Thursday 7 June 2012

ဆေးဝါးတက္ကသိုလ် (မန္တလေး) ၏ အခက်အခဲများ (ပေးစာ)

ကျွန်မတို့ ဆေးဝါးတက္ကသိုလ်ဟာ အဆင့်အတန်းရှိတဲ့ ကျောင်းတစ်ကျောင်းပါ။

တစ်သောင်းကျပ်တန်ငွေစက္ကူထုတ်မည်

မြန်မာငွေစက္ကူ ၁၀၀၀၀ (ကျပ်တစ်သောင်း)တန် ထွက်ရှိမည့်သတင်းကို June လ (၇)ရက်နေ့ ညနေ (၆)နာရီ MRTV4 သတင်းအစီအစဉ်မှ ထုတ်လွှင့်သွားကြောင်း CJ Myanmar မှ သတင်းရရှိပါသည်။

အဆိုပါ တစ်သောင်းကျပ်တန် ငွေစက္ကူအမျိုးအစားသစ်ကို ၂၀၁၂ခုနှစ်၊ ဇွန်လ ၁၅ရက်နေ့တွင် ဘဏ်ဖွင့်ချိန်အတွင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေကြေးဌာန၊ ဘဏ်များ၊ အစိုးရငွေတိုက်များတွင် စတင်ထုတ်ဝေမည်ဖြစ်သည်။

တစ်သောင်းကျပ်တန်ငွေစက္ကူမှာ အရွယ်အစားအားဖြင့် ၁၅x၇ စင်တီမီတာရှိပြီး ပေါ်လွင်သောအရောင်မှာ အပြာရောင်ဖြစ်ကြောင်း သိရှိရသည်။

တစ်သောင်းကျပ်တန် ငွေစက္ကူ၏ မျက်နှာစာဘက် ထိပ်ပိုင်းတွင် "မြန်မာနိုင်ငံတော် ဗဟိုဘဏ်" စာတမ်း ရိုက်နှိပ် ထားပါသည်။ အလယ်ပိုင်းတွင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် မြေပုံ၊ ၎င်းကို ဝန်းရံထားသော သပြေခက် နှစ်ခက်၊ မျက်နှာချင်းဆိုင် တည်ရှိနေသည့် မြန်မာ့ အနုပညာ လက်ရာ မြောက် ဆင်ဖြူတော် နှစ်စီးနှင့် ထိပ်တွင် ကြာဖြူတစ်ပွင့် ရိုက်နှိပ် ထားပါသည်။ ငွေစက္ကူ တန်ဖိုးကို ဖော်ပြထားသည့် မြန်မာ စာတန်း"တစ်သောင်းကျပ်" ကိုလည်း ရိုက်နှိပ် ထားပါသည်။

လက်ယာ ဘက်ပိုင်းတွင် မြန်မာ့ အနုပညာ လက်ရာမြောက် ကနုတ်ပန်းခက် များကို ရိုက်နှိပ် ထားပါသည်။ ထောင့်သုံးထောင့် တွင် ငွေစက္ကူ တန်ဖိုးကို ဂဏန်း များဖြင့် ရိုက်နှိပ် ထားပါသည်။ ငွေစက္ကူ တန်ဖိုးကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရိုက်နှိပ် ထားပါသည်။ လက်ဝဲဘက်ပိုင်းတွင် ကြာဖြူ ပွင့်ပုံ ရေစာ ပါရှိ ပါသည်။ ငွေစက္ကူတွင် လုံခြုံရေး ကြိုးတစ်ချောင်းကို ဒေါင်လိုက် ထည့်သွင်းထားပါပြီး ကျောဘက်ထိပ်ပိုင်းတွင် "CENTRAL BANK OF MYANMAR" စာတန်းကို ရိုက်နှိပ်ထားပြီး ၎င်းစာတန်း၏ အောက်တွင် "TEN THOUSAND KYATS" ဟူသော စာတန်း ပါရှိပါသည်။ အလယ်ပိုင်းတွင် ရတနာပုံ မန္တလေး နန်းတော်၏ မြို့ရိုးနှင့် ကျုံးပုံကို ရိုက်နှိပ် ထားပါသည်။

