ကလောမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ NLD မှ ၇၀ % ဖြင့် အနိုင်ရရှိ
![]() |
မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာ့ဂုဏ်ရည်လမ်း မဲရုံအမှတ်(၂) ကန်တော်လေးတောင်ရပ်ကွက်တွင် မဲရေတွက်နေသည်ကို မဲရုံပြင်ပတွင် စောင့်ဆိုင်းနားထောင်နေသည့် ပရိသတ်။ |
![]() |
NLD ရုံးရှေ့တွင် ရွေးကောက်ပွဲသတင်းအချက်အလက်များကို LED ဘုတ်ဖြင့်ပြသနေမှုကို ကြည့်ရှုနေကြသူများ။ (ဓာတ်ပုံ-အေးမြတ်သူ) |
Update 5:45
စစ်ကိုင်းမြို့တွင် မဲရုံ ၁၁၉ ရုံရှိသည့်အနက် ရေတွက်ပြီးမဲရုံ ၃၉ ရုံတွင် NLD မှ ၃၈ ရုံတွင် မဲအပြတ်အသတ်နှင့် အနိုင်ရ။ သတင်းများကို ဆက်လက်ဖော်ပြပါမည်။

Update 5:48
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်သော ဦးဇေယျာသော်က "အခြေအနေကောင်းနိုင်တယ်။ အတိအကျတော့ လက်ထဲမှာ စာရွက်တွေမရောက်လာသေးသည့်အတွက် မပြောနိုင်သေးဘူး" ဟု ပြောသည်။

No comments:
Post a Comment