Monday 19 March 2012

ပေးရင်ယူလိုက် ဒါပေမယ့် အန်အယ်ဒီကိုပဲ မဲထည့်ပါ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် လားရှိုးမြို့မဲဆွယ်စည်းရုံးရေး ခရီးစဉ်
လာမယ့် ကြားဖြတ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည့်ဟာ မက်လ ၁၇ ရက်နေ့က ရှမ်းပြည် မြောက်ပိုင်းမှာရှိတဲ့ လားရှိုးမြို့ကို
မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် သွားရောက် ခဲ့ပါတယ်။ ဒီခရီးစဉ်အတွင်း သောင်းနဲ့ချီတဲ့ ဒေသခံ ပြည်သူတွေက ကြိုဆိုခဲ့ကြသလို ဒေါ်အောင်ဆန်းစုကြည်ကလည်း ရန်တိုင်းအောင် စေတီရှေ့
ကွင်းပြင်မှာ သောင်းနဲ့ချီတဲ့ ဒေသခံ ပြည်သူတွေကို မိန့်ခွန်း ပြောသွားပါတယ် ။ တစ်ခါ သိန္နီမြို့ဘုန်းတော်ကြီးကျောင်း ရှေ့မှာလည်း မိနစ် ၄၀ လောက် လူထုကို မိန့်ခွန်း ပြောခဲ့ပါတယ်။ ဒါ့အပြင်
လားရှိုးမြို့ နည်းပညာ တက္ကသိုလ်က ဆရာဆရာမတွေ ကျောင်းသား ကျောင်းသူ တွေနဲ့လည်း တွေ့ဆုံ ခဲ့ပါတယ်။

No comments:

Post a Comment