ဘေးဘောင်များတွင် မြန်မာ့ အနုပညာ လက်ရာမြောက် ကနုတ် ပန်းခက်များကို ရိုက်နှိပ် ထားပါသည်။ ထောင့် သုံးထောင့်တွင် ငွေစက္ကူ၏ တန်ဖိုးကို ဂဏန်းများဖြင့် ရိုက်နှိပ် ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါသည်။

CJ Myanmar

How to Root Huawei U8660

Facebook က အစ်ကိုတစ်ယောက်ရဲ့ တောင်းဆိုမှုကြောင့် ကျွန်တော် ဒီ posts လေးကို ရေးလိုက်တာပါ။ Android ဖုန်းတွေ ၊ Tablet တွေမှာ မြန်မာလို မြင်ရဖို့ဆိုတာ တစ်ကယ်တော့ မခက်ခဲပါဘူး

Tango Software (Free mobile video calls over 3G,4G & WiFi)

Tango ဆိုတဲ့ video call software တစ်ခု ကို တော်တော် များများသိ့ပြီးကြလောက်ပါပြီ။ ကျွန်တော် မသိ့သေးတဲ့ သူတွေ အတွက် မျှဝေပေးလိုက်တာပါ။ ဒီ software လေးက အသုံးပြုရတာ တော်တော်ကို အဆင်ပြေတယ်ဗျ။ ဥပမာ - computer ကနေ Iphone , Ipad , Android phones, windows mobiles တွေကို အလွယ်တကူ video call ခေါ် လို့ ရနိုင်ပါတယ်။ mobile phone ကနေလဲ computer ကိုအလွယ်တကူ ခေါ်ဆိုနိုင်ပါတယ်။ သူ့ရဲ့ supported-devices တွေကိုတော့ ဒီမှာ ကြည့်နိုင်ပါတယ်။ အသုံးပြုရတာလဲ ခက်ခဲမှု မရှိပါဘူး။ Interface ကလဲ အရမ်းကို user friendly ဖြစ်တယ်။ စမ်းကြည့် လိုက်ကြပေါ့နော် .. ။
Step <1> အရင်ဆုံး ဒီဆိုဒ် လေးကနေ မိမိ အသုံးပြုမဲ့ device ပေါ်မူတည်ပြီး software ကို download ဆွဲ ပြီး install လုပ်လိုက်ပါ။ အဆင်ပြေအောင် ကျွန်တော် download link လေးတွေ ထပ်ဖြည့်ပေးလိုက်ပါ တယ်။
Tango Download for Android
Tango Download for Apple
Tango Download for Windows phone
Step <2> Software Install လုပ်ပြီးသွားပြီဆိုရင်တော့ tango ကိုဖွင့်လိုက်ပါ။ အပေါ်ဆုံးက Mobile Number နေရာမှာ country code ရွှေးပြီး မိမိ ဖုန်းနံပါတ်ကို ထည့်ပေးလိုက်ပါ။

Step <3> Profile နေရာမှာ First Name , Last Name နဲ့ email address ထည့်ပါ။ ပြီးရင်တော့ submit ကိုနှိပ်ပေး လိုက်ပါ။

Step <4> Submit လုပ်ပြီးသွားပြီဆိုရင်တော့ content ကိုနှိပ်ပြီး မိမိ ခေါ်ချင်တဲ့ email address (or) Phone no ကို နှိပ်ပြီး အလွယ်တကူ ခေါ်ပြောလို့ ရပါပြီ။ voice ပြောလို့ ရသလို ၊ video call လည်း ခေါ် လို့ ရပါတယ်။

