Saturday 24 March 2012

သူနဲ့ပတ်သက်ရ်ျနောက်ဆုံးရင်ဖွင့်ခွင့်ပြုပါအမေ..............

အမေ.. ကျနော် ပျော်ပါတယ်….ဘာပဲဖြစ်ဖြစ် ကျနော်အရမ်းပျော်ပါတယ် အမေ
ခုချိန်မှာ ကျနော် နေတတ်အောင်ကြိုးစားနေပါပီ…..။
သူနဲ့ပတ်သတ်သမျှ အရားအားလုံးကို နားလည်လက်ခံတတ်ပါပီ…။
သူပေးအပ်သမျှ အရာအားလုံး၊ ခံစားချက်ပေါင်းစုံကို ကျနော် အမြတ်တနိုးသိမ်းဆည်းထားတတ်ပါပီ….။
တခါတလေ သူ့ဆီက နွေးထွေးအားပေးမှုတွေရရင် အရမ်းပျော်သလို
ဥပေက္ခာ နဲ့ အမုန်းတရားတွေပေးလည်း လက်ခံနိုင်ပါပီ…။
သူ့ရဲ့ နှုတ်ဆက်ခြင်း စကားလုံးတွေကိုလည်း မြတ်နိုးတယ်…။
သူ့ရဲ့ လျစ်လျူရှုမှု တွေကိုလည်း မြတ်နိုးတယ်…။
သူ့ရဲ့ အော်ငေါက်မှုတွေကိုလည်း အပြုံးမပျက် လက်ခံနိုင်ပီ …. အမေ။
သူ ဘာပြောပြော ဘာလုပ်လုပ် အနာကျင်ရက်ဘူး အမေ..။
အမုန်းနိုင် မမေ့နိုင်ဘူး………..။
သူ စိတ်ညစ်နေတဲ့အချိန်တွေဆို ကျနော်လေ သူ စကားမပြောချင်မှန်းသိသိနဲ့ လှမ်းခေါ်မိတတ်တယ် အမေ…။ ကျနော့် စိတ်ထဲမှာ သူ့စိတ်ညစ်မှုတွေ ပြေလိုပြေငြား၊ ကျနော့်ကို သူ့စိတ်ထွက်ပေါက်အနေနဲ့ပဲ ဖြစ်ဖြစ် အသုံးပြုစေလိုတယ် အမေ..။
ဘာပဲဖြစ်ဖြစ် သူ ကျနော့်ကို ဘယ်လိုစကားလုံးတွေပဲပြောပြော သူ့စိတ်နည်းနည်းလေးဖြစ်ဖြစ် ပြေသွားရင် ကျနော် အရမ်းဝမ်းသာတယ် အမေ..။
ကျနော်လေ သူပျော်ရွှင်နေတယ်ဆို တိတ်တိတ်လေး နေနိုင်ပေမယ့် သူ စိတ်ရှုပ်ထွေး
စိတ်ညစ်နေရင် မခေါ်ပဲ မနေနိုင်ဘူး အမေ..။
ကျနော့် သူ့ဆီက ရရှိလာမယ့် စကားလုံးတွေကို မျှော်လင့်နေတတ်ပီ အမေ..။
ဝမ်းနည်းဖွယ် စကားလုံး။ မုန်းတီးဖွယ်စကားလုံး ဘာတွေပဲ သူပြောပြော
ကျနော် ကျေနပ်နေတာပဲ အမေ..။
သူ ကျနော့်ကို ဘယ်လောက်ပဲ နာကျည်းအောင် / နာကျင်အောင် ပြောပြော
ကျနော် မနာကျင်၊ မနာကျည်းမိဘူး အမေ……။
ဝမ်းနည်းတဲ့စိတ်တော့ ဖြစ်မိပါတယ်…..။
သူပေးအပ်သမျှ အရာအားလုံးဟာ ကျနော့်အတွက်တော့ ကြီးမြတ်တဲ့ ဆုလဘ်မွန်တွေပါပဲ အမေ…။
ကျနော် ကျေနပ်တယ် အမေ…။
သူ့ ဆီက ရရှိတဲ့ စကားလုံးတိုင်းကို ကျနော် မြတ်နိုးတယ်..။ အမြဲသိမ်းဆည်းထားပါတယ်…။
ရင်ထဲမှာ ကျေနပ်ဝမ်းမြောက်မှုတွေ အမြဲကိန်းအောင်းနေပါတယ် … အမေ။
ကျနော့်ကို သူ ဘာမှမပြောပဲ ဥပေက္ခာ ပြုထားတာထက်စာရင် ဆိုးဆိုးရွားရွားစကားလုံးတွေ၊ နာကျင်တဲ့စကားလုံးတွေ…။ မုန်းတီးတဲ့ စကားလုံးတွေ ပြောနေစေချင်တယ် …။
သူ့စိတ်ထဲမှာ ကျနော့်ကို သူ ဒုက္ခပေးနေတယ်၊ နှောက်ယှက်နေတယ် ထင်နေတယ်အမေ..။
အမှန်က သူ့ဒုက္ခပေးမှု၊ သူ့စိတ်ညစ်မှု သူ့စိတ်ရှုပ်ထွေးမှု၊ သူ့အပြုအမူမှန်သမျှ တွေနဲ့
