Thursday 8 March 2012

ဘတ်စ်ကားစီးရတာတောင်လန့် လာပြီ............


ဒီကနေ့ မတ်လ ၇ ရက်နေ့ နေ့လည် ၂း၂၀ အချိန်ဝန်းကျင်ခန့်က ရန်ကုန်မှ အင်းစိန်သို့ မောင်းနှင်လာသော ရွှေအင်းဝ ယာဉ်လိုင်းမှ (၆ခ/၁၄၂၉)ခရီးသည်တင်ကားသည် ကားချင်း အပြိုင်မောင်းရာမှ အရှိန်မထိန်းနိုင်ပဲ ကြို့ကုန်းမှတ်တိုင်အနီးရှိ လမ်းဘေးကသစ်ပင်ကို ဝင်တိုက်ခဲ့ပါတယ်။ အဆိုပါ ကားပေါ်တွင် ခရီးသည် အပြည့်ပါလာရာ ဒဏ်ရာရသူအချို့မှာ ပြင်းထန်ခဲ့ပြီး သေဆုံးသူ မရှိဘူးဟု သတင်းရရှိပါတယ်။ ဖြစ်စဉ်မှာ ရန်ကုန် အင်းစိန် ၂၂၆ ယာဉ်လိုင်းကားကို လိုက်လံအပြိုင်မောင်းနှင်ရာမှ တိုက်မိခြင်းဖြစ်ပြီး ကားအရှိန် ပြင်းထန်ခြင်းထက် ကားမှာ တပ်ဆင်ထားသောထိုင်ခုံများ ကျွတ်ထွက်၍ ခရီးသည်များကို စိုက်မိခြင်း၊ ဂက်စ်အိုး ပေါက်မည်စိုး၍ ခုန်ချခြင်း တက်နင်းမိခြင်းများကြောင့် ဒဏ်ရာရခြင်းဖြစ်၊ ဒဏ်ရာရခရီးသည်များကို နီးစပ်ရာမှပြည်သူတွေက ကားများဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။

No comments:

Post a Comment