Wednesday 4 April 2012

**သင်္ကြန်ပျိုမေလေးအတုယူမမှားစေချေင်**


သင်္ကြန်မိုးပြေး
တဖျောက်ဖျောက်ရွာ
ပိတောက်ပင်ပျို
ပွင့်လိုရယ်လာ
တစ်နှစ်တခါရောက်လို့လာ
အတာကူးတဲ့ဒီတန်ခူး
နှစ်သစ်ရယ်ရောက်ပြန်ပေါ့။
ပျိုပျို၊အိုအိုအရွယရယ်စုံလင်
ပျော်မြုးတဲ့ဒီတန်ခူးမှာ
သင်္ကြန်ပျိုမလေးတွေ
ဆယ်ကျော်သက်လဲ ပါရဲ့
အရွယ်တော်တစိတ်
နှစ်စိတ်ဟိုင်းလဲ ပါရဲ့
အရောင်တွေစုံလင်
ဖြူ၊နီ၊ညို၊ပြာ
ကာလာတွေစုံလင်
ပျော်ကြတယ် မြူးကြတယ်
သင်္ကြန်ပျိုလေးတို့ရယ်
မြန်မာရိုးရာဓလေ့
အစဉ်ကွယ်ထိန်းကွဲ့
အပျော်ကနေအပျက်တွေ
မဖြစ်စေချင်
ဗိုက်ပေါ်ချက်ပေါ်
အကုန်ဖေါ်ကာ
အတုယူမမှားဖို့တောလိုလိမ့်မယ်။

သင်္ကြန်ပျိုမေလေးရယ်
အစဉ်ကွယ်သတိရှိပါစေ။
ကျက်သရေရှိတဲ့
တို့မြန်မာရိုးရာသင်္ကြန်လေးကို
အရောင်မဆိုးပါနဲလားကွယ်။
ကျက်သရေမင်္ဂလာနှင့်ပြည့်စုံသောနှစ်သစ်ကူးလေးဖြစ်ကြပါစေ ..
သင်္ကြန်ကိုမင်္ဂလာရှိစွာ ကျော်ဖြတ်နိုင်ကြနိုင်ကြပါစေ
အားလုံးကိုလေးစားလျှက်

No comments:

Post a Comment