Friday 9 March 2012

ချောင်းဦး မိဘမဲ့ကျောင်းသို့ အဝတ်အထည်များလှူ

ချောင်းဦး မိဘမဲ့ကျောင်းသို့ အဝတ်အထည်များလှူ
Share
စစ်ကိုင်းမြို့မှ ဧမေတ္တာစေတနာ ရှင်များအဖွဲ့က မုံရွာခရိုင် ချောင်းဦး မြို့ရှိ ဧရိပ်မွန် ၂ မိဘမဲ့ အမျိုးသမီး ကလေးများကျောင်းသို့ အဝတ် အထည်နှင့် တစ်နေ့တာ ထမင်း ကျွေးမွေးလှူဒါန်းခြင်းကို အောက် တိုဘာ ၃၁ ရက်က အဆိုပါကျောင်း တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။ ”အခုဒီကျောင်းမှာ မြန်မာ ၁၁ဦး၊ ချင်း ၁၃ ဦး၊ နာဂ ၁၇ ဦး၊ ပအို့ဝ် ၄၄ ဦးနဲ့ ပလောင် ၇ ဦးရှိပါတယ်။ ပညာရေးအနေ နဲ့ကတော့ အခြေခံ အဆင့်ပညာ ရေးအောင်ပြီး ၈ ဦး၊ အဝေးသင် တက္ကသိုလ်တက်နေသူ ၃ ဦး၊ အကူသူနာပြု (ရန်ကုန်) မှာ တက်နေသူ ၃ ဦး၊ မူလတန်းပြ ၂ ဦး ရှိပါတယ်”ဟု ကျောင်းကြီးကြပ် မှု ကော်မတီ ဥက္ကဋ္ဌ ဦးညွန့်မြက ဆိုသည်။ ဧမေတ္တာစေတနာရှင်များ အဖွဲ့ မှ အဆိုပါကျောင်းတွင်ရှိသော မိဘမဲ့ကလေး ၉၂ ဦးအား အဝတ် အထည်များ၊ စာရေးကိရိယာများ၊ စားစရာများကို ဦးစိုးတင့်၊ ဦးခင်ဇော်မင်း တို့က ဦးဆောင်၍် တစ်နေ့တာထမင်း ကျွေးမွေး လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။ ဧရိပ်မွန် ၂ မိဘမဲ့အမျိုးသမီး ကလေးများကျောင်းတွင် လက်ရှိ ပညာရေးကျောင်းသို့ မနေရသေးသူ ၄ ဦးရှိပြီး ကျန်အမျိုးသမီးငယ်က လေးများသည် သူငယ်တန်းမှ အထက်တန်းအဆင့်အထိ ပညာသင်ယူနေဆဲဖြစ်သည်။ အဆို ပါကျောင်းသို့ လှူဒါန်းလိုပါက ဖုန်းနံပါတ် ဝ၂-၄၅၁၄၉ သို့ ဆက် သွယ်နိုင်ကြောင်းသိရသည်။

No comments:

Post a Comment