Monday 12 March 2012

ကြားဖြတ်ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးရန် နှစ်ရက်ခွင့်ပြုထား

လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးရန် နှစ်ရက်ခွင့်ပြုထားကြောင်း ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

ရပ်ကွက်နှင့် ကျေးရွာကော်မရှင်အဖွဲ့ခွဲတွင် ကြိုတင်မဲပေးရမည့်သူများမှာ ရွေးကောက်ပွဲ မကျင်းပမီ မတ် ၃၀ နှင့် ၃၁ ရက်များတွင် နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း မဲပေးရမည်ဖြစ်ကြောင်း သိရ သည်။

မဲဆန္ဒနယ်ပြင်ပ ရောက်ရှိနေသော်လည်း ကြိုတင်မဲပေးပိုင်ခွင့်ရှိသူများတွင် တပ်မတော်သား များ၊ ကျောင်းသားများ၊ သင်တန်းသားများ၊ အချုပ်ခံနေရသူများ၊ ဆေးရုံတက်ရောက်ကုသနေသူများ၊ ရက်ပေါင်း ၁၈၀ ထက်မနည်း မဲဆန္ဒနယ်ပြင်ပရောက်နေသူများနှင့် အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေသူများ ပါဝင်သည်။

ရက်ပေါင်း ၁၈၀ ထက်မနည်း မဲဆန္ဒနယ်ပြင်ပရောက်နေသူများမှအပ ကျန်ပုဂ္ဂိုလ်များသည် မြို့ နယ်ကော်မရှင်အဖွဲ့ခွဲထံတွင် မဲပေးရမည်ဖြစ်ကြောင်း သိရသည်။ ကြိုတင်မဲပေးရန် ပုံစံ(၁၅)ဖြင့် ကြိုတင်မဲ တောင်းခံရမည်ဖြစ်ပြီး တပ်မတော်သားနှင့် ရက်ပေါင်း ၁၈၀ ထက်မနည်း မဲဆန္ဒနယ်ပြင်ပရောက်နေသူများမှာ ပုံ စံ(၁၅) မလိုကြောင်း သိရသည်။

မဲဆန္ဒနယ်အတွင်းရှိသော်လည်း ကြိုတင်မဲပေးပိုင်ခွင့် ရှိသူများတွင် ခရီးဝေးသွားရန်ရှိသူများ၊ အနာကြီးရောဂါရှိသူများ၊ ရောဂါပြင်းထန်စွာ ခံစားနေရသူများ၊ အချုပ်ကျနေသူများ၊ အတွင်းလူနာအဖြစ် ဆေးကုသံခံနေသူများနှင့် ယာယီတာဝန်ဖြင့် မဲစာရင်းပါရှိရာဒေသကိုကျော်လွန်၍ တာဝန်ထမ်းဆောင်ရသည့် နိုင်ငံ့ဝန်ထမ်း (သို့မဟုတ်) တပ်မတော်သား (သို့မဟုတ်) ရဲတပ်ဖွဲ့ဝင်တို့ ပါဝင်သည်။

No comments:

Post a Comment