Saturday 24 March 2012

အမေ

နွေအခါမှာပိတောက်

မိုးရောက်တော့ပိဒုမ္မာ

ဆောင်းမှာတော့သဇင်မင်း

...ရာသီတွေင်းကြိုင်လှိုင်

အလှချင်းပြိုင်ကြတာအခါခါပေါ့...

*အမေရဲ.မေတ္တာတရား

နွေမှာပဲပူနေနေ

မိုးစွေလို့ပဲအေးအေး

သဇင်လေးတွေပွင့်တဲ့ရာသီ

ဆောင်းမပီတပီမှာပဲဆိုဆို

အပိုလိုမရှိ

ပကတိမေတ္တာတရား

ယိုစီးကျသွားတာက

အတူတူပါပဲနော်။။

ဘယ်ရင်ခွင်ဘယ်လောက်အေးအေး

ဘယ်ရေအေးဘယ်လောက်စင်စင်

ဘယ်သခင်ဘယ်လိုစောင့်ရှောက်စောင့်ရှောက်

ဘယ်စကားဘယ်လိုချိုချို။

အမေ့ကိုတော့မမှီနှိင်

နို့ရေအိုင်ထဲကအမေ့သား

ဒါကြောင့်များ

အားရှိတယ်ထင်ရဲ.။

*အမေလို့

ခေါ်ရတဲ့အရသာ

ရင်ခွင်မှာလျှံဖိတ်

ကြည်နူးပီတိစိတ်တွေနဲ့

အိပ်ရတာပျော်တယ်အမေ။

*အမဆိုတာအင်အား

အမေဆိုတာဥာဏ်ပညာ

အမေဆိုတာမေတ္တာပင်လယ်

ကျယ်ပြောတဲ့သည်စကား

အမေဆိုတဲ့အားတစ်ခုတည်းနဲ့ပဲ

မမေားနှိင်အောင်

ပြေခဲ့တဲ့ခရီး

ဟောခုတော့

တော်တော်ကြီးတောင်

ရောက်ခဲ့ပါပြီအမေ။

*အမေ့ကိုသတိရ

ရွာပြန်လို့လွမ်းကြတဲ့အခါ

ရွာဝပိတောက်ပင်ကြီး

ဆီးလို့သာပြုံးပြ

မောရာကပျော်တယ်အမေ။

*သည်ပြေသည်ရေ

သည်ယာမြေ စပါးတေားမှာ

ပျော်မေားခဲ့တဲ့အမေ့မေတ္တာတရား

ဟောခုထိ

သင်းသင်းလေးတောင်ရှိသေးတာပါလား။

ကျောင်းကြီးရယ်အို

ဆည်းလည်းသံတချိုချိုနှင့်

ကပိုကယိုပွေဖက်

မမေ့ရက်နှိင်တဲ့အမေ့ရွာ

မေ့မေတ္တာတွေလွှမ်းလို့လေ။

*ပြောလို့မကုန်တာ

အမေ့စကား

စီးဆင်းမကုန်တာ

မေ့မေတ္တာတရား...

သားစားချင်တယ်ဆိုလို့

ရွာလယ်ကြားကသင်္ဘောပင်

လူမမြင်ခင်ရုတ်တရက်

ခိုးဝှက်ထွက်ပြေး

*ဟေးသူခိုး*ဆိုပြီးဝိုင်းရိုက်

ခိုက်ဆိုက်လဲနေတဲ့

အမေ့ရင်ခွင်

သားစားချင်ရှာတဲ့

သင်္ဘောသီးလေးတစ်လုံးပေါ့

*ရိုက်သူကသား

ရင်ခွင်ကြားမှာဝှက်ထားတဲ့

သင်္ဘောသီးနဲ့အမေ

ဘယ်လောက်

ကြေကွဲနေလိုက်ရှာမလဲ

သားရင်ထဲနင့်တယ်အမေ

သည်ဇာတ်လမ်းလေးကြားဖူး

မေတ္တာလူးတဲ့အမေ့ကို

သား...ဦးမချဘဲမနေနှိင်ပါဘူးမေမေ....

No comments:

Post a Comment