အားလုံးပဲ အဆင်ပြေကြပါစေဗျာ .. လေးစားစွာဖြင့်

Symbian OS သုံး Nokia Touch Screen ဖုန်းတွေအတွက် မြန်မာကီးဘုတ်နဲ့မြန်မာဖောင့်ပါ

Nokia touch ဖုန်းများတွင် ထည့်သွင်း အသုံးပြုနိုင်သောမြန်မာကီးဘုတ်ရောပါတဲ့ SymbianMyanmar v3.0 ကိုတင်ပေးလိုက်ပါတယ် ။ ယင်းဆော့ဖ်ဝဲသည် မြန်မာစာ အသုံးများကို ဖုန်းစနစ်များ အတွင်းတွင် ပြောင်းလဲသွားအောင် လုပ်ဆောင်ပေးနိုင်ပြီး SMS ပို့ခြင်း အင်တာနက်ကြည့်ရှုခြင်း သီချင်း နားထောင်ခြင်းတို့နှင့် အခြား office application များတွင်ပါ မြန်မာစာကို အသုံးပြုနိုင်မည်ဖြစ်သည်..။ ယင်းမြန်မာစာ စနစ်တွင် အသုံးပြုထားသော font အမျိုးအစားများမှာ ဇော်ဂျိ နှင့် မြစေတီ font များကို သုံးစွဲထားခြင်းဖြစ်ပြီး ယင်းဖောင့်များ ထည့်သွင်းထားသော ဖုန်းများသို့ SMS ပို့ရာတွင်လည်း တဖက်မှ SymbianMyanmar ဆော့ဖ်ဝဲ မရှိရင်တောင်မှ ယင်းစာများကို မြင်ရနိုင်မည်ဖြစ်သည်..။SymbianMyanmar v3.0 ကိုထည့်သွင်းလိုပါက series 60v5 ဖုန်းများဖြစ်သော Nokia 5800, N97, 5530, X6 အခြား Symmbian OS သုံး Nokia touchScreen ဖုန်းများတွင် ထည့်သွင်းနိုင်မည်ဖြစ်သည်..။
လုပ်ဆောင်နိုင်တဲ့ features တွေအနေနဲ့
1. Contacts – မြန်မာစာသားများ ရေးသားနိုင်ခြင်း။
2. Message – မြန်မာစာသားဖြင့် ပေးပို့နိုင်ခြင်း။
3. Web Broswer – မြန်မာစာသားဖြင့် ရှာဖွေနိုင်ခြင်း။
4. Key Number – မြန်မာအက္ခရာအဖြစ် ပြောင်းလဲခြင်း။
5. Contact Bar – မြန်မာစာသားများ ရေးသားနိုင်ခြင်း။
6. Website – ဇော်ဂျီဖောင့်အား မြင်နိုင်ခြင်း။
7. File Name – ဇော်ဂျီဖောင့်အား အသုံးပြုနိုင်ခြင်းနှင့် အခြားသော အသုံးဝင်မှုများ။
(အထူးသတိပြုရမှာက – ဒီ application ကိုမသွင်းခင်မှာ ဖုန်းထဲမှာ မြန်မာစာပေါ်အောင်လုပ်ထားတဲ့ application တွေ ၊ font တွေကိုအရင်ဖြုတ်ထားဖို့ပါပဲ ။ error တက်နိုင်ပါတယ်)
အောက်မှာ application ကိုရယူနိုင်ပါတယ်။

SymbianMyanmar v3.0 အားရယူရန် (application ကိုသွင်းပြီးရင် ဖုန်းကို restart ချပါ)

SymbianMyanmar ကိုဖုန်းထဲမှာမသွင်းခင် အောက်မှာပြောထားတဲ့ နည်းနဲ့ အရင်လုပ်ပါ ။နို့မို့ဆိုရင် SymbianMyanmar ကိုသွင်းရာမှာ error တက်ပါလိမ့်မယ်။

Certificate Error မဖြစ်အောင်သွင်းနည်း
30
Share
Nokia ဖုန်းတွေမှာ တစ်ချို့ application တွေသွင်းရင် Certificate error ဆိုတာမျိုး ပြပါတယ်။ အဲလိုမျိုးတွေမဖြစ်အောင် အရင်က တရုတ် website တွေမှာ ဖုန်းရဲ့ IMEI number နဲ့ certificate လျှောက်ပြီးမှ သွင်းရပါတယ်။ အခုတော့ အဲဒါတွေလည်း မရတော့ပါဘူး။
ဒီနည်းလေးကိုလည်းစမ်းသပ်တာအောင်မြင်လို့ပြန် ဝေမျှပေးလိုက်ပါတယ်။
အရင်ဆုံး ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်လိုက်ပါ။ ဖုန်းရဲ့ memory card location ကွန်ပျူတာမှာပေါ်လာပြီဆိုရင်ကြည့်လိုက်ပါ။

တကယ်လို့ဖုန်းရဲ့ memory card location က E:/ ဆိုရင် အောက်မှာပေးထားတဲ့ဖိုင်ကို download လုပ်ပါ။
QuarantineDriversLDD.zip အားရယူရန်

