Monday, 29 October 2012

ချစ်ဦးသူသို့ ´


ချစ်သူ
အထီးကျန်သူရဲ့  ခံစားချက်
မင်းထည့်တွက်ရင်
ငါ့ကိုမင်းမထားခဲ့ရက်လောက်ဘူး..
..

လွမ်းလွန်းသူရဲ့အသည်း
ဘယ်အတွက် မာရဲမလဲ
နာရဲလို့ ဒီအသည်းကို
စတေးခဲ့တာမဟုတ်ဘူး.....

မင်းပျော်ဖို့တစ်ခုအတွက်
ငါ့နှလုံးသားကိုနင်းသတ်
အရှင်လတ်လတ်ခံခဲ့ရတာတောင်
ဒီကောင်ကမမုန်းရက်ခဲ့ဘူး.....

မျက်ရည်လွယ်လွန်းတဲ့ငါ့အတွက်
သွေးပျက်မတတ်ခံရခက်တာ
ဒီလိုညမျိုးပေါ့.....

လက်တကမ်းရောက်မှ လက်ပန်းကျ
မောဟိုက်နွမ်းလျလွန်းလို့
အရှုံးပေးလိုက်ရတဲ့ အရှုံးသမားလိုဘဲ.....

ရင်ထဲအလွမ်း
တကယ်တမ်းလွမ်းရတော့
အရမ်းနာကျင်ရတယ်.....

အခုတော့အရှိုက်ခက်ခဲ့တဲ့
ဒီမျက်ရည်စက်တွေနဲ့အတူ
အထီးကျန်မှုတွေကိုငါအဖော်ပြုမယ်.....

လွှမ်းဝေအောင်

No comments:

Post a Comment