Free Website, Free DomainName, Free Software စသည်ဖြင့် အင်တာနက်မှာ Free တွေက ပေါမှပေါ။ ကျွန်တော်တို့ကလည်း Free ကိုပဲ လိုချင်ကြတာပါ။ ဒါကို အလကားရရင် အကုန်ယူမယ့်လူတွေလို့ မပြောသင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့
ကျွန်တော်တို့ နိုင်ငံမှာ online banking မဖွံ့ဖြိုးသေးတာကြောင့် ပါပဲ။
Free တွေထဲမှာ free download ပေးတဲ့ ဝက်ဘ်ဆိုက်တွေလည်း ရှိပါတယ်။ mediafire, filesonic, fileserve, hotfile စတဲ့ ဆိုက်တွေပေါ့ဗျာ။ ကျွန်တော်တို့ရဲ့ file တွေကို အခြားလူတစ်ယောက်ဆီ ပေးပို့ချင်တဲ့အခါ ဒါမှမဟုတ် အခြားသူတွေနဲ့ မျှဝေချင်တဲ့အခါ gmail, yahoo စတာတွေကနေတစ်ဆင့် ပေးပို့ကြပါတယ်။ ကျွန်တော်တို့ဆီမှာတော့ Google Mail ကိုပဲ သုံးတာများပါတယ်။ ခက်တာက Gmail, Yahoo, Msn နဲ့ အခြား email service တွေဟာ သူတို့ရဲ့ user တွေကို အများဆုံး 20 Mb အထိပဲ ပေးပို့ဖို့ ခွင့်ပြုပါတယ်။ ဒီလောက်နဲ့တော့ ဗီဒီယိုတွေ၊ ဂိမ်းဖိုင်တွေ မျှဝေဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါဆို ဆိုက်ကြီးတဲ့ ဖိုင်တွေကို ဘယ်လိုလုပ် ပေးပို့ကြမလဲ။ မျှဝေကြမှာလဲ။ ပူစရာမလိုပါဘူး။ အဲဒီလို ဖိုင်ဆိုက် အကြီးကြီးတွေကို မျှဝေ၊ ပေးပို့နိုင်တဲ့ free download ဝက်ဘ်ဆိုက်တွေ ရှိနေတာပဲ။ အဲဒီဆိုက်တွေမှာ upload တင်၊ ပြီးတော့ download လင့်ကို ညွှန်းပေးလိုက်ပေါ့။ အဲဒီလို Download Website တွေထဲကမှ ဝက်ဘ်ဆိုက် (၈) ခုကို တင်ပြလိုက်ပါတယ်။
၁။ File Factory
File Factory က upload တင်တဲ့ ဖိုင်ဆိုက်ကို 300 MB အထိ ခွင့်ပြုပေးပါတယ်။ ဖိုင် ၂၅ ဖိုင်ကို တစ်ပြိုင်နက် upload တင်နိုင်ပါတယ်။ computer ကနေ ဒါမှမဟုတ် remote server ကနေ upload တင်နိုင်ပါတယ်။ FTP ကနေ upload တင်ချင်တယ်ဆိုရင်တော့ premium user ဖြစ်မှရပါတယ်။ Free User အနေနဲ့ကတော့ မရပါဘူး။
၂။ YouSendIt
YouSentIt ဟာ သိပ်မကြာသေးခင် အချိန်ကမှ ကျော်ကြားလာခဲ့တာပါ။ file sharing လုပ်တဲ့ ဆိုက်တစ်ဆိုက်ပါပဲ။ ဖိုင် တစ်ခုချင်းဆီအတွက် 100 MB အထိ ခွင့်ပြုပေးပါတယ်။ Register မလုပ်ဘဲနဲ့ email တစ်နေ direct ပေးပို့လို့ရပါတယ်။ email ထဲပါလာတဲ့ download link ကတော့ ၇ ရက်အထိ အလုပ်လုပ်ပါလိမ့်မယ်။
၃။ Drop.io