တကယ်လို့ဖုန်းရဲ့ memory card location က F:/ ဆိုရင် အောက်မှာပေးထားတဲ့ဖိုင်ကို download လုပ်ပါ။
QuarantineF.zip အားရယူရန်

ကိုယ့် Drive နဲ့ဆိုင်တဲ့ zip ဖိုင်ကို download လုပ်ပြီးပြီဆိုရင် zip ဖြည်လိုက်ရင် Private ဆိုတဲ့နာမည်နဲ့ folder လေးတစ်ခုရလာပါမယ်။
အဲဒီ folder ကို ဖုန်း memory card ထဲကိုထည့်လိုက်ပါ။ ‘Private’ folder ကိုထည့်ရာမှာ ဖုန်း memory card ရဲ့ ဘယ် folder အောက်ကိုမှမထည့်ပါနဲ့ ။
Memory card ရဲ့ main directory အောက်မှာပဲထည့်ပါ ။ ဥပမာ – memory card ရဲ့ Drive location က F: ဆိုရင် ‘Private’ folder လေးကို F: အောက်မှာပဲ
ထားပါ။

ပြီးရင် Dr.web Antivirus ကိုရယူလိုက်ပါ။
Dr.web Antivirus အားရယူရန်

Dr.web antivirus ကို download ရယူပြီးပြီဆိုရင် ဖုန်းထဲမှာ install လုပ်လိုက်ပါ။ ဖုန်းထဲမှာ install လုပ်ပြီးပြီဆိုရင် Dr.Web Antivirus ထဲကိုဝင်လိုက်ပါ။
အောက်ပုံအတိုင်းပါ။

Dr.Web Antivirus ထဲကိုရောက်ပြီဆိုရင် Option ကိုနှိပ်ပါ။ ပြီးရင် Quarantine ထဲကိုဝင်ပါ။ အောက်ပါပုံအတိုင်းပါ။

Quarantine ထဲကိုရောက်ပြီဆိုရင် Option ကိုနှိပ်ပါ။ ပြီးရင် Select all ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။

30
Share
Nokia ဖုန်းတွေမှာ တစ်ချို့ application တွေသွင်းရင် Certificate error ဆိုတာမျိုး ပြပါတယ်။ အဲလိုမျိုးတွေမဖြစ်အောင် အရင်က တရုတ် website တွေမှာ ဖုန်းရဲ့ IMEI number နဲ့ certificate လျှောက်ပြီးမှ သွင်းရပါတယ်။ အခုတော့ အဲဒါတွေလည်း မရတော့ပါဘူး။
ဒီနည်းလေးကိုလည်းစမ်းသပ်တာအောင်မြင်လို့ပြန် ဝေမျှပေးလိုက်ပါတယ်။
အရင်ဆုံး ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်လိုက်ပါ။ ဖုန်းရဲ့ memory card location ကွန်ပျူတာမှာပေါ်လာပြီဆိုရင်ကြည့်လိုက်ပါ။

တကယ်လို့ဖုန်းရဲ့ memory card location က E:/ ဆိုရင် အောက်မှာပေးထားတဲ့ဖိုင်ကို download လုပ်ပါ။
QuarantineDriversLDD.zip အားရယူရန်

တကယ်လို့ဖုန်းရဲ့ memory card location က F:/ ဆိုရင် အောက်မှာပေးထားတဲ့ဖိုင်ကို download လုပ်ပါ။
QuarantineF.zip အားရယူရန်

ကိုယ့် Drive နဲ့ဆိုင်တဲ့ zip ဖိုင်ကို download လုပ်ပြီးပြီဆိုရင် zip ဖြည်လိုက်ရင် Private ဆိုတဲ့နာမည်နဲ့ folder လေးတစ်ခုရလာပါမယ်။
အဲဒီ folder ကို ဖုန်း memory card ထဲကိုထည့်လိုက်ပါ။ ‘Private’ folder ကိုထည့်ရာမှာ ဖုန်း memory card ရဲ့ ဘယ် folder အောက်ကိုမှမထည့်ပါနဲ့ ။
Memory card ရဲ့ main directory အောက်မှာပဲထည့်ပါ ။ ဥပမာ – memory card ရဲ့ Drive location က F: ဆိုရင် ‘Private’ folder လေးကို F: အောက်မှာပဲ
ထားပါ။

