၈၈ ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်တို့ ဒဂုံမြို့အရှေ့ပိုင်းမြို့နယ်က ပြည်သူတွေနဲ့ တွေ့ဆုံ
အယောက် ၂၀၀ ခန့် တွေ့ဆုံပြီး ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး ဦးဆောင်တဲ့ အဖွဲ့နဲ့ အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီမှ အလုံ
မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခိုင်မောင်ရည်တို့ ဦးဆောင်ကာ ဒဂုံမြို့သစ် အရှေ့ပိုင်းမှာရှိတဲ့ မြေကွက်တွေကို ပြည်သူတွေ
အကျိုးအတွက် ဆက်လက် ထားရှိပေးဖို့ တောင်းဆိုမှုတွေ ပြုလုပ် ခဲ့ပါတယ်။ အဲ့ဒီ စီမံချက် ဧရိယာတွေထဲ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် အင်းဝလမ်း
အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဝန်ထမ်းတွေ အတွက် ချပေးထားတဲ့ မြေတိုင်း ရပ်ကွက်တွေဖြစ်တဲ့ ၁၂၁၊ ၁၂၂၊ ၁၂၃၊ ၁၂၆၊ ၁၂၇၊ ၁၂၈၊ ၁၂၉၊ ၁၅၇၊ ၁၅၈၊ ၁၅၉၊
၁၆၀ စတဲ့ စုစုပေါင်း ရပ်ကွက် ၁၁ ခုမှ မြေကွက်တွေ ပါဝင်ခဲ့ပါတယ်။ အဲ့ဒီ ဝန်ထမ်းမြေကွက်တွေအတွက် မူလပေးသွင်းခဲ့တဲ့ မြေကွက် ဖိုးငွေ ကျပ် ၁၂၀၀၀
သာ ပြန်လည် ထုတ်ပေးမှာဖြစ်ပြီး နိုင်ငံပိုင် သတင်းစာကနေ ကြေညာလိုက်တဲ့ မတ်လ ၈ ရက်နေ့ ကနေ စတင်ပြီး မတ်လ ၃၁ ရက်နေ့ အထိသာ
လာရောက် ထုတ်ယူပိုင်ခွင့် ရှိတာ ဖြစ်ပါတယ်။ မြေကွက် ပြန်လည် သိမ်းဆည်းခံလိုက်ရတဲ့ ပြည်သူတွေကတော့ ကာလပေါက်ဈေး ကျပ် ၂၅ သိန်းကနေ
သိန်း ၃၀ အထိ တန်တဲ့ အဲ့ဒီ မြေကွက်တွေအတွက် လျော်ကြေးငွေ မလိုချင်ဘဲ သူတို့ရဲ့မြေကွက်တွေကိုသာ ပြန်ပေးဖို့နဲ့ တဆင့်ခံ ဝယ်ယူခဲ့တဲ့ သူတွေ
အနေနဲ့လဲ သူတို့ရဲ့အခက်အခဲတွေကို မီဒီယာတွေကို ပြောဆို ခဲ့ကြပါတယ်။