Tuesday 10 April 2012

♥ .. . . . ဘဝဆိုတာ စက်ဘီးစီးနေသလိုပဲ... ခြေနင်းကို မရပ်ခဲ့ရင် သင်မပြုတ်ကျနိုင်ပါဘူး။ . . . ♥

* ပါရမီဆိုတာ မွေးရာပါစွမ်းရည် ၁ဆကို ကြိုးစားမှု ၉၉ဆနဲ့ ပေါင်းထားတာဖြစ်တယ်။
Edison

*အန္တရာယ်၊ အခက်အခဲကြုံမှ တကယ့်သူရဲကောင်း အစစ်အမှန်ကို သိနိုင်တယ်။
ပြင်သစ်စကားပုံ
* ခင်မင်မှုကို
အဓွန့်ရှည်ချင်ရင် နှစ်ယောက်ကြားက သေးငယ်တဲ့ အပြစ်တွေကို
လျှစ်လျှူရှူတတ်ရမယ်။
* အမှားကို အမှတ်မထားသူတွေက အမှားကို ထပ်သလဲလဲ လုပ်နေဦးမှာပဲ။
* သစ်ပင်ခုတ်တဲ့ ပုဆိန်လေးပေမယ့် ခိုင်မာတဲ့ ဝက်သစ်ချပင်ကြီးတောင်
ခုတ်လဲနိုင်တယ်။ ရှိတ်စပီးယား
* ဘဝဆိုတာ စက်ဘီးစီးနေသလိုပဲ... ခြေနင်းကို မရပ်ခဲ့ရင် သင်မပြုတ်ကျနိုင်ပါဘူး။
* ဘဝဆိုတာ မပြတ်သင်ယူခြင်းပဲ။ ဖြတ်သန်းဖူး(ရှင်သန်)မှ အဲဒီသင်ခန်းစာကို
သင်နားလည်မယ်။
* အနာဂတ်က ကိုယ့်အိပ်မက်ကို ယုံကြည်သူတွေအတွက်ပဲ ဖြစ်တယ်။
* ရှင်ခြင်းနဲ့သေခြင်းကြားက ဆက်သွယ်ထားတဲ့ ပေါင်းကူးတံတားဟာ "အချစ်" ဖြစ်တယ်။
* ကြောက်ရွံ့ခြင်း၊ ဆုံးရှုံးခြင်းကို ခံစားဖူးမှ သင်မလုပ်နိုင်တဲ့အလုပ်ကို
လုပ်ဖို့ ခွန်အားရမယ်၊ အတွေ့အကြုံနဲ့ ယုံကြည်မှုတွေရမယ်။
* ကိုယ့်မှာ ရှိတဲ့ပစ္စည်း၊ အသိဥာဏ်တွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ
ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။
* လူတစ်ယောက်က ဥစ္စာပစ္စည်းတွေ၊ အချစ်တွေ ဆုံးရှုံးလို့ရတယ်။ ဒါပေမယ့်
ရဲရင့်ခြင်း၊ သတ္တိတွေ ဆုံးရှုံးလို့ မရဘူး။ ဘဝဆိုတဲ့ တလင်းပြင်မှာ
သတ္တိတွေဆုံးရှုံးခဲ့ရင် အရာအားလုံးကို ဆုံးရှုံးတာနဲ့ အတူတူပဲ။
* ဘာလုပ်လုပ် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါ။ တစ်ခြားလူရဲ့ စကားတစ်ခွန်းနဲ့
ခလုတ်တိုက် လဲမချလိုက်ပါနဲ့...
* ဘာလုပ်လုပ် စဉ်းစားပြီးမှ လုပ်ပါ။ အပြေးမြန်ရင် လဲတတ်ပါတယ်။ ရှိတ်စပီးယား
* တစ်ချက်လေး ချော်လဲတာပါပဲ... သေသွားလို့ ပြန်မထနိုင်တာမှ မဟုတ်တာ။ လင်ကွန်း
* ဖိနပ်ချုပ်သူတွေ ဖိနပ်အချုပ်တော်ရတာက သူတို့ဟာ တစ်ခြားအလုပ်ကို မလုပ်ဘဲ
ဖိနပ်ပဲ ချုပ်နေခဲ့လို့ပဲ။ Ralph Waldo Emerson
* သင့်ရဲ့ အပြုံးတစ်ပွင့်၊ ပုခုံးကို အသားလေးပုတ်ပြီး သင်အားပေးရုံနဲ့
မျှော်လင့်ချက်မဲ့သူ တစ်ယောက်ကို သင်ကယ်တင်နိုင်လိမ့်မယ်။
* လူအချင်းချင်း တစ်ယောက်ကိုတစ်ယောက် ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်က
"စစ်မှန်တဲ့ ဂရုစိုက်မှုတွေ" ဖြစ်တယ်။
* တောင်းပန်တယ်ဆိုတာ လူတွေမှာ ရှိသင့်တဲ့ ယဉ်ကျေးမှုဖြစ်တယ်။
20* ကောင်းမှုလုပ်တာ လူသိခံဖို့မဟုတ်ဘူး။ ဒါပေမယ့် ဘာမှမဟုတ်တဲ့
ကောင်းမှုလေးတစ်ခုက သင့်ကိုပျော်ရွှင်ခြင်းတွေ သယ်ဆောင်ပေးလာနိုင်တယ်။

No comments:

Post a Comment