Thursday 8 March 2012

လက်ပတောင်းတောင်ပေါ် ရွှေမြင်တင်ဘုရားပွဲတော် အပိတ်ခံရ


အပိတ်ခံထားရတဲ့ကြားကကျင်းပခဲ့တဲ့ လက်ပတောင်းတောင်ပေါ်
ရွှေမြင်တင်ဘုရားပွဲတော်

လက်ပတောင်းတောင်ပေါ်
ရွှေမြင်တင်ဘုရား
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို.နယ် လက်ပတောင်းတောင်ပေါ်
ရွှေမြင်တင်ဘုရားပွဲတော် အပိတ်ခံရကြောင်းသိရပါတယ်။

လက်ပတောင်းတောင်ကြီးကို အစိုးရက တရုတ်တွေကို
ဓါတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းဖို့ အတွက်ရောင်းစားထားတာဖြစ်ပါတယ်။

နှစ်ပေါင်း(100)ကျော်ကတည်ထားကိုးကွယ်လာခဲ့တဲ့
တောင်ထိပ်ရွှေမြင်တင်ဘုရားပွဲတော်ကို အခု တပေါင်းလပြည်.နေ. (၃-၇-၂၀၁၂) မှာ
ကျင်းပခွင်.ပိတ်ပင်လိုက်တာဖြစ်ပါတယ်။
ဒေသခံအာဏာပိုင်တွေနဲ့ဓါတ်ငွေ့ ပိုက်လိုင်းသွယ်တန်းနေ့ တဲ့ တရုတ်တွေက
ပိတ်ပင်တာလို့ ဆိုပါတယ်။
 ဒါပေမဲ့ကျောင်းထိုင်ဘုန်းကြီးက အခတ်ခဲများစွာထဲ ဖြစ်အောင်ကျင်းပခဲ့ကြပါတယ်
လာရောက်ဖမ်းဆီးပါ ကိုယ်တိုင်အဖမ်းခံမယ် ဘုန်းကြီးစ၀တ်ထဲက ဘုရားကို
အသက်ပေးလှူထားတာပဲ လာကြပါ ဘယ်သူ.မှမကြောက်ဘူးဆိုပြီး ကျင်းပခဲ့ပါတယ်။

အဆိုပါပိတ်ပင်မှုကြောင့် နှစ်စဉ် ပရိတ်သတ်(၂၀၀၀)ကျော်အနည်းဆုံးလာရောက်လေ့ရှိတဲ့
ဘုရားပွဲမှာ ဒီနှစ်တော. သွားတဲ့သူဘာလုပ်မယ်ညာလုပ်မယ်ဆိုတော. (300)လောက်ပဲ
လာကြပါတယ်။

အဲဒီဒေသမှာ တရုတ်တွေက ကျော်ရွာ၊ ၀က်ပုတ်ရွာ နဲ့ မိုးကြိုပြင်ရွာ တွေကို သိမ်းထားပြီး
 ကျေးရွာ (၃)ရွာလောက်က လူတွေ လယ်တွေအိမ်တွေမရှိတော.ပါဘူး။
ဘုန်းတော်ကြီးကျောင်းတွေနဲ့  ဘုရားတွေလဲဖျတ်စီးခံခဲ့ရပါတယ်။
 အခုအခါ အစိုးရကအပိုင်ပေးထားတဲ့နေရာကို ရဟန်းခံတဲ့သိမ်(ပထမလယ်တီဆရာတော်ကြီး)
သမုတ်ထားတဲ့သိမ်ကို တရုတ်တွေကဖျတ်စီးဖို.ကြံနေကြပါတယ်။

ကိုဇော် (မုံရွာ)

