Wednesday 4 April 2012

အချစ်တစ်ခု၏ လွဲမှားသောနိယာမ

မင်းရှေ့မှာမျက်ရည်ကျပြမှ
တကယ်လွမ်းတယ်ထင်တာလား
မင်းရှေ့မှာ ချွဲပြနွဲ့ပြမှ
အချစ်လို့မင်းကထင်တာလားချစ်သူ
ရော်ဝါတွေကြွေမှနွေလို့ခေါ်တာမှ
မဟုတ်တာပဲ

ပိတောက်တွေဖူးပွင့်မှ
တန်းခူးလို့ခေါ်တာမဟုတ်ဘူးလေ
မင်းမမြင်တဲ့အချိန်က ပါးပြင်ထက်မှာ
မြေခကြွေကျခဲ့တဲ့ ပုလဲမျက်ရည်တွေက
တကယ်တော့ အလွမ်းတွေ အချစ်တွေအတွက်
သက်သေဆိုတာပြောပြစရာတောင်မလိုပါဘူးချစ်သူ
နေရာတကာမှာ မာနကြီးတတ်တဲ့မိန်းကလေးတဲ့
ကောင်းကင်မှာ လမင်းမသာပေမယ့်
ကြယ်ပွင့်လေးတွေရှိသေး သလိုပေါ့
ဘ၀မှာတခါတရံမှာ
သတ်မှတ်ချက်တွေနဲ့လွဲချော်သွားတတ်တာတွေကို
မင်းနားလည်မယ်ဆိုရင် တနေ့ မင်း
ကိုယ့်အချစ်တွေကိုလည်း မင်းနားလည်လာနိုင်မှာပါချစ်သူ

No comments:

Post a Comment