Saturday 10 March 2012

မိမိဆီ ၀င်လာတဲ့ မေးလ်ရဲ့  Location ကိုကြည့်နည်း

မနေ့က တင်ပေးတဲ့ ပိုစ့် လေးနဲ့ ဆက်စပ်ပြီး ဒီပို့စ်လေးကို ရေးတင်ခြင်းဖြစ်ပါတယ်။ ရေးတာရေးလိုက်ရတာ မချင့်မရဲပဲဗျ။ ဘာလို့လဲဆိုတော့ မနေ့က Mail တစ်စောင် ပို့ပြီး သူ့ရဲ့  Location ကြည့်နည်း ပိုစ့်လေးကို ထာဝရသူငယ်ချင်းများ မှာတင်ပေးဖြစ်ပါတယ်။ ကျွန်တော် အဲ ning ဆိုဒ်မှာ Member လေး ၀င်ထားတာနဲ့ မေးလ်တစ်စောင်ပို့ ပြီး Location ကြည့်တဲ့ နည်းလေးကို တင်ပေးတော့ Comment တွေ အတော်များများ ပြန်ရေးကြပါတယ်။ အမျိုးမျိုးပေါ့ဗျာ ကျွန်တော်လည်း အတတ်နိုင်ဆုံး အဆင်ပြေအောင် ရေးထားတာပါ။ ကျေးဇူးတင်တဲ့သူနဲ့ အဆင်မပြေမှူ့ ရှိတဲ့သူနဲ့ အမျိုးမျိုး တွေ့ရပါတယ်။ သူငယ်ချင်းတစ်ယောက်ရေးတဲ့ Comment က ဒီလိုဗျ နာမည်တော့ ဖော်ပြမပေးတော့ပါဘူး။
  • ဒီလိုဟာမျိုးတွေကိုလူတိုင်းသိအောင်မပြေားသင့်ဘူးလို့ထင်ပါတယ်—–ဒီလိုလုပ်တာ ပိုင်ရှင်မသိအောင် ခိုးယူ၇ာမရောက်ဘူးလား
အဲလို ဗျ  စိတ်မကောင်းတော့ ဖြစ်သွားတယ်။ ကျွန်တော်ဖော်ပြတယ်ဆိုတာက တစ်ဦးတစ်ယောက်ကို နစ်နာစေလိုတဲ့ သဘောမျိုးတော့ မဟုတ်ပါဘူး ကိုယ်သိထား ဖတ်ထားတဲ့ အကြောင်းအရာလေး တစ်ခုကို  မိတ်ဆွေ သူငယ်ချင်းအားလုံး ကို ပြန်လည်မျှဝေတဲ့  စိတ်ရင်း စေတနာ တစ်ခုနဲ့ ရေးသားခြင်းဖြစ်ပါတယ်။ သူပြောတာလည်း သဘာဝကျပါတယ် ပိုင်ရှင်မသိအောင် လုပ်တော့ ခိုးယူရာ ရောက်သွားတယ်ပေါ့ဗျာ။  ဘာပဲဖြစ်ဖြစ်ပါ ခုလို တုံ့ပြန်ရေးသားမှူ့ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့ ရေးသားချက်အပေါ် မှားတယ်မှန်တယ် (or ) ဆိုးတယ် ကောင်းတယ် ဆိုတာကို ဝေဖန်ရေးသားခွင့် ရှိပါတယ် ဒါမှလဲ တစ်ဦးအမြင်နဲ့ တစ်ဦး အမြင်ခြင်း ဖလှယ်လို့ ရတော့ ပိုပြီး အမြင်ကျယ်တာပေါ့။