သမိုင်းတစ်ကွေ့ အမှတ်တရများ


တစ်ခါတုန်းက နိုင်ငံခေါင်းဆောင် ဆိုတာ ရွှေအနားကွပ်ထားတဲ့ ထမင်းပန်ကန်နဲ့မှ ထမင်းစားတယ် ရွှေအနားကွပ် ထားတဲ့ ရေခွက်နဲ့မှ ရေသောက်တယ်
ဖွင့်ပွဲ ခရီးစဉ် အခမ်းအနားတွေမှာ ချပေးထားတဲ့ ရေတစ်စက်တောင် မသောက်ဘူး .. ရေဆာလို့ သေချင်သေပါစေ နိုင်ငံခေါင်းဆောင်တွေ အဲဒီတုန်းက ရေမသောက်ခဲ့ကြဘူး …
တည်ခင်းထားတဲ့ အစားအစာ နှိုက်မစားကြဘူး မတို့ဘူး မထိဘူး ..နိုင်ငံခေါင်းဆောင်တွေ မလာခင် စားပွဲပေါ်မှာ ချထား ခင်းထားရတဲ့ ရေနွေးကြမ်း ..လက်ဖက် ရေသန့်ဘူးက အစ ဟိုလူ သည်လူ ပေါင်းမြောက်မြားစွာက အဆင့်ဆင့် စစ်ဆေးကြ ရတယ် …
အာဟာရ ပြည့်ဝ သမာဓိအား ကောင်းနေလို့ သည်လို ပြည်သူလူထု နဲ့ နိုင်ငံ ၀န်ထမ်း များက တည်ခင်းတဲ့ ရေ ကို မသောက်တာ မဟုတ်ပါဘူး ..
ကြောက်လို့ မသောက်တာပါ ..
တစ်ဦးက မေတ္တာ တစ်ဦးက စေတနာ ပါတဲ့ ..မေတ္တာ မထားတတ်လေတော့ .. သစ္စာမထား ကြမှာကို ကြိုတင် သိကြသည့် အလား .. အကြောက်တရားနဲ့ ရေတစ်ပေါက် မသောက်ခဲ့ .. ဒါဟာ အတိတ်က သူတို့အကြောင်း ပြန်ပြောင်းအောက်မေ့တော့ သည်နေ့ ရယ်စရာ ……………
သည်နေ့
အမေဟာ ဖုန်ထူထူ ကွင်းပြင်ထဲ ဖြန်သန်းခဲ့တယ်
အမေဟာ မြေပြင် မညီမညာ ကွင်းပြင်ထဲ ဖြတ်သန်းခဲ့တယ်
အမေဟာ အခု ဓာတ်ပုံမှာ မြင်ရတဲ့ ခွက် နဲ့ ဖုန်ထူထူထဲက တိုက်တဲ့ ရေ အမောပြေ သောက်ရှာတယ် ..
အမေ ဘာလို့များ ရွှေအနားကွပ်ထားတဲ့ ခွက်နဲ့မှ သောက်မယ် ဆိုတာမျိုး မရှိရတာလဲ
အမေ ဘာလို့များ ရေထဲမှာ အဆိပ်ခတ် လုပ်ကြံခံရလေမလားဆိုတဲ့ စိတ်မျိုး မပေါ်တာလဲ
အမေ ဘာလို့များ သည်လောက် ရိုးသား ပြီး နှလုံးသား ဖြူစင်ရတာလဲ
အမေ ဘာလို့များ ………………
အမေ ဘာလို့များ ……………………
အမေ ဘာလို့များ ……………………………………….
အမေ ကိန်းကြီးခန်းကြီး မနိုင်တာ မာန မထားတာ အမေ့ရင်ထဲမှာ ပြည်သူရှိနေလို့
အမေ့ စိတ်ကူးမှာ တိုင်းပြည် ရှိနေလို့
ထို့အတူ အမေ ..သားတို့ အားလုံးရင်ထဲမှာ အမေရှိတယ် …………………………………..
