
မလေးရှားနိုင်ငံတွင်လာရောက်အလုပ်လုပ်ကိုင်ကြသော မြောက်များစွာသော နိုင်ငံခြားသားအလုပ်သမားများ ထဲတွင် ဗီယက်နာမ် နိုင်ငံသားအလုပ်သမား
များသည်လည်း အရေအတွက်အားဖြင့် မနည်းလှပေ။ သို့သော်လွန်
ခဲ့သည်နှစ်မှစတင်ပြီး မလေးရောက်ဗီယက်နာမ်လူမျိုးအလုပ်သမားများမှာ
တဖြည်းဖြည်းလျှော့နည်းလာသလို ယခုနှစ်တွင် မရှိသလောက်နီးပါးဖြစ်သွားတော့သည်။
အကြောင်းရင်းမှာ တစ်နေ့ထက်တစ်နေ့ တိုးတက်လာ သောဗီယက်နာမ်နိုင်ငံတွင်
စက်ရုံများ၊ ကုမ္ပဏီများ အလုပ်အကိုင်အခွင့်အရေးသစ်များ ပေါ်ပေါက်လာသော
ကြောင့် မလေးရှားနိုင်ငံ၏စက်မှုန်ဇုန်အခြေခံ လုပ်အားခအတိုင်း
ဗီယက်နာမ်နိုင်ငံတွင် လုပ်အားခနှင့် အလုပ်အ ကိုင် ရရှိလာခြင်း
အခြေခံလုပ်အားခသာရရှိသော မလေးရောက် ဗီယက်နာမ်လူမျိုးများကို သူတို့၏
မိခင်နိုင်ငံသို့ ဗီယက်နာမ်သံရုံးမှတစ်ဆင့်
ပြန်လည်ပို့ဆောင်ပေးနေခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီး
အခုနောက်ပိုင်း မလေးရှားရောက်မြန်မာနိုင်ငံသား အလုပ်သမားများအနေဖြင့်
ဗီယက်နာမ် လူမျိုး ကဲ့သို့ အလုပ်အကိုင်နှင့်ဝမ်းရေးဖုံလုံသည့် ၀င်ငွေဖြင့်
အမိမြေကို ပြန်နိုင်ခွင့် အခွင့်အရေးကိုစောင့်မျှော် အိပ်မက်မက်လျှက်
ရှိနေကြသော်လည်း လက်ရှိ ဘာတစ်ခုမှ တာဝန်ယူဖြေရှင်းနိုင်ခြင်းမရှိသည့်
မြန်မာ့သံရုံးမှ အားလုံးအခွန်ဆောင်ရေး၊ ရသမျ တောင်းစားရေး အောက်မှာ
ပြားပြားဝပ်ရင်ဆိုင်နေကြရပါတော့သည်။