Tuesday 27 March 2012

ကွန်ပြူတာ admin password မေ့သွားရင် ဘယ်လိုလုပ်မလဲ?


မွှေနှောက် ရှာဖွေကြည့် တော့ ဒါလေးကို သွားတွေ့ပါတယ် အခွေ နဲ့ Burn ပြီး Boot တတ်ရမှာပါ...။

အသုံးပြုပုံ အဆင့်ဆင့် ကိုရော အသုံးပြုရမဲ့  PC Login Now ဆော့ဝဲလ်  ကိုပါ သူ့ရဲ့  မူရင်း ဆိုက်ဒ်  မှာပဲ သွားရောက် လေ့လာနိုင်ပါတယ်...။

ဒါကတော့   ဒေါင်း ပြီးလို့ ရလာတဲ့ .exe ဖိုင်ကို ဒီ ImgBurn 2.5.6.0  ဆော့ဝဲလ် ကို
 သုံးပြီး ဘယ်လို Burn ရမယ်ဆိုတာကို ပုံလေးတွေနဲ့ တကွ အသေးစိတ် ရှင်းပြထားပါတယ်..။ မြန်မာလို ဘာသာပြန်စရာ မလိုလောက်အောင် ပြည့်စုံလှပါတယ်..။



ဒီမှာကတော့  Burn ပြီးရင် ဘယ်လို စ တင် လုပ်ဆောင်ရမယ်ဆိုတာကို အသေးစိတ် ရှင်းပြထားတာပါ..။


အပေါ်က ဆော့ဝဲလ် နဲ့ အဆင်မပြေခဲ့ရင် (သို့ ) နားမရှင်းလို့ အခတ်အခဲ ဖြစ်နေရင်... အဆင်ပြေအောင် အသုံးပြုရမဲ့ ဆော့ဝဲလ် နဲ့ အတူ အသုံးပြုပုံ အဆင့်ဆင့် ကို တဆင့် ပြန်လည်  မျှဝေ ပေးလိုက်ပါတယ်...။



Windows NT/2k/XP/Vista/Win7 မှာ User Account ပဲ ဖြစ်ဖြစ် Admin Acount ပဲဖြစ်ဖြစ် Password မေ့သွားရင် Offline NT Password&Registry Editor ကို အသုံးပြုပြီး Password ကိုဖျက်လို့ရပါတယ်။ သူခိုးလမ်းပြလုပ်တာတော့မဟုတ်ပါဘူး။ မိမိကွန်ပျူတာမှာ Password မေ့သွားလို့ အခက်အခဲဖြစ်နေချိန်မှာ ဘယ်လိုမှမလုက်တက်တော့ရင် Window ပြန်တင်ရတာတို့၊ Service Center ပို့ရတာတို့ဆိုရင် အချိန်ကုန်၊ အခန့်မသင့်ရင် မိမိရဲ့ Data တွေဆုံးရှုံးရတတ်ပါတယ် ဒါမျိုးတွေ မဖြစ်ရအောင် ဒီလိုနည်းလေးနဲ့ ဖြေရှင်းလို့ရတယ်ဆိုတာရယ် ပြီးတော့ဒီ Software ကို မသိသေးတဲ့ သူများအတွက်ရယ် ရည်ရွယ်ပြီး တင်ပေးလိုက်တာပါ။




Offline NT Password&Registry Editor ကို CD နဲ့ အသုံးပြုလို့ရသလို USB ထည့်မှာ ထည့်သွင်းပြီးလည်း အသုံးပြုလို့လဲရပါတယ်။


Offline NT Password&Registry Editor ကို ဒီနေရာကနေ  Download  ဆွဲလိုက်ပါ။


Download ဆွဲလို့ရလာတဲ့ Zip File ကို  Extract  လုပ်လိုက်ပါက ISO ဖိုင် ကိုတွေ့ပါလိမ့်မယ်။ ISO ဖိုင်ကို CD နဲ့ အသုံးပြုရန်အတွက် Nero Burn အစရှိတဲ့ Burning Software ဖြင့် CD Burn လိုက်ပါ။ ထို့နောက် ကွန်ပျူတာကို ပိတ်ပြီး CD/DVD Drive ထဲ မိမိ ကူးထားတဲ့ ISO CD ကိုထည့်ပြီး Boot တက်လိုက်ပါ။ အောက်တွင်ပြထားသလိုမျိုး မြင်တွေ့ရပါမယ်။










boot: _ ပေါ်လာပါက Enter ကို ခေါက်လိုက်ပါ။


Wait for Offline NT Password & Registry Editor to Load





Windows ရှိတဲ့ Partition ကို ရွေးပေးရပါမယ်။ Window အများစုမှာတော့ 1 ကိုပဲရွေးရရပါတယ်။ ကျွန်တော်တို့ 1 ကိုပဲ ရွေးပါမယ်။ 1 မရမှ သာလျှင် 2 ကို ရွေးပါ။ ကျွန်တော်တို့ 1 လို့ ရိုက်ပြီင်္း Enter ခေါက်လိုက်ပါ။





Registry လမ်းကြောင်းရွေးခိုင်းပါလိမ့်မယ်။ Enter သာခေါက်လိုက်ပါ။





ကျွန်တော်တို့က Password reset လုပ်မှာဖြစ်တဲ့အတွက် 1 ကိုရွေးပြီး Enter ခေါက်လိုက်ပါ။





Enter သာခေါက်လိုက်ပါ။





မိမိ Edit လုပ်လိုတဲ့ Username ကို ရွေးပေးရပါမယ်။ ပြီရင် Enter ခေါက်ပါ။ (ကျွန်တော်ကတော့ Tim အမည်နဲ့ Acc ပြုလုပ်ထားတဲ့အတွက် Tim လို့ရေးပြီး Enter ခေါက်လိုက်ပါတယ်။)





Password ကို ဖျက်ချင်တယ်ဆိုရင်တော့ 1 လို့ ရိုက်ပြီး Enter ခေါက်ပါ။
Password အသစ်ပြန်ပေးမယ်ဆိုရင် 2 လို့ ရိုက်ပြီး Enter ခေါက်ပါ။


ဒီနေရာမှာ ကျွန်တော်ကတော့ Password ကို ဖျက်မှာဖြစ်တဲ့အတွက် 1 လို့ ရိုက်ပြီး Enter ခေါက်လိုက်ပါတယ်။





Password Cleared ဖြစ်သွားပြီ ဖြစ်တဲ့အတွက် Enter ခေါက်လိုက်ပါ။





Offline NT Password & Registry Editor ကနေ ထွက်ရန်အတွက် q လို့ ရိုက်ပြီး Enter ခေါက်ပါ။ 





y လို့ ရိုက်ပြီး Enter ခေါက်ပါ။ 





Enter ထပ်ခေါက်လိုက်ပါ။ 





အခုဆိုရင် Account ရဲ့ Password ပျက်သွားပါပြီ။ Windowပန်တက်လာပါက Password မေ့သွားလည်း ပြသာနာမရှိတော့ပါဘူး။


ref:http://agmyotun.multiply.com/
 ဝင်းကမ္ဘာကျော်(နည်းပညာမှတ်တမ်း)

No comments:

Post a Comment