Theory တွေ သိပ်ကစားတဲ့ သူငယ်ချင်းဟောင်း တစ်ချို့နဲ့ ကျောင်းတော်ကြီးက လူတွေကို ပြောချင်တာကလေ … ဒီဓာတ်ပုံကို ကြည့်စမ်းပါ .. နိုင်ငံထူထောင်ရေး (State Building) ဆိုတာ Theory တွေ Strategy တွေ စတာတွေ စတာတွေထက် ရင်ထဲက လာတဲ့ ချစ်မြတ်နိုးမှု ရင်ထဲကလာတဲ့ ယုံကြည် ကိုးစားမှု ရင်ထဲက လာတဲ့ အသိ ကသာ အားအင်တွေကို မွေးဖွား လာတာပါ … နိုင်ငံရေး (Political Science) ဆိုတာ စာအုပ်ထူထူကြီးတွေထဲက အင်္ဂလိပ်စာလုံးတွေ အနောက်တိုင်း အတွေးအခေါ်တွေကမှ ဆင်းသက်လာနိုင်တာ မဟုတ်ပါဘူးကွာ … လမ်းပေါ်ကို တစ်ချက်လောက် လျှောက်ကြည့်ပါ .. မင်းတို့ မြင်တာ မင်းတို့ တွေ့တာ မင်းတို့ သိတာ မင်းတို့ ခံစားရတာ အဲဒါ အားလုံးက လူ့ဘ၀ ပြည်သူ့ဘ၀ ပြည်သူ့လောက ထဲက လာတဲ့ ခံစားချက်က အဲဒါ နိုင်ငံရေးပါပဲ .. ပါဝင်ချင်းတူမှ ဒိုင်ယာလော့ခ်ချင်း တူနိုင်တာ မဟုတ်ပါဘူးကွာ .. နှလုံးသားချင်း တူမှ ခံစားချက်ချင်း တူမှ ရင်ထဲက အမှန်တရားကို ဖော်ပြနိုင်မှ ရင်ထဲက အသိကို ပြနိုင်မှ ဒါဟာ ပါဝါ ဘဲလန့်စ် မဖြစ်လည်းပဲ ပါဝါ လို့ ခေါ်တယ် .. ဟဒ် ပါဝါ လား ဆော့ဖ် ပါဝါလား ခွဲခြား မနေနဲ့ သူငယ်ချင်းတို့ မေတ္တာတရားဟာ ပါဝါ အားလုံးထက် ကြီးမြတ်တယ် ……. စာမသင်ဖူးကြတဲ့ လူတွေ .. စနစ်တကျ မလေ့လာခဲ့ဖူးကြတဲ့ လူတွေ ရယ်လို့ မင်းတို့ သတ်မှတ် နေဦးမလား သူငယ်ချင်းတို့ရေ …… နိုင်ငံတစ်နိုင်ငံ ထူထောင်တယ် ဆိုတာ ချစ်ခြင်း မေတ္တာနဲ့သာ ထူထောင်ကြေး ကျဆုံးပါဦးမလား ဆိုတာ ငြင်းလိုက ငြင်းနိုင်ပါတယ် … အမှန် တရားကို သိလာဖို့ စနစ်တကျ သင်စရာ လိုသလား ဘ၀က ပေးပြီး သိလိုက် သလား ဆိုတာ မင်းတို့ ဖြတ်သန်းတဲ့ ဘ၀က ပြောပြမှာပါ …….. Soe Wei Yan Htoon မင်းတို့သိလား ..တစ်ခါက လူတစ်စုက လူတစ်စုကို ၀က်သားဟင်းနဲ့ထမင်းကျွေးပြီး တစ်ယောက်ကို ငွေ (၃၅၀၀) ပေးခဲ့ရတယ် .. ရလဒ်က မုန်းတီး ဆက်စုပ် ရွံရှာခြင်းတဲ့ မင်းတို့ သိလား .. သူမက လူအများကို (၅၂၈) ပေးပြီး မေတ္တာ တရားတွေ ကျွေးမွေးခဲ့တာ ရလဒ်က ချစ်ခြင်း မေတ္တာနဲ့ မဆုံးနိုင်သော ယုံကြည် ကိုးစား မှုပါတဲ့ .. ဒါ မင်းတို့ ပြောတဲ့ Theory တွေထဲမှာ မပါပါဘူး တစ်ဦးက မေတ္တာ တစ်ဦးက စေတနာတဲ့ .. သိလားကွာ ….

