Monday 12 March 2012

iPay Card ဖြင့် ယာဉ်စီးခပေးချေသည့် စနစ်ကို ယခုလအတွင်း အဓိပတိအပြာ၊ ၄၈ စသောအထူးယာဉ်လိုင်း များတွင် စတင်အသုံးပြုမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော ခရီးသည်တင်ယာဉ်လိုင်းများတွင် iPay Card ဖြင့် ယာဉ်စီးခပေးချေသည့် စနစ်ကို ယခုလအတွင်း အဓိပတိအပြာ၊ ၄၈ စသော အထူးယာဉ်လိုင်းများ တွင် စတင်အသုံးပြုသွားမည်ဖြစ်ောကာင်း ယင်းစနစ်ကို ပြုလုပ်နေသည့် KISPA NADI EXPRESS LIMITED မှ Project Mamnager ကိုအောင်ကျော်၏ ပြောကြားချက်အရ သိရှိရသည်။

iPay Card ဖြင့် ယာဉ်စီးခပေးချေသည့် စနစ်အတွက် ဆော့ဖ်ဝဲအပိုင်းရရှိထားပြီး ဖြစ်ပြီး လိုအပ်သည့် စက်များအား အိန္ဒိယနိုင်င့မှ တင်သွင်းထားပြီးဖြစ်ကာ iPay Station များတည်ဆောက်ရန် မြေနေ ရာအချို့လည်း ရရှိထားပြီဖြစ်ကြောင်း သိရသည်။ ယခုလ ၁၅ ရက်နေ့တွင် ခရီးသည်တင်ယာဉ်လိုင်းများရှိ ယာဉ်လုပ်သားများ iPay Card စနစ်အသုံးပြုတက်စေရန် သင်တန်းပေးခြင်း၊ ခရီးသွားပြည်သူများအသုံးပြုတက် စေရန် လူစည်ကားသည့် နေရာများတွင် ကြော်ငြာ်လက်ကမ်းများ ဖြန့်ဝေမှုများကို စတင်ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရှိရသည်။

“iPay Cardf နဲ့ ယာဉ်စီးခပေးချေသည့် စနစ်လုပ်ဖို့က ပြီးသလောက်နီးပါးရှိနေပါပြီ။ ဒီလထဲမှာ စတင်အသုံးပြုနိုင်အောင် လုပ်သွားမှာပါ။ လက်ရှိယာဉ်စီးခကို ငွေနဲ့ ပေးချေရာကနေ ကတ်စနစ်နဲ့သွားမှာဆို တော့ စနစ်တစ်ခုလုံးပြောင်းရမှာပါ။ အဲဒီအတွက် ပြောင်းမယ့်စနစ်ကို သုံးစွဲတဲ့သူတွေ အကျွမ်းတ၀င်ဖြစ်ဖို့ အ ရေးကြီးဆုံးပါပဲ။ အဲဒီအတွက် ပြောင်းမယ့်စနစ်ကို သုံးစွဲတဲ့သူတွေ အကျွမ်းတ၀င်ဖြစ်ဖို့ အရေးကြီးဆုံးပါပဲ။ ဒါ ကြောင့် ဒီလ ၁၅ ရက်နေ့ကစပြီး ယာဉ်လိုင်းတွေက ယာဉ်လုပ်သားတွေကို သင်တန်းပေးတာတွေ လုပ်မယ်။ လူစည်ကားတဲ့နေရာမျိုးတွေမှာ အများပြည်သူတွေကို ကြော်ငြာကမ်းတာ တွေလုပ်မယ်။ ဒါပြီးရင်တော့ စသုံး ရပါပြီ။ နောက်ပိုင်းတဖြည်းဖြည်း မ.ထသလက်အောက်က ယာဉ်လိုင်းတွေမှာလည်း ဒီစနစ်လုပ်သွားမှာဖြစ်ပါ တယ်” ဟု KISFPA NADI EXPRESS LTD မှ ကိုအောင်ကျော်က ပြောပြခဲ့သည်။

iPay Card စနစ်အား အဓိကငွေအကြွေပြဿနာပြေလည်စေရန်နှင့် ခရီးသွားပြည်သူအကြား ယင်းစနစ်ကို အကျွမ်းတ၀င် အသုံးပြုလာတက်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်လိုင်းများတွင် iPay Card ဖြင့် ငွေပေးချေသည့်စနစ်အတွက် စက်တပ်ဆင်ရမည်ဖြစ်ပြီး ယင်းစက်တန်ဖိုးမှာ ကျပ် ၄ သိန်းခွဲဖြစ်ကာ စနစ်စတင်သည့် အချိန်မှ နှစ်လအတွင်း တပ်ဆင်လိုသူများအား အခမဲ့တပ်ဆင်ပေးသွားမည်ဖြစ်ပြီး ယင်းနောက်ပိုင်းတပ်ဆင်လိုသူများကိုမူ ချပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

No comments:

Post a Comment