Wednesday 4 April 2012

သူငယ်ချင်းရဲ့ Email ပို့လာတဲ့အခါ ကိုယ့်ဘက်ကလက်ခံရရှိကြောင်းကျေးဇူးတင်စကား

တစ်ဖက်က Email ပို့လာတဲ့အခါ ကိုယ်ဘက်က လက်ခံရရှိကြောင်း၊ ဒါမှ မဟုတ် ကျေးဇူးတင်စကား ပြောကြားဖို့ Gmail မှာလုပ်ထားလို့ရပါတယ် ။ သိပြီးသားလူတွေကတော့..ကျော်လိုက်ပေါ့ဗျာ..
မသိသေးတဲ့သူငယ်ချင်းတွေအတွက်ရည်ရွယ်ပြီးရေးရတာပါ..
ကဲ..အောက်ပါ အဆင့်များ အတိုင်း တဆင့်ပြီးတဆင့်လုပ်လိုက်ကြရအောင်---
(၁) မိမိ၏ Gmail account ကို ၀င်ရောက်ပါ။
(၂) ပုံတွင် ပြသထားသည့် setting ကို ကလစ်ပါ။ 
 (၃) ပြီးလျှင် General Tab ကို ရွေးပါ။
(၄) Vacation responder on ကို ရွေးချယ်ပြီး မြင်နေရသည့် အကွက်တွင် မိမိရေးချင်သည့် စာသားများ ရေးပါ။ (ဥပမာ -ကျေးဇူးတင်စကား၊ အီးမေးရောက်ရှိကြောင်း စာသား)
 (၅) ပြီးလျှင် save changes ကို ကလစ်ပါ။
(၆) မိမိ ရေးထားသည့် Subject သည် အောက်တွင် ပြသထားသည့် အတိုင်း ပေါ်နေလိမ့်မည်။ အကယ်၍ အဆိုပါ ပြုလုပ်ထားသည့် အီးမေးလ်များ ပြန်ရုပ်သိမ်းချင်လျှင် End now ကို ကလစ်ရမည် ဖြစ်သည်။
အထက်ပါ အဆင့်များအတိုင်း ပြုလုပ်ပြီးပါက သင့်ဆီပေးပို့နေသော
 Email တိုင်းကို Email ပြန် ပေးနေပါလိမ့်မည်။
သူငယ်ချင်းများအားလုံးအဆင်ပြေချောပါစေ ...

No comments:

Post a Comment