ပြီးရင် Dr.web Antivirus ကိုရယူလိုက်ပါ။
Dr.web Antivirus အားရယူရန်

Dr.web antivirus ကို download ရယူပြီးပြီဆိုရင် ဖုန်းထဲမှာ install လုပ်လိုက်ပါ။ ဖုန်းထဲမှာ install လုပ်ပြီးပြီဆိုရင် Dr.Web Antivirus ထဲကိုဝင်လိုက်ပါ။
အောက်ပုံအတိုင်းပါ။

Dr.Web Antivirus ထဲကိုရောက်ပြီဆိုရင် Option ကိုနှိပ်ပါ။ ပြီးရင် Quarantine ထဲကိုဝင်ပါ။ အောက်ပါပုံအတိုင်းပါ။

Quarantine ထဲကိုရောက်ပြီဆိုရင် Option ကိုနှိပ်ပါ။ ပြီးရင် Select all ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။

ပြီးရင် option ကိုပြန်နှိပ်ပါ။

Restore ကိုနှိပ်ပါ။

ပြီးရင် Rom Patcher Plus ကို ဖုန်းထဲကိုသွင်းရပါမယ်။ အောက်မှာရယူလိုက်ပါ။
Rom Patcher Plus အားရယူရန်

download လုပ်ပြီးပြီဆိုရင် ဖုန်းထဲမှာ install လုပ်လိုက်ပါ။ ပြီးရင် Rom Patcher Plus ထဲကိုဝင်ပါ။
ပြီးရင် install server RP+ v1.4 နဲ့ Open4all RP+ ကို နှိပ်ပါ။ နှစ်ခုစလုံးကိုနှိပ်ပြီးရင် ဘေးက icon လေးမှာ အစိမ်းရောင်လေးတွေဖြစ်နေရပါမယ်။ အောက်ပုံအတိုင်းပါ။

ဒါဆိုရင် certificate error မဖြစ်အောင် hack လို့ပြီးပါပြီ။ အရင်တုန်းက ဖုန်းထဲမှာ သွင်းရင် certificate error ဖြစ်ဖြစ်နေတဲ့ application တွေကို ဖုန်းထဲမှာ သွင်းကြည့်ပါ။
certificate error မဖြစ်တော့ဘဲ အဆင်ပြေပြေသွင်းလို့ရသွားတာကိုတွေ့ရပါလိမ့်မယ်။

ပြီးရင် option ကိုပြန်နှိပ်ပါ။

Restore ကိုနှိပ်ပါ။

ပြီးရင် Rom Patcher Plus ကို ဖုန်းထဲကိုသွင်းရပါမယ်။ အောက်မှာရယူလိုက်ပါ။
Rom Patcher Plus အားရယူရန်

download လုပ်ပြီးပြီဆိုရင် ဖုန်းထဲမှာ install လုပ်လိုက်ပါ။ ပြီးရင် Rom Patcher Plus ထဲကိုဝင်ပါ။
ပြီးရင် install server RP+ v1.4 နဲ့ Open4all RP+ ကို နှိပ်ပါ။ နှစ်ခုစလုံးကိုနှိပ်ပြီးရင် ဘေးက icon လေးမှာ အစိမ်းရောင်လေးတွေဖြစ်နေရပါမယ်။ အောက်ပုံအတိုင်းပါ။

ဒါဆိုရင် certificate error မဖြစ်အောင် hack လို့ပြီးပါပြီ။ အရင်တုန်းက ဖုန်းထဲမှာ သွင်းရင် certificate error ဖြစ်ဖြစ်နေတဲ့ application တွေကို ဖုန်းထဲမှာ သွင်းကြည့်ပါ။
certificate error မဖြစ်တော့ဘဲ အဆင်ပြေပြေသွင်းလို့ရသွားတာကိုတေ

ဘာကြောင့် Android Phone တွေမှာ Root လုပ်ရတာလဲ ..... ??

