Monday 19 March 2012

GRIM WEPA v1.10 ALPHA 6

 သူငယ်ချင်းတို့  အတွက် အခု မျှဝေပေးမဲ့  Software ကတော့ Grim WEPA  ပါ။  ဒီ software ကို Backtrack 4/5  မှာ install လုပ်ပြီး သုံးလို့ ရတယ် ။ သူ့ ရဲ့ အားသာ ချက် က Program တခုထဲမှာ WEP နဲ့  WPA ၂မျိုး  ပေါင်းစပ် ထားတာဘဲ။  ok, အရင် ဆုံး Floder အသစ် တခုဖွင့်ပါ။ သူငယ်ချင်းဖွင့်ထားတဲ့  Floder ကို မှတ်ရလွယ် အောင် နာမည် တခု ပေးပါ။ ကျွန်တော်က မှတ်မိလွယ် အောင် ကောင်မလေး ၁ ယောက် ရဲ့ နာမည် ကို ပေးမယ် နော်။ ကျွန်တော်ကတော့ မှတ်မိလွယ်အောင် ကျွန်တော့် floder ရဲ့  နာမည်ကို yadanar လို့ နာမည် ပေး လိုက် မယ်။ Grim WEPA ကို  Download ( size 319kb ) ချပါ၊ ပြီးရင် floder (yadanar) ထဲ မှာ Save လုပ်ပြီး( D: ) ( E: ) ( F: ) တနေရာရာမှာ သွားသိမ်းလိုက်ပါ။ ကျွန်တော် ကတော့ ( F: ) Pendrive ထဲ မှာ သိမ်းလိုက်မယ်။
Backtrack ကို နှိုးလိုက် ပါ။ အောက် ပါ အတိုင်း တဆင့်ချင်းဆီ သွားပါ။ 
( ၁ ) File manager Konqueror ကို Click ပေးပါ
(၂ ) Storage Media သို့  သွားပြီး Click ပါ
(၃)  မိမိသိမ်းထားခဲ့ သော Storage Media ကို Click  ပါ
အဲ့ ဒီ Storage Media ထဲ ကနေ  ခုနက သူငယ် ချင်းတို့  သိမ်းထားခဲ့ တဲ့  ဖိုင် ကို ရှာလိုက်၊ တွေ့  ပြီ ဆို ရင် Click နှိပ်ပြီး ဖွင့် လိုက်။ အဲ့ ဒီ အထဲ မှာ ခုနက ဒေါင်းလုတ်ချထားတဲ့  Grim WEPA java software ကို Right Click\ Open with\ Sun java 6 runtime နဲ့  Run လိုက် ပါ။ အောက် က ပုံ အတိုင်းပေါ်လာ ပါမယ်။





ပုံ ၂ က wireless device ကို Select ပေးရမယ် နော် ဥပမာ ( Wlan1\ Wlan0\ mon0\ Eth1 ) စသဖြင့်
Ok နှိပ်လိုက်ပါ။ အောက် က ပုံ(၃) အတိုင်း Wireless name ပေါ်လာ လိမ့်မယ်။ မပေါ်လာ ရင် refresh လုပ်ရမယ်။


ပုံ(၃) အတိုင်းပေါ်လာ ပြီဆို ရင် လိုချင်တဲ့ Network name ပေါ်ကို Boule click နှိပ်လိုက် ပြီးရင်
( use client in attack ) မှာ အမှတ်ခြစ် Targering bssid address ရေးထည့်။ ပြီးရင် ( deauth )
ကို click လိုက်။ (attack method ) မှာ Forget attack ကို select ပေး ပြီး၇င် test injection ကို Click လိုက်။
အားလုံးပြီးသွားရင် ကျွန်တော် ပြောနေကျ အတိုင်း လုပ် စရာ ရှိဆက် လုပ် တော့ ပေါ့။ အော်တို မစ်တစ် Crack လုပ် သွားပါလိမ့်မယ်။  Wpa လည်း ထိုနည်း အတိုင်း ပါဘဲ။ သဘောတရားချင်း အတူတူ ပါဘဲ။ ကိုယ် တိုင် ကြိုးစားကြည့်ပါ။ အဆင် ပြေပါလိမ့်မယ်။  ဆက်ကြည့်၇အောင်


ပုံထဲ (၄) က အနီရောင် ဘောင် ခတ်ထားတာကတော့ Wep ရဲ့  password ပါ။ သူငယ်ချင်းတို့  အဆင် ပြေမယ် လို့  မျှော်လင့်ပါတယ်။ နောက်လာမဲ့  ပိုစ့်တွေ ကတော့ java software တွေ မပါတော့ဘူး.။ Shellkonsole ထဲ ကနေ wep\wpa password Hack နည်း ပြောပြမယ်။ မြန်တာတော့ တအားမြန်တယ်။ Password Dictionary  တောင်းထားတဲ့  သူငယ် ချင်းတွေ အတွက် လဲ Password Dictionary တင်ပေးမယ်နော်။ နည်း၂ တော့ သီးခံ ကြပါ။ ကျွန်တော့် ကို အပီချုပ်ကိုင် ထားတာ က အချိန် ဖြစ်နေတယ် ဗျာ။ နားလည် ပေးပါ။ မြန်မာ ပြည်က ပရိသတ်တွေ ပုံ မမြင် ၇တာ ကို မြင်ရအောင် အရင် လုပ် ပေးမယ်။ ပြီးမှ ကျန်တာတွေ ဆက် လုပ်မယ်။ Ok, နော် ကံကောင်းပါစေ။ ကွန်ပြူတာအခြေံတော့နည်းနည်းရှိရင်တော့လုပ်ရတာအဆင်ပြေမှာပေါ...

No comments:

Post a Comment