Sunday 1 April 2012

ရွေးကောက်ပွဲ

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် NLD အောင်ပွဲခံ

 ဧပြီ ၁၊ ၂၀၁၂၊ ၁၈း၅၅ (YPI)  (ချစ်ဦးမောင်)

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် NLD ပါတီမှ အနိုင်ရရှိသွားပြီဖြစ်ပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်တွင် အတည်ပြုလက်မှတ်ထိုးရန်စောင့်ဆိုင်းနေပြီဖြစ်သည်။

၎င်းမဲဆန္ဒနယ်တွင် မဲပေးခွင့်ရှိသူ ၁၆,၄၆၉ ဦးရှိပြီး NLD ၇,၄၅၃ မဲ နှင့် ကြံ့ခိုင်ရေးပါတီမှ ၄,၁၇၃ မဲရရှိခဲ့သည်။  ၃၂၈၀ မဲအသာဖြင့် NLD ကအနိုင်ရခဲ့ပြီး အခြားမဲများမှာ ပယ်မဲများနှင့် မဲလာမပေးကြသူများရှိသည်ဟု NLD အောင်နိုင်ရေးအဖွဲ့ဝင်များကပြောသည်။

မဲရုံ ၁၇ ရုံရှိသည့်အနက် ရန်အောင်မြင်မဲရုံမှလွဲ၍ ကျန် ၁၆ ရုံတွင် NLD မှ အနိုင်ရရှိခဲ့သည်။

NLD မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ်ရွေးချယ်ခံခဲ့ရသော ဦးနိုင်ငံလင်းက “ ကျွန်တော်နိုင်မယ်ဆိုတာ အစကတည်းကသိပါတယ်။ ဒီပွဲဟာကျွန်တော့်ပွဲဆိုတာထက် ကျွန်တော့်လူတွေရဲ့ အောင်ပွဲလို့ပြောရမှာပါ။ မဲရုံလာပြီး မဲပေးတဲ့သူတွေကိုကျေးဇူးတင်ပါတယ်။ မဲလာပေးတဲ့သူတွေဟာ နိုင်ငံတော်အတွက် အလုပ်လုပ်ပေးကြတဲ့ သူတွေလို့ယူဆပါတယ်” ဟုပြောသည်။

၎င်းအနေဖြင့် တောင်သူလယ်သမားများအရေးကို ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပြီး တောင်သူလယ်သမားများနှင့်ဆိုင်သော ဥပဒေများကို အသက်ဝင်သွားအောင် ပြုလုပ်သွားမည်ဟု YPI သို့ပြောသည်။
NLD လူငယ်ကွန်ယက်နှင့်ချိတ်ဆက်ပြီး လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများလည်းလုပ်ဆောင်သွားမည်ဟုဆိုသည်။
------------------------------------

 တနင်္သာရီတိုင်း လောင်းလုံမြို့နယ် ရေတွက်ပြီး မဲစာရင်းများ
ဧပြီ ၁၊ ၂၀၁၂ ၊ ညနေ ၆နာရီ ၅၆ မိနစ်

NLD USDP ပယ်မဲ
ချောင်းဖျားကြီးကျေးရွာ ၆၇ ၄၄
ဝါးမကိုက် ၄၆ ၁၈
စွန်းကြီး ၉ ၁၉
၁၀၄ တပ်ရင်း ၁ ၁၀၆
ညောင်ပင်ဆိပ် ၉၇ ၇
မဲမော် ၁၅၀ ၅၀
တောကျဲ ၁၇၂ ၅၈
ပြင်ကြီးကျွန်း ၁၁ ၁၂
ကထောင်းနီ ၂၄၀ ၄၀
ဖားအောက်ပြင် ၃၀၆ ၂၂
ရဘဲ ၁၂၃ ၈၁
ပန်းစိတ် ၉၇ ၃၆
ကရင်ကြီး ၁၉၆ ၂၃၅ ၂၇
ပန်းတင်အင်း ၇၁၀ ၅၃ ၃၂
ရှမ်းမော် ၁၃ ၆၅

....................
နောက်ဆုံးထပ်တိုးကျေးရွာ

သဘော့ဆိပ် ၈၇၀ ၄၂
ပြင်ကြီး ၅၃၄ ၁၆

....................................

လတ်တလောနောက်ဆုံးအခြေအနေ
မဲရုံ စုစုပေါင်း - ၁၀၇ ရုံတွင် ၇၄ ရုံ ရေတွက်ပြီး ရလဒ်
NLD - 27448
USDP- 4770

----------------------------------------------------------
 လတ်တလော မဲရေတွက်နေသည့် ရလဒ်များ

ဧပြီ ၁၊ ၂၀၁၂ (YPI)

ဇဗ္ဗူသီရိမြို့နယ်

ဓနသိဒ္ဓိ ၁ - NLD ၈၁၅
USDP ၄၅၀

ဓနသိဒ္ဓိ ၂ - NLD ၇၉၇
USDP ၄၇၂

သပြေကုန်း ၁ - NLD ၃၅၅
USDP ၇၁

သပြေကုန်း ၂ - NLD ၆၀၈
USDP ၂၀၄

ရွှေကြာပင် ၁ - NLD ၉၁၈
USDP ၆၈၅

ရွှေကြာပင် ၂ - NLD ၄၉၉
USDP ၃၉၀

-----------------------

 မော်လမြိုင်တွင် နိုင်ပြီ ဟု အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်ဆို

ဧပြီ ၁ ရက်၊ ၂၀၁၂ ခု၊ ညနေ ၆ နာရီခွဲ

မော်လမြိုင်တွင် အန်အယ်လ်ဒီ ပါတီကိုယ်စားလှယ် ဒေါ်ခင်ဋ္ဌေးကြွယ် နိုင်နေသည်ဟု ထောက်ခံသူများ အားပြောကြားသည်။

 Yangon Press International
မင်္ဂလာတောင်ညွန့် ရေတွင်းကုန်း ရပ်ကွက် မဲရုံရှေ့

No comments:

Post a Comment