Tuesday 3 April 2012

မိုက်မဲနှလုံးသား

http://www.youtube.com/watch?v=W1qkVY0Qv64&feature=player_embedded
မိုက်မဲနှလုံးသား

ဖြစ်နိုင်မဖြစ်နိုင် ကိုယ်မစဉ်းစားနိုင်ခဲ့
ချစ်သင့်မချစ်သင့် ကိုယ်မချင့်ချိန်နိုင်ခဲ့
ရှေ့ဆက်နိုင်မဆက်နိုင် ကိုယ်မပိုင်းခြားနိုင်ခဲ့
အတူပေါင်းရန်မပေါင်းရန် ကိုယ်မတွက်နိုင်ခဲ့
အတွေး အသိ တစ်ခုသာရှိသည်.....................
ချစ်ခဲ့သည် ချစ်သည် ချစ်နေဦးမည်....................။

အပေါ်က ကဗျာနဲ့
သီချင်းလေးကို ခုရက်ပိုင်း စိတ်ကူးရတာနဲ့ face book မှာတင်ထားလိုက်တော့ ခင်နေတဲ့ အကိုကြီး တစ်ယောက်က " အင်းးးးးးးး အင်းပေါ့လေ " လေဆိုပြီး ကွန်မန့်ပေးသွားလို့ စိတ်ထဲမှာ ဘာလဲလို့ အတွေးပွားနေမိတယ်..............။ ကိုယ့်ရဲ့စိတ်ကိုက တစ်ခါတလေ ဘာမှမဟုတ်တဲ့ အရာကို အများကြီး စွဲတွေးပြစ်တတ်တဲ့ လူဆိုတော့ ကိုယ့်ကို တစ်ခါမှ ဒီလိုမျိုး ကွန်မန့်မရေးဘူးတဲ့ သူတစ်ယောက်က ရေးသွားတယ်ဆိုတော့ စိတ်ထဲမှာ ဟိုလိုလိုဒီလိုလို ဖြစ်နေတာပေါ့..............။ တစ်ရက် သူနဲ့ အွန်လိုင်းမှာတွေ့တော့ ဟေ့လူ ဘာလဲဗျ " အင်းးးးးးးးးးးးး အင်းပေါ့လေ " ဆိုတာကလို့ မေးလိုက်တော့ " တဖတ်သတ်ကြီး ဖြစ်နေတဲ့ သီချင်းလေးကို ခံစားမိရင်း ဒီလိုပါပဲလားလို့ သက်ပျင်းချမိတာပါတဲ့ " သူ့စကား ကြားလိုက်တော့ လူကိုနင်သွားတာပဲ ဘာပြန်ပြောရမှန်း ချက်ချင်း စဉ်းစားလို့ကို မရတော့ဘူး.....................။ ဒီလူရဲ့ စကားတွေက တစ်ချက်တစ်ချက် လွှတ်လိုက်ရင် လူကို နင့်နင့်သွားတာပဲ .............။ ဒီလူက ဘလော့ဂါ ဆိုတော့ တစ်ခါက သူရေးထားတဲ့ စာကို ဟာာာာာာာာာာာ အကိုရေးတဲ့စာထဲမှာ " ကောက်ရိုးပုံစောင့်ခွေးတွေရော ဘာတွေရောလို့ " ပြောလိုက်တော့ သူဘာပြန်ပြောလိုက်တယ် ထင်လဲ အေးဗျာ " တိုက်ဆိုင်မှု ရှိရင်တော့ ခွင့်လွှတ်ပါဗျာတဲ့ " ခုလဲ သူက ဘာအတွေးနဲ့ ကိုယ့်ကို ပြောမှန်းသိနေတဲ့အတွက် ကျွန်တော်သူ့ကို ခုချိန်မှာ ပြောချင်နေတာကတော့ အကို့ အတွေးနဲ့ ကျွန်တော် ပြောချင်တာ ချပြချင်တာ နည်းနည်းတော့ လွဲနေတယ် ဆိုတာပါပဲ...........။http://www.youtube.com/watch?v=W1qkVY0Qv64&feature=player_embedded

No comments:

Post a Comment