2012 မှာ ရိုးရာ သင်္ကြန်ကနေ Sexy သင်္ကြန်ဖြစ်တော့မှာလား ??
ဒီကြော်ငြာလေးက
Mrtv-4 ရဲ့ V Guide စာစောင် ဧပြီလ အထူးထုတ်တွင် ပါဝင်သော
စာမျက်နှာများထဲမှ တစ် ခုဖြစ် ပါတယ် ။ Album အလိုက်ကြည့်ချင်ရင်
> https://www.facebook.com/media/set/?set=a.340676962656285.77163.144593305597986&type=3
မြန်မာ့ရိုးရာသင်္ကြန်တွင်
လူငယ်သဘာဝ လန်းလန်းကလေးနှင့်ပျော်ကြသည်ကို ဘာမှမပြောလို ။ ကျွန်တော်
လည်းလူငယ်တစ်ယောက်မို့ လန်းလန်းလေးနှင့်ပျော်ချင်သည် ။ သို့သော်
အလန်းလွန်ပြီး လန်မထွက် သွားဖို့ တော့ လိုသည် ။
နေရာတိုင်းလိုလို
တွင် အမျိုးသမီးများ ဘီယာသောက်ကာ ဟိုပေါ်ဒီပေါ်ကခုန်နေကြသည်ကိုကြည့်ရင်း
တခါတ ရံ နိုင်ငံခြားတိုင်းပြည်တစ်ခုများရောက်နေသလားဟု ထင်မိသည် ။
မြောက်ဥက္ကလာပတွင် တချို့လမ်း များ တွင် ဆောင်းဘောက်များအသားကုန်ဖွင့်ပြီး
ကောင်မလေးတွေ လမ်းမထွက် က ကြသည် ။ ယောင်္ကျားလေး အကို မောင်ဖွား များက ဘေးမှ
ဝန်းရံကာ ထိမ်းကြရသည်။ ခေတ်ကြီးပြောင်းပြန်လန်နေပြီထင်သည် ။
ယခုနှစ်တွင်
ရေစိုခံကင်မရာတစ်လုံးဝယ်ကာ ထို Sexy dance များ လိုက်ပြီးရိုက်ရမလား
မပြောတတ် ။ သေချာ တာတစ်ခုက မနှစ်က ဘုန်းကြီးဝတ်ပြီး ဆွမ်းခံအကြွ လမ်းတွင်
ထို Sexy dance များကို မနည်းရှောင် ရှားသွား ရသည် ။ အော် ဒီဘ၀တော့ သံသရာက
လွတ်မည်မထင် ။ ဆိုင်ရာများက မိန်းကလေး Sexy များအား စင်ပေါ် တင်သာမက
စင်အောက်တွင်ပါ မြင်မကောင်းအောင်ဖြစ်ခြင်းများ ထိရောက်စွာသတိပေးသင့်သည် ။
လန်းလန်းကလေးနှင့်
ပျော်ကြပါ -- မလန်ထွက်ကြပါစေနဲ့ ကြည့်မကောင်းအောင် အမူးလွန်အောင် မသောက်
ကြပါနဲ့ ကိုယ့်လွတ်လပ်ခွင့်နှင့်ကိုယ်ဆိုပေမယ့် တချိန်ကိုယ့်သားသမီးတွေရှေ့
အွန်လိုင်းမှ ဓါတ်ပုံများ သက်သေ ခံဖြစ်ကာ ငါ့မေမေ ငယ်ငယ်က
တော်တော်ကဲတာပဲဟု အပြောခံရလျှင် အရှက်တော်များရကြလိမ့်မည် ။
သင်္ကြန်နှင့် ကျန်းမာရေးဆောင်ရန်ရှောင်ရန်များရေးထားတာရှိသည် ။ မကြာမီရက်ပိုင်းတင်ပေးပါမည် ။
၂၀၁၂ သင်္ကြန်မှာ ရွှင်လန်းစွာ ခေတ်မှီစွာ ရေကစားနိုင်ကြပါစေ ။ လန်ထွက်စွာ ခေတ်လွန်စွာ ကစားခြင်း များ ရှောင် ကြစေလို ။
သက်တန့်ချို
No comments:
Post a Comment