Root ဆိုတာ ဘာလဲ ။ ဘယ်လို နေရာမျိုးလဲဆိုတာ စာဖတ်သူ သဘောပေါက်လောက်ပြီ ထင်ပါတယ်။ အဲဒီတော့ အဲလို အဓိကကျတဲ့ အရေးကြီးတဲ့ နေရာ ၊ တစ်ခုခု မှားလုပ်မိရင် System တစ်ခုလုံး သုံးမရအောင် ဖြစ်သွားနိုင်တဲ့ နေရာမျိုးကို ဖုန်းထုတ်လုပ်တဲ့ သူတွေက ကွယ်ဝှက်ထားပါတယ်။ အသုံးပြုသူ user တွေ မတွေ့အောင် ၊ အသုံးပြုလို့ မရအောင် လုပ်ထားပါတယ်။ ဘာကြောင့်လဲ ?? ရှင်းရှင်းလေးပါ .. ခင်ဗျားတို့ စဉ်းစားကြည့်ပေါ့ ......
Root မလုပ်ပဲ Official သုံးနေလို့ရောမရဘူးလား။ ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ လိုအပ်ချက်တွေ ရှိနေတယ်။ ဖုန်းနဲ့ အင်တာနက်လေးသုံးချင်တယ်။ website တွေ ၊ Forun တွေ ၀င်ကြည့်ချင်တယ်။ Chatting ထိုင်ချင်တယ်။ အဲဒီအတွက် ဖုန်းမှာ မြန်မာလို အသုံးပြုချင်တယ်။ မြန်မာလို စာရိုက်ချင်တယ်။ နောက်တစ်ခု ကိုယ့်ရဲ့ Android Version ကို Update လုပ်ချင်တယ်။ အသစ်အသစ် လေးတွေကို လူတိုင်းမက်မောတက်ကြတာပဲလေ။ ဖုန်းဝယ်ကတည်းက ပါလာတဲ့ Application တွေမှာ ကိုယ့်အတွက် အသုံးမ၀င်တာတွေက များနေတယ်။ ဖြုတ်ချလို့လဲ မရဘူး။ နောက်တစ်ခါ Android Application တွေကလဲ အစုံပဲ။ ပေါလိုက်တာ ။ IPhone လိုပိုက်ဆံပေးပြီး ၀ယ်ထည့်စရာလဲ မလိုဘူး။ game တွေကလဲ အစုံပဲ။
စိတ်ကူးရှိတိုင်းထည့်နဲ့ ဖုန်းမှာပါတဲ့ Internal memory မှာတစ်ဖြည်းဖြည်းများလာမယ်။ အဲဒီအခါ ဖုန်းက လေးလာတယ်။ SD Card ထဲရွှေ့ထားချင်ပေမဲ့လည်း ရွှေ့လို့ မရဘူး။ နောက်ကိုယ့်ဖုန်းတစ်ခုလုံးကို Backup လုပ်ထားချင်တယ်။ မတော်လို့ ဖုန်းကပျက်သွားရင် အထဲက မှတ်ထားတဲ့ Content တွေ ၊ Message တွေ စသည်ဖြင့် အများကြီးပဲ။ ပျက်တာ သွားရင်တော့ ကြေကွဲပြီ။ အဲဒီလို ပြဿနာတွေ အများကြီးကို ဖြေရှင်းဖို့အတွက်က တစ်နည်းပဲ ရှိပါတယ်။ ဖုန်းထုတ်လုပ်သူတွေ ကွယ်ဝှက်ထားတဲ့ Root နေရာ ၊ သူတို့တွေ ဖျောက်ထားတဲ့ SuperUser ကို ကျွန်တော်တို့က လုယူကြရမှာပေါ့။ SuperUser ဆိုတာတစ်နည်းအားဖြင့် Windows မှာလိုဆိုရင်တော့ Administrator လိုမျိုးပါ။ Android OS တစ်ခုလုံးကို စိတ်ကြိုက် မွှေနှောက်ခွင့်ရှိတဲ့ စက်ရုပ်တစ်ရုပ်ပေါ့။ အဲဒီလို System တစ်ခုလုံးကို စိတ်ကြိုက်မွှေနှောက်နိုင်ဖို့အတွက် ကျွန်တော်တို့ Android ကို Root လုပ်ရခြင်း ဖြစ်ပါတယ်။ အဲလောက်ဆို ဘာကြောင့် Root လုပ်တယ်ဆိုတာကို သဘောပေါက်မယ်လို့ ထင်ပါတယ်။
