အထာကို မသိခဲ့ရိုးအမှန်ပါ … ။
  • ဒီလိုနဲ့ငါရှုံးတယ် …  (အသန့်ရှင်းဆုံးဆုကြီး ကိုင်လို့ … ) ။