Sunday 6 May 2012

ပုဆိုးတန်းတင်လင်မယား


ကျွန်တှောတို့ ငယ်ငယ်ကတည်းက ယင်းစကားကို ကြားဖူး ဖတ်ဖူးနေခဲ့သှောလည်း အကြောင်းအရာကို တိတိကျကျ မသိခဲ့ပေ။ လူပျိုပေါက် အရွယ်ရောက်လာတော့ ရယ်စရာ အဖြစ်ဖြင့် ညားပြီးတဲ့အခါ ပုဆိုးကို တန်းပှေါ ပစ်တင်ပြီး အိပ်ယာထဲ တန်းဝင်ကြတာကို ပုဆိုးတန်းတင် လင်မယားလို့ ခှေါတယ်ဆိုပြီး အရွှန်းဖောက်ကြသည်။ စဉ်းစားကြည့်တော့လည်း အဖြေက တိတိပပ မထွက်လာခဲ့။ ဒါနဲ့ပဲ ဒီစကားကို အတည်လို့ လက်ခံထားခဲ့ရသည်။ တစ်နေ့ ဆရာကြီး မြကေတု၏ နန်းမူနန်းရာ စာပေါင်းချုပ်ကို ဖတ်ရတော့မှ ထိုစကား၏ မူရင်းအနက်နှင့် သိမ်မွေ့နက်နဲ လှပပုံကို သိရတော့သည်။
ရှေးအခါက ကာလသားများ အရွယ်ရောက်လာလျှင် ဆေးမင်ကြောင် ထိုးကြရသည်။ ယင်းသို့ ထိုးပြီးမှသာ အိမ်ထောင်ပြုနိုင်သည်။ ယင်းသို့ ထိုးခြင်းကို မှောင်ဝင်သည်ဟု ခှေါသည်။ ထိုသို့ မင်ကြောင်ထိုးသည့်အချိန်၊ မှောင်ဝင်ချိန်တွင် ဝတ်ဆင်ရန် ချစ်သူ မိန်းမပျိုလေးက ပုဆိုးတစ်ထည် ရက်လုပ်ပေးရသည်။ ထို့နောက် ယောက်ျားလေးသည် မိမိ၏ ချစ်သူအိမ်မှ အပြန်တွင် မိမိ၏ ပုဆိုးနှင့် ချစ်သူမိန်းခလေး ရက်လုပ်ပေးထားသော ပုဆိုးကို လဲလှယ်ဝတ်ဆင်ပြီး မိမိ၏ ပုဆိုးကိုမူ မိန်းကလေးအိမ်ရှိ ဝဲလင်းဆောင် ကြိုးတန်းပှေါတွင် လွှား၍ တင်ထားခဲ့ရသည်။ (ဝဲလင်းဆောင် ဆိုသည်မှာ မိန်းမပျိုလေးများ ဗိုင်းငင်ချည်ချရာ နေရာ အဆောင်ဖြစ်သည်) သို့နှင့် နံနက်လင်း၍ မိန်းကလေး၏ မိဘများက တန်းပှေါမှ ပုဆိုးကို မြင်သည့်အခါ မည်သူ၏ ပုဆိုးဖြစ်ကြောင်း သမီးဖြစ်သူအား မေးမြန်းပြီး ၎င်းတို့ သဘောတူညီသည် ဆိုပါက ပုဆိုးကို လျှောဖွပ်ခေါက်သိမ်း ထားလိုက်ကြသည်။ ထို့နောက် ပုဆိုးကို လူကြီးစုံရာနှင့် လာတောင်းလှည့်ပါဟူ၍ အကြောင်းကြားလိုက်သည်။ ဤသည်ကို ရည်ရွယ်၍ ပုဆိုးတန်းတင် အကြင်လင်မယား၊ ပုဆိုးတန်းတင် ပေးစားသည် ဟူသော စကား ပှေါပေါက်လာရခြင်းပင် ဖြစ်သည်။
အချို့သော မြန်မာမှု ဓလေ့များ၊ ရှေးစကားများသည် သိမ်မွေ့သလို ချစ်စရာလည်း ကောင်းသည်။ သို့ရာတွင် ယင်းဓလေ့များ၊ စကားများ၏ ရင်းမြစ်နှင့် မည်သို့မည်ပုံ ဖြစ်တည်လာခဲ့သည်ကို မသိပါက အနက်လွဲသွားနိုင်ပေသည်။ ကျွန်တှောတို့ ထင်ထားခဲ့သော အရာနှင့် ထိုစကား၏ ရင်းမြစ်သည် မည်မျှ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်ကို နှိုင်းယှဉ်ကြည့်လျှင် တွေ့နိုင်ပေသည်။ ပုဆိုးကိုတန်းပှေါ ပစ်တင်ပြီး အိပ်ယာထဲတန်းဝင်သည်ဟု မှတ်ယူထားခြင်းမှ လွတ်ကင်းနိုင်ကြပါစေ။ :)

No comments:

Post a Comment