မနေ့က Mail တစ်စောင် ပို့ပြီး သူ့ရဲ့  Location ကြည့်နည်း လေးရဲ့  ပြောင်းပြန်ဖြစ်တဲ့ မိမိဆီ မေးလ်တစ်စောင် ၀င်လာရင် ဘယ်က ပို့လည်း Location ပြန်ကြည့်တဲ့ နည်းလေး  ပြောပြပေးပါ့မယ်။ ဒါဆို  ရင်တော့ နှစ်ဦးနှစ်ဖက်လုံး ဘယ်သူ့ဘယ်သူ့မှ နစ်နာမယ်လို့ မထင်ပါဘူး။ (လိမ်ညာမှူ့ တွေ ကင်ဝေးတာပေါ့) ကျွန်တော်ရေးသား ဖော်ပြလိုက်တဲ့ ပို့စ် အတွက် ထိခိုက်နစ်နာရတယ် လူကျင့်ဝတ်ဖောက်ဖျက်  သလိုမျိုး ဖြစ်သွားရင် အနူးညွန့် တောင်းပန်ပါတယ်။
ပြန်လည်းစစ်ဆေးတဲ့ နည်းလေးကတော့ လွယ်ပါတယ်။ အဓိကက သူရဲ့  IP address ကို သိဖို့လိုအပ်ပါတယ်။ ဒါမှ သူ့ရဲ့  Location ကို သိနိုင်မှာဖြစ်ပါတယ်။  IP address ကိုလိမ်ပြီး သုံးနေတယ် ဒါမှမဟုတ် Software အကူအညီနဲ့  ဖျောက်ထားတယ် ဆိုရင်တော့ တမျိုးပေါ့ဗျာ။
ပထမဆုံး မိမိစစ်ဆေးလိုတဲ့ မေးလ် တစ်စောင်ကို ဖွင့်လိုက်ပါ။ ဖွင့်လိုက်ရင် အဲစာမျက်နှာမှာ Reply ဆိုတဲ့ စာသားရဲ့  ဘေးက မျှားလေးကို ကလစ်လိုက်ပါ ဘောက်လေး  တစ်ခု အောက်ကို ကျလာပါလိမ့်မယ်  Show original ဆိုတာလေးကို ကလစ်လိုက်ပါ  အင်္ဂလိပ်လို စာတွေ  အများကြီးတွေ့ ရပါလိမ့်မယ် အဲအထဲက မှ  Received: from ဆိုတဲ့ စာကြောင်းမှာ IP Address ရှိပါတယ် အဲ ဂဏန်လေးကို Copy ကူးလိုက်ပါ။ (ဒီနေရမှာ  Received: from ရှာတဲ့ နေရာမှာ စာတွေများနေလို့ ရောနေရင် Ctrl+F ကိုနှိပ်လိုက်ပါ Find ဆိုတဲ့ ရှာဖွေရန် Box လေးထဲမှာ Received: from ဆိုတဲ့ စာသားကို ရေးပြီ Enter ခေါက် ရှာဖွေလိုက်ပါ အလွယ်တကူ တွေ့ရပါလိမ့်မယ်။)
အပေါ်မှာ ရထားပြီးဖြစ်တဲ့ IP address ကို http://www.ip2location.com/ ဒီလင့်ကို သွားလိုက်ပါ အဲလင့် စာမျက်နာမှာ  IP Address အကွက်လေး ထည့် ရှာရန် နေရာရှိပါတယ် အဲအကွက်လေးထဲကို ရထားတဲ့ IP address ကိုရေးထည့်ပြီး FIND LOCATION ဆိုတဲ့ Button နှိပ်လိုက်တာနဲ့ Location အမှန်ကို သိနိုင်ပါပြီ။ အဆင်ပြေကြပါစေဗျာ တစ်ဦးတစ်ယောက်ကို ထိခိုင်နစ်နာမှူ့ ရှိတယ်ဆိုရင် အနူးညွန့် တောင်းပန်ပါတယ်။ စာဖတ်သူ မိတ်ဆွေများအားလုံး အဆင်ပြေကြပါစေ………… လေးစားလျှက်

No comments:

Post a Comment