Wednesday 20 June 2012

ဒုက္ခသည် ရခိုင်ပြည်သူများအား ကူညီကယ်ဆယ်ရေး နွားမရောင်းပြီး နွားနို့ ပြန်ဝယ်



chinaကြားကောင်းကြပါရဲ့ လားဗျာ၊ မြန်မာနိုင်ငံရဲ့ အဖြစ်အပျက်၊ သူတို့ ပြောပြောနေတဲ့ "ခေတ်မီ ဖွံ့ ဖြိုးသော နိုင်ငံတော်ကြီးတစ်ရပ် တည်ဆောက်ရေး"ဆိုတဲ့ ဦးတည်ချက် ဘယ်ချောင် မှာသွားပြီး အကောင်အထည်ဖော်ရမှာလဲ၊ လက်ရှိ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတိုင်းဟာ စက်မှုနိုင်ငံတွေဘဲဖြစ်တယ်၊ စက်မှုနိုင်ငံထူထောင်ဖို့ အတွက်လည်း စွမ်း အင်တွေလိုအပ်တယ်၊
လိုအပ်တဲ့စွမ်းအင်တွေလည်း ရှိခဲ့ပါပြီ၊ သို့ သော်လည်း အဲဒီ စွမ်း အင်တွေက တိုင်းပြည်အကျိုး၊ ပြည်သူအကျိုးအတွက် တစ်ခုမှ အသုံးမချဘဲ ပြည်ပနိုင်ငံဖြစ်တဲ့ တရုတ်တွေကို ရောင်းစားတယ်၊၊ မြန်မာနိုင်ငံရဲ့ မြို့ ရွာတွေမီးလင်း အောင်၊ စက်ရုံတွေတည်ဆောက်နိုင်အောင် ဒီသဘာဝဓာတ်ငွေ့က အများကြီး လုပ်ဆောင် ပေးနိုင်ပါတယ်၊၊ သို့သော်လည်း ရည်ရှည်တွက်မကြည့်ဘဲ သူ့တို့ရဲ စစ်အင်အားကြီးထွားအောင်၊ လက်နက်ကြီးတွေပိုင်ဆိုင်ဖို့အတွက် ဓာတ်ငွေ့ကို ရောင်းခဲ့တယ်၊၊ အခုဆိုရင် အရင်ကတည်းက မီးပုံမှန်မလင်းနိုင်တဲ့ မြန်မာနိုင်ငံဟာ ဓာတ်ငွေ့ တွေကို ရောင်းလိုက်တော့ ပိုပြီးတော့ မှောင်နေပါတော့သည်၊၊
သူတို့ ပြောတာကတော့ ပိုလျှံနေလို့ ရောင်းစားတာပါတဲ့ သူတို့ ပြောတာကို ကြည့်ပါဦး အမှတ် ၁ လျှပ်စစ်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း က "ကျနော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့သဘောအရ ရောင်းစားရမှာပေါ့" တဲ့ သူက ၂ဝ၁၁ ခုနှစ် စက်တင်ဘာက နေပြည်တော် သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောဆိုခဲ့တာလေ၊၊ မြန်မာနိုင်ငံမှာ မဂ္ဂ၀ပ် ၁၅၀၀ ဆိုရင်လုံလောက်တယ်ထားလိုက်ပါဦး ရန်ကုန်တိုင်းတစ်ခုတည်း မှာတောင် မဂ္ဂ၀ပ် ၇၀၀ သုံးတာတောင် အလှည့်ကျစနစ်လေ၊ တစ်နေ့ကို မနက် ၁၁ နာရီကနေပြီး ည ၅နာရိထိ ည ၁၁နာရီကနေပြီး မနက် ၁၁ နာရီထိ ဒါတောင် မလာတဲ့အခါ မလာဘူး၊ မီးဖြတ်မယ့်အချိန်ကျတော့ တစ်စက္ကန့် တောင်မပိုဘူး ပြတ်သွားတာဘဲ၊၊ အချိန်ပြည့် မီးမရတာတောင် ပိုလျှံတယ်လို့ ပြောနေတာက