စာဖတ်သူတွေထဲက မသိ့သေးတဲ့သူတွေအတွက် Root လုပ်တဲ့အခါမှာ အသုံးပြုနေကြတဲ့ အထင်ကရ Tools လေးတွေကို ဗဟုသုတ အဖြစ် ဖော်ပြပေးလိုက်ပါတယ်။
- Z Root
- Gingerbreak
- Easy Root Tookit
- Eric Root
- CF Root
- Super one Click
- Revolutionary (HTC)
- S2 Root (Samxung Galaxy)
စသည်ဖြင့် အများကြီး ရှိပါသေးတယ်။ စိတ်ဝင်စားတယ်ဆိုရင် အွန်လိုင်းမှာ မွှေနှောက်ပြီး ရှာကြည့်လို့ရပါတယ်။ Android နဲ့ပတ်သက်တဲ့ Site တွေ၊ Forum တွေအများကြီးရှိပါတယ်။ ဒါက မသိ့သေးတဲ့ သူတွေအတွက် ဗဟုသုအဖြစ် ရေးလိုက်တာပါ။ အဓိကကတော့ အခြေခံ သဘောတရားကို သေချာ နားလည်ဖို့ပါပဲ။
How to Root Samsung Galaxy Y GT-S5360
နိဒန်း ပျိုးနေတာနဲ့ ဒီ ဇတ်လမ်းလေးက အခုမှ ရောက်တယ်။ Samsung Galaxy Y ကို Root လုပ်တဲ့အခါ အပေါ်က Software တွေကို သုံးပြီး လုပ်လို့ရမှာ မဟုတ်ပါဘူး။ ဖုန်းမှာ ပါတဲ့ Recovery Mode ကိုအသုံးပြုပြီး Root လုပ်ပေးရမှာပါ။
Step 1 > ပထမဆုံး အောက်မှာ ကျွန်တော်ပေးထားတဲ့ Update.zip File ကို အရင် Download ဆွဲလိုက်ပါ။ File Size က 2.15 MB လောက်ပဲ ရှိပါတယ်။
Downloading From MediaFire
Downloading From Sharebeast
Downloading From Ziddu
Step 2 > update.zip file ကို download ဆွဲပြီးသွားပြီဆိုရင်တော့ ဖုန်းရဲ့ SD-Card ထဲကို Copy ကူးထည့်လိုက်ပါ။ Copy ကူးပြီးပြီဆိုရင် SD-Card ကို ဖုန်းထဲကို ပြန်ထည့်ပြီး Power ပိတ်လိုက်ပါ။
Step 3 > တတိယ အဆင့်အနေနဲ့ ကျွန်တော်တို့ Recovery Mode ထဲကို ၀င်ရပါမယ်။ Recovery Mode ထဲကို ၀င်ဖို့အတွက် (Home Button + Volume up Button + Power Button ) ကို Seconds 20 လောက် ဖိနှိပ်ထားလိုက်ပါ။
Step 4 > Recovery Mode ကို ရောက်ပြီဆိုရင်တော့ Volume up and down button ကို အသုံးပြုပြီး Update From SD Card ကို ရွှေးပေးလိုက်ပါ။ ဒီနေရာမှာ Touch အလုပ်မလုပ်ပါဘူး။ Volume button နှစ်ခုနဲ့ Home Button ကို အသုံးပြုရပါမယ်။
Step 5 > SD Card ထဲရောက်သွားပြီဆိုရင် အစောက Copy ကူးထားတဲ့ update.zip file ကို ရွှေးပေးပါ။ ပြီး၇င် home Button ကို နှိပ်လိုက်ပါ။
Step 6> Root စလုပ်ပါလိမ့်မယ်။ ဘာတွေ ဖြစ်နေလဲ ကြည့်နေလိုက်ပေါ့ဗျာ။ ကျွန်တော်လည်း မမှတ်မိတော့ဘူး။ Root လုပ်တာ ပြီးသွားပြီဆိုရင် ဖုန်းကို Reboot လုပ်လိုက်ပါ။
အိုကေသွားပါပြီ ။ ဖုန်းပြန်ပွင့်လာတဲ့အခါ SuperUser စက်ရုပ်လေးရောက်နေပါ့လိမ့်မယ်။ ဒါဆို ခင်ဗျားဖုန်းကို စိတ်ကြိုက် ကလိလို့ ရသွားပါပြီ။