Sunday 1 April 2012

လတ်တလော မဲရေတွက်မှု ရလဒ်များ

လတ်တလော မဲရေတွက်မှု ရလဒ်များ

ဧပြီ ၁ ရက်၊ ၂၀၁၂ ခုနှစ်၊ ညနေ ၅ နာရီ ၅၁ မိနစ်၊

မင်္ဂလာတောင်ညွန့် ရေတွင်းကုန်း မဲရုံ အမှတ် (၂) တွင်
ဒီချုပ် ၉၉၄ မဲ၊ ကြံ့ခိုင်ရေး ၄၆ မဲ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၈မဲ၊ အမျိုးသား ဒီမိုကရေစီပါတီသစ် ၆မဲ၊ မြန်မာအမျိုးသား ကွန်ဂရက် ၂ မဲ၊ ရရှိ၍ ဒီချုပ်မှ ဒေါ်ဖြူဖြူသင်း အများဆုံးဖြင့် အနိုင်ရလျှက်ရှိသည်။

လောင်းလုံမြို့နယ် ပန်းတဉ်းအင်းရွာ ဒီချုပ် ၇၁၀ မဲ၊ ကြံ့ခိုင်ရေး ၅၃ မဲ၊ ပယ်မဲ ၃၂မဲ၊ ရရှိသည်ဟု သိရှိရသည်။

မန္တလေး မဟာအောင်မြေ ရဲမွန်တောင်ရပ်ကွက် မဲရုံ အမှတ် (၃) တွင် ကြံ့ခိုင်ရေး ၆၃ မဲ ဒီချုပ် ၇၅၂ မဲ၊ အန်ဒီအက်ဖ် ၇ မဲ၊ ပြည်သူ့ဒီမိုကရေစီပါတီ ၁ မဲ၊ တစည ၁၁ မဲ၊ တသီးပုဂ္ဂလ ဦးညွန့်ဦး ၆ မဲ၊ တသီးပုဂ္ဂလ ဦးကျော်ကျော် ၆ မဲ၊ တသီးပုဂ္ဂလ ဦးစိန်လှ ၁ မဲ၊ ပယ်မဲ ၅၁ မဲတို့ဖြစ်သည်။

မန္တလေးတွင်ပင် ရဲမွန်တောင် အမှတ် (၂) မဲရုံ၌ ကြံ့ခိုင်ရေး ၁၁၅ မဲ၊ ဒီချုပ် ၈၁၆ မဲ၊ အန်ဒီအက်ဖ် ၉ မဲ၊ ပြည်သူ့ဒီမိုကရေစီပါတီ ၇ မဲ၊ တစည ၁၇ မဲ၊ တသီးပုဂ္ဂလ ဦးကျော်ကျော် ၂ မဲ၊ ဦးညွန့်ဦး ၁ မဲ၊ ပယ်မဲ ၃၃ မဲတို့ဖြစ်သည်။
ယင်း ရပ်ကွက် (၃) ရပ်ကွက်အနက် စင်္ကြာနွယ်စင် မဟာမြိုင် ၁၊ ၂ တွင်အပြတ်အသတ်နိုင်သည်ဟု သိရသည်။ ဒေးအရှေ့ ရပ်ကွက်တွင်လည်း အနိုင်ရရှိကြောင်း သတင်းပေးပို့သည်။

မော်လမြိုင်မြို့တွင် ဈေးချိုရပ်ကွက်မှလွဲလျှင် ကျိုက္ဖနဲ အမှတ် (၂) ၊ ပျဉ်ထောင်တန်း၊ ၀တ်သစ် ရွှေမြိုင်သီရိနှင့် အောက်ကျင်း ၊ ထန်းပင်ကုန်း ရပ်ကွက်များတွင် ၁၀ဆနီးပါး အသာဖြင့် ဒီချုပ်က ကြံ့ခိုင်ရေးကို အနိုင်ရရှိလျှက်ရှိသည် ။


ဒေါ်အောင်ဆန်းစုကြည် နိုင်ရန် သေချာပြီ

လတ်တလော မဲရေတွက်မှု ရလဒ်များ

ဧပြီ ၁ ရက်၊ ညနေ ၅နာရီ ၉မိနစ်

ကော့မှူးမြို့နယ်တွင် ယခုအချိန်ထိ ရေတွက်ရရှိသည့် ရလဒ်များကို ထောက်ချင့်၍ ဒေါ်အောင်ဆန်းစုကြည် နိုင်ရန် သေချာသွားပြီဟု ဒီချုပ်မှ ခန့်မှန်းထားသည်။

မိတ္ထီလာမြို့နယ် ဆိုင်းတန်းရပ်ကွက် ဒီချုပ် ၂၇၇၊ ကြံ့ခိုင်ရေး ၃၂၊ ဒေါ်မြင့်မြင့်အေး ၄၊

မိတ္ထီလာမြို့နယ် နန်းတော်ကုန်း ရပ်ကွက် ဒီချုပ် ၃၆၅ ၊ ကြံ့ခိုင်ရေး ၈၈၊ ဒေါ်မြင့်မြင့်အေး ၂၁၊ ဦးဝင်းဇော် ၇ မဲ တို့ဖြစ်သည်။

မန္တလေး၊ မဟာအောင်မြေ မဟာအောင်မြေ မြို့နယ် ဦးအုန်းကြိုင် မဲ ၅၀၀ ၊ ၆၀၀ ရသည့်အချိန်တွင် ကြံ့ခိုင်ရေးမှ ၅၀၊ ၆၀ သာရရှိသည်ဟု လတ်တလော ရေတွက်မှုများအရ သိရသည်။ ပြင်ဦးလွင်တွင်လည်း ဒီချုပ်ကိုယ်စားလှယ် ဦးကျော်သီဟက အလားတူ ၁၀ ဆ၀န်းကျင် အသာရနေသည်ဟု သိရသည်။


Yangon Press International


No comments:

Post a Comment