လျှပ်စစ်စွမ်းအင် ၀န်ကြီးဌာနှင့် ၀န်ကြီးအိမ်မှာ ပိုနေတာလား၊ နေပြည်တော်မှာ ပိုနေတာလား၊ စစ်တပ်မှာပိုနေတာလား၊ သမ္မတအိမ်မှာပိုနေတာလားတော့ မသိဘူး၊၊ ရေနံဆီနှင့် ဖရောင်းတိုင်တွေကတော့ ရောင်းကောင်းနေဆဲပါ၊၊ မြန်မာနိုင်ငံမှာတော့ အရေးမဟုတ်အရေး နှစ်ဆယ့်လေးနာရီမီးရရေးတောင် ဆန္ဒပြတောင်းဆိုရတယ်၊ နိုင်ငံတကာက ဘယ်လောက်တောင် ရယ်နေကြပြီလဲ မသိဘူး၊၊ ဒါတွေကို ထားလိုက်ပါတော့ အခုကြည့်ပါဦး ၂၅၊ ၄ ၊၂၀၁၂ ထုတ်တဲ့ ကြေးမုံသတင်းစာမှာပါတာကို ဖတ်ကြည့် ကြပါ၊ လွှတ်တော်ထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေကို ဦးဉာဏ်ထွန်းဦးက ရန်ကုန်တိုင်းအတွင်း လျှပ်စစ်မီး ပြည့်ဝစွာ ရရှိစေရေးအတွက် ယခင်က တရုတ်နိုင်ငံသို့ ရောင်းချထားသော လျှပ်စစ်ဓါတ်အားများထဲမှ မဂ္ဂါဝပ် ၁၀၀ကို ပြန်ဝယ်ရန် ဆောင်ရွက် နေတယ်တဲ့၊ ပိုလျှံလို့ ရောင်းပါတယ်ဆိုမှ ဘာလို့ ပြန်ဝယ်နေရတာလဲ၊၊ နွားမရောင်းပြီး နွားနို့ ကို ပြန်ဝယ်သောက်ရမယ်ဆိုရင် အဲဒီလူက နွားနို့ ညှစ်ဖို့ မတတ်တာဖြစ်မယ်၊၊
အခုပြန်ဝယ်မည့် မဂ္ဂ၀ပ် ၁၀၀ ကို ဘယ်မှာသုံးမှာလဲ ရန်ကုန်မြို့ မှာသုံးမှာလား ၀န်ကြီး အိမ်မှာ သုံးမှာလားဆိုတာတော့ တရုတ်ပြည်မှ လျှပ်စစ်မီး ပြန်ရောင်းတဲ့အခါမှ သိပါလိမ့် မယ်၊၊ ဒါပေမယ့်တစ်ခုတော့ သတိထားကြရပါလိမ့်မယ် အခုမြန်မာနိုင်ငံမှာ ကိုယ့်ပြည်က ထုတ်တဲ့ရေအားလျပ်စစ်ကိုတောင် မီတာထိန်းထိမ်းခ (၁၀၀၀)၊ တစ်ယူနစ်ကို (၄၅၀-၄၆၀)ကောက်နေတာဆိုတော့ သူများဆီက ပြန်ဝယ်ပြီး မီးပေးမယ်ဆိုရင်တော့ တစ်ယူနစ်ကိုဘယ်ဈေးလို့ မေးပြီးမှ မီးယူကြမယ်ဆိုရင်တော့ ပို ကောင်းလိမ့်မယ်၊ ခုရှင်းမှ နောင်လည်းရှင်းမှာလေ၊၊ ဒီလောက် သဘာဝသစ်ကြီးကိုတွေ့  တာတောင် ကိုယ့်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အတွက်အသုံးမပြုဘဲ ပိုလျှံပါ တယ်ဆိုပြီး သူများ ကို ရောင်းတာကတော့ ပြည်သူတွေကို ဂရုမစိုက်၊ အလေးမထား။ ရှိမှန်းတောင် သိမယ် မထင်ပါဘူး၊၊ ပြည်သူတွေကို မသိချင်နေပါစေ ၊ ဒါပေမယ့် နွားမကို မရောင်းစားပဲ မိမိကို မိမိ နို့ညှစ်တတ်အောင်တော့ကြိုးစားစေချင်ပါတယ်၊၊ နွားမရောင်းပြီး နို့ပြန်ဝယ် သောက်ရတာကတော့........၊၊

No comments:

Post a Comment