Drop.io ကလည်း ဖိုင်တစ်ဖိုင်ချင်းစီအတွက် 100 MB အထိ ခွင့်ပြုပေးပါတယ်။ upload တင်ထားတဲ့ဖိုင်ကို ဘယ်နှစ်ခါပဲ download လုပ်လုပ်၊ လုပ်နိုင်ပါတယ်။ password ထည့်ထားလို့လည်း ရပါတယ်။ Firefox borwser မှာ add-on အနေနဲ့ Drop.io ကို သုံးလို့ရပါတယ်။
၎။ TransferBigFiles
TransferBigFiles က email ကနေ 1 GB အထိ ပို့လို့ ရပါတယ်။ password ထည့်ထားလို့ရသလို note တွေ ဘာတွေလည်း ပို့တဲ့အထဲမှာ ထည့်လိုက်လို့ရပါတယ်။ ကိုယ်ပို့လိုက်တဲ့လူက အဲဒီ ဖိုင်ကို download လုပ်ပြီးသွားရင် ကိုယ့်အီးမေးလ်ထဲမှာ download လုပ်ပြီးသွားပြီးဆိုတဲ့ မေးလ်တစ်စောင် ရောက်နေပါလိမ့်မယ်။ တစ်ခါတည်းနဲ့ email အများကြီးကို ပို့လို့ရစေပါတယ်။
၅။ File Dropper
ဖိုင်ဆိုက် ဘယ်လောက် အကြီးကြီးကို ပို့ချင်ပါသလဲ။ 1 GB လား? 2 GB လား? ဒီဆိုက်ကတော့ ဒါ့ထက်ပိုတယ်။ 5 GB လောက်ကြီးတဲ့ ဖိုင်ကြီးကိုပါ ပို့လို့ရနိုင်ပါတယ်။ ဗီဒီယိုတွေ၊ ရုပ်ရှင်ဇာတ်ကားတွေ၊ အခြား ဖိုင်ဆိုက်ကြီးတာတွေကို upload တင်လို့ရပါတယ်။ ဒါပေမယ့် တစ်ခါတည်း ဖိုင်တွေ အများကြီး upload တင်လို့ မရတာတော့ ခြွင်းချက်ပေါ့။ upload လုပ်ပြီးသွားရင် download link လေး ရလာမယ်။ အဲဒီ link ကို down ချင်တဲ့လူတွေကို ပေးလိုက်ပေါ့။ register မလုပ်ဘဲနဲ့လည်း တင်လို့ရပေမယ့် register လုပ်ထားရင်တော့ password ပေးတာတွေ၊ ပြန်ဖျက်ပစ်တာတွေ လုပ်လို့ရတာပေါ့ဗျာ။
၆။ Tonsho
upload မလုပ်ဘဲနဲ့ ဖိုင်ဆိုက်ကြီးတာတွေကို email နဲ့ ဘယ်လို ပို့ကြမလဲ။ Tonsho က ဒီပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။ ပို့လိုက်တဲ့ email ကို Tonsho က သူ့ရဲ့ server မှာ ဖြတ်ခိုင်းပြီး email ထဲမှာပါတဲ့ attachment တွေက များလွန်းနေရင်၊ ကြီးလွန်းနေရင် server တစ်ခုမှာ အော်တို upload လုပ်သွားပြီး email လက်ခံသူဆီကို link ပေးမှာဖြစ်ပါတယ်။ အဲဒီမှာ သတိပြုစရာတစ်ချက်က email ရဲ့ security ပိုင်းပါပဲ။
၇။ Dropsend
Dropsend က 2 GB လောက်ကြီးတဲ့ ဖိုင်တွေထိ ခွင့်ပြုပေးပါတယ်။
၈။ FileSocial
FileSocial ဟာ ကိုယ်ရဲ့ ဖိုင်တွေကို Twitter မှာ အလွယ်တကူ share နိုင်တဲ့ ဆိုက်တစ်ခုပဲ ဖြစ်ပါတယ်။ Sharesend ကလည်း filesocial လိုပါပဲ။ ဒါပေမယ့် FileSocial က ဖိုင်တွေကို ပို့တဲ့အခါ Twitter မှာ share တဲ့အခါမှာ ပိုပြီး လုံခြုံစိတ်ချရပါတယ်။
Post by Anzartone မှ မျှဝေဖေါ်ပြသည်။
လီးပဲကွာ
ReplyDeleteအဖယုတ်တော့ကိုယ်ကြမ်း အမိယုတ်တော့နူတ်ကြမ်းတဲ့ ....
Delete