Saturday 28 April 2012

မြန်မာ မိန်းကလေးလို့ မပြောပါနဲ့ ...


သူငယ်ချင်းတို့ရေ ......
အခုဆိုရင် မလေးရှားမှာဖြစ်ပျက်နေတဲ့ဟာတွေက တော်တော်ဆိုးပါတယ်။
အဓိကတော့ ရွှေ မဟုတ်တဲ့ရွှေမတွေပေါ့။ အရင်ကဆိုမလေးရှားမှာအင်ဒိုနီး
ရှားနဲ့  ဗီယက်နမ်မတွေ အရမ်းခေတ်စားတယ်အခုသူတို့ ခေတ်ကုန်သွားပြီ။

ရွှေမတွေခေတ်စားလာပြီ ကိုယ့်မျက်စိရှေ့မှာ ကိုယ့်ရွှေမတွေဒီလိုဖြစ်နေတော့
စိတ်မကောင်းဘူဗျာ။ ကျွန်တော်တို့နားမှာ မြင်ရတွေ့ရတာတွေ ကတော့တော်
တော်ဆိုးပါတယ်။

အေးဂျင်းတွေနဲ့ ကြိုက်ကြတရုတ်တွေ မလေးတွေနဲ့ကြိုက်ကြသူတို့ကကားလေး
ပြပြီးလာခေါ်သွားရင်ပါသွားပြီ။ မိန်းကလေးတွေကလဲ အပြိုင်အဆိုင်ပဲသူ့ လူက
ကားနဲ့ လာခေါ်တယ်။ ဘာဝယ်ပေးတယ်နဲ့ ပြိုင်နေကြတာပဲ။

သူတို့မြင်တာ ကားပဲမြင်တာဒုက္ခရောက်ပြီးအမှောင်ကျမဲ့တနေ့ သူတို့မမြင်ဘူး
ပထမတော့ မိန်းကလေးတွေလိုချင်တာ သွားချင်တာ လိုက်ပို့မှာပေါ့။ တခုလိုချင်
တခုပေးရတယ်ဆိုတာ သဘောပေါက်ထားပါ။ စားလို့ဝပြီးငြီးငွေ့ လာရင်တော့
အဟောင်းထားခဲ့ပြီးနောက်ထပ် အသစ်ရှာတော့မှာသေရှာတယ်။


သူတို့ကဒါမျိုးတွေ လုပ်စားနေကြလေ။ အဆိုးဆုံးက ရန်ကုန်သူမိရွှေမ တော်
တော်ဆိုးနေတာ အရင်ကစင်္ကာပူမှာလုပ်တယ်။ စင်္ကာကပြန်လာပြီး၂၀၁၀ခုနှစ်
က မလေးရှားကို ရောက်လာတယ်။

သူစင်္ကာပူမှာရှိစဉ်ကတည်းက မလေးရှားကကောင်နဲ့အင်တာနက်ကနေ
ချစ်သူတွေ ဖြစ်သွားကြတယ်။ အခုမလေးရှားရောက်လာတော့ သူ့ ချစ်သူက
တခြားမြို့ကနေလာတွေ့တယ်။ ကောင်က sony ဖုန်းအကောင်းစားတစ်လုံး
ဝယ်ပေးလိုက်တယ်။

နောက်နှစ်ပတ်ကြာတော့ သူ့ ချစ်သူလာတွေ့တယ်။ အတွေ့မခံတော့ဘူး
ဖုန်းခေါ်လဲမကိုင်ဘူး။ အဲဒါနဲ့ ပြတ်သွားကြရော ဖုန်းလဲပြန်မပေးတော့ဘူး နောက်
သူတို့ စက်ရုံမှာ မိရွှေမ သတင်းထွက်လာပါတယ်။

သူတို့ စက်ရုံက နီပေါ နဲ့ကြိုက်နေတယ်တဲ့ အဲဒီစက်ရုံမှာ မျိုးချစ်ရွှေကောင်တွေ
ရှိတယ်လေ။ မျိုးချစ်ရွှေကောင် ၃ယောက်လဲမခံချင်တာနဲ့ နီပေါကောင်ကို အပြင်မှာ
ခေါ်ပြီးဝိုင်းထိုးလိုက်ကြတယ်။

နောက်နီပေါကောင်က မန်နေဂျာတိုင်လိုက်တော့ မျိုးချစ်ရွှေ ၃ယောက်အေးဂျင်း
လက်ထဲပြန်အပ်လိုက်တယ်။ မျိုးချစ်ရွှေတွေမရှိတော့ မိရွှေမပိုကဲလို့ကောင်းသွားတာ
ပေါ့။ အခုတော့ အတူသွား အတူလာအတူစား အတူအိပ်နဲ့ ဟုတ်နေတာသူမကောင်း
လို့ အခုဆိုကျွန်တော်စက်ရုံက နီပေါတွေက မင်းတို့မြန်မာမတွေရတယ်ဆိုတာပဲပြော
ကြတယ်။

သူတို့ အတွဲ မြင်တိုင်းနှစ်ယောက်လုံး သတ်ချင်စိတ်တွေဖြစ်နေတာ အခုတော့
( ငါးခုန်းမတကောင်ကြောင့် တစ်လေလုံး ပုတ်ဆိုသလို ဖြစ်နေပြီ)သင်တယောက်
မကောင်းမှုကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့မြန်မာလူမျိုးတွေရဲ့ဂုဏ်သိက္ခာတွေ
မချလိုက်ပါနဲ့ဗျာ။

မလေးရှားရောက်နေတဲ့ ရွှေမလေးများ ဒါလေးဖတ်ပြီး အမျိုးဂုဏ်
ကိုစောင့်ထိန်းပေးကြပါ။

မှတ်ချက်။ ရွှေမိန်းကလေး အားလုံးမဆိုလိုပါ။

မှားတာရှိရင် ခွင့်လွှတ်ပါ ...


မုန်တိုင်း (မလေးရှား)

No comments:

Post a Comment