ဘတ်စ်ကားစီးရတာတောင်လန့် လာပြီ............


ဒီကနေ့ မတ်လ ၇ ရက်နေ့ နေ့လည် ၂း၂၀ အချိန်ဝန်းကျင်ခန့်က ရန်ကုန်မှ အင်းစိန်သို့ မောင်းနှင်လာသော ရွှေအင်းဝ ယာဉ်လိုင်းမှ (၆ခ/၁၄၂၉)ခရီးသည်တင်ကားသည် ကားချင်း အပြိုင်မောင်းရာမှ အရှိန်မထိန်းနိုင်ပဲ ကြို့ကုန်းမှတ်တိုင်အနီးရှိ လမ်းဘေးကသစ်ပင်ကို ဝင်တိုက်ခဲ့ပါတယ်။ အဆိုပါ ကားပေါ်တွင် ခရီးသည် အပြည့်ပါလာရာ ဒဏ်ရာရသူအချို့မှာ ပြင်းထန်ခဲ့ပြီး သေဆုံးသူ မရှိဘူးဟု သတင်းရရှိပါတယ်။ ဖြစ်စဉ်မှာ ရန်ကုန် အင်းစိန် ၂၂၆ ယာဉ်လိုင်းကားကို လိုက်လံအပြိုင်မောင်းနှင်ရာမှ တိုက်မိခြင်းဖြစ်ပြီး ကားအရှိန် ပြင်းထန်ခြင်းထက် ကားမှာ တပ်ဆင်ထားသောထိုင်ခုံများ ကျွတ်ထွက်၍ ခရီးသည်များကို စိုက်မိခြင်း၊ ဂက်စ်အိုး ပေါက်မည်စိုး၍ ခုန်ချခြင်း တက်နင်းမိခြင်းများကြောင့် ဒဏ်ရာရခြင်းဖြစ်၊ ဒဏ်ရာရခရီးသည်များကို နီးစပ်ရာမှပြည်သူတွေက ကားများဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဗိုလ်ချုပ်မိန့်ခွန်းပါ

ဟာသ-၁

တစ်ခါက နိုင်ငံတော် အကြီးအကဲ ခေါင်းဆောင်သုံးဦးဟာ ရဟတ်ယာဉ်စီးပြီး
  နိုင်ငံအခြေအနေကို လှည့်လည်ခဲ့တယ်။
  ပထမ အကြီးအကဲ " တကယ်လို့ အခုချိန်မှာ ငါသာ ငွေတစ်ထောင်တန်တစ်ရွက်
  ပစ်ချလိုက်ရင် ကောက်ရတဲ့လူက အရမ်းပျော်မှာပဲ"
  ဒုတိယ အကြီးအကဲ " တကယ်လို့ ငါသာ ၅၀၀တန်နှစ်ရွက် ပစ်ချလိုက်ရင်
  လူနှစ်ယောက်ပျော်ရမယ်"
  တတိယ အကြီးအကဲ "တကယ်လို့ ငါသာ ၁၀တန်ဆယ်ရွက် ပစ်ချလိုက်ရင် လူဆယ်ယောက်
   ပျော်ရမယ်"
  သူတို့အချင်းချင်း ပြောနေတဲ့ စကားကိုကြားတော့ လေယာဉ်မှုးက အခုလို
  ပြောလိုက်သတဲ့...
  "အကြီးအကဲတို့ သုံးဦးလုံးသာ ခုန်ချလိုက်ရင် နိုင်ငံမှာရှိတဲ့
  လူတွေအားလုံး ပျော်ကြမှာပဲ" ဟူတည်း။

"အမိန့်"



