Sunday 1 April 2012

ရွေးကောက်ပွဲ

(၁-၄-၂၀၁၂) ကော့မှူးမြို့နယ်တွင် NLDပါတီမှာ မဲရုံ၁၂၉ရုံရှိသည့်အနက် ၁၂၇ရုံတွင်အနိုင်ရရှိကာ တစ်ရုံတွင်ရှုံးပြီးတစ်ရုံသာကျန်ရှိတော့သဖြင့် ကော့မှူးသာမက အခြားကျေးရွာများကပါလာရောက် အောင်ပွဲခံပျော်မြူးနေကြသည်ကိုတွေ့ရစဉ်။ (ဓာတ်ပုံ-ဂျေမောင်မောင်၊အမရပူရ)
update 11:16 PM
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် NLD ပါတီမှ ဦးကျော်သီဟက ၅၄၃၁၇ မဲရရှိခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီမှ ဦးခင်မောင်ဝင်းက ၃၄၁၅၁ မဲသာရရှိခဲ့သဖြင့် NLD ပါတီက ၂၀၁၆၆ မဲ အသာဖြင့်အနိုင်ရရှိခဲ့သည်။ NLD ပါတီက ၆၁ ဒသမ ၄ ရာခိုင်နှုန်းရရှိခဲ့ခြင်းဖြစ်ပြ
ီး၊ ပြည်ခိုင်ဖြိုးပါတီမှာမူ ၃၈ ဒသမ ၆ ရာခိုင်နှုန်းသာရရှိခဲ့သည်။
ပြင်ဦးလွင်မြို့နယ်တွင် မဲရုံပေါင်း ၁၉၉ ရုံရှိပြီး၊ မဲပေးပိုင်ခွင့်ရှိသူဦးရေ ၁၃၃၈၀၅ ဦးရှိကြောင်း ၄င်းမြို့နယ်မှ 7Day News သတင်းထောက်က သတင်းပေးပို့သည်။
---------------------------------------
 update 10:31 PM
ပုလဲမြို့နယ်တွင် မဲရုံ ၁၁၀ ရှိရာ ၉၂ ရုံတွင် မဲများရေတွက်ပြီးစီးပြီဖြစ်သည်။
မဲရလဒ်အရ NLD ပါတီက ၈၁ နေရာတွင် အနိုင်ရရှိခဲ့ကြောင်းသိရသည်။ ကျန်ရှိသောမဲရုံများသည် တောင်ပေါ်ဒေသများမှဖြစ်သည်။ မဲများကို ဆက်လက်ရေတွက်နေဆဲဖြစ်သည်။
---------------------------------------
 update 10:28 PM
ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် မဲရုံပေါင်း ၃၈၃ ရုံရှိသည့်အနက် ၂၅၉ နေရာကို NLD ပါတီက အနိုင်ရရှိနေပြီး၊ ကျန် ၂၄ ရုံတွင်သာ ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိသဖြင့် NLD ပါတီက ကျောက်ပန်းတောင်းမြို့နယ်တွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိသွားပြီဖြစ်ကြောင်း 7Day News သတင်းထောက်က ကျောက်ပန်းတောင်းမြို့နယ်မှ သတင်းပေးပို့သည်။
 7Day News Journal

No comments:

Post a Comment