Friday 16 March 2012

Mail တစ်စောင် ပို့ပြီး သူ့ရဲ့  Location ကြည့်နည်း

Gtalk အသုံးပြုတဲ့  သူငယ်ချင်းများအတွက် အထောက်အကူ ဖြစ်မယ်ထင်ပါတယ်။ ညီငယ် တစ်ယောက် ပြောထားတာ တော့ကြာပါပြီ ဒီနေ့မှ ထပ်အသိပေးတာနဲ့ အခြားလိုအပ်တဲ့ မိတ်ဆွေတွေပါ အသုံးပြုနိုင်ရန် ပိုစ့် တစ်စောင် အနေနဲ့ တင်ပေးခြင်းဖြစ်ပါတယ်။ အဟောင်းကြီးတွေ ပြန်လုပ်တာတော့ မဟုတ်ပါဘူး။ မသိသေးတဲ့ မိတ်ဆွေ သူငယ်ချင်းများအတွက် သိထားတာလေး  ပြန်လည် မျှဝေတဲ့သဘောပါ။
ဒီလိုပါ ကိုယ်နဲ့ ချက်နေတဲ့ သူက ဘယ်ကချက်နေလဲ (or) သူပြောတဲ့ Location ဟုတ်မဟုတ်  စစ်ဆေးတဲ့ သဘောလေးဗျာ။ တစ်ယောက်နဲ့ တစ်ယောက် လုပ်ဆောင်နည်းလေးတွေက တော့ တူမယ်မထင်ဘူး လုပ်နည်းလေးတွေ အမျိုးမျိုးရှိပါတယ်။ အခု မိတ်ဆွေများကို  ပြောပြမဲ့ လုပ်နည်းလေး ကတော့ မိမိသိချင်တဲ့ သူတစ်ယောက်ကို Mail တစ်စောင် ပို့ပြီး သူရဲ့ Location ကို Web-Site လေးတွေ အကူအညီနဲ့  ဖော်ထုတ်တဲ့နည်းလေးဗျာ။ သိထားတဲ့ မိတ်ဆွေများ အတွက်တော့ ကြိုပြီး မေတ္တာရပ်ခံပါရစေ။ 

ပထမဦးဆုံး အနေနဲ့ မိမိရဲ့  Mail မှ Compose Mail ကို  ဖွင့်ထာပြီး အသင့်စောင့် နေလိုက်ပါ။
နောက်တခုက ဒီဝက်ဆိုဒ်  http://www.spypig.com/ လင့်ကို သွားလိုက်ပါ။ သွားလိုက်တဲ့ ၀က်ဆိုဒ် မှာ Step 7 ၇ှိတဲ့ Box တစ်ခု တွေ့ပါလိမ့်မယ်။ အဲ Box မှာ  Step 7 ၇ှိတဲ့ အနက်  Step 5 အဆင့်ထိ အောက်ဖော်ပြပါ နည်းလေး အတိုင်းဖြည့်လိုက်ပါ…
  • Step 1 မှာ မိမိရဲ့  email လိပ်စာ ရေးထည့်ပါ။
  • Step 2 မှာ မိမိရေးချင်တဲ့ title တစ်ခု ရေးထည့်ပါ။
  • Step 3 မှာ ပုံလေးတွေ ဖော်ပြထားပါတယ် မိမိနှစ်သက်တဲ့ ပုံတစ်ပုံ ရွှေးလိုက်ပါ။
  • Step 4 မှာ မိမိနှစ်သက်တဲ့ Number တစ်ခုရွှေးပါ။
  • Step 5 မှာ Click to Activate My SPYPIG ဆိုတဲ့ Button လေးကို ကလစ်လိုက်ပါ။  ကလစ်လိုက်တာနဲ့ အောက် box လေးမှာ Seconds 60 ကနေ လျှော့ သွားပါလိမ့်မယ်။ 0 Second ဖြစ်တဲ့ အထိစောင့်လိုက်ပါ။ ပြီးရင် မိမိရွှေးချယ်ထားတဲ့ ပုံလေးပါ ပေါ်နေပါလိမ်မယ် ( မရှင်းလင်းရင် အပေါ်ပုံမှာ ပြထားပါတယ်  အရောင်ခြယ်ပြထားပါတယ်) ပေါ်နေတဲ့ ပုံလေးပေါ်ကို Left Click ဖိပြီး သွားပါ ==> ပထမဦးဆုံး အသင့်စောင့်နေတဲ့ Compose Mail ရဲ့  စာရေးတဲ့ ဘောက်အကြီးကို ရောက်ရင် ဖိထားတဲ့ Left Click ကို လွတ်လိုက်ပါ။ ဒါဆို ပုံလေး တွေ့ရပါလိမ့်မယ်။ 

    အားလုံးပြီးသွားရင်  ခဏစောင့် နေလိုက်ပါ မကြာလှတဲ့ အချိန်မှာ  မိမိဆီ မေးလ် တစ်စောင် ပြန်ဝင်လာပါလိမ်မယ်။ SpyPig Notification ဆိုတဲ့  ခေါင်းစဉ်နဲ့ ၀င်လာတဲ့ မေးလ် ဖြစ်ပါတယ်။



    အဲဒီ မေးလ်ကို ဖွင့်လိုက်ပါ ဖွင့်လိုက်ရင် အဲစာမျက်နှာမှာ Recipient IP ဆိုတဲ့ IP address ဂဏန်းလေး တွေကိုယူပါ။

    ပြီးရင် http://www.ip2location.com/ ဒီလင့်ကို ထပ်ဖွင့်ပါ။ အပေါ်မှာ ရထားပြီးဖြစ်တဲ့ IP address ကို ဖွင့်ခိုင်းတဲ့ လင့်မှာ  IP Address အကွက်လေးထဲ ထည့်ပြီး  FIND LOCATION ဆိုတဲ့ Button နှိပ်လိုက်တာနဲ့ Location အမှန်ကို သိနိုင်ပါပြီ။ အဆင်ပြေဆုံး ဖြစ်အောင် ရှင်းလင်း ထားပါတယ်။ ကျွန်တော့ ရှင်းလင်းချက်အတွက် အဆင်မပြေတာရှိရင် မေးမြန်းနိုင်ပါတယ်။
    ………………..♣ အဆင်ပြေပါစေဗျာ ♣…………

1 comment:

  1. ကျေးဇူးတင်ပါတယ်ဗျာ....

    ReplyDelete