                                                             မင်း က တရားသူကြီး
                                                        ကိုယ့်နှလုံးသားက တရားခံ
                                                           ရှေ့နေက မြားနတ်မောင်
                                                              အမှုက ချစ်ရေးဆိုမှု
                                                                ပုဒ်မက ၁၅၀၀ ။


                                                         ကိုယ့်အချစ်ကိုလျစ်လျူရှု
                                                      အပြစ်ကိုမမှုဘဲ ဇွတ်တိုးတော့
                                                      အသဲကွဲမြို.တော် အမုန်းမြို.ရိုး
                                             ဝေဒနာတရားရုံးမှာ တရားခံ နှလုံးသားကို
                                                              ပြစ်ဒဏ်က...........
                                                တသက်တကျွန်း လွမ်းစေ..........တဲ့ ။

အားနာမိတာမှား…. မှား… မှား….

အများသုံး အိမ်သာတစ်ခုထဲ ၀င်ပြီး ကမုတ်ထဲထိုင်ရုံ ရှိသေးသည်။
ဟိုဖက်အိမ်သာထဲက လူက လှမ်းနှုတ်ဆက်သည်။

"ဟေ့လူ. နေကောင်းလား…"
ဒီလိုနေရာမျိုးမှာ အလ္လာပသလ္လာပ စကားပြောရတာ စိတ်မသက်မသာ ရှိလှသည်။
မကောင်းတတ်တော့လည်း ပြန်နှုတ်ဆက်ရသည်ပဲပေါ့.

"ကောင်းပါတယ်. ကျေးဇူး"

အသေအချာ အကျအနထိုင်ပြီး ကိုယ့်ကိစ္စကို ဆက်ရှင်းမည် ကြံကာရှိသေး.
အလိုက်မသိတတ်သော ငနဲသားက ထပ်မေးလာပြန်သည်။

"ခင်ဗျား ဘာတွေ အလုပ်ရှုပ်နေလဲဗျ."

ဟာ… ဒီလူတော့ ခက်ပြီ. ဘာလဲကွာ… ဒီလိုနေရာမျိုးမှာ ဒီလို
ဂွတီးဂွကျမေးခွန်းတွေ လာမေးနေတာ ဘာလဲ….

စိတ်ပေါက်ပေါက်နှင့် ဘုတောပစ်လိုက်သည်။

"ခင်ဗျားလိုပဲပေါ့ဗျာ."

ဘာပဲဖြစ်ဖြစ် မြန်မြန်လက်စသတ်ပြီး ထွက်သွားဖို့ စိတ်ကူးလိုက်သည်။
ဒါပေမယ့် နောက်ထပ်မေးခွန်းတစ်ခု ထပ်ထွက်လာပြန်သည်။

"ကျွန်တော်လာခဲ့မယ်ဗျာ. ရမလား"

ဗုဒ္ဓေါ……. ဒီလူ ဘယ်လိုလူလဲ. ဂေးလား. ဂျော်ရကီးလား. ဘာကောင်လဲကွာ…
ဘာပဲဖြစ်ဖြစ်. ကိုယ်ကျင်လည်ကျက်စားနေရာ နေရာမဟုတ်၍ သတိတော့ ထားနေရသည်။
ထောင်းခနဲ ထွက်လာသော ဒေါသကို အသာချိုးနှိမ်လျက် အသံ ခပ်အုပ်အုပ်ဖြင့်
ပြန်ဖြေလိုက်သည်။

"မလုပ်နဲ့လေဗျာ. ကျွန်တော်လည်း ဒီမှာ အလုပ်ရှုပ်နေတာ.."

ဒုန်းခနဲ တံခါးဆောင့်ပိတ်သံ ကြားလိုက်ရပြီး ဟိုဖက်က ပြန်ပြောသည်။

"နောက်မှပဲ ပြန်ဆက်တော့မယ်. ဟိုဖက်အခန်းထဲက သောက်ပေါတစ်ကောင်က ရူးသလို
နှမ်းသလိုနဲ့ ငါမေးသမျှ ပြန်လိုက်ဖြေနေလို့…."