Monday 12 March 2012

ပိုင်ဆိုင်မှုအထောက်အထား ခိုင်လုံစွာတင်ပြနိုင်မှ ပြည်ပအလုပ်အကိုင်အေးဂျင့် လုပ်ကိုင်ခွင့်ရမည်

ပိုင်ဆိုင်မှုအထောက်အထား ခိုင်လုံစွာတင်ပြနိုင်မှ ပြည်ပအလုပ်အကိုင်အေးဂျင့် လုပ်ကိုင်ခွင့်ရမည်


ပိုင်ဆိုင်မှုအထောက်အထား ခိုင်မာစွာတင်ပြနိုင်မှ ပြည်ပအလုပ်အကိုင် အေးဂျင့်လုပ်ကိုင်ခွင့် လိုင်စင်ချထားပေးမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန(ပြည်ပအလုပ်အကိုင် အေးဂျင့်)မှ တာဝန်ရှိသူတစ် ဦးက ပြောသည်။

“ ကုမ္ပဏီမှတ်ပုံတင်ရှိရမယ်။ တစ်ဖက်နိုင်ငံက အသိအမှတ်ပြုပြီး တောင်းခံတဲ့ ဂျော့အော်ဖာ ဟာ အစစ်အမှန်ဖြစ်တယ်ဆိုတာ သက်သေပြရမယ်။ ကုမ္ပဏီနာမည်ပျက်မရှိရဘူး။ လုပ်ငန်းအတွေ့အကြုံလဲ ရှိဖို့ လိုအပ်တယ်စသည်ဖြင့်ပေါ့” ဟု ယင်းကထပ်မံပြောသည်။

ယခုအခါ ပြည်ပအလုပ်အကိုင် ရှာဖွေရေးလုပ်ကိုင်လိုသော ကုမ္ပဏီများမှာ ပိုမိုများပြားလားပြီး လျှောက်ထားမှုများမှာလည်း ယခင်ထက်ပိုလာောကာင်း ယင်းကထပ်မံပြောသည်။

“ ဒီကုမ္ပဏီဟာ အမှန်အကန်လုပ်မှာလား။ တကယ်ရောပိုင်ဆိုင်မှုရှိရဲ့လား။ ပိုင်ဆိုင်မှုတွေက ရောတကယ် အစစ်အမှန်လား။ အရင်ကရော နာမည်ပျက်ရှိခဲ့လား စသည်ဖြင့် သေချာစိစစ်ပြီးမှ အေးဂျင့်အ တွက် လိုင်စင်ချထားပေးမှာပါ။

တချိုကကုမ္ပဏီတွေက ပိုင်ဆိုင်မှုလဲ သူများဆီက ယူပြတယ်။ ခိုင်ခိုင်မာမာရပ်တည်နိုင်မှုလဲ မရှိဘူး။ ဂျော့အော်ဖာကလဲ အစစ်အမှန်မဟုတ်ဘူး။ ဘယ်နိုင်ငံမှာပိုက်ဆံ ဘယ်လောက်နဲ့ အလုပ်ဘယ်လိုရ မယ်ဆိုပြီး လိမ်တဲ့အေးဂျင့်တွေလဲ ရှိတယ်။ အဲဒါကြောင့် အခုလို တကယ်ပိုင်ဆိုင်မှုတွေ အထောက်အထားတွေ ပြခိုင်းတာဖြစ်ပါတယ်။ နောက်ဆို တရားဝင်အေးဂျင့်တွေ ဒီ့ထက်မက ပိုရှိလာမှာပါ” ဟုယင်းက ထပ်လောင်း ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေးဂျင့်အများစုမှာ မိမိတို့၏ အေးဂျင့်တရားဝင်လိုင်စင်နံပါတ်ရှိသည်ကို အများမြင်သာအောင် ဖော်ပြထားသကဲ့သို့ တရားဝင်လိုင်စင်မရှိဘဲ ပြည်ပသို့ပို့ဆောင်နေသည့် အေးဂျင့်များလည်းရှိကြောင်း သိရသည်။

No comments:

Post a Comment