ဖော်ပြပါ ဓာတ်ပုံရှင် ကိုဇော် (ခ) ကိုမင်း (ခ) ဇော်မင်းသန်း သည်
မလေးရှားနိုင်ငံ၊ ကေအယ်မြို့တွင် “နဒီဧရာ” အမည်ဖြင့် အေးဂျင့် ရုံးခန်း
ဖွင့်ကာ 6P အစီ အစဉ်အရ အလုပ်လုပ်ခွင့် ပါမစ် ပြုလုပ်ပေးမည်ဟု ပြောဆိုပြီး
လူပေါင်း ၄၇-ယောက်ထံမှ တဦးလျှင် ရင်းဂစ် ၈၀၀၊ ၁၀၀၀၊ ၁၂၀၀၊ ၁၅၀၀၊ ၂၀၀၀
စသည့်နှုန်းထား များဖြင့် စရန်ငွေယူကာ စုစုပေါင်း မလေး ရင်းဂစ် ၄၈၀၀၀
(လေးသောင်း ရှစ်ထောင်) အား လိမ်လည် ထွက်ပြေး သွားသူ ဖြစ်ပါသည်။
အဆိုပါ ဇော်မင်းသန်း (ပတ်စပို့နံပါတ် M-560332) သည် အမိ ဒေါ်သန်းသန်းမြင့်၏ သားဖြစ်ပြီး ဧရာဝတီတိုင်း၊ ရေကြည်မြို့တွင် နေထိုင်သူ ဖြစ်ပါသည်။ သုံးလပိုင်း နှစ်ဆယ် ရက်နေ့တွင် မလေးရှားနိုင်ငံမှ တဆင့် ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိသွားကြောင်း ကြားသိရပါသည်။

ဖော်ပြပါ အကြောင်းအရာ များကို အသေးစိတ် သိရှိလိုပါက ၄င်း ဇော်မင်းသန်း ရုံးခန်းပြုလုပ်ခဲ့ရာ နေရာတွင်လည်းကောင်း၊ ကိုချစ်စမ်းမောင် (ဖုန်း- ၀၁၆ ၆၀၀ ၉၆၅၁) သို့လည်းကောင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
http://www.phophtaw.org/burmese/index.php/news/internation-news/1356-2012-04-04-02-04-51.html
No comments:
Post a Comment