Saturday 17 March 2012

ကျုပ်တို့ပါတီကို မဲပေးမနေနဲ့



ဦးကောင်းမြင့်ထွဋ်၊ ဥက္ကဋ္ဌ၊ မြန်မာအမျိုးသားကွန်ဂရက်ပါတီ

MNCP ပါတီရဲ့ ရွေးကောက်ပွဲမဲဆွယ်မှု ထုတ်လွှင့်ချက် ဖြစ်ပါတယ်။
ဟောပြောချက်မှာ ကဗျာဆန်တာတွေ၊ ထူးထူးခြားခြား ပွင့်လင်းတာတွေအပြင် သူတို့ပါတီကို မကြိုက်ရင် မဲမပေးနဲ့လို့လည်း ပြောထားပါတယ်။

ဒီနေ့ အစိုးရက ထုတ်ပြန်တဲ့ သူ့ဟောပြောချက်ကို ဒီမှာ ဖတ်ပါ - https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjANdsO9DTgJAUyJGtmz5HGq7KaQrU53XrgHB5MFHhRRLoXTBH4rmhogAwQBkJWSHtpNjQUXiSyFjROPIUQynC6X_hXyiiSBbxuhyphenhyphenyJ5dXmbjr-wwtOG5W9Uq_fS7ixBP_WkINc56U91gGD/s1600/0000+party+1.jpg

သူက နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ တောင်ဥက္ကလာမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အဖြစ် ၀င်ပြိုင်ခဲ့ပါတယ်။
လမ်းတခြမ်းခင်းမြို့တော်ဝန်ရဲ့ မဲဆန္ဒနယ်မြေ ဖြစ်ပါတယ်။ သူနိုင်မယ်လို့ ယူဆခဲ့တဲ့အဲဒီပွဲမှာ သူ ဘယ်လို အလဲထိုးခံလိုက်ရတယ် ဆိုတာကို သူက ဧရာဝတီကို အခုလို ပြောပြဖူးပါတယ် -

“မဲရုံတံခါး ပိတ်ပြီး မဲရေတယ်။ ကျနော့်ကို ၀င်ခွင့်မပေးဘူး။ မဲရေပြီးချိန်၊ နိုင်မယ်ဆိုတာ သိချိန်မှာပဲ ဦးအောင်သိန်းလင်းရဲ့ ကြိုတင်မဲတွေ ဆိုပြီး အထုပ်လိုက် ရောက်လာတယ်” တဲ့။

ဒီတကြိမ်မှာတော့ ကြိုတင်မဲ အန္တရာယ်နဲ့ မကြုံရတော့ဘူးလို့ ယူဆရပါတယ်။ ကြံ့ခိုင်ရေးပါတီလည်း လွှတ်တော်ထဲက ထိုင်ခုံအများစုကို ယူထားပြီ မဟုတ်လား။

MNCP ပါတီက ကာလတိုအတွင်းမှာ တိုးတက်မှုတွေ ရှိလာပါတယ်။
၂၀၁၀ မှာ MDCP ခေါ် အမျိုးသား ဒီမိုကရေစီ ကွန်ဂရက်ပါတီ ဆိုတဲ့အမည်နဲ့ ရွေးကောက်ပွဲဝင်ဖို့ အစပြုခဲ့ပါတယ်။

ပါဝင်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အရေအတွက် သုံးဦး မပြည့်လို့ MDCP ဖျက်သိမ်းခံရပါတယ်။
အခု MNCP အမည်နဲ့ ၂၀၁၂ မကြေပွဲ ၀င်ရာမှာတော့ အရေအတွက် သုံးဦး ပြည့်ပါတယ်။

သူက တောင်ညွန့်ကနေ ၀င်မယ် (NLD မဖြူဖြူသင်း နယ်မြေ၊ ပြီးတော့ ကြံ့ခိုင်ရေး ဒေါ်လဲ့လဲ့အေး နယ်မြေ)
ပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်အောင်က ဒဂုံဆိပ်ကမ်းက ၀င်မယ် (ပြိုင်ဘက်များကတော့ ကြံ့ခိုင်ရေး ဦးအောင်ဝင်း၊ NLD ဒေါက်တာမျိုးအောင်)
ပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါ်ဟေမာဌေးက မရမ်းကုန်းမြို့နယ် (အဆိုတော် ရသ၊ NLD ဒေါက်တာမေ၀င်းမြင့်၊ ကြံ့ခိုင်ရေး ဦးရဲထွဋ်တို့နယ်မြေ)

အနိုင်ရဖို့ မရည်ရွယ်ဘူး၊ မဲဆွယ်မှုတွေလုပ်ရင်း လူထုကို နိုင်ငံရေးအရ အမြင်ကျယ်ဖို့ ဟောပြောမယ် လို့ စာနယ်ဇင်းများကို ပြောဆိုထားတဲ့ ပါတီ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၊ ဦးကောင်းမြင့်ထွဋ် နဲ့ တခြား ရဲဘော် ၂ ဦး

No comments:

Post a Comment