Thursday 15 March 2012

တန့် ဆည်မြို့ နယ် ကြံ့ဖွံ့ အမတ်ဦးတင်မြင့် NLD လူငယ်ခေါင်းဆောင်များကို ခေါ်ယူခြိမ်းခြောက်ပြောဆို

စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်ြ မို့ အတွင်းဗိုက်ကလေးစားသောက်ဆိုင်တွင် မတ်လ (၁၂) ရက်နေ့ ၂၀၁၂ က စီးပွားရေးနှင်းကူးသန်းရောင်းဝယ်ရေးဝန်ကြီးဦးဝင်းမြင့်၏ ညီ ကြံခိုင်ရေး ကိုယ်စားလှယ် အမတ်ဦးတင်မြင့်နှင့် မြို့မိမြို့ဖမှလူကြီးများက NLD လူငယ်ခေါင်းဆောင်များအားခေါ်ယူကာ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်းသိရပါသည်။ “ နိုင်ငံရေးအကြောင်းမင်းတို့နားလည်လို့လား ၊ နိုင်ငံရေးဆိုတာဘာလဲပြောစမ်းပါအုံး၊ဒီမိုကရေစီဆိုတာဘာလဲ ၊ဒီမိုကရေစီဆိုတာသိရင်ရှင်းစမ်းပါအုံး နိုင်ငံရေးဆိုတာဘာမှ မသိပဲလုပ်လို့မရဘူး ငါတို့ကလဲမပိုင်ရင်ခြင်တောင်မရိုက်ဘူး မင်းတို့လုပ်လဲအပိုပဲ အာဏာကတို့လက်ထဲမှာကွ အခုမင်းတို့တောင်းနေတဲ့ဒီမိုကရေစီရနေပီလေ မင်းတို့တောင်းနေတဲ့ ဒီမိုကရေစီဆိုတာဗီဒီယိုရုံထဲမှာဖူးကားပြချင်လို့လား မင်းတို့နဲ့တန်တဲ့ဒီမိုကရေစီရမှာပဲကွ ၊ကဲမင်းတို့ကဘာတွေတောင်းဆိုချင်တာလဲငါကအမတ်ပါကွ ငါ့ကိုပြောစမ်း အခုချက်ချင်းစာနဲ့ချရေးကွာ ငါလွှတ်တော်ထဲမှာတင်ပြပေးမယ်” ဟု အမတ်ဦးတင်မြ က ခြိမ်းခြောက်ပြောဆိုခဲ့တာဖြစ်ပါသည်။ ထို့ အပြင် မင်းတို့လွှတ်တော်ကိုယ်စားလှယ်လောင်းဒေါက်တာမြင့်နိုင် ကတော့ လီးပဲကွာဟု သူ၏နောက်လိုက်ဖြစ်သူ အမတ်ဦးတင်မြင့်၏လက်စွဲ စွယ်တော်နန်းစိုက်ပျိုးရေး ပစ္စည်းရောင်းဝယ်ရေးဆိုင်ပိုင်ရှင် မောင်ကျော်စိုးအောင် က အပြန်တွင်ဆဲဆိုသွားခဲ့ပါသေးသည်။ မတ်လ ၁၂ ရက်နေ့ ညနေ ၃၀ တွင် ခေါ်ယူခံခြိမ်းခြောက်ခံရသူများမှာNLDလူငယ်များကို ဦးဆောင်လှုပ်ရှားနေသောတန့်ဆည်မြို့နယ်လမ်းဆုံမှအောင်တံခွန်ကျူရှင်ဆရာ ဦးမြင့်ထွန်း နှင့် ဦးအုန်းမြ တို့ဖြစ်ကြောင်း  မှ စုံစမ်းသိရှိရပါသည်။ 



ကြံ့ဖွံ့ အမတ်ဦးတင်မြ ခေါ်ယူခြိမ်းခြောက်ခြင်းခံရတဲ့  NLD လူငယ်များကိုဦးဆောင်လှုပ်ရှား နေသောတန့်ဆည်မြို့နယ်လမ်းဆုံမှအောင်တံခွန်ကျူရှင်ဆရာ ဦးမြင့်ထွန်း နှင့် ဦးအုန်းမြ တို့ဖြစ်ပါတယ်။

No comments:

Post a Comment