ပါတီစည်းရုံးရေး ခရီးစဉ်အဖြစ် ပုသိမ်မြို့ကို
သွားရောက်ခဲ့သော အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၂ ခုနှစ်
ဖေဖေါ်ဝါရီ ၇ ရက်နေ့တွင် ပုသိမ်မြို့ ဒေသခံ ပြည်သူများ ကြိုဆိုနေစဉ်။
ဒါရိုက်တာဝိုင်း၊ သရုပ်ဆောင်လူမင်း၊ ဝေဋ္ဌုကျော်၊ ထွန်းအိန္ဒြာဗိုလ်၊
ချစ်သုဝေ၊ အဆိုတော် အာဇာနည်နဲ့ လင်းလင်းတို့ ပါဝင်တဲ့ အနုပညာရှင်အဖွဲ့ဟာ
ဒီကနေ့ ညပိုင်းမှာ ရန်ကုန်မြို့ကနေ စတင်ထွက်ခွာကြပါတယ်။
ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ "ဒီလိုလေးခြစ်တတ်ရင် ရပြီ" ဆိုတဲ့ တစ်ခန်းရပ် ပြဇာတ်ကို နယ်တွေမှာ သရုပ်ဆောင်တွေက ကပြကြမှာဖြစ်ပြီး၊ လိုက်ပါသွားတဲ့ တေးသံရှင်တွေကလည်း ဒေသခံပြည်သူတွေကို တေးသီချင်းတွေနဲ့ ဖျော်ဖြေကြမှာ ဖြစ်ကြောင်း သရုပ်ဆောင် ထွန်းအိန္ဒြာဘိုက RFA ကို ပြောပါတယ်။

No comments:
Post a Comment