Thursday 7 June 2012

Tango Software (Free mobile video calls over 3G,4G & WiFi)


Tango ဆိုတဲ့ video call software တစ်ခု ကို တော်တော် များများသိ့ပြီးကြလောက်ပါပြီ။ ကျွန်တော် မသိ့သေးတဲ့ သူတွေ အတွက် မျှဝေပေးလိုက်တာပါ။ ဒီ software လေးက အသုံးပြုရတာ တော်တော်ကို အဆင်ပြေတယ်ဗျ။ ဥပမာ - computer ကနေ Iphone , Ipad , Android phones, windows mobiles တွေကို အလွယ်တကူ video call ခေါ် လို့ ရနိုင်ပါတယ်။ mobile phone ကနေလဲ computer ကိုအလွယ်တကူ ခေါ်ဆိုနိုင်ပါတယ်။ သူ့ရဲ့ supported-devices တွေကိုတော့ ဒီမှာ ကြည့်နိုင်ပါတယ်။ အသုံးပြုရတာလဲ ခက်ခဲမှု မရှိပါဘူး။ Interface ကလဲ အရမ်းကို user friendly ဖြစ်တယ်။ စမ်းကြည့် လိုက်ကြပေါ့နော် .. ။
Step <1> အရင်ဆုံး ဒီဆိုဒ် လေးကနေ မိမိ အသုံးပြုမဲ့ device ပေါ်မူတည်ပြီး software ကို download ဆွဲ ပြီး install လုပ်လိုက်ပါ။ အဆင်ပြေအောင် ကျွန်တော် download link လေးတွေ ထပ်ဖြည့်ပေးလိုက်ပါ တယ်။
Tango Download for Android
Tango Download for Apple
Tango Download for Windows phone
Step <2> Software Install လုပ်ပြီးသွားပြီဆိုရင်တော့ tango ကိုဖွင့်လိုက်ပါ။ အပေါ်ဆုံးက Mobile Number နေရာမှာ country code ရွှေးပြီး မိမိ ဖုန်းနံပါတ်ကို ထည့်ပေးလိုက်ပါ။

Step <3> Profile နေရာမှာ First Name , Last Name နဲ့ email address ထည့်ပါ။ ပြီးရင်တော့ submit ကိုနှိပ်ပေး လိုက်ပါ။

Step <4> Submit လုပ်ပြီးသွားပြီဆိုရင်တော့ content ကိုနှိပ်ပြီး မိမိ ခေါ်ချင်တဲ့ email address (or) Phone no ကို နှိပ်ပြီး အလွယ်တကူ ခေါ်ပြောလို့ ရပါပြီ။ voice ပြောလို့ ရသလို ၊ video call လည်း ခေါ် လို့ ရပါတယ်။

အားလုံးပဲ အဆင်ပြေကြပါစေဗျာ .. လေးစားစွာဖြင့်

No comments:

Post a Comment