Wednesday 25 April 2012

အမေရိကန် မြန်မာဆက်ဆံရေး တရုတ်အစိုးရ စိုးရိမ်

အမေရိကန်က မြန်မာအစိုးရနဲ့ ဆက်ဆံရေး ပြန်ပြီး တည်ဆောက် လာတာဟာ တရုတ်နိုင်ငံကို ဦးတည်ထား ကန့်သတ်လိုတဲ့ ရည်ရွယ်ချက် မဖြစ်သင့်သလို၊ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့ ဆက်ဆံရေးမျိုး မဖြစ်သင့်ဘူးလို့ တရုတ်အစိုးရ နိုင်ငံခြားရေးဌာန ထိပ်တန်း အရာရှိတဦးက ဒီကနေ့ ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်ပေါ်လာတာနဲ့ အမျှ အမေရိကန်က ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်လာနေ တာဟာ တရုတ်ရဲ့ အိမ်နီးချင်းနိုင်ငံတွေကို အမေရိကန် မဟာမိတ်
ဖြစ်အောင် ကြိုးပမ်းနေတာလို့ တရုတ်အစိုးရ သတင်းစာတွေက
ရေးသား ဖော်ပြကြပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူး
ကိုယ်စားလှယ် Mr. Derek Mitchell တရုတ်နိုင်ငံကို လည်ပတ်ခဲ့စဉ်က အမေရိကန်-မြန်မာ ဆက်ဆံရေးဟာ တရုတ်အကျိုးစီးပွားကို ထိခိုက်အောင် ဆောင်ရွက်မယ့် ဆက်ဆံရေး မဟုတ် ကြောင်း
ပြောခဲ့တယ်လို့ သိရပါတယ်။
RFA (မြန်မာပိုင်း)

No comments:

Post a Comment