သူဆိုတဲ့ အသိစိတ်နဲ့ ကျနော် အသက်ဆက်ရှင်နေတာကို သူမသိဘူး အမေ…။
လောကကြီးမှာ သူရှိနေတယ်ဆိုတဲ့ အသိတစ်ခုနဲ့တင် ကျနော့်ဘ၀ ပြည့်စုံ အသက်ရှင်နေတာပါ အမေ..။
သူ သာယာအေးချမ်းတဲ့ဘ၀၊ ငြိမ်းချမ်းတဲ့ဘ၀တစ်ခု ပိုင်ဆိုင်ပီဆိုရင် ကျနော် သေပျော်ပီ အမေ..။ သူ့ကို လုံးဝ မဆက်သွယ်ပဲ လျစ်လျူရှုနေနိုင်ပီ အမေ..။
ကျနော် လည်းအေးချမ်းပါပီ။
ခုချိန်မှာတော့ သူ့ဆီက ရောက်ရှိလာမယ့် စကာလုးံကြမ်းကြမ်းတွေ။ ဆတ်ဆတ်ခါနာကျင်စေမယ့် စကားလုံးတွေကို ကျနော် အရမ်းမျှော်လင့်မိနေပီ အမေ..။
“ အချစ်” ဆိုတဲ့စကားလုံးက ကျနော့်အတွက်တော့ ပေါ့သွမ်းလွန်းပါတယ် အမေ။
လူတိုင်းပြောဆိုနေကျတဲ့ “အချစ်” ဆိုတာ ဘယ်လိုမျိုးလဲ
ကျနော် နားမလည်ဘူး အမေ..။
ဒါပေမယ့် ကျနော့်အသက်ကိုပေးရလို့ သူအမှန်တကယ် ပျော်ရွှင်ငြိမ်းချမ်းမယ်ဆိုရင် ကျနော့် အသက်နဲ့ သူ့ပျော်ရွှင်မှု လဲပေးလိုက်ချင်တယ် အမေ…။
ကျနော် ဟာ လူညံ့တစ်ယောက်၊ လူပိန်းတစ်ယောက် ခပ်ထုံထုံ ခပ်ပိန်းပိန်း လူတစ်ယောက်ပါ အမေ ။ ကျနော့်မှာ လတ်တလေ ပိုင်ဆိုင်တာဆိုလို့ ကျနော့်အသက်ပဲရှိပါတယ်…အမေ။
သူငြိမ်းချမ်းဖို့အတွက် ကျနော့်မှာ ပေးအပ်စရာဆိုလို့ အသက်ပဲရှိပါတယ် …. အမေ။
အမေ မွေးပေးတဲ့ အသက်နဲ့ အမေ မွေးပေးခဲ့တဲ့ စိတ်တွေအားလုံး သူ့အတွက်ဖြစ်သွားတဲ့အတွက် ကျနော့်ကို ခွင့်မလွှတ်ပါနဲ့ အမေ…။
ဘ၀ ဆက်ဆက် ဒီကြွေးတွေကိုကျနော် ကျေအောင်ဆပ်ပါ့မယ် အမေ..။
အမေ….
တစ်ခါတလေ ကျနော် စဉ်းစားလို့မရဘူး အမေ..။
သူ ဘာလို့ ကျနော့်အပေါ် ရန်သူလိုဖြစ်သွားရတာလဲ…။ မိတ်ဆွေသူငယ်ချင်း မောင်နှမ သားချင်းတစ်ယာက်လိုတောင် ဘာလို့ သဘောမထားနိုင်ရတာလဲ..။
ဘာကြောင့် ကျနော်ပေးအပ်လိုက်သမျှ သူ့အတွက် နာကျင်မှုတွေ။ အမုန်းတွေ ဖြစ်ဖြစ်သွားရတာလဲ..။
သူ ဘာကြောင့်အရမ်းမုန်းသွားရတာလဲ ဗျာ……..။
ကျနော်ပဲ ကံဆိုးနေတာနေမှာပါ…….။
ကျနော့်ဘက်က အကောင်းဆုံးအရာလို့ထင်ထားသမျှ သူ့အတွက် အဆိုးဆုံးဖြစ်ဖြစ်သွားတယ်…။
ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ်…. သူဟာ ကျနော့် ကောင်းကင်တစ်ခုပါ။
ကျနော်သူ့ကို အမြဲထာဝရ လေးစားတယ်။ တန်းဖိုးထားတယ်။ ယုံကြည်တယ်…….။
အမေ …
ကျနော့် ခံစားချက်တွေကို နောက်ဆုံးရင်ဖွင့်ခြင်းပါ အမေ..။
သူအနေမကျဉ်းကျပ်အောင် စိတ်ချမ်းသာအောင် ကျနော် တိတ်တိတ်လေးပဲ နေသွားတော့မယ် အမေ…။
ခံစားချက်မှန်သမျှ အတွက် ကျနော် ကျေနပ်ဝမ်းမြောက်နေတယ်ဆိုတာ သူ
သိနိုင်ပါစေ၊ မြင်နိုင်ပါစေ ၊ ကြားနိုင်ရပါစေ...........

Post- အလွမ်းသမားလေး

No comments:

Post a Comment