Monday 19 March 2012

Network အပိုဒ် ( ၁ )

ညီအကိုတွေအားလုံးပဲ မင်္ဂလာပါဗျာ။ ကိုကျော်ထွန်း ရဲ့Back Track ဆိုက်မှာ ကျွန်တော်သိတာလေးတွေ Share ပေးမယ် လို့
ကတိပေးပြီး မရေးဖြစ်တာ နည်းနည်းတော့ကြာသွားတယ်ဗျာ။ ကျွန်တော်ကိုယ်တိုင်ကလဲ Linuxs အကြောင်းလေ့လာနေတဲ့သူဆိုတော့
ဒီဆိုက်ကို ဝင်ကြည့်ဖြစ်တယ်။အရင်အချိန်ကတော့ တအားလွယ်တယ်ဗျာ။အင်တာနက်သုံးရတာ။ခုကျတော့ မြန်မာပြည်ပြန်ရောက်သွားတော့
ကွန်နက်ရှင်တွေ ကိစ္စနဲ့တင် အွန်လိုင်းဆိုတာဘာလဲလို့မေးရမလိုပြန်ဖြစ်နေပြန်ရော။ကိုယ်ကိုတိုင်ရေးထားတဲ့ ဆိုက်လေးတွေတောင်ဝင်လို့မရတော့ ငိုရမလိုဖြစ်နေပြန်ရော။
ဒါနဲ့ ကိုကျော်မင်းထွန်း နဲံဆုံဖြစ်တော့ ကျွန်တော်လဲလွယ်လွယ်နဲ့ကတိပေးလိုက်မိလေရော။ဘယ်တတ်နိုင်မလဲ ရေးရတော့မှာပေါ့။
စကားချီနေတာနဲ့လိုရင်းပျောက်သွားတယ်ထင်တယ်။ကျွန်တော်တတ်သိသလောက် Network အပိုင်းလေးတွေတင်မယ်လို့ ဆုံးဖြတ်လိုက်တယ်။
ရေးမယ်ဆိုတော့လဲ ဘာစရေးရမှန်းကိုမသိတာဗျ။
စိတ်ထဲရှိတာရေးမယ်ဗျာ။
တစ်ခါတစ်ခါ ကျွန်တော်တွေးကြည့်တယ် Network သမားတစ်ယောက်ဟာ အနုပညာ သမားတစ်ယောက်နဲ့တူတူပဲထင်တယ်။
ကိုလုပ်ချင်တဲ့အနုပညာကို စမ်းတစ်ဝါးလျောက်နေရသလိုပဲပေါ့။
ဒီနေ့လုပ်လို့ ဒီနေ့ အကျိုးရချင်မှရမယ်ပေါ့။ ဒါပေမယ့် အကျိုးတွေအများကြီးရမှာတော့အမှန်ပါပဲ။
ကဲ ကျွန်တော့် Network စာစုလေးတွေကိုအရင်ချပြကြည့်တာပေါ့။
မသိသေးသူများလဲ စိတ်ဝင်စားရင် ဖတ်ကြည့်ပေါ့ဗျာ။
Network ဆိုတာ ဘာလဲ ?
ဟိုးအရင်က Network တွေ intertnet တွေ မပေါ်တဲ့ အချိန်မှာ လူတွေ Network လို့မသိတဲ့ network တစ်မျိုးကိုသုံးခဲ့ကြတယ်။
ကို့ဆီက File တွေ Data တွေကို ခုခေတ် မသုံးတော့တဲ့ Floopy Disk တွေထဲထည့်ပြီးသုံးစွဲခဲ့ကြတာပေါ့။ အဲဒါက netrwork ပေါ့ဗျာ။
ဒါပေမယ့် တစ်ဦးချင်း ဆီမှာ သုံးဖို့အတွက်ပဲအဆင်ပြေတော့ နောက်ပိုင်းမှာ Network Technology ဖြစ်ပေါ်လာရတာပေါ့။
အခြေခံအားဖြင့် ယနေ့ခေတ်သုံးနေကြတဲ့ Network တွေကတော့
1.LAN(Local Area Network)
2.WAN(Wide Area Network)
3.MAN(metropolitan Area Network)
4.PAN(personal area network)
ဆိုပြီးတော့ရှိကြပါတယ်။
ကျွန်တော် တို့ အင်တာနက်ဆိုင်တွေ။ရုံးတွေ မှာသုံးကြတာကတော့ LAN ပေါ့ဗျာ။
1.LAN(Local Area Network)
ကွန်ပျုတာ တစ်လုံးနဲ့ တစ်လုံး ဒါမှ မဟုတ် ကွန်ပျုတာ အလုံးရေတော်တော်များများ ချိန်ဆက်ကြမယ်ဆိုရင် LAN ပေါ့ဗျာ။
ပထမဆုံး ကွန်ပျုတာတွေချိတ်ဆက်ချိန်တုန်းက ကွန်ပျုတာအလုံးရေ ၃၀ထက်မပိုခဲ့ပါဘူး။ ခုနောက်ပိုင်းတော့ အလုံးရေ တော်တော်များများချိတ်ဆက်လာနိုင်လာပါတယ်။
ကွန်ပျုတာ တစ်လုံးနဲ့တစ်လုံး ချိတ်ဆက်ပြီး ကို့ DATA တွေ FILE တွေကို Share ကြ နဲ့ ဆက်သွယ် မှုကို အဆင်ပြေလာစေတာပေါ့။ဒါဟာ Local Area Network ပေါ့ဗျာ။
(ဆက်လက်တင်ပြပါ့မယ်)

No comments:

Post a Comment